Than Lwin Times

စစ်ကောင်စီ အရေးမလှရှုံးနိမ့်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး နှစ်လပြည့် သမင်လည်ပြန်

လောက်ကိုင်၊ ဒီဇင်ဘာ ၂၈

အာဏာသိမ်းမှု သုံးနှစ်နီးပါးအကြာမှာ စစ်ကောင်စီကို မြို့သိမ်းစခန်းသိမ်းတိုက်ပွဲတွေနဲ့ အရေးမလှအောင် ထိုးနှက်ခဲ့တဲ့ ညီနောင်မဟာမိတ် သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ တော်လှန်ရေးအရွေ့တစ်ခုအထိ ရောက်ရှိ လာခဲ့ပါတယ်။

မိမိတို့ ဒေသကို ထိန်းချုပ်နိုင်ရေး၊ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးနဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှု တိုက် ဖျက်ရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၁၀၂၇ စစ်ဆင်ရေးကို အောက်တိုဘာနှောင်းပိုင်းမှာ စတင်ခဲ့တာ အခုဆိုရင် ၂ လတာ ပြည့်ခဲ့ပါပြီ။

စစ်ဆင်ရေး ၂ လတာအတွင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ရှမ်းမြောက်နဲ့ ရခိုင်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်း အကြီးအသေး စုစုပေါင်း ၄၄၀ အထက် သိမ်းပိုက်ရရှိထားသလို ရှမ်းမြောက်က မြို့ ၁၀ မြို့ကိုလည်းMNDAA နဲ့ TNLA တို့ ထိန်းချုပ်နိုင်ခဲ့ပါတယ်။

MNDAA အနေနဲ့ သိမ်းပိုက်ဖို့ လောက်ကိုင်မြို့သာ ကျန်ရှိပြီး TNLA အနေနဲ့ကလည်း နမ္မတူ၊ ကွတ်ခိုင်စတဲ့ မြို့တချို့နဲ့ ကုန်သွယ်ရေးလမ်းကြောင်းတချို့ ထိန်းချုပ်နိုင်ဖို့ ကျန်ရှိနေသေးပေမယ့် AA ကတော့ ရခိုင်က မြို့တွေကို သိမ်းပိုက်နိုင်ခြင်း မရှိသေးပါဘူး။

CDM လေတပ် တပ်ကြပ်ကြီး ဇေယျက ညီနောင်မဟာမိတ်သုံးဖွဲ့အနေနဲ့ စစ်ဆင်ရေး စတင်တဲ့ကာလလိုမျိုး အလျင်အမြန် စခန်းတွေ တစ်ခုပြီးတစ်ခု သိမ်းနိုင်တဲ့ ပုံစံမျိုး မရှိတော့ပေမယ့် တိုက်ပွဲတွေတော့ ဆက်တိုက်နေ ဦးမယ်လို့ သုံးသပ်ပါတယ်။

“တိုက်ပွဲတော့ ဆက်တော့ တိုက်နေဦးမှာပဲ။ ဒါပေမယ့် ပထမဦးဆုံး အစလောက်‌တော့ လျင်လျင်မြန်မြန်ကြီး စခန်းတွေတစ်ခုပြီးတစ်ခု အလျင်အမြန်သိမ်းနိုင်တဲ့ ပုံစံမျိုးမရှိတော့ဘူး။ နည်းနည်းတော့ အီသွားမယ်။ နောက် တစ်ခုက စစ်တပ်ဘက်ကလည်း မြောက်ပိုင်းအဖွဲ့တိုက်ခိုက်တဲ့ပုံစံကို သူတို့နည်းနည်း နားလည်သွားတဲ့ချိန်မှာ ဘယ်လိုပုံစံမျိုး တန်ပြန်ကာကွယ်ရမယ်ဆိုတဲ့ စီမံချက်တွေ လုပ်တော့လုပ်ဆောင်နေတယ်။ ဒါပေမယ့် အင်အား တော့ သူတို့ ဖြည့်ဖို့မတတ်နိုင်ဘူး။ အခုက တိုက်ပွဲက နေရာတိုင်းမှာ ဖြစ်တယ်ဆိုတော့”လို့ သူက ဆိုပါတယ်။

