Gaballa ကဗ္ဗလာ
သင့်ခေါင်းထဲက ထုတ်ပစ်သင့်တဲ့အရာ (၆ )ခု၁။ သင့်ကို ဂရုမစိုက်တဲ့သူတွေကို သင်ဂရုစိုက်စရာ မလိုပါဘူး။တစ်ချို့လူတွေက သူတုိ့ကို ဂရုစိုက်လေလေ၊ သင့်ကို ပစ်ထားလေလေပါပဲ။ ဒီတော့ သူတို့ကို လိုက်ဂရုစိုက်နေမှာထက် ကိုယ့်ကိုယ်ကို ပိုဂရုစိုက်ပါ။၂။ လူ့ခွစာများကို ဝေးဝေးက ရှောင်ပါ။တစ်ချို့လူတွေက အခြားသူ ဘာလုပ်လုပ် အမြဲအပြစ်ပြောနေတတ်တယ်။ ဘုကလန့်တိုက်တတ်တယ်၊ ဂျစ်ကန်ကန်နဲ့ စိတ်ထဲရှိ ရှိသလို မဆင်မခြင်စကားပြောတတ်ကြတယ်။ ဒီလို အဆိုးမြင်ဝါဒီရှိသူများကို ရှောင်ရှားပါ။ အဆိုးမြင်စိတ်ဓာတ်က သင့်ကိုပါ ကူးစက်လာစေနိုင်လို့ပါ။ ၃။ တစ်ခုခုကို အမြဲသင်ယူလေ့လာနေပါ။"ပညာလို အိုသည်မရှိ" ဆိုသလိုပဲ ဘယ်အတတ်ပညာမဆို သင်ကြားဖို့ ဝန်မလေးပါနဲ့။ ငါ့ အသက်အရွယ်ကြီးနဲ့ မသင့်တော်ပါဘူးလေ၊ ငါငယ်သေးလို့ မလိုသေးဘူး ဆိုပြီး မတွေးပါနဲ့။၄။ အတိတ်က အဖြစ်အပျက်တွေကိုအတိတ်အကြောင်းတွေကို အရမ်းမတွေးပါနဲ့။ အတိတ်မှာ အမှတ်ရစရာအများကြီး ရှိခဲ့မှာပါ။ ဒါပေမဲ့ အတိတ်ဆိုတာ အချိန်တစ်ခုမှာ ပြီးသွားခဲ့ပြီးသားအဖြစ်အပျက်တွေပါ။ နောက်ထပ်ဖြစ်လာမယ့် အတိတ်တွေကို လှပနေစေဖို့သာ ကြိုးစားပါ။ ၅။ ကိုယ့်ကိုယ်ကို တန်ဖိုးထားပါ။ကိုယ်ကျင့်တရားကောင်းတဲ့့သူက လောကမှာ တန်ဖိုးအရှိဆုံးပါ။ ကိုယ့်ကိုယ်ကို အမြဲတမ်းတိုးတက်အောင် ကြိုးစားနေသင့်ပြီး စိတ်ကောင်းကောင်းထားပါ။၆။ ထင်ချင်သလို ထင်ကြပါစေ။လူအမျိုးမျိုး၊ စိတ်အထွေထွေရှိတယ်ဆိုသလိုပဲ လူတစ်ယောက်နဲ့ တစ်ယောက်တန်ဖိုးထားတာတွေ၊ ခံယူချက်တွေနဲ့ အမြင်တွေ မတူညီကြပါဘူး။ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိကြတာမို့ ကိုယ်မှန်တယ်လို့ ယုံကြည်တဲ့အရာကို ရဲရဲသာလုပ်ပါ။ အခြားလူတွေ ဘယ်လိုထင်သလဲဆိုတာ သင် အရေးစိုက်မနေပါနဲ့။Credit မူရင်း
2 years ago | [YT] | 12
