Dhamma Lulin ဓမ္မလုလင်

" တရားအားထုတ်ဖို့အချိန်ကို ရအောင်ယူပါ..."
••••••••••••••••••••••••••••••••••••••••••••••••••••••••••••
နေ့စဉ် ကိုယ်ကိုယ်ကို သတိပေးနော်။
နေ့စဉ် မေတ္တာဘာဝနာကို ပွားများဖြစ်အောင် ပွားများပါ။
မေတ္တာဘာဝနာပွားများရင်းနဲ့ပဲ အဲဒီမေတ္တာစိတ်ကိုပါ
ပြန်ရှုပြီးတော့ ဝိပဿနာပါ တစ်ခါတည်း တစ်ဆက်တည်း
ပွားသွားလို့ ရပါတယ်။

ဝိပဿနာကိုပါ တစ်ဆက်တည်း ပွားများပါ။
ဒီလိုတရားတော်တွေကို ပွားများအားထုတ်ပြီး
တဖြည်းဖြည်း မေတ္တာစိတ်တွေပိုပြီးတော့ ကြီးလာတဲ့အခါမှာ
ကိုယ့်စိတ်ကပိုပြီးတော့ လွတ်လပ်လာလိမ့်မယ်။
ပေါ့ပါးလာလိမ့်မယ်နော်။

ကုသိုလ်စိတ်မှန်သမျှဟာ_စိတ်ကို_လွတ်လပ်သွားစေတယ်။
ပေါ့ပါးသွားစေတယ်_ကြည်လင်သွားစေတယ်_အေးချမ်းစေတယ်။
အဲဒီတော့_တကယ်လွတ်လပ်မှုကို_လိုချင်တယ်ဆိုရင်
ဘယ်လိုကုသိုလ်မျိုးကိုမဆို_ဖြူစင်တဲ့စိတ်နဲ့ပြုပါ။
ကုသိုလ်မှန်သမျှဟာ_မဂ်ဖိုလ်နိဗ္ဗာန်ကို_ရဖို့အတွက်
အထောက်အပံ့ _ဖြစ်ပါတယ်။

ဝိပဿနာကိုလည်း နေ့စဉ်ပွားများပါ။
ဘုရားဂုဏ်တော်ကိုလည်း နေ့စဉ်ပွားများပါ။
မေတ္တာဘာဝနာကိုလည်း နေ့စဉ်ပွားများပါ။
ပြီးတော့ သေခြင်းတရားကိုလည်း_မေ့မထားပါနဲ့။
အခု လုပ်နေတဲ့ကိစ္စတွေဟာ လုပ်နေရတုန်းမှာ
အရေးတော့ ကြီးပါတယ်။ မလုပ်လို့ မဖြစ်ပါဘူး။

သို့သော် သေရင် အကုန်လုံးကို ထားခဲ့ရမှာပါ။
ဘယ်လောက်ပဲ_အလုပ်များများ
အဲဒီ အလုပ်များတဲ့ကြားထဲကပဲ တရားအားထုတ်ဖို့အချိန်ကို
ရအောင်ယူပါ။

တစ်နေ့သေမယ်ဆိုတာကို_မမေ့တဲ့သူကတော့
အချိန်ရအောင် ယူလို့ ရမှာပါ။

ဆရာတော်ဦးဇောတိက
[ မဟာမြိုင်တောရ ]
🙏🙏🙏🙏🙏🙏🙏🙏🙏

2 years ago | [YT] | 774



@Soelay-lp6uv

ဘုန်းဘုန်းဘုရားရဲ့ဓမ္မစာပေတွေ‌ဖတ်ရတာအသိပညာတကယ်ရပါတယ်ဘုရား🙏🙏

2 years ago | 0  

@SaiSai-tf7fw

သာဓု သာဓု သာဓုပါဘုရား

2 years ago | 0  

@MyatTheinTun-r9z

ကျေးဇူးကြီးမာလှပါတယ်ဘုရား သာဓု သာဓု သာဓု

2 years ago | 0  

@mamoemoe603

🙏🙏

2 years ago | 0  

@myatmyat4799

မှန်လှပါဘုရား။၊🙏🙏

2 years ago | 0  

@winbo6119

ဆရာတော် သက်တော် ရာကျော် ရှည်ပါစေဘုရား။

2 years ago | 1  

@myintmyint1128

ကြိုးစား နေပါတယ် ဘုရား

2 years ago | 0  

@RiKhiRamMishra-s9c

Sadhu Sadhu Sadhu

2 years ago | 0  

@marphyu3480

သိခွင့်ရလို့သာဓုအကြိမ်ကြိမ်ခေါ်ဆိုမိပါတယ်အရှင်ဘုရား။

2 years ago | 0  

@zinzin-nt9yk

ကြိုးစားနေပါတယ်ဘုရား

2 years ago | 0  

@thanthannwet135

မှန်လှပါဘုရား 🙏🙏🙏

2 years ago | 0  

@muaungmoe5599

မှန်လှပါဘုရား

2 years ago | 0  

@theintheintt1140

🙏🙏

2 years ago | 0  

@leinlein5931

🙏🙏

2 years ago | 0  

@FhGu-xm8um

🙏🙏

2 years ago | 0  

@samsungmyanmar6773

🙏🙏

2 years ago | 0