Knowledge Hub
စိတ်အေးအေးချမ်းချမ်းနေချင်ရင်သူများအကြောင်းကို တတ်နိုင်သလောက် မပြောပဲနေတာ ကောင်းတယ်။ အထူးသဖြင့် သူများမကောင်းကြောင်းကို မပြောပဲနေတာ ကောင်းတယ်။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်ပြီး ပြောတာမျိုးကို အထူးရှောင်သင့်တယ်။ ကိုယ်က သူများမကောင်းကြောင်းကို ပြောရင်, ကိုယ့်မကောင်းကြောင်းကိုလည်း သူများက ပြောမှာသေချာတယ်။ အဲဒါနဲ့ပဲ ကိုယ့်စိတ်ကြည်လင်မှု ပျက်ရတယ်။ ကိုယ့်အကြောင်းကို သူများက မကောင်းပြောရင်တောင်မှ သူပြောတာမဟုတ်ကြောင်းကိုပဲ အေးအေးဆေးဆေးပြောပြီး သူ့မကောင်းကြောင်းကိုတော့ ဟုတ်နေရင်တောင်မှ မပြောပဲ ထားလိုက်တာက ပိုကောင်းတယ်။ ကိုယ်က သဘောထားကြီးကြီး ထားဖို့လိုတယ်။ စိတ်အနှောက်အယှက်ဖြစ်ရတာ နဲချင်ရင် မလိုအပ်ပဲနဲ့ လူများများနဲ့ မရောပါနဲ့။ အလုပ်များတဲ့သူဟာ တနေ့ တနေ့ လူတွေနဲ့စကားပြောရတာ နဲမှာမဟုတ်ဘူး။ အခက်အခဲရှိလို့ ပြောချင်ရင်၊ တိုင်ပင်ချင်ရင် တကယ်ကောင်းတဲ့ အကြံဥာဏ်မျိုး ပေးနိုင်မဲ့သူကိုပဲ ပြောပါ။ မဆိုင်တဲ့သူတွေကို မပြောပါနဲ့။ စိတ်ပျက်စရာကို ပြောတတ်တဲ့သူတွေကို ဘယ်တော့မှ မပြောပါနဲ့။ စိတ်ပျက်စရာကို ပြောတတ်တဲ့သူကို ပြောရင်, ကိုယ်ပါ စိတ်ဓါတ် ကျမယ်။ စိုးရိမ်စိတ်တွေ များလာမယ်၊ စိတ်ပင်ပန်းမယ်။ ကိုယ်လုပ်မဲ့ အလုပ်မျိုးကို လုပ်နေတဲ့သူ၊ အတွေ့အကြုံများတဲ့သူမှသာ ကိုယ့်အခက်အခဲကို နားလည်မယ်။ ဒါကြောင့် ဘယ်သူနဲ့ တိုင်ပင်သင့်တယ် ဆိုတာကို သေသေချာချာစဉ်းစားပါ။ အေးအေးဆေးဆေး ပြောတတ်အောင် လေ့ကျင့်ပါ။ အေးအေးဆေးဆေး လုပ်တတ်အောင် လေ့ကျင့်ပါ။ အလျင်လိုတဲ့အကျင့်ဟာ စိတ်ပင်ပန်းစေတယ်၊ အလျင်လိုနေရင် စိတ်မရှည်ဘူး။ အလျင်လိုနေတဲ့သူဟာ စိတ်တိုဖို့ ပိုများတယ်။ မှားလို့ပြန်လုပ်ရရင် အချိန်ပိုကုန်တယ်။ ဒါကြောင့်... "အရင်လိုရင် အရနှေးတယ်"လို့ ပြောတာ။ စိတ်ရှည်ရှည်နဲ့ သေသေချာချာ တိတိကျကျ လုပ်တတ်တဲ့ အလေ့အကျင့်ဟာ ရေရှည်မှာ စိတ်အေးချမ်းမှုကို ပေးတယ်။ အရေးမကြီးတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ညင်းတာခုံတာကို မလုပ်ပါနဲ့။ ဘာမှမဟုတ်တာကို ညင်းခုံကြရင်း ရန်ဖြစ်ရတာ စိတ်ဆင်းရဲရတာတွေ တော်တော်များပါတယ်။ ဒါကြောင့် အရေးကြီးတဲ့အလုပ်တွေကို