Mandalay Free Press - MFP
သပိတ်ကျင်းမှာ စစ်အုပ်စုက ပြည်သူကို ပစ်မှတ်ထား ဗုံးကြဲသတ်လို့ ပြည်သူ လေးဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရ၊ဒေါ်လာ/MFP၊ စက်တင်ဘာ - ၂၁မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြာကျေးရွာက နေအိမ်တွေကို အဓိက ပစ်မှတ်ထားပြီး စက်တင်ဘာ ၂၁ရက် ဒီကနေ့ မွန်းလွဲပိုင်း အာဏာသိမ်း စစ်အုပ်စုက လေကြောင်းဗုံးကြဲလို့ ရွာခံ အရပ်သားပြည်သူ လေးဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရတယ်လို့ သတင်းရရှိပါတယ်။စက်တင်ဘာ ၂၁ ရက် မွန်းလွဲ၂ နာရီဝန်းကျင်အချိန် သပိတ်ကျင်းမြို့နယ် ၊ ကျောက်ဖြာကျေးရွာက ပြည်သူတွေကို ပစ်မှတ်ထားပြီး စစ်အုပ်စုက Y-12 အမျိုးအစား လေယာဉ်နဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ဗုံးထိမှန်လို့ ဒေသခံအရပ်သားပြည်သူ လေးဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF က သတင်း ထုတ်ပြန်ပါတယ်။ကျောက်ဖြာကျေးရွာ အပါအဝင် သပိတ်ကျင်းနယ် မြို့၊ရွာ အများအပြားကို MDY-PDF ဦးဆောင်တဲ့ တော်လှန်ရေး တပ်တွေက ၂၀၂၄ နှစ်လယ်ပိုင်းက စတင်ကာ သိမ်းပိုက်ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း သပိတ်ကျင်းမြို့ကို တော်လှန်ရေးတပ်တွေ လက်ထဲကနေ ပြန်လည် သိမ်းယူနိုင်တဲ့ စစ်အုပ်စုက မန္တလေး - မိုးကုတ် ကားလမ်း အပါအဝင် သပိတ်ကျင်းနယ်ထဲက စစ်ရှုံးထားတဲ့ မြို့၊ရွာတွေ ပြန်လည် သိမ်းယူနိုင်ဖို့ ကြိုးစားနေပြီး နေ့စဉ်ရက်ဆက် မြို့၊ရွာတွေ၊ ပြည်သူတွေကို လေကြောင်းဗုံးကြဲနေတာလို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။စက်တင်ဘာ ၂၁ ရက် ဒီကနေ့ မွန်းလွဲ ၁နာရီမှာလည်း တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ စဉ့်ကူးမြို့နယ် ၊ နဂါးမောက်တောင်ပေါ်ကို စစ်အုပ်စုက နှစ်ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ နှစ်ဦး ဒဏ်ရာရတယ်လို့ MDY-PDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။စစ်အုပ်စုဟာ သပိတ်ကျင်းနယ်က ပြည်သူတွေကို ပစ်မှတ်ထားကာ မကြာခဏ လေကြောင်းတိုက်ခိုက်နေတာ ဖြစ်ပြီး စက်တင်ဘာ ၁၃ရက်ကလည်း သပိတ်ကျင်းမြို့နယ် ညောင်ပင်သာကျေးရွာကို တိုက်ပွဲဖြစ်ပွါးတာ မရှိဘဲ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်လို့ ကလေးငယ်တစ်ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ငါးဦး အသက်ဆုံးရှုံးခဲ့ရကာ စက်တင်ဘာ ၁၃ ရက် ညနေပိုင်းမှာပဲ သပိတ်ကျင်းမြို့နယ် ကျောက်ဖြာကျေးရွာအနီး စစ်အုပ်စုက လေကြောင်းတိုက်ခိုက်လို့ ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ သေဆုံးတယ်လို့ ဆိုပါတယ်။သပိတ်ကျင်းမြိနယ် ကျောက်ဖြာ ကျေးရွာကို စက်တင်ဘာ ၂၁ရက်နဲ့ ၁၃ရက်မှာ တစ်ကြိမ်စီ၊ ညောင်ပင်သာရွာကို စက်တင်ဘာ ၁၃ရက်မှ တစ်ကြိမ် အာဏာသိမ်း စစ်အုပ်စုက လေကြောင်းဗုံးကြဲသတ်ဖြတ်ခဲ့စဉ်/Photo - MDY-PDFMFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။#Mandalay_Free_Press_MFP #MFP #စစ်ကိုင်း #သပိတ်ကျင်း #မန္တလေး