လက်ရှိ ခံစစ်အနေအထားကို ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်က တန်ပြန်ထိုးစစ်ဆင်နိုင်ဖို့ လုံးဝမရှိနိုင်တဲ့ အခြေအနေမှာ အခြားတော်လှန်ရေးအဖွဲ့တွေ နယ်မြေကျယ်ပြန့်စွာ တိုက်ခိုက်လာနိုင်ရင် ပိုတိုးတက်လာနိုင် တယ်လို့ သူက ထောက်ပြပါတယ်။

၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်က စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးတပ်ရင်း နှစ်ရင်းရှိတပ်ဖွဲ့တွေ၊ ပြည်သူ့ စစ်အဖွဲ့တွေနဲ့ သူတို့မိသားစုတွေအပါအဝင် စုစုပေါင်း ၄၀၆ ဦးအထိ ကိုးကန့်အဖွဲ့ MNDAA ထံ လက်နက်ချအ လင်းဝင်ခဲ့တာပါ။

တစ်ဖက်မှာတော့ ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ရေးပြင်းထန်တဲ့ ဒေသတွေအပါအဝင် တိုက်ပွဲမဖြစ်တဲ့ ဒေသ တွေကိုပါ စစ်ကောင်စီက လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူတွေကို အသုံးပြုကာ အကြိမ်ရေ ရာနဲ့ချီပြီး ဒေသ ခံအရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေလည်း ရှိနေပါတယ်။

ရှမ်းမြောက်အခြေစိုက် တအာင်းအမျိုးသမီးအဖွဲ့ TWO ရဲ့ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ ၁၀၂၇ စစ်ဆင်ရေး ၂ လအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၁၂၀ ကျော် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

မြန်မာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ရဲ့ အစီရင်ခံစာအရ မြို့ သိမ်း စခန်းသိမ်းတိုက်ပွဲတွေအတွင်း ဟောင်ဝစ်ဇာအမြောက်တွေ အတွဲလိုက်ဒုံးပစ်ယာဉ်တွေအပါအဝင် ထောင်ချီတဲ့ စစ်ရေးလက်နက်တွေနဲ့ သောင်းချီတဲ့ ခဲယမ်းတွေကို စစ်ကောင်စီ ဆုံးရှုံးထားပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့ကနေ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ စစ်ကိုင်း၊ ကရင်နီ၊ ချင်း၊ မွန်၊ ပဲခူးနဲ့ ကရင်မှာ လည်း ကူးစက်ပျံ့နှံ့လာခဲ့ပြီး မြို့သိမ်း စခန်းသိမ်းတိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်က တပ်စခန်း ဆယ်ချီနဲ့ မြို့ ၈ မြို့ထက်မနည်း လက်လွှတ်ခဲ့ရတာပါ။

စစ်ရေးအရ အရေးမလှဖြစ်လာနေတဲ့ စစ်ကောင်စီဟာ တရုတ်အကူအညီယူပြီး ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ဒီဇင်ဘာ ဒုတိယအပတ်မှာ ပထမအကြိမ် တွေ့ဆုံဆွေးနွေးခဲ့သလို ဒီဇင်ဘာနောက် ဆုံးအပတ်မှာလည်း ဒုတိယအကြိမ် ထပ်မံဆွေးနွေးခဲ့ကြပါတယ်။

ဒါပေမယ့် ဆွေးနွေးမှုကိစ္စအပေါ် စစ်ကောင်စီရော ညီနောင်မဟာမိတ်သုံးဖွဲ့ကပါ တရားဝင် အသိပေးထုတ် ပြန်တာမရှိပေမယ့် နှစ်ဘက်ပြေလည်နိုင်တဲ့ သဘောတူညီချက် မရရှိခဲ့ဘူးလို့ သတင်းတွေ ထွက်ပေါ်နေတာပါ။

နိုင်ငံရေး ၊ စစ်ရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ တရုတ်အားကိုးနဲ့ ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေ ရှေ့ဆက်နိုင်မှာ မဟုတ်ဘဲ ရှေ့ဆက်ပြီး တိုက်ပွဲတွေ ပြင်းထန်လာလိမ့်မယ်လို့ သုံးသပ်ပါတယ်။

