မြတ်ဗုဒ္ဓ၏-ဓမ္မတရားတော်များ
ကိုယ်ကျင့်သီလနဲ့ ပြည့်စုံတဲ့ ဗုဒ္ဓဘာသာဝင်ကောင်း ဖြစ်ဖို့လိုတယ်။ငါးပါးသီလလုံမှ ကိုယ်ကျင့်သီလနှင့် ပြည့်စုံတဲ့ ဗုဒ္ဓဘာသာဝင်ဖြစ်တယ်။မဟုတ်ရင် ကိုယ်ကျင့်သီလနဲ့ ပြည့်စုံတဲ့ ဗုဒ္ဓဘာသာဝင် မဖြစ်နိုင်ဘူးတဲ့။ " ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ "´လို့ ဆောက်တည် ထားသည့်အတွက်ကြောင့် ဗုဒ္ဓဘာသာဝင်တော့ ဖြစ်သွားပါရဲ့သို့သော် ငါးပါးသီလကို ကျူးးလွန်ဖောက်ဖျက် နေသေးတယ် ဆိုရင် ကိုယ်ကျင့်သီလရှိတဲ့ ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက် မဖြစ်ဘူး၊ ဒါ အရ မှတ်ရမယ်။အဲ့ဒီတော့ မိမိကိုယ်တိုင် ဗုဒ္ဓဘာသာဝင် ဖြစ်ပြီဆိုရင်ဗုဒ္ဓဘာသာတို့ရဲ့တာဝန်ဝတ္တရား အားလျော်စွာ လိုက်နာ ကျင့်သုံးရမှာကတော့ အနည်းဆုံး ငါးပါးသီလ လုံအောင် ထိန်းမယ်လို့ စိတ်ထဲမှာ ဒီလို နှလုံးသွင်း ဆင်ခြင်ထားသင့်တယ်။ဟို အကြောင်းပြ ၊ ဒီ အကြောင်းပြ ဒါတွေ မပြသင့်ဘူးနော်၊ ဘဝမှာ တန်ဖိုးရှိတဲ့ အလုပ်ကို လုပ်ဖို့က အင်မတန်မှ အရေးကြီးတယ်။လူ့လောက လူတွေဟာ ကိုယ်ကျင့်တရားနှင့်ပတ်သက်လာတဲ့ အခါ ကျလို့ရှိရင် တခြားအကြောင်းတွေပြပြီး ကိုယ်ကျင့်သီလကို ဖောက်ဖျက်တတ်တယ်ပေါ့။အေး အခွင့်အရေးနဲ့ ပတ်သက်လာရင်တော့ လူတွေက Human rights ဆိုပြီး လူ့အခွင့်အရေးကိုတော့ ကျယ်ကျယ်လောင်လောင် တောင်းဆို တတ်ကြတယ်။သို့သော် လူတွေရဲ့ကိုယ်ကျင့်တရားရော ပြည့်ဝရဲ့လား ဆိုတော့ လူ့ကိုယ်ကျင့်တရား မရှိဘူး၊လူ့ရဲ့ကိုယ်ကျင့်သိက္ခာ ပြည့်ဝဖို့က ပိုပြီးတော့ အရေးကြီးတယ်၊ တန်ဖိုးရှိတယ်။အဲ့တော့ ဗုဒ္ဓဘာသာဝင် ဖြစ်လာပြီဆိုရင်တော့ ကိုယ်ကျင့်သီလနဲ့ ပြည့်စုံတဲ့ ဗုဒ္ဓဘာသာဝင်ကောင်း ဖြစ်ဖို့ လိုတယ်။ ငါးပါးသီလနှင့် ပြည့်စုံသွားပြီ ဆိုရင် သီလရှိတဲ့ ဗုဒ္ဓဘာသာဝင် ဖြစ်သွားပြီ။ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ နန္ဒမာလာဘိဝံသ
4 months ago | [YT] | 51
