Dr. Ye

- မနက် မိုးလင်းကနေ ညအထိ လှုပ်ရှားရုန်းကန်နေရတဲ့ ကျနော်တို့ ခန္ဓာကိုယ်ရဲ့ ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းဖို့အတွက် အိပ်စက်ခြင်းဟာလည်း အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုကနေ ပါဝင်နေပါတယ်။

- အိပ်ရေးဝဝ အိပ်စက်နိုင်ခြင်းမရှိဘူး၊ ခဏခဏ အိပ်ရေးပျက်နေမယ်ဆိုရင် ခန္ဓာကိုယ်အတွက် ကျန်းမာရေးပြဿနာတွေ ကြုံတွေ့ခံစားလာရနိုင်ပါတယ်။

- အိပ်ရေးမဝရင်၊ ခဏခဏ အိပ်ရေးပျက်နေမယ်ဆိုရင် ကြုံတွေ့ခံစားလာရမယ့် ကျန်းမာရေးပြဿနာတွေကို နောက်နေ့မှာ video နဲ့ သေချာရှင်းပြပေးသွားမှာ ဖြစ်ပါတယ်။

- ကျနော့်ရဲ့ မိတ်ဆွေတွေအနေနဲ့လည်း အိပ်ရေးမဝရင် နေ့စဉ်ဘဝမှာ ဘယ်လိုကျန်းမာရေး ပြဿနာတွေကြုံတွေ့ခံစားနေရလဲဆိုတာ comment မန့်ပေးခဲ့ကြပါဦးဗျ။

အားလုံးပဲ ကျန်းမာကြပါစေ
ဒေါက်တာရဲ။

1 year ago | [YT] | 243



@Anomous-f8x

ဆရာတစ်ခုလောက်မေးချင်လို့ပါ

1 year ago | 1  

@mgthantzinoo-gj2df

ဟုတ်ကဲ

1 year ago | 1  

@HlaOhnmarThant-gr8fy

နောက်ကျောတက်ပြီး ခဏခဏမူးတယ် သွေးပေါင်ချိန်ကအမြဲကျတတ်ပါတယ် ဘယ်လိုကုရမလဲ သိချင်ပါတယ် ရှင့်

1 year ago | 2  

@Anomous-f8x

ဆရာတစ်ခုလောက်မေးချင်လို့ရမလားဆရာ

1 year ago | 1  

@nyinyi6866

ကျွန်​တော့မှာ အိပ်ရေးပျက်များပြီး ရောဂါတစ်ခုဖြစ်နေတာ တစ်နှစ်ကျော်ပြီဆရာ မူးရစ်ဆေးသုံးမိရာကနေ စတာပဲ့ စဖြစ်တဲ့ပုံစံက နှစ်ညဆက်တိုက်အိပ်မပျော်ပဲ အိပ်နေရင်း ခြေတောက်က ဘဘောလုံးကန်သလိုအလိုလိုထကန်တလာတယ် သုံးရက်မြောက်နေ့ကျတော့ လူကမခံနိင်တော့ဘူး သေရမှာကြောက်ပြီး နှလုံးအရမ်းခုန်လာတယ် သွေးတိုး၂၀၀နီးနီးလောက်တက်ပီး လေဖြတ်မလိုဖြစ်သွားတယ် အဆိုဆုံးက အိပ်ရင်လန့်လန့်နိုးလာတယ် တစ်ခါအိပ်ပျော် တစ်ခါလန့်နိုးတယ် အဲဒီညလည်း ညလုံးမအိပ်ရဘူး မနက်ကျမှဆေးခန်းပြေးရတယ် စိတ်၊အရက်နှင့် မူးရစ် အထူးကုဆရာဝန်နဲ့ ကုနေတာ တစ်နှစ်ကျော်ပြီဆရာ အခုထိမကောင်းသေးဘူး ဆေးသာက်ထားရင်တော့အိပ်ပျော်တယ် အိပ်ပျော်စ စပ်ကြားလေးမှာတော့ တစ်ခုခုဖြစ်နေတာပဲ့ ကြွက်သားတွေ ဆတ်ခနဲဆတ်ခနဲလှုပ်တာ၊ခြေလက်တွေထုံကျဉ်တာ၊လန့်နိုးတာ၊အသက်ရှူရပ်ပီးနိုးတာ၊တကိုယ်လုံးဆွဲညှစ်ထားသလိုမွန်းကျပ်တာ၊ ရင်ဘက်ထဲမှ ဆောင့်တွန်းခံရသလို ဆောင့်ပြီးနိုးတာ နေ့တိုင်းနီးနီးခံစားနေရတယ် ဆရာ ဆေးမသောက်ရင်တော့လုံးဝ အိပ်လို့မရဘူးဆရာ အိပ်​​ပျက်များရင် လန့်နိုးတာတွေဖြစ်၊လန့်နိုးရင်လအိပ်မရနဲ့ ညလုံးပေါက်တွေဖြစ်တာ ဆရာဝန်ကတော့ စိုးရိမ်စိတ်များလို့ဖြစ်တယ်ပြောတာပဲ့ ဆရာအကြံညာဏ်လေးလည်းသိပါရစေဆရာ