“ဒုတိယအကြိမ်တွေ့ဆုံခဲ့တဲ့ ဆွေးနွေးပွဲမှာ ဘာဆုံးဖြတ်ချက်မှမချနိုင်ပဲ ဆွေးနွေးပွဲပျက်သွားတဲ့ အခြေအနေ ပါ။ အဲဒီတော့ တရုတ်အားကိုးနဲ့ ဒီလိုစစ်ရပ်စဲရေး ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေဟာ ရှေ့ဆက်နိုင်မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆို ညီနောင်သုံးဖွဲ့လုံးက တိုက်ပွဲအရှိန်အဟုန်တွေ မလျှော့ဘဲနဲ့ ဆက်ပြီးတိုက်ပွဲဝင်မယ့် အခြေ အနေဖြစ်တဲ့အတွက် ဒီအလားလာဟာ ဒီစစ်ပွဲကို ငြိမ်းချမ်းရေးဆွေးနွေးပွဲကတဆင့် ရပ်ဆိုင်းပစ်ဖို့ဆိုတဲ့ မင်း အောင်လှိုင်ရဲ့ စိတ်ကူးအိပ်မက်ဟာ လုံးဝမဖြစ်နိုင်ပါဘူး။ တိုက်ပွဲတွေ ရှေ့ဆက်ပြီး ဖြစ်ပါလိမ့်မယ်။ ရှေ့ဆက် ပြင်းထန်လာပါလိမ့်မယ်”လို့ ဆိုပါတယ်။

သံလွင်တိုင်းမ်အနေနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတို့ တရုတ်နိုင်ငံမှာ ဒုတိယအကြိမ် ဆွေးနွေးမှုနဲ့ ပတ်သက်ပြီး အဖွဲ့ရဲ့ ပြော‌ရေးဆိုခွင့်ရှိသူတွေထံ တယ်လီဂရမ်ကနေ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းပြန်ခြင်း မရှိခဲ့ပါဘူး။

လတ်တ‌လောမှာတော့ ရှမ်းမြောက်မှာ ဒီဇင်ဘာ ၂၆ ရက်နေ့အတွင်း နမ္မတူ၊ ကွတ်ခိုင်နဲ့ ကျောက်မဲမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတွေကို TNLA က ဝင်ရောက်တိုက်ခိုက်ခဲ့သလို ရခိုင်က မြောက်ဦးခရိုင် ရဲစခန်းကို AA က ည ၉ နာရီလောက်မှာ သိမ်းပိုက်ရရှိခဲ့တယ်လို့ ညီနောင်သုံးဖွဲ့က ထုတ်ပြန်ထားပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်းရေးကြောင့် အရေးမလှရှုံးနိမ့်နေတဲ့ စစ်ကောင်စီတပ်ဟာ တစ်ဖက် မှာတော့ စစ်ပြေးတွေ၊ စစ်မှုထမ်းဟောင်းတွေနဲ့ ဆေးခွင့်ကျထားတဲ့သူတွေကိုပါ စစ်မှုထမ်းကြဖို့ ပြန်လည်လက်ခံ နေရတဲ့အထိ အင်အားချိနဲ့လာပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ စစ်တပ်ရဲ့ “ငါမသေ ငါ့စခန်းမကျစေရ”ဆိုတဲ့ ဆောင်ပုဒ်ဟာ သမိုင်းတွင်ကျန်ရစ်ခဲ့ပြီလို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ထုတ်ပြန်ထား ပါတယ်။

စစ်ရေးအကဲခတ်တွေကတော့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်းရေးနဲ့အတူ နိုင်ငံအနှံ့ တော်လှန်ရေး အင်အားစုတွေရဲ့ ဟန်ချက်ညီ ထိုးစစ်ဆင်မှုတွေကြောင့် မြန်မာစစ်တပ် ပြိုလဲလာနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။


သတင်း - သံလွင်တိုင်းမ်
ဓာတ်ပုံ-ကိုးကန့်သတင်းဌာန

1 year ago | [YT] | 512



@ngenge6797

👍👍👍🌟🌟🌟💪💪💪 နိုင်ငံတစ်ဝှမ်း တော်လှန်ရဲဘော်ညီနောင် အားလုံးဘေးကင်းကျန်းမာတိုက်ပွဲတိုင်း အောင်မြင်၍မြို့အားလုံးသိမ်းယူနိုင်ပါစေ

1 year ago | 2

@TinWin-f7h

မဂ်လာပါ

1 year ago | 2

@redtoad9454

တို့အဘမှာရဲဘော်၄၀ဗိုလ်၈၀ထမင်းချက်ကသေနတ်၂လက်ကိုင်ထားပါသေးတယ်၊တအဲရဲဘော်၄၀မှာတကယ်တိုက်နိူင်တာ၁၀ယောက်ပဲ၁၀ကလစာထုတ်စားနေတာ၊နောက်ထပ်၁၀ယောက်ကအိုမင်းမစွမ်းတွေဖြစ်ပြီးကျန်၁၀ယောက်ကတော့ဒုက္ခိတတွေဖြစ်​နေတယ်၊ဗိုလ်၈၀လုံးကစီးပွားရေးသမားတွေမို့စစ်မတိုက်တတ်ဘူး၊ပုခုံးပေါ်ကရာထူးတွေက လက်အုပ်ချီတတ်လို့ရလာတဲ့အပွင့်တွေဖြစ်နေလို၊

