Buddha Tayar Dharma

မြန်မာပြည်မှာကြည့် ဗုဒ္ဓဘာသာတွေ
ဘာလုပ်ကြလဲ?
မေးကြည့်လိုက်မယ်ဆိုရင် ကိုယ့်အိမ်မှာကိုယ် ဘာလုပ်ကြလဲ?
ဘုရားခန်းရှိတယ် ဘုရားခန်း ဆီမီး၊ ပန်း၊ ရေချမ်းတွေနဲ့
ပူဇော်ကြတယ်။ ဘုရားရှိခိုးကြတယ်။
တရားတွေကို ရွတ်ကြ ဖတ်ကြတယ်။
ဒါတွေ မလုပ်ရဘူးလားဆိုတော့ မလုပ်ရဘူး မဟုတ်ဘူး နော်။ မလုပ်ရဘူး မဟုတ်ဘူး။

သို့သော် အဲဒီအလုပ်တွေထက်
အဓိကကျတဲ့အလုပ်က ဘာတုန်း?
မေးမယ်ဆိုလို့ရှိရင်

မြတ်စွာဘုရားက
ငါးပါးသီလ လုံအောင်ကျင့်ဆို ငါးပါးသီလလုံအောင်ကျင့်ဖို့က အဓိကကျတယ်

မြတ်စွာဘုရားက
"ငါ့ကို တစ်နေ့ဘယ်နှစ်ကြိမ်ရှိခိုးရမယ်" လို့
မဟောဘူး။ နော်။ ရှိခိုးခြင်းကြောင့် ကုသိုလ်ရတယ်။
မှန်တယ် ။ ရှိခိုးရင် ကုသိုလ်ရတယ်။

ဘာ့ကြောင့် ကုသိုလ်ရတာလဲဆိုတော့

အလွန့်ကို မြင့်မြတ်တဲ့
ပုဂ္ဂိုလ်တစ်ယောက်၊ ပုဂ္ဂိုလ် တစ်ပါးကို
ဒီ ဂါဝရမေတ္တာနဲ့ တရိုတသေ၊ တလေးတစား
လေးစားပူဇော်တယ် ပန်းနဲ့ပူဇော်တယ်၊
ဆီမီးနဲ့ပူဇော်တယ် ကုသိုလ်မရဘူးလား၊ ရတယ်

အဲဒီ ကုသိုလ်တွေထက် တန်ဖိုးရှိတဲ့
ကုသိုလ်တွေ ရှိသေးတယ်။ ဆိုလိုတာက
အဲဒါ အခြေခံသာမန်မျှသာ ဖြစ်တယ်ပေါ့။

ဘုရားရှိခိုးတဲ့ ကုသိုလ်ဟာ အန္တရာယ်ကင်းတယ်
ကျန်းမာစေတယ် ဒါ ရတယ်။

သို့သော် မြတ်စွာဘုရားကြိုက်တဲ့
အကောင်းဆုံးလား လို့ဆိုတော့ မဟုတ်ဘူး။
အကောင်းဆုံးကုသိုလ်ကတော့ ဘာတုန်း
ဝိပဿနာတရားကျင့်ကြံကြိုးကုပ် အားထုတ်ခြင်းသာ
ဖြစ်တယ်။ နော်။
အဲ့ဒါမှ အကောင်းဆုံးကုသိုလ် ဖြစ်မယ်။

ဆိုလိုတာက အလုပ်ဆိုတာ အဆင့်ဆင့်လုပ်ရမှာ

ပညာသင်တဲ့အခါမှာလည်း အဆင့်ဆင့် ပညာသင်ကြတယ်။
အခြေခံအဆင့် သင်တယ်။ အခြေခံအဆင့်ပြီးမှ အလယ်တန်းအဆင့်၊ အလယ်တန်းအဆင့်ပြီးတော့မှ အထက်တန်းအဆင့် ၊ အထက်တန်းအဆင့်ပြီးတော့မှ အဆင့်မြင့်တဲ့ပညာရပ်တွေ ဒီလို....။

ဘုရားရှိခိုးတာတို့
ရေချမ်း ပန်း ဆီမီးလှုဒါန်းတာတို့ ဆိုတာ
အခြေခံအဆင့်ဆိုတဲ့ သဘောရောက်တယ်ပေါ့။
အဲ့ဒီကုသိုလ်ကလည်း ကုသိုလ်ပါပဲ။ ကုသိုလ်ရတယ်။
သို့သော် အဲ့ဒီထက် တန်ဖိုးကြီးတဲ့ ကုသိုလ်ဟာ ဘာလဲ?

ခုနက သီလစောင့်ထိန်းတာတို့
ကမ္မဋ္ဌာန်းတရား ကြိုးပမ်းအားထုတ်တာ၊
ကမ္မဋ္ဌာန်းထဲမှာ ဝိပဿနာတရား ကြိုးပမ်းအားထုတ်တာတို့..

အာနန္ဒာ..ငါ့ကို ပန်းရေချမ်းတွေနဲ့
အခုလို တူရိယာတွေနဲ့ ပူဇော်တာဟာ အကောင်းဆုံး ပူဇော်မှု မဖြစ်ဘူးတဲ့၊ အကောင်းဆုံး ပူဇော်မှုကတော့
ငါဆုံးမထားတဲ့တရားအတိုင်း လိုက်နာကျင့်သုံးခြင်းသာလျှင် အကောင်းဆုံး ပူဇော်မှုဖြစ်တယ် လို့
ဒီလိုဟောထားတယ်။

သိချင်ရင် မဟာပရိနိဗ္ဗာနသုတ်ကို ဖတ်ကြည့်။ နော်။
မဟာပရိနိဗ္ဗာန သုတ်မှာ ဒီအတိုင်း မြတ်စွာဘုရားက
ဆုံးမထားတာ။
အဲ့ဒါကို မမေ့ဖို့ လိုတယ်ပေါ့။

အခြေခံအဆင့်က မတက်ဘူးဆိုရင် ကိုယ့်ရဲ့တန်ဖိုးက
တက်လာမှာ မဟုတ်ဘူး။ မူလတန်းနဲ့ပဲ ကျေနပ်မှာလား?
အလယ်တန်းတို့ အထက်တန်းတို့ တက္ကသိုလ်ဘွဲ့တို့ ထိအောင်
မတက်နိုင်ဘူးလားလို့ ကြိုးစားရမှာ ဒီလိုဆိုလိုတယ်။

လူတွေဟာ
ဘုရားပန်း ရေချမ်းနဲ့ လှုဒါန်းနေသော်လည်း
အချို့အချို့ ပုဂ္ဂိုလ်တွေဟာ ဒီ ကာယကံထိန်းသိမ်းမှု၊
ဝစီကံထိန်းသိမ်းမှု အားနည်းကြတယ်၊
ကိုယ်ကျင့်သီလဘက်မှာ အားနည်းကြတယ်၊
ဒါတွေဟာ ချို့ယွင်းချက် တစ်ခု ဖြစ်လာတယ်ပေါ့။

ကိုယ်ကျင့်သီလဘက်မှာ အားကောင်းရင်တော့
ပြောစရာမရှိဘူး၊
ကိုယ့်ကျင့်သီလ အားကောင်းရမယ်
သမထကျင့်စဥ်၊ ဝိပဿနာကျင့်စဥ်တွေ တတ်နိုင်သမျှ
ကြိုးစားအားထုတ်ရမယ်၊
အဲ့ဒါမှ မြတ်စွာဘုရားအဆုံးအမအတိုင်း
လိုက်နာကျင့်သုံးရာရောက်တယ်လို့..။

ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

1 year ago | [YT] | 20