DE STUDIO

အမေစုသိနင့်ခဲ့တယ်လေ …..

NLD အစိုးရစီစဉ်ခဲ့တဲ့ ကယ်ဆယ်ရေးရဟတ်ယာဉ် ဘယ်ရောက်သွားလဲ
------------
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD အစိုးရလက်ထက် ၂၀၁၉ တွင် အရေးပေါ်ကယ်ဆယ်ရေးအတွက် ရဟတ်ယာဉ်အသင့်ပြင်ထားသည့်စနစ်ကို စတင်ခဲ့ပြီး ကနဦးအဖြစ် အီတလီနိုင်ငံထုတ် ရဟတ်ယာဉ် တစ်စီးကိုဌားရမ်းခဲ့သည်။

ထိုလုပ်ရပ်က နိုင်ငံပိုင်ငွေဖြုန်းတီးခြင်းဟုဆိုပြီး စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတဦးဝင်းမြင့်တို့ကို ဖမ်းဆီးထောင်ချခဲ့သည်။

သောကြာနေ့ကလှုပ်ခတ်ခဲ့သည့် ဖျက်အားပြင်းမြေငလျင်ဒဏ်ခံခဲ့ရသည့် မြန်မာလူထုကို ကယ်ဆယ်ရန်အတွက် ကောင်းကင်ယံမှ မည်သည့် ရဟတ်ယာဉ်မှ ပျံဝဲမနေခဲ့။

ငလျင်လှုပ်သည့်နေ့က ကယ်ဆယ်ရေးလုပ်ရမည့်အစား စစ်ကောင်စီလေတပ်မှစစ်ဗိုလ်များသည် ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ အရပ်သားများရှိရာသို့ ဗုံးသီးများကြဲချတိုက်ခိုက်နေသည်။

အာဏာသိမ်းစစ်ကောင်စီသည် ၎င်းတို့ကိုဆန့်ကျင်သည့်လက်နက်ကိုင်များ၊ ထိုလက်နက်ကိုင်များ ထိန်းချုပ်ရာ အရပ်တွင်နေထိုင်သည့် ပြည်သူများကိုပြန်သတ်ရန် ခေတ်မှီလေယာဉ်များကိုဝယ်ယူထားသော်လည်း ငလျင်ကဲ့သို့သဘာဝဘေးကို ကူညီကယ်ဆယ်ရန်အတွက် လေယာဉ်၊ရဟတ်ယာဉ်များအတွက် စိတ်မဝင်စားခဲ့။

Source — Myanmar Now

5 months ago | [YT] | 80



@UsawUsaw-o8t

မဂ်လာကြက်သရေရှိလှတဲ့အမေရုပ်ရည် ကျန်းမာပါစေ

5 months ago | 0

@winwinthan9293

သူအသုံးမကျတော့ တသက်လုံးထိမ်းသိန်းခဲ့တဲ့ မိဘနှစ်ပါးကလည်းသူများ ပြောစရာဖြစ်လာတော့တယ်

5 months ago | 0

@uzin-u8u

သဘာဝဘေးဆိုတာကျမတို့မဆိုင်ဘူး ဒါတွေသာလိုက်လုပ်နေရမယ်ဆိုရင်ကျတို့ဘာမှလုပ်မရဘူးတဲ့ ဘယ်သူပြော မွန်ပြည်နယ်ရေကြီးမှု

5 months ago | 0