မှန်တယ်ဆရာ.ကျမလည်းနောက်ဆိုအင်တာနက်ပေါ်မတက်တော.ဘူး.တနေလုံးတရားမှတ်တော.မယ်.ကိုယ်.နောက်ပါမှာအဲဒါတွေပါ.ကျမအမိမြေကိုပြန်ရောက်ရင်အင်တာနက်ပေါ်မှာတွေ.ချိန်နည်းသွားမှာပါဆရာဖူးကျော်ဇင်.ကျမကအင်တာနက်တာကြည်.နေတာစိတ်ကတရားဘက်လှည်.ပြီလေဝင်လေထွက်မှတ်နေတာပါ.ကြည်.တာကြည်.ဖြတ်.သိတာကိုသိဖြတ်ပါ.ဆရာ.ကျေးဇူးပါဆရာဖူးကျော်ဇင်.✍👍🏾👍🏾👍🏾🖐🏻🖐🏻🖐🏻🕯🕯
1 week ago (edited) | 5
ဟုတ်ကဲ့ ပါဆရာ ညီမစောစောထမယ်ဆိုပြီးမထဖြစ်ဘူးတရားထိုင်တာဘုရားရှိခိုးတာတော့ နေ့တိုင်းလုပ်ဖြစ်ပါတယ်ရှင့် အဲ့အကျင့်ကိုပြင်ရမယ်စောစောမထနိုင်တာကို ညဆိုလဲစောစောအိပ်ချင်ပေမဲ့မအိပ်ဖြစ်တာရောပဲ ဆရာဘယ်လို လေ့ကျင့်ရမလဲရှင့်
1 week ago | 0
Phoo Kyaw Zin
ကိုယ်ကြိုက်တာ ကိုယ်လုပ်… ဆိုပေမယ့်
တချို့သော ကိုယ်ကြိုက်တဲ့အရာတွေက
ကိုယ့်ဘဝကိုဖျက်စီးတတ်တယ်…။
အဲ့အရာတွေက ကိုယ့်ကို မဖျက်စီးခင်
ကိုယ်က အဲ့အရာတွေကို အရင်ဦးအောင် ဖျက်စီးပစ်ရမယ်။
ကြိုက်လွန်းလို့ မဖြတ်နိုင်ပါဘူးဆိုရင်တော့
ကိုယ်ကြိုက်တာ ကိုယ်လုပ်၊ ကိုယ်ဖြစ်ရင် ကိုယ်ခံ ပေါ့ ။
▪️
အလားတူ -
တချို့သော ကိုယ်မကြိုက်တဲ့အရာတွေက
ကိုယ့်ဘဝကို တိုးတက် ပြောင်းလဲစေတတ်တယ်။
ဥပမာ - စာဖတ်ရတာမကြိုက်ဘူး၊ စောစောထရမှာ မကြိုက်ဘူး၊ လေ့ကျင့်ခန်းလုပ်ရမှာ မကြိုက်ဘူး၊ တရားထိုင်ရမှာ မကြိုက်ဘူး… စသဖြင့် …
ကိုယ်မကြိုက်ပေမယ့် ကိုယ့်ကိုအကျိုးရှိစေမယ်ဆိုရင်
မကြိုက်တာတွေကိုလည်း လုပ်ပါ…။
မကောင်းမှုရှောင် ၊ ကောင်းမှုဆောင် လို့လည်း
မြတ်ဗုဒ္ဓက ဟောခဲ့ပြီးသား မဟုတ်လား။
“ကြိုက်ပေမယ့် မကောင်းတာတွေ” ကို ရှောင်ပြီး
“မကြိုက်ပေမယ့် ကောင်းတာတွေ” ဆို ပြောင်းလုပ်ကြည့်ရင် တကယ်ပြောင်းလဲလာစေမှာ အသေချာပါပဲ…။
▪️
4.9.2024
Phoo Kyaw Zin - Future Wave
#PhooKyawZin #တွေးမိတက်ရေး
1 week ago | [YT] | 849