လုပ်နေတဲ့သူဟာ... အရေးမကြီးတာတွေကို သိတိုင်းလည်း မပြောသင့်ဘူး။ မေးတိုင်းလည်း မဖြေသင့်ဘူး။ အရေးမကြီးတဲ့ကိစ္စမှာ သူများမှားနေလည်း သူ့အမှားကို သူသိလာအောင် စောင့်သင့်တယ်။ ကိုယ်မှန်တိုင်း ၀င်ပြောပြီး အနိုင်မယူသင့်ဘူး။ နိုင်လို့ရတိုင်း နိုင်ချင်တာဟာ မရင့်ကျက်တဲ့ စိတ်ထားဖြစ်တယ်။ စိတ်ချမ်းသာချင်ရင် ရင့်ကျက်တဲ့စိတ်ထား၊ သဘောထားကြီးတဲ့ စိတ်ထားမျိုးကို မွေးယူရမယ်။ လူများများနဲ့ ဆက်ဆံရတဲ့အလုပ်တွေက ဆက်ဆံရေးအခက်အခဲ အမြဲရှိပါတယ်။ လူတိုင်းကို စိတ်ကျေနပ်အောင် ဘယ်သူမှ လုပ်မပေးနိုင်ဘူး။ မကျေနပ်တဲ့သူက အပြစ်တင်မယ်၊ မကောင်းပြောမယ်။ အဲဒီအခါ စိတ်တိုမယ်၊ ဒေါသဖြစ်မယ် စိတ်ဓါတ်ကျမယ်။ ဒါကြောင့် ကိုယ့်အလုပ်နဲ့ပတ်သက်ပြီး ဖြစ်နိုင်တဲ့အခက်အခဲတွေကို ကြိုတင်တွေးထားပြီးတော့အခက်အခဲနဲ့တွေ့ရတဲ့အခါ၊ အပြောခံရတဲ့အခါ စိတ်မပျက်ဘူး၊ စိတ်မညစ်ဘူး စိတ်ရှည်ရှည်ထားမယ်လို့ မကြာခဏ နှလုံးသွင်းပါ။ လူတွေပေါ်မှာ တတ်နိုင်သလောက် စိတ်ရှည်ရှည်ထားပါ။ သူတို့ကိုနားလည်ဖို့ ကြိုးစားပါ။ ဒေါသအလျောက် နာသွားအောင် မပြောပါနဲ့။ ကိုယ့်စေတနာက မှားနေရင် ကိုယ့်စေတနာက ကိုယ့်ကို အကျိုးပေးမှာပါ။ ပြဿနာ တော်တော်များများဟာ ဆက်ဆံရေးအဆင်မပြေလို့ ဖြစ်ရတာပါ။ တယောက်ပြောချင်တာကို တယောက်ဆုံးအောင် နားမထောင်ရင် တယောက်ကိုတယောက် နားလည်မှာမဟုတ်ဘူး။ တယောက်စကားကို တယောက်က အဓိပ္ပါယ်မှန်အောင် မကောက်နိုင်ရင် အထင်လွဲတာတွေ ဖြစ်လာမယ်။ ဒါကြောင့် ဆက်ဆံရေးအဆင်ပြေချင်ရင် တဖက်သား ပြောချင်နေတာကို ဂရုတစိုက် နားထောင်ပါ။ သူ့စိတ်ထဲမှာ ပြောချင်နေတာကို ပြောခွင့်ပေးပါ။ အထူးသဖြင့် အရေးကြီးတဲ့ကိစ္စ ပြောမယ်ဆိုရင် အထင်လွဲတာမဖြစ်ဖို့ ပိုပြီးအရေးကြီးပါတယ်။ တယောက်ရဲ့အခက်အခဲကို တယောက်က ကူညီပြီးနေသွားရတာ ကျေနပ်စရာ သိပ်ကောင်းပါတယ်။ တယောက်နဲ့ တယောက် တကယ် နားလည်မှုရသွားရင် စိတ်သက်သာမှု ရတယ်။ ကိုယ့်ဘ၀မှာ အရေးပါတဲ့သူရဲ့ အထင်လွဲမှုကို ခံရတာ စိတ်ဆင်းရဲစရာ သိပ်ကောင်းတယ်။ ဒါကြောင့်... တယောက်နဲ့တယောက် အထင်လွဲနေရင် လေးလေးစားစားဆွေးနွေးပါ။ ဆရာတော်ဦးဇောတိက(မဟာမြိုင်တောရ) "ဒေါသနည်းအောင်နေနည်း" မှကောက်နှုတ်မျှဝေပူဇော်ခြင်း ဖြစ်ပါသည်။#knowledgehub
