Freethinker's Voice
● နိုင်ငံရေးဟာ သိပ်ရှုပ်ထွေးတယ်၊ သိပ်နက်နဲတယ်လို့ ပြောလို့၊ မြန်မာ့နိုင်ငံရေးက သိပ်နက်နဲတယ်လို့ ထင်စရာ ရှိသွားအုံးမယ်။ အထူးသဖြင့် မြန်မာ့နိုင်ငံရေးက ရှုပ်ထွေးတယ်ဆိုတာကတော့ ဟုတ်ပါတယ်။ ဒါပေမယ့် နက်နဲတယ်လို့ ပြောရင် သိပ်မတရားရာ ကျနေအုံးမယ်။ ဘာလို့လဲဆိုတဲ့ သဘောတရားရေးပိုင်းတွေ၊ သီအိုရီတွေ၊ concept တွေနဲ့ မူတွေ၊ Principle တွေနဲ့ သွားနေတယ်လို့ ထင်ပြီး နက်နဲတယ်လို့ ထင်နေမှာစိုးလို့ ပြောရတာဖြစ်ပါတယ်။ တကယ်တော့ ပြည်မအခြေစိုက် မြန်မာ့နိုင်ငံရေးကို ကြည့်ရင် အုပ်စုစိတ် (အုပ်စုစွဲ) နဲ့ပဲ လုပ်နေကိုင်နေကြတာကို အများဆုံးတွေ့ရတာပါ။ အုပ်စုသင်းကွဲ သေးသေးလေးတွေ အများကြီးကိုတော့ ခင်ဗျားတွေ့ရလိမ့်မယ်။ ဒါပေမယ့် အားလုံးကို ခြုံကြည့်လိုက်တယ်ဆိုရင် အချုပ်က အုပ်စုစွဲစိတ်နဲ့ လုပ်နေကိုင်နေတာပဲ တွေ့ရမယ်။ အတော်များများမှာ သဘောတရားရေးပိုင်းတွေ၊ မူတွေ၊ သီအိုရီတွေဆိုတာနဲ့ လုပ်နေကိုင်နေကြတာမဟုတ်ဘူး။ ဒါပေမယ့် ကြားကောင်းအောင်တော့ စကားလုံး ခပ်ကြီးကြီးတွေနဲ့ ပြောနေ ဆိုနေလိမ့်မယ်။ ခင်ဗျားက နယ်စိမ်းပယ်စိမ်းက ယောင်ပေပေလေးဆိုရင်၊ ခင်ဗျားကို ရွှီးလိမ့်မယ်။ ဘယ်အရာက ဘယ်လို ဘယ်ကဲ့သို့ ဆိုပြီး ပြောဆိုလိမ့်မယ်။ အဲသည်အခါ ကိုယ်က ပြောတဲ့သူအပေါ် "ကျတောင် ကျသွားအုံးမယ်" ထင်တယ်။ အထင်ကြီးလေးစားစရာ သဘောတရားရေးဆရာကြီးတွေလို ထင်ကောင်းထင်လိမ့်မယ်။ တကယ်တော့ နိုင်ငံရေးသိပ္ပံမှာ တကယ့်သဘောတရားတွေ၊ သီအိုရီတွေ၊ မူတွေ၊ ချည်းကပ်ပုံနည်းနာတွေက ရှုပ်ထွေးနက်နဲပါတယ်။ အဲဒါကလည်း သာမန်လူ မသိနိုင်တာမျိုးတော့ မဟုတ်ဘူး။ သိအောင် နားလည်အောင် ရှင်းပြတယ်ဆိုရင် သိနိုင်သလို၊ မိမိဘာသာ အခြေခံကို ကျေကျေလည်လည် ဖြစ်အောင် လေ့လာဆည်းပူးတဲ့ ဇွဲနပဲရှိတယ်ဆိုရင်လည်း ဒါကို နားလည်နိုင်ပါတယ်။ အဲဒါတွေကို နားလည်ရခက်တယ်ဆိုပြီး၊ မြန်မာ့နိုင်ငံရေးအဝန်းအဝိုင်းကလည်း သိပ်ကို နက်နဲတယ်လို့ ထင်နေမှာစိုးလို့ပါ။ ယနေ့အချိန်အထိ မြန်မာ့နိုင်ငံရေးဟာ "အုပ်စုစွဲစိတ်" နဲ့ပဲ နိုင်ငံရေးလုပ်တဲ့အဆင့်မှာ ရှိပါသေးတယ်။ ဘာမူတွေ၊ ညာမူတွေဆိုတာဟာ တချို့တလေ၊ တစ်ယောက်စ နှစ်ယောက်စအတွက်ကတော့ ဟုတ်ချင်ဟုတ်မယ်။ ဒါပေမယ့် တစ်ခုလုံး တစ်စုံလုံးကို ခြုံပြီး ကြည့်ရင်၊ ရာခိုင်နှုန်းအများစုက အုပ်စုစွဲစိတ်နဲ့ပဲ လှုပ်ရှားလုပ်ကိုင်တာတွေ့ရတယ်။ အုပ်စုစွဲစိတ်နဲ့ပဲ သူတို့ရဲ့ နိုင်ငံရေးလုပ်မှုကိုင်မှု၊ ပြောမှုဆိုမှုတွေကို မောင်းနေတာ။ တခြားစကားလုံးတွေက အပိုဆာဒါးသက်သက် အဆာသွပ်တာသာများတယ်။ တကယ့်မူသမားတွေလို့ ထင်ခဲ့ဖူးတဲ့သူတွေကို တွေ့ဖူးပါတယ်။ တကယ်တမ်းတော့ ဖျာအောက်မှာ အမှိုက်တွေကို ထိုးထည့်ထားလို့၊ မထင်ရတာ။ ဖျာကိုလည်း လှပ်လိုက်ရော၊ ဖွားခနဲ ပေါ်လာတဲ့ အမှိုက်တွေကလည်း ဒုနဲ့ဒေးပါပဲ။ တကယ့်မူသမားလို့ ကိုယ်တိုင်က ထင်ခဲ့ဖူးတဲ့သူတွေကတောင် အုပ်စုစွဲစိတ်ရဲ့ လွှမ်းမိုးခံရမှုဒဏ်ကနေ မလွတ်ပါ့လားလို့ တွေးမိတယ်။ နိုင်ငံရေးမှာ သတိ၊ သမာဓိ ဆိုတာကို ပြန်ပြီး အနက်ဖွင့်ဖို့ ကြိုးစားနေပါတယ်။ ● အုပ်စုစွဲစိတ်လို့ ပြောလို့ လူမှုစိတ်ပညာက ဖွင့်ဆိုတဲ့ Us - Them mentality ကို နည်းနည်း ပြောချင်ပါသေးတယ်။ အဲသည့်အကြောင်းနဲ့ပတ်သက်ပြီး၊ ရှေ့ယခင်က ဆောင်းပါးတွေမှာလည်း ကျနော် ထည့်ရေးထားပြီးသားတွေ အတော်များများရှိပါတယ်။ အခုလည်း နည်းနည်းပြောချင်ပါတယ်။ Us - Them mentality ကို၊ ကျနော်တို့က "ရန် - ငါ စည်း" လို့ အနက်ဖွင့်တယ်။ တကယ်တော့ ရန်သူ့ဘက် - ငါတို့ဘက် ဆိုတဲ့ အုပ်စုစွဲမျဉ်းသတ်မှတ်ထားတာပါ။ "ရန် - ငါ" ပြတ်အောင်ကြည့်.... လို့ နိုင်ငံရေးပရောဟိတ်တွေက ပို့ချဟောပြောတာကို ကြားဖူးကြမယ် ထင်ပါတယ်။ တကယ်တော့ ရန်သူ - မိတ်ဆွေ ဆိုတာက သိပ်ကို အစွန်းရောက်သွားတဲ့ သရုပ်ခွဲမှုဖြစ်ပါတယ်။ တိတိကျကျ ဘာသာပြန်ရရင် - ငါတို့ဘက် / သူတို့ဘက် ဆိုပြီး ဘက်ခွဲတဲ့စိတ်ဖြစ်ပါတယ်။ လူမှုစိတ်ပညာမှာတော့ ငါတို့ဘက် ဆိုတာ [in-group] ကို ညွှန်းတာ၊ သူတို့ဘက်ဆိုတာကတော့ [out-group] ကို ညွှန်းတာ။ ဘက်အစွဲစိတ်က နိုင်ငံရေးမှာလည်း ရှိတယ်။ လူမျိုးရေးမှာလည်း ရှိတယ်။ ဒေသစွဲစိတ်နဲ့လည်း မျဉ်းဖြတ်လို့ ရတယ်။ အယူဝါဒနဲ့လည်း စည်းသတ်မှတ်လို့ ရတယ်။ အမှတ်သရုပ်၊ အကျိုးစီးပွား၊ အဖွဲ့အစည်းအလိုက်လည်း သူ့ဘက် ငါ့ဘက် ခွဲလို့ ရတယ်။ လိင်စိတ်ခံယူမှုနဲ့ပတ်သက်ပြီးတော့လည်း သူတို့ - ငါတို့ ဆိုတာကို ခွဲခြားလို့ ရသေးတယ်။ နိုင်ငံရေးမှာ သူ့ဘက် - ငါ့ဘက် ခွဲခြားတာကိုတော့ polarized politics လို့ သုံးနှုန်းတာပေါ့။ အစွန်းရောက်နိုင်ငံရေးလို့နားလည်နိုင်ပါတယ်။ ● မြန်မာ့နိုင်ငံရေးသမိုင်းကို ခပ်ကြမ်းကြမ်း ကောက်ချက်ဆွဲရင် - ကိုလိုနီခေတ်ကာလမှာတုန်းက အမျိုးသားရေးစိတ် ပြင်းထန်ခဲ့တယ်။ အထူးသဖြင့် အမျိုးသားရေးအငုံ့စိတ်က ခေါင်းထောင်ထပြီး၊ အမျိုးသားရေးလှုပ်ရှားမှုအပေါ် ပေါ်ပေါက်လာတာပေါ့။ အဲသည့်မှာက လူမျိုးရေးနဲ့ပတ်သက်တဲ့ အုပ်စုစွဲစိတ်က မောင်းနှင်တာပဲ။ လွတ်လပ်ရေးကြိုးပမ်းမှုကာလတစ်လျှောက်လုံးက သမိုင်းကို ခြုံကြည့်ရင် - အမျိုးသားရေးစိတ်ရဲ့ တွန်းအားကို လက်ဝဲဝါဒထက် အရင်ပေါ်ပေါက်တယ်ဆိုတာတွေ့ရမှာဖြစ်တယ်။ ဗမာအမျိုးသားရေးဝါဒမှာ၊ အကြီးအမှူးပြုရတဲ့ ဗမာ့အမျိုးသားရေးဝါဒီကြီးဖြစ်တဲ့ သခင်ကိုယ်တော်မှိုင်းကို ကြည့်ရင်၊ လူမျိုးရေးအမုန်းစိတ်အခံနဲ့ အုပ်စုစွဲစိတ်ကို အခြေခံပြီး အမျိုးသားရေးစိတ်ဓာတ်ရှိခဲ့တယ်ဆိုတာ သူ့ရဲ့ ဋီကာအရပ်ရပ်က သက်သေပြနေပါတယ်။ အဲသည့်သက်သေပြ ဖော်ထုတ်ချက်ကို၊ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက "မှိုင်းဋီကာအရပ်ရပ်က နိုင်ငံရေးသဘောတရားအထွေထွေ"ဆိုတဲ့ စာတမ်းနဲ့ လေ့လာဆန်းစစ်ထားပြီးသားဖြစ်တာတွေ့ရတယ်။ ဒီတော့ မြန်မာ့နိုင်ငံရေးသမိုင်းမှာ လူမျိုးရေးအုပ်စုစွဲစိတ်နဲ့ စတင်ပြီး၊ လက်ဝဲဝါဒ တဖြည်းဖြည်း လွှမ်းမိုးလာချိန်ရောက်မှ အယူဝါဒနဲ့ပတ်သက်ပြီး အုပ်စုစွဲစိတ်ဖြစ်လာတာကို တွေ့ရတယ်။ လွတ်လပ်ပြီးခေတ်မှာ အယူဝါဒကို အခြေတည်ပြီး ဂိုဏ်းဂဏကွဲပြားကြတယ်ဆိုပေမယ့် လက်တွေ့မှာ အယူဝါဒချင်း အပွန်းအရှဖြစ်တယ်ဆိုတာထက် ပုဂ္ဂိုလ်ရေးအငြိုးအတေးတွေနဲ့ အာဏာအကျိုးစီးပွားတွေ ခြေချင်းလိမ်ပြီး နိုင်ငံရေးသင်းကွဲမှုတွေ ဖြစ်တယ်ဆိုတာကို ပါလီမန်ခေတ်တစ်လျှောက်လုံးမှာ အထင်အရှားတွေ့နိုင်တယ်။ တကယ်တော့ ပါလီမန်ခေတ် ပုဂ္ဂိုလ်ရေးအငြိုးအတေးတွေဆိုတာကို ပြန်ကြည့်ရင် "ကလေးစိတ်နဲ့ နိုင်ငံရေးလုပ်ခဲ့ကြသူတွေ" ပါ့လားဆိုတာ တွေ့ရတယ်။ စိတ်မကောင်းစရာပါပဲ။ ဒါ့ကြောင့်လည်း နောက်ပိုင်းနိုင်ငံရေးဆရာတွေက "လက်ဝဲသူငယ်နာမစင်မှု" ဆိုပြီး ခေါင်းစဉ်တပ် ပညတ်ကြတာထင်ပါရဲ့။ နောက်ပိုင်းတော့ အယူဝါဒကိစ္စက တဖြည်းဖြည်း မှေးမှိန်လာပြီး၊ ဂိုဏ်းဂဏ အကျိုးစီးပွားက ထိပ်ရောက်လာတယ်။ စစ်အေးခေတ်တစ်လျှောက်လုံးမှာ ဆိုရှယ်လစ်လမ်းစဉ်အစိုးရနဲ့ ဗကပကွန်မြူနစ်အကြားက စစ်ရေးတိုက်ပွဲတွေဟာ တကယ်တော့ ဂိုဏ်းဂဏအကျိုးစီးပွားအတွက် တိုက်တဲ့ စစ်ပွဲတွေပဲ။ အဲသည့်နောက်ကွယ်မှာ ပထဝီနိုင်ငံရေးကိစ္စတော့ ပါတာပေါ့။ ဒါကလည်း စစ်အေးခေတ်မှာ အရှေ့အုပ်စုနဲ့ အနောက်အုပ်စုအကြား အားပြိုင်လွန်ဆွဲတဲ့ အားပြိုင်မှုအဖြစ်လည်း ပါနေတာတွေ့ရမယ်။ အဲဒါဆိုရင် ကမ္ဘာ့နိုင်ငံရေးရာသီဥတုကိုယ်၌က အုပ်စုစွဲစိတ်ရှိတယ်ဆိုတာလည်း တွေ့နိုင်တယ်။ ထားပါ။ ● ၁၉၈၈ ခုနှစ်နောက်ပိုင်းကျတော့ - တစ်ဦးချင်းအကျိုးစီးပွားတွေက ပိုပြီး ထင်ရှားလာပြီ။ အဲသည့်အကျိုးစီးပွားတွေကို ဖြန့်ပေးတာက အုပ်စုစွဲစိတ်တွေ။ ဒါ့ကြောင့် တစ်ဦးချင်းအကျိုးစီးပွားနဲ့ အုပ်စုတွင်းအကျိုးစီးပွားတွေဟာ ဒွေးရောယှက်တင်ဖြစ်လာတယ်။ ၁၉၉၀ နောက်ပိုင်းကျတော့ စစ်တပ်ကပါ နိုင်ငံရေးလုပ်လာဖို့ ကြိုးစားလာတယ်။ တကယ်တော့ ဗိုလ်နေဝင်းကလည်း နိုင်ငံရေးခေါင်းကိုင်ဖခင် လုပ်လာတာပါ။ စစ်အုပ်စုကလည်း နိုင်ငံရေးဝင်လုပ်ဖို့ ပြင်လာတယ်။ အဲသည့်မှာပဲ နိုင်ငံရေးနယ်မှာ နဂိုကတည်းက အားကြီးထက်သန်ပြီးသားဖြစ်တဲ့ အုပ်စုစွဲစိတ်က အပြိုင်းအရိုင်းနဲ့ဆက်လက် ပြင်းထန်လာတယ်။ အနီအုပ်စု - အစိမ်းအုပ်စုဆိုတာကတော့ ၂၀၁၁ နောက်ပိုင်းမှ တဖြည်းဖြည်းနဲ့ အင်အားကြီးလာတာ။၂၀၂၁ နောက်ပိုင်းကျတော့ - အုပ်စုစွဲစိတ်က အကျိုးပေးလိုက်တဲ့ ဘေးထွက်ဆိုးကျိုးကြီးက လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးကို အကျယ်ပြန့်ဆုံး ကျေးဇူးပြုလိုက်တယ်။ အဲသည့်ကစပြီး၊ မြန်မာတစ်ပြည်လုံး "ဖာ" ဖြစ်ဖို့၊ အရှိန်စ ရလာတာပါပဲ။
2 months ago | [YT] | 17
