Media Queen

Heart Attack ဖြင့် ကွယ်လွန်သွားသော အဆိုတော် အဒီနို (ခေါ်) မင်းသစ်လွှမ်း ရဲ့ အောက်မေ့ဖွယ် နှစ်သိမ့်ဆုတောင်း အခမ်းအနား 😓😓
••••••••••••••••••••••••••••••••••••••••••••••••••••••••••••
အဆိုတော် အဒီနို (ခေါ်) မင်းသစ်လွှမ်း အသက်(၃၇)နှစ် ရဲ့ မိသားစုအောက်မေ့ဖွယ် နှစ်သိမ့်ဆုတောင်း အခမ်းအနားအစီအစဉ် ကို ယနေ့ အောက်တိုဘာလ (၂၇)ရက်နေ့ , ညနေ (၅:၀၀) နာရီအချိန်က မရမ်းကုန်းမြို့နယ် , ကမ္ဘာအေးဘုရားလမ်း , (၈) မိုင် , ဟေဗြုန် ညီအစ်ကိုများအသင်း‌တော်ခန်းမ မှာ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုတော် "အဒီနို" ရဲ့ မိသားစုများ , ဆွေမျိုးများ , သူငယ်ချင်းများ နဲ့ ဂီတအသိုင်းအဝိုင်း မှ အနုပညာရှင် , အတတ်ပညာရှင်များက နှုတ်ဆက် , နှစ်သိမ့် , မေတ္တာပြခဲ့ကြပါတယ် 😓😓
အဆိုတော် အဒီနို (ခေါ်) မင်းသစ်လွှမ်း အသက်(၃၇)နှစ် ရဲ့ ဈာပန အစီအစဉ်ကို (၈)မိုင် ဟေဗြုန်ညီအစ်ကိုများအသင်းတော်ခန်းမ မှာ အောက်တိုဘာလ (၂၈)ရက်နေ့ , မနက် (၉:၀၀)အချိန်တွင် ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ရေဝေးသုဿန်တွင် နံနက် (၁၁:၃၀)အချိန် မှာ မီးသင်္ဂြိုလ်ပြီးအရိုးပြာကိုဂူသွင်းသွားမှာဖြစ်ကြောင်း သိရှိရပါတယ် 😓😓
ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းလျက် 🙏🙏🙏
#MediaQueenTV #MQTV
#Adino #အဒီနို
#နှစ်သိမ့်ဆုတောင်းအခမ်းအနား
#RIP #RestInPeace
#MQTVPhoto #MQTVNews

1 day ago (edited) | [YT] | 467



@Chithmwemother

နတ်ချမ်းသာ ဖြစ်ပါစေ❤❤❤

1 day ago | 0

@AaBb-d2p7t

တရားကြစရာကြီးနော်Rock 1ယောက်ကြွေလွှင့်သွားခဲ့ရပြန်ပီထပ်တူဝမ်းနည်းမိပါတယ်😢

1 day ago | 1

@marysunthang1432

😢😢

1 day ago | 0