Zenith Myanmar

စကားပြောနည်း
************
ဖတ်ကြည့်နော်…

#လူတွေနဲ့ စကားပြောရင်…
သိပ် မပွင့်လင်းနဲ့။
ကွယ်ရာကျ ကဲ့ရဲ့တတ်တယ်။

#လူတွေနဲ့ စကားပြောရင်…
သိပ် မရောလိုက်နဲ့။
ကိုယ့် အားနည်းချက်ကို
နင်းသွားတတ်တယ်။

#လူတွေနဲ့ စကားပြောရင်…
သိပ် မစပ်စုနဲ့။
အထင်သေး အမြင်သေး
ပြန်ကြည့်တတ်တယ်။

#လူတွေနဲ့ စကားပြောရင်…
သိပ် မဝေဖန်နဲ့။
ရွံစရာလူလို့ သတ်မှတ်တတ်တယ်။

#လူတွေနဲ့ စကားပြောရင်…
သိပ်မချီးကျူးနဲ့။
မရိုးသားသူလို့ မြင်သွားတတ်တယ်။

#လူတွေနဲ့ စကားပြောရင်…
ဖြတ်မပြောနဲ့။
မယဉ်ကျေးသူလို့ သတ်မှတ်တတ်တယ်။

#လူတွေနဲ့ စကားပြောရင်…
သိပ် မမေးပါနဲ့။
မပေါင်းသင့်သူလို့ သတ်မှတ်တတ်တယ်။

#လူတွေနဲ့ စကားပြောရင်…
သိပ် အတင်းမပြောနဲ့။
သူ့ အကြောင်းလည်း
တခြားလူတွေကို သင် ပြောမှာပဲလို့
သတ်မှတ်တတ်တယ်။

#သိထားရမှာက
လူတိုင်းက
စိတ်သောက များကြတဲ့အတွက်
ပေါ့ပေါ့ပါးပါး
စိတ်ချမ်းသာစရာ စကားပဲ
ကြားချင်ကြတယ်။

#ဒါကြောင့်
သူတစ်ပါး စိတ်ချမ်းသာဖို့
အဓိကထား ရည်ရွယ်၍ ပြောဆိုပါ။

စကားဆိုတာ…
အမှန်တရား ဖြစ်စေဦးတော့
ပြောသင့် မပြောသင့် ချင့်ချိန်ပါ။

မှန်တဲ့စကားက
နားထောင်သူအတွက်
အကျိုးရှိကောင်း ရှိမယ်။

ပြောတဲ့သူအတွက်တော့
အန္တရာယ် အသွယ်သွယ်
ရန်အသွယ်သွယ်
ဖြစ်ပွားတတ်တယ်နော်။

အလွန်ရင်းနီးသူပင် ဖြစ်ပါစေ
စကားကို ချင့်ချိန်ပြောလိုက်ပါ။

Credit-

မေတ္တာဖြင့်…

1 day ago | [YT] | 2,484