Freethinker's Voice
● နိုင်ငံရေးဟာ သိပ်ရှုပ်ထွေးတယ်၊ သိပ်နက်နဲတယ်လို့ ပြောလို့၊ မြန်မာ့နိုင်ငံရေးက သိပ်နက်နဲတယ်လို့ ထင်စရာ ရှိသွားအုံးမယ်။ အထူးသဖြင့် မြန်မာ့နိုင်ငံရေးက ရှုပ်ထွေးတယ်ဆိုတာကတော့ ဟုတ်ပါတယ်။ ဒါပေမယ့် နက်နဲတယ်လို့ ပြောရင် သိပ်မတရားရာ ကျနေအုံးမယ်။ ဘာလို့လဲဆိုတဲ့ သဘောတရားရေးပိုင်းတွေ၊ သီအိုရီတွေ၊ concept တွေနဲ့ မူတွေ၊ Principle တွေနဲ့ သွားနေတယ်လို့ ထင်ပြီး နက်နဲတယ်လို့ ထင်နေမှာစိုးလို့ ပြောရတာဖြစ်ပါတယ်။ တကယ်တော့ ပြည်မအခြေစိုက် မြန်မာ့နိုင်ငံရေးကို ကြည့်ရင် အုပ်စုစိတ် (အုပ်စုစွဲ) နဲ့ပဲ လုပ်နေကိုင်နေကြတာကို အများဆုံးတွေ့ရတာပါ။ အုပ်စုသင်းကွဲ သေးသေးလေးတွေ အများကြီးကိုတော့ ခင်ဗျားတွေ့ရလိမ့်မယ်။ ဒါပေမယ့် အားလုံးကို ခြုံကြည့်လိုက်တယ်ဆိုရင် အချုပ်က အုပ်စုစွဲစိတ်နဲ့ လုပ်နေကိုင်နေတာပဲ တွေ့ရမယ်။ အတော်များများမှာ သဘောတရားရေးပိုင်းတွေ၊ မူတွေ၊ သီအိုရီတွေဆိုတာနဲ့ လုပ်နေကိုင်နေကြတာမဟုတ်ဘူး။ ဒါပေမယ့် ကြားကောင်းအောင်တော့ စကားလုံး ခပ်ကြီးကြီးတွေနဲ့ ပြောနေ ဆိုနေလိမ့်မယ်။ ခင်ဗျားက နယ်စိမ်းပယ်စိမ်းက ယောင်ပေပေလေးဆိုရင်၊ ခင်ဗျားကို ရွှီးလိမ့်မယ်။ ဘယ်အရာက ဘယ်လို ဘယ်ကဲ့သို့ ဆိုပြီး ပြောဆိုလိမ့်မယ်။ အဲသည်အခါ ကိုယ်က ပြောတဲ့သူအပေါ် "ကျတောင် ကျသွားအုံးမယ်" ထင်တယ်။ အထင်ကြီးလေးစားစရာ သဘောတရားရေးဆရာကြီးတွေလို ထင်ကောင်းထင်လိမ့်မယ်။ တကယ်တော့ နိုင်ငံရေးသိပ္ပံမှာ တကယ့်သဘောတရားတွေ၊ သီအိုရီတွေ၊ မူတွေ၊ ချည်းကပ်ပုံနည်းနာတွေက ရှုပ်ထွေးနက်နဲပါတယ်။ အဲဒါကလည်း သာမန်လူ မသိနိုင်တာမျိုးတော့ မဟုတ်ဘူး။ သိအောင် နားလည်အောင် ရှင်းပြတယ်ဆိုရင် သိနိုင်သလို၊ မိမိဘာသာ အခြေခံကို ကျေကျေလည်လည် ဖြစ်အောင် လေ့လာဆည်းပူးတဲ့ ဇွဲနပဲရှိတယ်ဆိုရင်လည်း ဒါကို နားလည်နိုင်ပါတယ်။ အဲဒါတွေကို နားလည်ရခက်တယ်ဆိုပြီး၊ မြန်မာ့နိုင်ငံရေးအဝန်းအဝိုင်းကလည်း သိပ်ကို နက်နဲတယ်လို့ ထင်နေမှာစိုးလို့ပါ။ ယနေ့အချိန်အထိ မြန်မာ့နိုင်ငံရေးဟာ "အုပ်စုစွဲစိတ်" နဲ့ပဲ နိုင်ငံရေးလုပ်တဲ့အဆင့်မှာ ရှိပါသေးတယ်။ ဘာမူတွေ၊ ညာမူတွေဆိုတာဟာ တချို့တလေ၊ တစ်ယောက်စ နှစ်ယောက်စအတွက်ကတော့ ဟုတ်ချင်ဟုတ်မယ်။ ဒါပေမယ့် တစ်ခုလုံး တစ်စုံလုံးကို ခြုံပြီး ကြည့်ရင်၊ ရာခိုင်နှုန်းအများစုက အုပ်စုစွဲစိတ်နဲ့ပဲ လှုပ်ရှားလုပ်ကိုင်တာတွေ့ရတယ်။ အုပ်စုစွဲစိတ်နဲ့ပဲ သူတို့ရဲ့ နိုင်ငံရေးလုပ်မှုကိုင်မှု၊ ပြောမှုဆိုမှုတွေကို မောင်းနေတာ။ တခြားစကားလုံးတွေက အပိုဆာဒါးသက်သက် အဆာသွပ်တာသာများတယ်။ တကယ့်မူသမားတွေလို့ ထင်ခဲ့ဖူးတဲ့သူတွေကို တွေ့ဖူးပါတယ်။ တကယ်တမ်းတော့ ဖျာအောက်မှာ အမှိုက်တွေကို ထိုးထည့်ထားလို့၊ မထင်ရတာ။ ဖျာကိုလည်း လှပ်လိုက်ရော၊ ဖွားခနဲ ပေါ်လာတဲ့ အမှိုက်တွေကလည်း ဒုနဲ့ဒေးပါပဲ။ တကယ့်မူသမားလို့ ကိုယ်တိုင်က ထင်ခဲ့ဖူးတဲ့သူတွေကတောင် အုပ်စုစွဲစိတ်ရဲ့ လွှမ်းမိုးခံရမှုဒဏ်ကနေ မလွတ်ပါ့လားလို့ တွေးမိတယ်။ နိုင်ငံရေးမှာ သတိ၊ သမာဓိ ဆိုတာကို ပြန်ပြီး အနက်ဖွင့်ဖို့ ကြိုးစားနေပါတယ်။
● အုပ်စုစွဲစိတ်လို့ ပြောလို့ လူမှုစိတ်ပညာက ဖွင့်ဆိုတဲ့ Us - Them mentality ကို နည်းနည်း ပြောချင်ပါသေးတယ်။ အဲသည့်အကြောင်းနဲ့ပတ်သက်ပြီး၊ ရှေ့ယခင်က ဆောင်းပါးတွေမှာလည်း ကျနော် ထည့်ရေးထားပြီးသားတွေ အတော်များများရှိပါတယ်။ အခုလည်း နည်းနည်းပြောချင်ပါတယ်။ Us - Them mentality ကို၊ ကျနော်တို့က "ရန် - ငါ စည်း" လို့ အနက်ဖွင့်တယ်။ တကယ်တော့ ရန်သူ့ဘက် - ငါတို့ဘက် ဆိုတဲ့ အုပ်စုစွဲမျဉ်းသတ်မှတ်ထားတာပါ။ "ရန် - ငါ" ပြတ်အောင်ကြည့်.... လို့ နိုင်ငံရေးပရောဟိတ်တွေက ပို့ချဟောပြောတာကို ကြားဖူးကြမယ် ထင်ပါတယ်။ တကယ်တော့ ရန်သူ - မိတ်ဆွေ ဆိုတာက သိပ်ကို အစွန်းရောက်သွားတဲ့ သရုပ်ခွဲမှုဖြစ်ပါတယ်။ တိတိကျကျ ဘာသာပြန်ရရင် - ငါတို့ဘက် / သူတို့ဘက် ဆိုပြီး ဘက်ခွဲတဲ့စိတ်ဖြစ်ပါတယ်။ လူမှုစိတ်ပညာမှာတော့ ငါတို့ဘက် ဆိုတာ [in-group] ကို ညွှန်းတာ၊ သူတို့ဘက်ဆိုတာကတော့ [out-group] ကို ညွှန်းတာ။ ဘက်အစွဲစိတ်က နိုင်ငံရေးမှာလည်း ရှိတယ်။ လူမျိုးရေးမှာလည်း ရှိတယ်။ ဒေသစွဲစိတ်နဲ့လည်း မျဉ်းဖြတ်လို့ ရတယ်။ အယူဝါဒနဲ့လည်း စည်းသတ်မှတ်လို့ ရတယ်။ အမှတ်သရုပ်၊ အကျိုးစီးပွား၊ အဖွဲ့အစည်းအလိုက်လည်း သူ့ဘက် ငါ့ဘက် ခွဲလို့ ရတယ်။ လိင်စိတ်ခံယူမှုနဲ့ပတ်သက်ပြီးတော့လည်း သူတို့ - ငါတို့ ဆိုတာကို ခွဲခြားလို့ ရသေးတယ်။ နိုင်ငံရေးမှာ သူ့ဘက် - ငါ့ဘက် ခွဲခြားတာကိုတော့ polarized politics လို့ သုံးနှုန်းတာပေါ့။ အစွန်းရောက်နိုင်ငံရေးလို့နားလည်နိုင်ပါတယ်။
● မြန်မာ့နိုင်ငံရေးသမိုင်းကို ခပ်ကြမ်းကြမ်း ကောက်ချက်ဆွဲရင် - ကိုလိုနီခေတ်ကာလမှာတုန်းက အမျိုးသားရေးစိတ် ပြင်းထန်ခဲ့တယ်။ အထူးသဖြင့် အမျိုးသားရေးအငုံ့စိတ်က ခေါင်းထောင်ထပြီး၊ အမျိုးသားရေးလှုပ်ရှားမှုအပေါ် ပေါ်ပေါက်လာတာပေါ့။ အဲသည့်မှာက လူမျိုးရေးနဲ့ပတ်သက်တဲ့ အုပ်စုစွဲစိတ်က မောင်းနှင်တာပဲ။ လွတ်လပ်ရေးကြိုးပမ်းမှုကာလတစ်လျှောက်လုံးက သမိုင်းကို ခြုံကြည့်ရင် - အမျိုးသားရေးစိတ်ရဲ့ တွန်းအားကို လက်ဝဲဝါဒထက် အရင်ပေါ်ပေါက်တယ်ဆိုတာတွေ့ရမှာဖြစ်တယ်။ ဗမာအမျိုးသားရေးဝါဒမှာ၊ အကြီးအမှူးပြုရတဲ့ ဗမာ့အမျိုးသားရေးဝါဒီကြီးဖြစ်တဲ့ သခင်ကိုယ်တော်မှိုင်းကို ကြည့်ရင်၊ လူမျိုးရေးအမုန်းစိတ်အခံနဲ့ အုပ်စုစွဲစိတ်ကို အခြေခံပြီး အမျိုးသားရေးစိတ်ဓာတ်ရှိခဲ့တယ်ဆိုတာ သူ့ရဲ့ ဋီကာအရပ်ရပ်က သက်သေပြနေပါတယ်။ အဲသည့်သက်သေပြ ဖော်ထုတ်ချက်ကို၊ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက "မှိုင်းဋီကာအရပ်ရပ်က နိုင်ငံရေးသဘောတရားအထွေထွေ"ဆိုတဲ့ စာတမ်းနဲ့ လေ့လာဆန်းစစ်ထားပြီးသားဖြစ်တာတွေ့ရတယ်။ ဒီတော့ မြန်မာ့နိုင်ငံရေးသမိုင်းမှာ လူမျိုးရေးအုပ်စုစွဲစိတ်နဲ့ စတင်ပြီး၊ လက်ဝဲဝါဒ တဖြည်းဖြည်း လွှမ်းမိုးလာချိန်ရောက်မှ အယူဝါဒနဲ့ပတ်သက်ပြီး အုပ်စုစွဲစိတ်ဖြစ်လာတာကို တွေ့ရတယ်။ လွတ်လပ်ပြီးခေတ်မှာ အယူဝါဒကို အခြေတည်ပြီး ဂိုဏ်းဂဏကွဲပြားကြတယ်ဆိုပေမယ့် လက်တွေ့မှာ အယူဝါဒချင်း အပွန်းအရှဖြစ်တယ်ဆိုတာထက် ပုဂ္ဂိုလ်ရေးအငြိုးအတေးတွေနဲ့ အာဏာအကျိုးစီးပွားတွေ ခြေချင်းလိမ်ပြီး နိုင်ငံရေးသင်းကွဲမှုတွေ ဖြစ်တယ်ဆိုတာကို ပါလီမန်ခေတ်တစ်လျှောက်လုံးမှာ အထင်အရှားတွေ့နိုင်တယ်။ တကယ်တော့ ပါလီမန်ခေတ် ပုဂ္ဂိုလ်ရေးအငြိုးအတေးတွေဆိုတာကို ပြန်ကြည့်ရင် "ကလေးစိတ်နဲ့ နိုင်ငံရေးလုပ်ခဲ့ကြသူတွေ" ပါ့လားဆိုတာ တွေ့ရတယ်။ စိတ်မကောင်းစရာပါပဲ။ ဒါ့ကြောင့်လည်း နောက်ပိုင်းနိုင်ငံရေးဆရာတွေက "လက်ဝဲသူငယ်နာမစင်မှု" ဆိုပြီး ခေါင်းစဉ်တပ် ပညတ်ကြတာထင်ပါရဲ့။ နောက်ပိုင်းတော့ အယူဝါဒကိစ္စက တဖြည်းဖြည်း မှေးမှိန်လာပြီး၊ ဂိုဏ်းဂဏ အကျိုးစီးပွားက ထိပ်ရောက်လာတယ်။ စစ်အေးခေတ်တစ်လျှောက်လုံးမှာ ဆိုရှယ်လစ်လမ်းစဉ်အစိုးရနဲ့ ဗကပကွန်မြူနစ်အကြားက စစ်ရေးတိုက်ပွဲတွေဟာ တကယ်တော့ ဂိုဏ်းဂဏအကျိုးစီးပွားအတွက် တိုက်တဲ့ စစ်ပွဲတွေပဲ။ အဲသည့်နောက်ကွယ်မှာ ပထဝီနိုင်ငံရေးကိစ္စတော့ ပါတာပေါ့။ ဒါကလည်း စစ်အေးခေတ်မှာ အရှေ့အုပ်စုနဲ့ အနောက်အုပ်စုအကြား အားပြိုင်လွန်ဆွဲတဲ့ အားပြိုင်မှုအဖြစ်လည်း ပါနေတာတွေ့ရမယ်။ အဲဒါဆိုရင် ကမ္ဘာ့နိုင်ငံရေးရာသီဥတုကိုယ်၌က အုပ်စုစွဲစိတ်ရှိတယ်ဆိုတာလည်း တွေ့နိုင်တယ်။ ထားပါ။
● ၁၉၈၈ ခုနှစ်နောက်ပိုင်းကျတော့ - တစ်ဦးချင်းအကျိုးစီးပွားတွေက ပိုပြီး ထင်ရှားလာပြီ။ အဲသည့်အကျိုးစီးပွားတွေကို ဖြန့်ပေးတာက အုပ်စုစွဲစိတ်တွေ။ ဒါ့ကြောင့် တစ်ဦးချင်းအကျိုးစီးပွားနဲ့ အုပ်စုတွင်းအကျိုးစီးပွားတွေဟာ ဒွေးရောယှက်တင်ဖြစ်လာတယ်။ ၁၉၉၀ နောက်ပိုင်းကျတော့ စစ်တပ်ကပါ နိုင်ငံရေးလုပ်လာဖို့ ကြိုးစားလာတယ်။ တကယ်တော့ ဗိုလ်နေဝင်းကလည်း နိုင်ငံရေးခေါင်းကိုင်ဖခင် လုပ်လာတာပါ။ စစ်အုပ်စုကလည်း နိုင်ငံရေးဝင်လုပ်ဖို့ ပြင်လာတယ်။ အဲသည့်မှာပဲ နိုင်ငံရေးနယ်မှာ နဂိုကတည်းက အားကြီးထက်သန်ပြီးသားဖြစ်တဲ့ အုပ်စုစွဲစိတ်က အပြိုင်းအရိုင်းနဲ့ဆက်လက် ပြင်းထန်လာတယ်။ အနီအုပ်စု - အစိမ်းအုပ်စုဆိုတာကတော့ ၂၀၁၁ နောက်ပိုင်းမှ တဖြည်းဖြည်းနဲ့ အင်အားကြီးလာတာ။၂၀၂၁ နောက်ပိုင်းကျတော့ - အုပ်စုစွဲစိတ်က အကျိုးပေးလိုက်တဲ့ ဘေးထွက်ဆိုးကျိုးကြီးက လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးကို အကျယ်ပြန့်ဆုံး ကျေးဇူးပြုလိုက်တယ်။
အဲသည့်ကစပြီး၊ မြန်မာတစ်ပြည်လုံး "ဖာ" ဖြစ်ဖို့၊ အရှိန်စ ရလာတာပါပဲ။
2 months ago | [YT] | 17