DEMON

🙏ဒါနကောင်းမှု လုပ်ပုံလုပ်နည်းနဲ့ပတ်သက်လို့
ဝေလာမသုတ်မှာ
မြတ်စွာဘုရားက
အနာထပိဏ်သူဌေးကြီးကို ဟောခဲ့တာရှိတယ်။

🙏လှူတယ်တန်းတယ်ဆိုတဲ့ နေရာမှာ
ကိုယ်လှူတဲ့ပစ္စည်းဟာ နည်းတာ များတာလည်း
အဓိကမဟုတ်ဘူးတဲ့။

🙏တချို့ကနည်းနည်းလှူရင်
ကုသိုလ်နည်းနည်းပဲရတယ်။

🙏များများလှူမှ ကုသိုလ်များများရတယ်လို့
ထင်တတ်ကြတယ်။

✍️နောက်တစ်ခုက ကိုယ်လှူတဲ့ပစ္စည်းဟာ
ညံ့တာ ကောင်းတာလည်း အဓိကမကျဘူးတဲ့။

🙏ဒါနကောင်းမှု လုပ်တယ်ဆိုတာ
ကိုယ့်အတိုင်းအတာအရ ကိုယ်လုပ်ရတာ။

🙏ကိုယ်စွမ်းနိုင်တဲ့ အနေအထားအရ လုပ်ရတာ။

🙏ဒါကြောင့် လှူဖွယ်ပစ္စည်းနဲ့ပတ်သက်ပြီး
ဘာမှကန့်သတ်စရာ မရှိဘူးတဲ့။

🙏ဘာအဓိကကျသလဲ ဆိုတော့
ဘာပဲလှူလှူ လှူပြီဆိုရင်

🙏'သက္ကစ္စံ ဒါနံ ဒေတိ"
စိတ်အားကုန်စိုက်ပြီး တလေးတစားနဲ့
လှူဖို့ပဲလိုတယ်တဲ့။

🙏စိတ်စွမ်းအား ကြီးမားသလောက်

🙏ဒါနရဲ့ကောင်းကျိုးဟာလည်း ကြီးမားတယ်။

🙏🙏🙏
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ

#ပါချုပ်ဆရာတော် #တရားမှတ်စု

2 weeks ago | [YT] | 744