5 days ago | [YT] | 887
@yannaingtun7348
သာဓု အကြိမ်ကြိမ်ခေါ်ပါတယ်ဘုရား
3 days ago | 0
View 1 reply
@ThuraSoe-u3c1
🙏🙏
2 days ago | 0
@minkaungchit9758
သာဓု သာဓု သာဓု ပါဘုရား 🙏🙏
4 days ago | 0
@YadanarTheinHtikeAung
သာဓုသာဓုသာဓုပါဘုရား
@KyawSAung-i007G
💮🙏🙏
@Kenshin-i8h
ကျန်းမာရွှင်လန်းပါစေ
@wailwin9235
BBC ဆိုးနေတာကြာပြီ
@leoleo2593
သာဓု သာဓု သာဓုပါဘုရ🙏🙏
Knowledge Hub
စိတ်အေးအေးချမ်းချမ်းနေချင်ရင်သူများအကြောင်းကို တတ်နိုင်သလောက် မပြောပဲနေတာ ကောင်းတယ်။
အထူးသဖြင့် သူများမကောင်းကြောင်းကို မပြောပဲနေတာ ကောင်းတယ်။
ပုဂ္ဂိုလ်ရေး ပုတ်ခတ်ပြီး ပြောတာမျိုးကို အထူးရှောင်သင့်တယ်။
ကိုယ်က သူများမကောင်းကြောင်းကို ပြောရင်,
ကိုယ့်မကောင်းကြောင်းကိုလည်း သူများက ပြောမှာသေချာတယ်။
အဲဒါနဲ့ပဲ ကိုယ့်စိတ်ကြည်လင်မှု ပျက်ရတယ်။
ကိုယ့်အကြောင်းကို သူများက မကောင်းပြောရင်တောင်မှ သူပြောတာမဟုတ်ကြောင်းကိုပဲ
အေးအေးဆေးဆေးပြောပြီး သူ့မကောင်းကြောင်းကိုတော့ ဟုတ်နေရင်တောင်မှ မပြောပဲ ထားလိုက်တာက ပိုကောင်းတယ်။
ကိုယ်က သဘောထားကြီးကြီး ထားဖို့လိုတယ်။
စိတ်အနှောက်အယှက်ဖြစ်ရတာ နဲချင်ရင် မလိုအပ်ပဲနဲ့ လူများများနဲ့ မရောပါနဲ့။
အလုပ်များတဲ့သူဟာ တနေ့ တနေ့ လူတွေနဲ့စကားပြောရတာ နဲမှာမဟုတ်ဘူး။
အခက်အခဲရှိလို့ ပြောချင်ရင်၊ တိုင်ပင်ချင်ရင်
တကယ်ကောင်းတဲ့ အကြံဥာဏ်မျိုး ပေးနိုင်မဲ့သူကိုပဲ ပြောပါ။
မဆိုင်တဲ့သူတွေကို မပြောပါနဲ့။
စိတ်ပျက်စရာကို ပြောတတ်တဲ့သူတွေကို ဘယ်တော့မှ မပြောပါနဲ့။
စိတ်ပျက်စရာကို ပြောတတ်တဲ့သူကို ပြောရင်, ကိုယ်ပါ စိတ်ဓါတ် ကျမယ်။
စိုးရိမ်စိတ်တွေ များလာမယ်၊ စိတ်ပင်ပန်းမယ်။
ကိုယ်လုပ်မဲ့ အလုပ်မျိုးကို လုပ်နေတဲ့သူ၊ အတွေ့အကြုံများတဲ့သူမှသာ ကိုယ့်အခက်အခဲကို နားလည်မယ်။
ဒါကြောင့် ဘယ်သူနဲ့ တိုင်ပင်သင့်တယ် ဆိုတာကို
သေသေချာချာစဉ်းစားပါ။
အေးအေးဆေးဆေး ပြောတတ်အောင် လေ့ကျင့်ပါ။
အေးအေးဆေးဆေး လုပ်တတ်အောင် လေ့ကျင့်ပါ။
အလျင်လိုတဲ့အကျင့်ဟာ စိတ်ပင်ပန်းစေတယ်၊
အလျင်လိုနေရင် စိတ်မရှည်ဘူး။
အလျင်လိုနေတဲ့သူဟာ စိတ်တိုဖို့ ပိုများတယ်။ မှားလို့ပြန်လုပ်ရရင် အချိန်ပိုကုန်တယ်။
ဒါကြောင့်...