2 weeks ago | [YT] | 318
Mandalay Free Press - MFP
သပိတ်ကျင်းမှာ စစ်အုပ်စုက ပြည်သူကို ပစ်မှတ်ထား ဗုံးကြဲသတ်လို့ ပြည်သူ လေးဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရ၊
ဒေါ်လာ/MFP၊ စက်တင်ဘာ - ၂၁
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြာကျေးရွာက နေအိမ်တွေကို အဓိက ပစ်မှတ်ထားပြီး စက်တင်ဘာ ၂၁ရက် ဒီကနေ့ မွန်းလွဲပိုင်း အာဏာသိမ်း စစ်အုပ်စုက လေကြောင်းဗုံးကြဲလို့ ရွာခံ အရပ်သားပြည်သူ လေးဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရတယ်လို့ သတင်းရရှိပါတယ်။
စက်တင်ဘာ ၂၁ ရက် မွန်းလွဲ၂ နာရီဝန်းကျင်အချိန် သပိတ်ကျင်းမြို့နယ် ၊ ကျောက်ဖြာကျေးရွာက ပြည်သူတွေကို ပစ်မှတ်ထားပြီး စစ်အုပ်စုက Y-12 အမျိုးအစား လေယာဉ်နဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဗုံးထိမှန်လို့ ဒေသခံအရပ်သားပြည်သူ လေးဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF က သတင်း ထုတ်ပြန်ပါတယ်။
ကျောက်ဖြာကျေးရွာ အပါအဝင် သပိတ်ကျင်းနယ် မြို့၊ရွာ အများအပြားကို MDY-PDF ဦးဆောင်တဲ့ တော်လှန်ရေး တပ်တွေက ၂၀၂၄ နှစ်လယ်ပိုင်းက စတင်ကာ သိမ်းပိုက်ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း သပိတ်ကျင်းမြို့ကို တော်လှန်ရေးတပ်တွေ လက်ထဲကနေ ပြန်လည် သိမ်းယူနိုင်တဲ့ စစ်အုပ်စုက မန္တလေး - မိုးကုတ် ကားလမ်း အပါအဝင် သပိတ်ကျင်းနယ်ထဲက စစ်ရှုံးထားတဲ့ မြို့၊ရွာတွေ ပြန်လည် သိမ်းယူနိုင်ဖို့ ကြိုးစားနေပြီး နေ့စဉ်ရက်ဆက် မြို့၊ရွာတွေ၊ ပြည်သူတွေကို လေကြောင်းဗုံးကြဲနေတာလို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။
စက်တင်ဘာ ၂၁ ရက် ဒီကနေ့ မွန်းလွဲ ၁နာရီမှာလည်း တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ စဉ့်ကူးမြို့နယ် ၊ နဂါးမောက်တောင်ပေါ်ကို စစ်အုပ်စုက နှစ်ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ နှစ်ဦး ဒဏ်ရာရတယ်လို့ MDY-PDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်အုပ်စုဟာ သပိတ်ကျင်းနယ်က ပြည်သူတွေကို ပစ်မှတ်ထားကာ မကြာခဏ လေကြောင်းတိုက်ခိုက်နေတာ ဖြစ်ပြီး စက်တင်ဘာ ၁၃ရက်ကလည်း သပိတ်ကျင်းမြို့နယ် ညောင်ပင်သာကျေးရွာကို တိုက်ပွဲဖြစ်ပွါးတာ မရှိဘဲ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်လို့ ကလေးငယ်တစ်ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ငါးဦး အသက်ဆုံးရှုံးခဲ့ရကာ စက်တင်ဘာ ၁၃ ရက် ညနေပိုင်းမှာပဲ သပိတ်ကျင်းမြို့နယ် ကျောက်ဖြာကျေးရွာအနီး စစ်အုပ်စုက လေကြောင်းတိုက်ခိုက်လို့ ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ သေဆုံးတယ်လို့ ဆိုပါတယ်။
သပိတ်ကျင်းမြိနယ် ကျောက်ဖြာ ကျေးရွာကို စက်တင်ဘာ ၂၁ရက်နဲ့ ၁၃ရက်မှာ တစ်ကြိမ်စီ၊ ညောင်ပင်သာရွာကို စက်တင်ဘာ ၁၃ရက်မှ တစ်ကြိမ် အာဏာသိမ်း စစ်အုပ်စုက လေကြောင်းဗုံးကြဲသတ်ဖြတ်ခဲ့စဉ်/Photo - MDY-PDF
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#MFP #စစ်ကိုင်း #သပိတ်ကျင်း #မန္တလေး
2 weeks ago | [YT] | 318