1 year ago | 1  

@MyoZaw-fz5jr

နှစ် လုံးတုံတယ်အားနည်းပီးချေလက်တေအားကုန်သလိုပင်ပန်းနွမ်းနေတယ်ဆရာဇတ်ကျောတေတက်ပီးခေါင်းတေကိုက်ပါတယ်နှစ်လုံးခုံသံကြားနေရတယ်

1 year ago | 1  

@mochi-zx3nl

မဂ်လာပါဆရာ။ ကျမ ခု ဒူးတွေညောင်းနေတယ်ဆရာ။ဆောင့်ကြောင့်မထိုင်နိုင်ပါဘူးဆရာ။ဘုရားရှိခိုးရင်လည်း အထကြ တန်းမထနိုင်ပါဘူး ပေါင်ရင်းတွေလည်းနာနေတယ်ဆရာ။အိပ်ယာထဲအိပ်ရင်လည်း လက်တွေကြင်ပါတယ်။ခြေတွေကတော့ ကြင်တော့ကြင်ပါတယ် လက်တွေလောက်တော့မဆိုးသေးပါဘူး။ခု ဆရာမတစ်ယောက်ကိုပြကြည့်တော့အာရုံကြောအားနည်းလို့ လို့ပြောပါတယ်။ခု B1၂ကြိမ်နဲ့ အားဆေးတစ်မျိုးနဲ့သောက်နေပါတယ်ဆရာ။၅ ရက်တော့ရှိပါပီ။အဲ့လောက်ဆို အဆင်ပြေလား မပြေလား ဖြေပေးပါအုံးဆရာ။ကျေးဇူးတင်ပါတယ်ဆရာ။

1 year ago | 2  

@DawNyo-lq1bz

သားကထိုင်မှာနေတုန်းအရက်အမြဲသောက်ပါတယ်အခုမြန်မာပြည်ရောက်တော့အရက်ဖြတ်ချင်လို့ဆိုပြီးဆေးခန်းမှာသွားဖြတ်တာဆရာဝန်ကကိုယ့်စိတ်ကိုယ်နိုင်ရင်ရတယ်ဆေးဝါးနဲ့ဖြတ်စရာမလ်ုဘူးလို့ပြောပါတယ်ဖြတ်မရဘူမသောက်ဘဲနေရင်အိမ့်မပျော်ဘူးဘယ်လိုလုပ်ရမလဲဆရာ

1 year ago | 1  

@HserEhNaw-yr2zd

ရောဂါအကြောင်းတင်ပြပေးတဲ့အတွက်ကျေးဇူးဘဲဆရာ

1 year ago | 1  

@HserEhNaw-yr2zd

ဆရာသွေးစစ်တဲ့အခါဘာရောဂါမဆိုအကုန်ပေါ်လာဆရာ

1 year ago | 1