Dhamma Lulin ဓမ္မလုလင်
" တရားအားထုတ်ဖို့အချိန်ကို ရအောင်ယူပါ..." •••••••••••••••••••••••••••••••••••••••••••••••••••••••••••• နေ့စဉ် ကိုယ်ကိုယ်ကို သတိပေးနော်။ နေ့စဉ် မေတ္တာဘာဝနာကို ပွားများဖြစ်အောင် ပွားများပါ။ မေတ္တာဘာဝနာပွားများရင်းနဲ့ပဲ အဲဒီမေတ္တာစိတ်ကိုပါ ပြန်ရှုပြီးတော့ ဝိပဿနာပါ တစ်ခါတည်း တစ်ဆက်တည်း ပွားသွားလို့ ရပါတယ်။ ဝိပဿနာကိုပါ တစ်ဆက်တည်း ပွားများပါ။ ဒီလိုတရားတော်တွေကို ပွားများအားထုတ်ပြီး တဖြည်းဖြည်း မေတ္တာစိတ်တွေပိုပြီးတော့ ကြီးလာတဲ့အခါမှာ ကိုယ့်စိတ်ကပိုပြီးတော့ လွတ်လပ်လာလိမ့်မယ်။ ပေါ့ပါးလာလိမ့်မယ်နော်။ ကုသိုလ်စိတ်မှန်သမျှဟာ_စိတ်ကို_လွတ်လပ်သွားစေတယ်။ ပေါ့ပါးသွားစေတယ်_ကြည်လင်သွားစေတယ်_အေးချမ်းစေတယ်။ အဲဒီတော့_တကယ်လွတ်လပ်မှုကို_လိုချင်တယ်ဆိုရင် ဘယ်လိုကုသိုလ်မျိုးကိုမဆို_ဖြူစင်တဲ့စိတ်နဲ့ပြုပါ။ ကုသိုလ်မှန်သမျှဟာ_မဂ်ဖိုလ်နိဗ္ဗာန်ကို_ရဖို့အတွက် အထောက်အပံ့ _ဖြစ်ပါတယ်။ ဝိပဿနာကိုလည်း နေ့စဉ်ပွားများပါ။ ဘုရားဂုဏ်တော်ကိုလည်း နေ့စဉ်ပွားများပါ။ မေတ္တာဘာဝနာကိုလည်း နေ့စဉ်ပွားများပါ။ ပြီးတော့ သေခြင်းတရားကိုလည်း_မေ့မထားပါနဲ့။ အခု လုပ်နေတဲ့ကိစ္စတွေဟာ လုပ်နေရတုန်းမှာ အရေးတော့ ကြီးပါတယ်။ မလုပ်လို့ မဖြစ်ပါဘူး။ သို့သော် သေရင် အကုန်လုံးကို ထားခဲ့ရမှာပါ။ ဘယ်လောက်ပဲ_အလုပ်များများ အဲဒီ အလုပ်များတဲ့ကြားထဲကပဲ တရားအားထုတ်ဖို့အချိန်ကို ရအောင်ယူပါ။ တစ်နေ့သေမယ်ဆိုတာကို_မမေ့တဲ့သူကတော့ အချိန်ရအောင် ယူလို့ ရမှာပါ။ ဆရာတော်ဦးဇောတိက [ မဟာမြိုင်တောရ ] 🙏🙏🙏🙏🙏🙏🙏🙏🙏
2 years ago | [YT] | 774
Dhamma Lulin ဓမ္မလုလင်
" တရားအားထုတ်ဖို့အချိန်ကို ရအောင်ယူပါ..."
••••••••••••••••••••••••••••••••••••••••••••••••••••••••••••
နေ့စဉ် ကိုယ်ကိုယ်ကို သတိပေးနော်။
နေ့စဉ် မေတ္တာဘာဝနာကို ပွားများဖြစ်အောင် ပွားများပါ။
မေတ္တာဘာဝနာပွားများရင်းနဲ့ပဲ အဲဒီမေတ္တာစိတ်ကိုပါ
ပြန်ရှုပြီးတော့ ဝိပဿနာပါ တစ်ခါတည်း တစ်ဆက်တည်း
ပွားသွားလို့ ရပါတယ်။
ဝိပဿနာကိုပါ တစ်ဆက်တည်း ပွားများပါ။
ဒီလိုတရားတော်တွေကို ပွားများအားထုတ်ပြီး
တဖြည်းဖြည်း မေတ္တာစိတ်တွေပိုပြီးတော့ ကြီးလာတဲ့အခါမှာ
ကိုယ့်စိတ်ကပိုပြီးတော့ လွတ်လပ်လာလိမ့်မယ်။
ပေါ့ပါးလာလိမ့်မယ်နော်။
ကုသိုလ်စိတ်မှန်သမျှဟာ_စိတ်ကို_လွတ်လပ်သွားစေတယ်။
ပေါ့ပါးသွားစေတယ်_ကြည်လင်သွားစေတယ်_အေးချမ်းစေတယ်။
အဲဒီတော့_တကယ်လွတ်လပ်မှုကို_လိုချင်တယ်ဆိုရင်
ဘယ်လိုကုသိုလ်မျိုးကိုမဆို_ဖြူစင်တဲ့စိတ်နဲ့ပြုပါ။
ကုသိုလ်မှန်သမျှဟာ_မဂ်ဖိုလ်နိဗ္ဗာန်ကို_ရဖို့အတွက်
အထောက်အပံ့ _ဖြစ်ပါတယ်။
ဝိပဿနာကိုလည်း နေ့စဉ်ပွားများပါ။
ဘုရားဂုဏ်တော်ကိုလည်း နေ့စဉ်ပွားများပါ။
မေတ္တာဘာဝနာကိုလည်း နေ့စဉ်ပွားများပါ။
ပြီးတော့ သေခြင်းတရားကိုလည်း_မေ့မထားပါနဲ့။
အခု လုပ်နေတဲ့ကိစ္စတွေဟာ လုပ်နေရတုန်းမှာ
အရေးတော့ ကြီးပါတယ်။ မလုပ်လို့ မဖြစ်ပါဘူး။
သို့သော် သေရင် အကုန်လုံးကို ထားခဲ့ရမှာပါ။
ဘယ်လောက်ပဲ_အလုပ်များများ
အဲဒီ အလုပ်များတဲ့ကြားထဲကပဲ တရားအားထုတ်ဖို့အချိန်ကို
ရအောင်ယူပါ။
တစ်နေ့သေမယ်ဆိုတာကို_မမေ့တဲ့သူကတော့
အချိန်ရအောင် ယူလို့ ရမှာပါ။
ဆရာတော်ဦးဇောတိက
[ မဟာမြိုင်တောရ ]
🙏🙏🙏🙏🙏🙏🙏🙏🙏
2 years ago | [YT] | 774