Gaballa ကဗ္ဗလာ
သင့်ခေါင်းထဲက ထုတ်ပစ်သင့်တဲ့အရာ (၆ )ခု
၁။ သင့်ကို ဂရုမစိုက်တဲ့သူတွေကို
သင်ဂရုစိုက်စရာ မလိုပါဘူး။
တစ်ချို့လူတွေက သူတုိ့ကို ဂရုစိုက်လေလေ၊
သင့်ကို ပစ်ထားလေလေပါပဲ။
ဒီတော့ သူတို့ကို လိုက်ဂရုစိုက်နေမှာထက်
ကိုယ့်ကိုယ်ကို ပိုဂရုစိုက်ပါ။
၂။ လူ့ခွစာများကို ဝေးဝေးက ရှောင်ပါ။
တစ်ချို့လူတွေက အခြားသူ ဘာလုပ်လုပ်
အမြဲအပြစ်ပြောနေတတ်တယ်။
ဘုကလန့်တိုက်တတ်တယ်၊
ဂျစ်ကန်ကန်နဲ့ စိတ်ထဲရှိ ရှိသလို
မဆင်မခြင်စကားပြောတတ်ကြတယ်။
ဒီလို အဆိုးမြင်ဝါဒီရှိသူများကို ရှောင်ရှားပါ။
အဆိုးမြင်စိတ်ဓာတ်က သင့်ကိုပါ
ကူးစက်လာစေနိုင်လို့ပါ။
၃။ တစ်ခုခုကို အမြဲသင်ယူလေ့လာနေပါ။
"ပညာလို အိုသည်မရှိ" ဆိုသလိုပဲ
ဘယ်အတတ်ပညာမဆို
သင်ကြားဖို့ ဝန်မလေးပါနဲ့။
ငါ့ အသက်အရွယ်ကြီးနဲ့ မသင့်တော်ပါဘူးလေ၊
ငါငယ်သေးလို့ မလိုသေးဘူး ဆိုပြီး မတွေးပါနဲ့။
၄။ အတိတ်က အဖြစ်အပျက်တွေကို
အတိတ်အကြောင်းတွေကို
အရမ်းမတွေးပါနဲ့။
အတိတ်မှာ အမှတ်ရစရာအများကြီး
ရှိခဲ့မှာပါ။
ဒါပေမဲ့ အတိတ်ဆိုတာ အချိန်တစ်ခုမှာ
ပြီးသွားခဲ့ပြီးသားအဖြစ်အပျက်တွေပါ။
နောက်ထပ်ဖြစ်လာမယ့် အတိတ်တွေကို
လှပနေစေဖို့သာ ကြိုးစားပါ။
၅။ ကိုယ့်ကိုယ်ကို တန်ဖိုးထားပါ။
ကိုယ်ကျင့်တရားကောင်းတဲ့့သူက
လောကမှာ တန်ဖိုးအရှိဆုံးပါ။
ကိုယ့်ကိုယ်ကို အမြဲတမ်း
တိုးတက်အောင် ကြိုးစားနေသင့်ပြီး
စိတ်ကောင်းကောင်းထားပါ။
၆။ ထင်ချင်သလို ထင်ကြပါစေ။
လူအမျိုးမျိုး၊
စိတ်အထွေထွေရှိတယ်ဆိုသလိုပဲ
လူတစ်ယောက်နဲ့ တစ်ယောက်
တန်ဖိုးထားတာတွေ၊ ခံယူချက်တွေနဲ့
အမြင်တွေ မတူညီကြပါဘူး။
ကိုယ့်အကြောင်းနဲ့ကိုယ်ရှိကြတာမို့
ကိုယ်မှန်တယ်လို့ ယုံကြည်တဲ့အရာကို
ရဲရဲသာလုပ်ပါ။
အခြားလူတွေ ဘယ်လိုထင်သလဲဆိုတာ
သင် အရေးစိုက်မနေပါနဲ့။
Credit မူရင်း
2 years ago | [YT] | 12