"အရင်လိုရင် အရနှေးတယ်"လို့ ပြောတာ။ စိတ်ရှည်ရှည်နဲ့ သေသေချာချာ တိတိကျကျ လုပ်တတ်တဲ့ အလေ့အကျင့်ဟာ ရေရှည်မှာ စိတ်အေးချမ်းမှုကို
ပေးတယ်။
အရေးမကြီးတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ညင်းတာခုံတာကို မလုပ်ပါနဲ့။
ဘာမှမဟုတ်တာကို ညင်းခုံကြရင်း ရန်ဖြစ်ရတာ
စိတ်ဆင်းရဲရတာတွေ တော်တော်များပါတယ်။
ဒါကြောင့် အရေးကြီးတဲ့အလုပ်တွေကို လုပ်နေတဲ့သူဟာ... အရေးမကြီးတာတွေကို သိတိုင်းလည်း မပြောသင့်ဘူး။
မေးတိုင်းလည်း မဖြေသင့်ဘူး။
အရေးမကြီးတဲ့ကိစ္စမှာ သူများမှားနေလည်း သူ့အမှားကို သူသိလာအောင် စောင့်သင့်တယ်။
ကိုယ်မှန်တိုင်း ၀င်ပြောပြီး အနိုင်မယူသင့်ဘူး။
နိုင်လို့ရတိုင်း နိုင်ချင်တာဟာ မရင့်ကျက်တဲ့ စိတ်ထားဖြစ်တယ်။
စိတ်ချမ်းသာချင်ရင် ရင့်ကျက်တဲ့စိတ်ထား၊
သဘောထားကြီးတဲ့ စိတ်ထားမျိုးကို မွေးယူရမယ်။
လူများများနဲ့ ဆက်ဆံရတဲ့အလုပ်တွေက ဆက်ဆံရေးအခက်အခဲ အမြဲရှိပါတယ်။
လူတိုင်းကို စိတ်ကျေနပ်အောင် ဘယ်သူမှ လုပ်မပေးနိုင်ဘူး။
မကျေနပ်တဲ့သူက အပြစ်တင်မယ်၊ မကောင်းပြောမယ်။
အဲဒီအခါ စိတ်တိုမယ်၊ ဒေါသဖြစ်မယ် စိတ်ဓါတ်ကျမယ်။
ဒါကြောင့်
ကိုယ့်အလုပ်နဲ့ပတ်သက်ပြီး ဖြစ်နိုင်တဲ့အခက်အခဲတွေကို ကြိုတင်တွေးထားပြီးတော့အခက်အခဲနဲ့တွေ့ရတဲ့အခါ၊ အပြောခံရတဲ့အခါ စိတ်မပျက်ဘူး၊ စိတ်မညစ်ဘူး စိတ်ရှည်ရှည်ထားမယ်လို့ မကြာခဏ နှလုံးသွင်းပါ။
လူတွေပေါ်မှာ တတ်နိုင်သလောက် စိတ်ရှည်ရှည်ထားပါ။
သူတို့ကိုနားလည်ဖို့ ကြိုးစားပါ။ ဒေါသအလျောက် နာသွားအောင် မပြောပါနဲ့။
ကိုယ့်စေတနာက မှားနေရင် ကိုယ့်စေတနာက ကိုယ့်ကို အကျိုးပေးမှာပါ။
ပြဿနာ တော်တော်များများဟာ ဆက်ဆံရေးအဆင်မပြေလို့ ဖြစ်ရတာပါ။
တယောက်ပြောချင်တာကို တယောက်ဆုံးအောင်
နားမထောင်ရင် တယောက်ကိုတယောက် နားလည်မှာမဟုတ်ဘူး။
တယောက်စကားကို တယောက်က အဓိပ္ပါယ်မှန်အောင် မကောက်နိုင်ရင် အထင်လွဲတာတွေ ဖြစ်လာမယ်။
ဒါကြောင့်
ဆက်ဆံရေးအဆင်ပြေချင်ရင် တဖက်သား ပြောချင်နေတာကို ဂရုတစိုက် နားထောင်ပါ။
သူ့စိတ်ထဲမှာ ပြောချင်နေတာကို ပြောခွင့်ပေးပါ။
အထူးသဖြင့်
အရေးကြီးတဲ့ကိစ္စ ပြောမယ်ဆိုရင် အထင်လွဲတာမဖြစ်ဖို့ ပိုပြီးအရေးကြီးပါတယ်။
တယောက်ရဲ့အခက်အခဲကို တယောက်က ကူညီပြီးနေသွားရတာ ကျေနပ်စရာ သိပ်ကောင်းပါတယ်။
တယောက်နဲ့ တယောက် တကယ် နားလည်မှုရသွားရင် စိတ်သက်သာမှု ရတယ်။
ကိုယ့်ဘ၀မှာ အရေးပါတဲ့သူရဲ့ အထင်လွဲမှုကို ခံရတာ စိတ်ဆင်းရဲစရာ သိပ်ကောင်းတယ်။
ဒါကြောင့်...
တယောက်နဲ့တယောက် အထင်လွဲနေရင် လေးလေးစားစားဆွေးနွေးပါ။
ဆရာတော်ဦးဇောတိက(မဟာမြိုင်တောရ)
"ဒေါသနည်းအောင်နေနည်း" မှကောက်နှုတ်မျှဝေပူဇော်ခြင်း ဖြစ်ပါသည်။
#knowledgehub
5 days ago | [YT] | 887