1 year ago | 3

@AlinKer-bp6nc

"စစ်ခွေးထွက်ပြေး နှစ်ဆယ့်လေး" နိုင်ငံတာကာအဆင့် ၊ ခေတ်မှီ အာကာထွန်း ခြင်းကြား (အလံဖြူသမိုင်းဝင်) တိုက်တိုင်းရှူံး ဂရိတ်မဟာ စတန်းဒတ်အာမီ၊(မလုပ်ရဲတာဘာမှမရှိဘူး) ပုံ /....(ကျားဖျန့်ဂိုဏ်းခေါင်းဆောင်) အဓမ္မ. အန္ဓဗာလာန. ကြင်ဂုလိအဇာဝဒတ် မအလ ......များ....ထံသို့ ၅၆သန်းသော ပြည်သူများမှ- "ဆုတောင်း ကျိန်စာ ပို့သစာလွှာ" စစ်ခွေးများ၊ရဲခွေးများ မအိမ်လုံးနဲ့ စစ်‌ကောင်စီဝင်များ၊ ဘောမ ဘော ယက်များ၊ပျူစောထီးများ၊မဘသများ၊စခနဲ့အတူ ပူးပေါင်းပြည်သူ့စစ် များ၊CDMမဝင်သော ဝန်ထမ်းများ၊ တပ်ထောက်ခံသူများ၊ တပ်ထောက်ခံပါတီများနှင့် ပါတီဝင်များ၊တပ်ထောက်ခံပွဲလိုက် နေ့စားဘောမများ၊ တပ်‌ထောက်ခံ ဖက်ခွက်စားဘောမအနုပညာရှင်များ၊တပ်ထောက်ခံ သင်္ကန်းအရေချူံသာသနာဖျက်များ၊ဘောမ မီဒီယာများနှင့် ဝန်ထမ်းများ၊ဘာသာရေးမှိုင်းတိုက်တဲ့ လူယုတ်မာများ၊တော်လှန်ရေးသပ်လျှို သွေးခွဲသူများ၊ တပ်ထောက်ခံ ခရိုနီများတို့သည်၊ များများနဲ့ မြန်မြန် အသေဆိုးခြင်းကြီးမားစွာဖြင့် ရာချီမှ ထောင် သောင်း သိန်းသန်းချီ၍ သေကျေပျက်စီးခြင်းများစွာ အမြစ်ပြတ်၊ ပြုတ်၊ ပြုန်း၊ စိတ်သုန်း၊ ပျောက်ကွယ်ပြီး၍ မဟာအဝီစိ ငရဲသို့ ၊ရောက်ကြပါစေသတည်း.... (ပြည်သူ့တိုင်း၏အမုန်းကျိန်စာ)

1 year ago | 3

@freefree8449

တရုတ်ကိုနောက်ဆုံးဂရုမစိုက်တာရယ်၊သူတို့ရဲ့လက်အောက်ခံမဟုတ်ဘူးဆိုတာရယ်ကိုပြနိုင်တာကတိုင်းရင်းသားတပ်မတော်ပါပဲနော်။ဘာဖြစ်လို့မကြောက်တာလဲမေးရင်တော့တရုတ်ဆီကအလကားရတာဘာတစ်ခုမှမရှိပါဘူးနော်။အားလုံးပိုက်ဆံပေးဝယ်ထားတာချည်းပါပဲနော်။မအလတို့ကျတော့နိုင်ငံရဲ့အရင်းမြစ်တွေအိပ်ထဲခိုးထဲ့နေတာတရူတ်ကြီးသိတာပေါ့ကွာ။နော်။အဲတာပဲကွာတာပါ။ကျန်တာတော့တွေးကြည့်ကြပေါ့ကွာ။

1 year ago | 1

@NgunLing-ms8np

အလုံးတော်လှန်နေတဲ့သူ အားလုံးဘင်းကင်းကြပါစေ စစ်ခွေး မပါ

1 year ago | 0