မြတ်ဗုဒ္ဓ၏-ဓမ္မတရားတော်များ
ကိုယ်ကျင့်သီလနဲ့ ပြည့်စုံတဲ့
ဗုဒ္ဓဘာသာဝင်ကောင်း ဖြစ်ဖို့လိုတယ်။
ငါးပါးသီလလုံမှ ကိုယ်ကျင့်သီလနှင့်
ပြည့်စုံတဲ့ ဗုဒ္ဓဘာသာဝင်ဖြစ်တယ်။
မဟုတ်ရင် ကိုယ်ကျင့်သီလနဲ့ ပြည့်စုံတဲ့
ဗုဒ္ဓဘာသာဝင် မဖြစ်နိုင်ဘူးတဲ့။
" ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ "´လို့
ဆောက်တည် ထားသည့်အတွက်ကြောင့်
ဗုဒ္ဓဘာသာဝင်တော့ ဖြစ်သွားပါရဲ့
သို့သော် ငါးပါးသီလကို ကျူးးလွန်
ဖောက်ဖျက် နေသေးတယ် ဆိုရင်
ကိုယ်ကျင့်သီလရှိတဲ့
ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက် မဖြစ်ဘူး၊
ဒါ အရ မှတ်ရမယ်။
အဲ့ဒီတော့
မိမိကိုယ်တိုင် ဗုဒ္ဓဘာသာဝင် ဖြစ်ပြီဆိုရင်
ဗုဒ္ဓဘာသာတို့ရဲ့တာဝန်ဝတ္တရား အားလျော်စွာ
လိုက်နာ ကျင့်သုံးရမှာကတော့ အနည်းဆုံး
ငါးပါးသီလ လုံအောင် ထိန်းမယ်လို့ စိတ်ထဲမှာ
ဒီလို နှလုံးသွင်း ဆင်ခြင်ထားသင့်တယ်။
ဟို အကြောင်းပြ ၊ ဒီ အကြောင်းပြ
ဒါတွေ မပြသင့်ဘူးနော်၊
ဘဝမှာ တန်ဖိုးရှိတဲ့ အလုပ်ကို လုပ်ဖို့က
အင်မတန်မှ အရေးကြီးတယ်။
လူ့လောက လူတွေဟာ ကိုယ်ကျင့်တရားနှင့်
ပတ်သက်လာတဲ့ အခါ ကျလို့ရှိရင်
တခြားအကြောင်းတွေပြပြီး
ကိုယ်ကျင့်သီလကို
ဖောက်ဖျက်တတ်တယ်ပေါ့။
အေး အခွင့်အရေးနဲ့ ပတ်သက်လာရင်တော့
လူတွေက Human rights ဆိုပြီး
လူ့အခွင့်အရေးကိုတော့
ကျယ်ကျယ်လောင်လောင်
တောင်းဆို တတ်ကြတယ်။
သို့သော်
လူတွေရဲ့ကိုယ်ကျင့်တရားရော ပြည့်ဝရဲ့လား
ဆိုတော့ လူ့ကိုယ်ကျင့်တရား မရှိဘူး၊
လူ့ရဲ့ကိုယ်ကျင့်သိက္ခာ ပြည့်ဝဖို့က ပိုပြီးတော့
အရေးကြီးတယ်၊ တန်ဖိုးရှိတယ်။
အဲ့တော့ ဗုဒ္ဓဘာသာဝင် ဖြစ်လာပြီဆိုရင်တော့
ကိုယ်ကျင့်သီလနဲ့ ပြည့်စုံတဲ့
ဗုဒ္ဓဘာသာဝင်ကောင်း ဖြစ်ဖို့ လိုတယ်။
ငါးပါးသီလနှင့် ပြည့်စုံသွားပြီ ဆိုရင်
သီလရှိတဲ့ ဗုဒ္ဓဘာသာဝင် ဖြစ်သွားပြီ။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ
4 months ago | [YT] | 51