Dhamma Buddha

လူဆိုတာ တန်ဖိုးရှိလေလေ တိတ်ဆိတ်လေလေပဲ။
တန်ဖိုးမဲ့လာလေ ဆူညံလေပဲ။

လူဆိုတာမြင့်မြတ်လာလေ တည်ငြိမ်လာလေပဲ။
ယုတ်နိမ့်လာလေ ဗရုတ်ကျလေပဲ။

လူဆိုတာ သီလရှိလေ စကားနည်းလေပဲ။
သီလမဲ့လာလေ စကားများလေပဲ။

လူဆိုတာ အမှားများလာလေ ဖုံးဖိနေရလေပဲ။
အမှားနည်းလာလေ တည်ငြိမ်အေးချမ်းလာလေပဲ။

လူဆိုတာ အလိုကြီးလေ ရန်သူပေါလေပဲ။
အလိုနည်းလေ မိတ်ဆွေပေါလေပဲ။

လူဆိုတာ အတ္တကြီးလေ ခက်ထန်လာလေပဲ။
အတ္တနည်းလေ မျက်နှာချိုအေးလာလေပဲ။

ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ
ပါမောက္ခချုပ်ဆရာတော်ကြီး🙏🙏🙏

1 day ago | [YT] | 321



@zawmyint9753

🙏🙏

16 hours ago | 0

@thawtar7967

🌼🙏🙏🙏🌼မှန်လှပါအရှင်မြတ်ကြီးဘုရား ဘုရားရုဏ် တရားဂုဏ် သံဃာဂုဏ်တို့နဲ့ပြည့်စုံတော်မူသောဆရာတော်ဘုရားကြီး၏သီလ သမာဓိ ပညာတို့နဲ့ပြည့်စုံတော်မူသောဆရာတော်ဘုရားကြီး၏ အသိပညာ အတပ်ပညာ ညဏ်ပညာတို့နဲ့ပြည့်စုံတော်မူသောဆရာတော်ဘုရားကြီး၏ဆုံးမဟောကြားထားသောတရားဓမ္မအသိပညာတို့ကိုသားသပည့်နဲ့အတူဓမ္မမိတ်ဆွေများနဲ့တကွလူနတ်ဗြဟ္မာသတ္တဝါတို့နဲ့အတူ လိုက်နာမှတ်သားနာယူပူဇော်ကျင့်ကြံကျိုးစားပွားများအားထုပ်ခြင်းဖြစ် ဆရာတော်ဘုရားကြီး၏အသိပညာ အတပ်ပညာ ညဏ်ပညာတို့နဲ့တကွဆရာတော်ဘုရားကြီး၏ဂုဏ်ကျေးဇူတို့ကိုသားသပည့်နဲ့အတူဓမ္မမိတ်ဆွေများနဲ့တကွ လူနတ်ဗြဟ္မာသတ္တဝါများအားလုံးကလက်ဆယ်ဖြာထိပ်မှာမိုး၍ရှိခိုးကန်တော့ပါ၏အရှင်မြတ်ကြီးဘုရား ဆရာတော်ဘုရားကြီးရနေမှစ၍သက်ရှည်ကျန်းမာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ပါစေအရှင်မြတ်ကြီးဘုရား သာဓု သာဓု သာဓု ပါအရှင်မြတ်ကြီးဘုရား🌼🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🌼🌼🌼🌼🌼🌼🌼🌼

1 hour ago | 0

@MaKhaing-z7m

🙏🙏🙏

1 day ago | 0

@MaKhaing-z7m

🙏🙏🙏

1 day ago | 0

@AungAung-lp8rj

🙏🙏🙏

1 day ago | 0