​Knowledge Hub

" လောကမှာ ကြောက်စရာ အကောင်းဆုံး လူ ၃မျိုး "
လောကမှာ ကိုယ့်ကို မုန်း-တီးနေတဲ့ လူတွေကိုလည်း မကြောက်နဲ့။
ကိုယ့်ကို မနာလိုဝန်တို ဖြစ်နေတဲ့ လူတွေကိုလည်း ကြောက်စရာ မလိုဘူး။
နောက်ဆုံး ကိုယ့်ရဲ့ရန်သူ ဖြစ်နေရင်တောင် အဲဒီရန်သူက ရန်သူ စစ်စစ်ဖြစ်နေခဲ့ရင် ကြောက်စရာ မလိုဘူး။
ဘယ်လို လူမျိုးတွေကို ကြောက်ရမှာလဲဆိုရင်
၁ . ဝမ်းတွင်းကောက် ၊ အတွင်းစိတ်ပုတ်ပြီး ၊ အပေါ်ယံကောင်းချင်ယောင်ဆောင်နေတဲ့ ဟန်ဆောင်ကောင်းတဲ့ လူတွေကို ကြောက်ပါ။
၂ . ရင်ထဲမှာ အငြိုးအတေး ၊ အာဃာတတွေ ရှိပေမဲ့ အပေါ်ယံ ချစ်ဟန်ဆောင်နေတဲ့ လူတွေကို ကြောက်ပါ။
၃ . ကိုယ့်ရဲ့ အားနည်းချက်တွေ ၊ ကိုယ်ရဲ့ ချို့ယွင်းချက်တွေ ၊ ကိုယ့်ရဲ့ အတွင်းရေးတွေကို သိချင်ယုံသက်သက်နဲ့ ခင်မင် ရင်းနှီးချင်ယောင် ဆောင်တဲ့ လူတွေကို ကြောက်ပါ။
ဒါကြောင့် လောကမှာ
တကယ်မုန်းတဲ့သူကလည်း ကြောက်စရာ မကောင်းဘူး။
ရန်သူ စစ်စစ်ကလည်း ကြောက်စရာ မကောင်းဘူး။
ဟန်ဆောင်ကောင်းတဲ့သူတွေကသာ ကြောက်စရာ ပိုပြီး ကောင်းတယ်။
ဒေါက်တာ နန္ဒမာလာ ဘိဝံသ
ပါမောက္ခချုပ် ဆရာတော်ဘုရားကြီး

3 days ago | [YT] | 168