HTP-Civil Engineering
Pile Foundation များ Soil Liquefaction ဖြစ်ခြင်း================================== ပိုင်ဖောင်ဒီရှင်းများလည်း soil liquefaction ဖြစ်နိုင်ပြီး ပုံစံအမျိုးမျိုး၊ နည်းလမ်း အမျိုးမျိုးဖြင့် ဖောင်ဒီရှင်းအပေါ် အကျိုးသက်ရောက်စေပါတယ်။ ပြန်ပြောရမယ်ဆိုရင် liquefaction ဖြစ်ခြင်းဟာ lose sandy soil များ ပြည့်၀တဲ့အခြေအနေ saturated ဖြစ်ပြီး ၄င့်တို့ရဲ့ ခံနိုင်ရည်အား လျော့နည်းသွားခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ အဲ့ဒီလို စမ်းသပ်မှုများ အတွေက် မြေသားနမူနာများရယူပြီး liquefaction ဖြစ်နိုင်ချေရှိ/မရှိကို standard penetration test, cone penetration test တို့နှင့် စမ်းသပ်သိရှိနိုင်ပါတယ်။ Pile foundation များ liquefaction ဖြစ်ခြင်းကြောင့် အောက်ပါတို့ကို အကျိုး သက်ရောက်စေပါတယ်။• Buckling of Pile in Liquefaction soil• Lateral Spreading of Sloping GroundBuckling of Pile in Liquefaction Soilပိုင် ဆိုတာက ရှည်လျားတဲ့ element တွေ ဖြစ်ပြီး ၄င်းနဲ့အနီးအနားရှိ မြေသားများက supported ခုခံကာကွယ်ပြီး တောင့်တင်းအောင် ကူညီပေးတာဖြစ်ပါတယ်။ ဒါပေမယ့် တကယ်လို့ အဲ့ဒီမြေတွေဟာ မြေပျော့များဖြစ်ပြီး ကြီးမားတဲ့ ၀န်(အား) သက်ရောက်တဲ့ အခါမှာ အဲ့ဒီပိုင်ဟာ ရှည်လျားပြီး ဘေးနားရှိမြေသားများက မခုခံနိုင်တဲ့အတွေက် Buckling ဖြစ်သွားနိုင်ပါတယ်။ ၄င်းဖြစ်စဉ်ကို buckling of pile foundation လို့ ခေါ်ပြီး အဲ့လိုဖြစ်စဉ်ကတော့ အလွန်ဖြစ်ခဲပါတယ်။ ဒါပေမယ့် အထက်ကပြောသလို အခြေအနေဖြစ်လာရင်တော့ ပိုင်များဟာ buckling ကို ခံစားရနိုင်ပါတယ်။Pile Foundation များ Soil Liquefaction ဖြစ်ခြင်းနှင့် ပြုပြင်ခြင်း ပိုင်များဟာ ၄င်းတို့ရဲ့ skin friction နှင့် base capacity တလျှောက်အားဖြင့် ၀န်အားများကို ထမ်းထားရတာဖြစ်ပြီး ရှေ့က ဖြစ်စဉ်တွေဟာ ပိုင်ရဲ့ surface area များရှိ horizontal stresses များကြောင့် ဖြစ်ခြင်းဖြစ်ပါတယ်။ အဲ့ဒီ horizontal stresses များ နေရာစိပ်ပြီး သက်ရောက်တဲ့အခါ ပိုင်ကို ဘေးတိုက်ထောက်မဲ့ lateral supported လိုအပ်လာ စေတာပဲဖြစ်ပါတယ်။ မြေငလျင်အား သက်ရောက်မှုကြောင့် liquefaction ဖြစ်သည့်အခါ ပိုင်ကို ဘေးတိုက်ထောက်သည့် မြေသားများပြိုကွဲအရည်ပျော်သွားခြင်းကြောင့် ပိုင်၏ lateral support လုံး၀ဆုံးရှုံးသွားကာ ၀န်အားထမ်းနိုင်မှု skin friction လည်း မရှိတော့ပေ။ တကယ်လို့ ပိုင်ရဲ့ toe ကို bedrock မှာ အဆုံးသတ်စေပြီး ပိုင်ရဲ့ axial load ခုခံနိုင်မှု(အား)ဟာ equavalent column တစ်ခုရဲ့ Euler buckling load ထက် အလွန်များပါက အဲ့ဒီပိုင်ဟာ buckling ဖြစ်နိုင်ချေရှိသည်ဟု ယူဆပြီး ကြိုတင်တွက်ချက်မှုများ ပြုလုပ်ရပါ တယ်။ Euler buckling load ကို အောက်ပါ ပုံသေနည်းမှ တွက်ချက်နိုင်ပါတယ်။ PE = Π2EI/LE2 Equation ----(1) EI = Pile Flexual Rigidity Le = Pile Equavalent Length based on pile end conditions တွက်ချက်ထားတဲ့ design load ကို factor တန်ဖိုး ၅ နှင့် မြှောက်ပြီး ရလာတဲ့ တန်ဖိုးပမာဏဟာ Euler Buckling load ထက်နည်းမှသာ buckling ခံစားနိုင်မှု နည်းသည်ဟု ယူဆရပါတယ်။ သက်ရောက်သည့် ၀န်(အား)များသည် ပိုင်၏ အလယ်ဗဟိုတွင် သက်ရောက်နိုင်ချေ နည်းတဲ့အခါ(သို့မဟုတ်) လုံး၀သက်ရောက်ခြင်းမရှိတဲ့ အခြေအနေမှာ အပေါ်က ပုံသေနည်းကို အသုံးပြုရပါတယ်။ တကယ်လို့ အဲ့လိုအခြေအနေမဟုတ်ဘူးဆိုရင်တော့ တွက်ချက်ထားတဲ့ buckling load က လျော့နည်းသွားပါလိမ့်မယ်။ အဲ့လိုနည်းသွားတာ ပိုင်ရဲ့ design load နှင့် Euler buckling load ကြား factor တန်ဖိုး ကြီး(များ)သောကြောင့် ဖြစ်ပါတယ်။Pile Foundation များ Soil Liquefaction ဖြစ်ခြင်းနှင့် ပြုပြင်ခြင်း Equivalent length ကို radius of gyration ဖြင့် divided (စား)ထားသော slenderness ratio ကလည်း ပိုင်၏ buckling ဖြစ်နိုင်ချေ potential ကို ညွှန်ပြသောကြောင့် ၄င်းကို တွက်ခြင်းအားဖြင့်လည်း သိရှိနိုင်ပါတယ်။ တကယ်လို့ ပိုင်၏ ပတ်၀န်းကျင်ရှိ မြေသားများသည် liquefy ဖြစ်ပါက ဖြစ်နိုင်ချေရှိသော buckling ကို slenderness ratio ဖြင့် စစ်ဆေး checking လုပ်ရပါတယ်။ တကယ်လို့ slenderness ratio ဟာ ၅၀ ထက်များမယ်ဆိုပါက buckling ဖြစ်နိုင်ချေမြင့်များသောကြောင့် ပိုင်များ လုံခြုံစိတ်ချရမှု safe ဖြစ်ရန်အတွက် slenderness ratio တန်ဖိုးဟာ ၅၀ ထက်နည်းရမှာဖြစ်ပါတယ်။Lateral Spreading of Sloping Ground မြေငလျင်လှုပ်ခတ်မှုကြောင့် မြေသားများ liquefied ဖြစ်ပြီး ယင်းမြေသားများ အောက် ဘက်သို့ဉီးတည်(downward direction) ပြီး ရွေလျားသွားခြင်းကို lateral spreading of sloping ground ဟုခေါ် ပါတယ်။ အဲ့လို ဘေးတိုက် ဖြန့်ကျက်ရွေ့လျားမှုကြောင့် slope ၏ အပေါ်ပိုင်းဘေး(upper side)ရှိ သပ်မြေ(soil wedge)တွေကြောင့် passive pressure ဖြစ်ပေါ်စေသောကြောင့် lateral pressure ကို ခံစားစေရပါတယ်။ ပိုင်များကို မြေသားတမံများ ၏ downstream နှင့် upstream တို့တွင် တည်ငြိမ်မှုရှိစေရန်အတွက် အသုံးပြုရခြင်းကြောင့် တမံ၏ အတွင်းပိုင်းလျောစောင်း(entire slope)များဟာ lateral spreading ကိုခံစားရမှ ဖြစ်ပေါ်လာသော passive pressure ကြောင့်ဖြစ်သော lateral pressure ကို ခုခံနိုင်ရန် အလွန်အရေးကြီးပါတယ်။ အစီရင်ခံစာများအရ လျောစောင်း (slope) အနည်းဆုံး ၃ဒီဂရီ ရှိပါက soil liquefaction ဒဏ်ခံရတဲ့အခါ lateral spreading ဖြစ်နိုင်ချေ အမြင့်ဆုံးဖြစ်သည်။ ဘာကြောင့်လဲဆိုတော့ liquefied ဖြစ်ပြီးသော မြေသားများဟာ လုံလောက်သော shear resistance မရှိတော့သောကြောင့် ဖြစ်ပါတယ်။ တစ်ခုထားမှာက lateral spreading ဖြစ်တဲ့ မြေသားများဟာ ဖြစ်ပေါ်လာတဲ့ passive earth pressure ပြင်းအားအပေါ်မူတည်ပြီး အကျယ်ပေ(ဘေးတိုက်ရွေ့လျားဖြန့်ကျက်သော မြေကြီး အကျယ်) အမျိုးမျိုးရှိနိုင်ပါတယ်။ တကယ်လို့ lateral spreading ဖြစ်တဲ့နေရာမှာ liquefaction မဖြစ်တဲ့မြေသားများကို အပေါ်ယံလွှာမှာ တွေ့ရှိရပြီး မြေသားအတွင်းပိုင်းမှာသာ liquefaction ဖြစ်ခြင်းကြောင့် ယင်းမြေသားများအတွက် pore water pressure ကို ကာလကြာသည်အထိ ထိမ်းထားနိုင်သောကြောင့် ပိုပြီးစိုးရိမ်စရာများ ဖြစ်လာနိုင်ပါတယ်။ Liquefied ဖြစ်သော အလွှာ၏ အပေါ်ပိုင်းရှိ non-liquefied soil layer များ ဘေးတိုက်ဖြန့်ကျက်ရွေ့လျားသည့်အခါ ပိုင်မှ ခံစားရသော lateral load ကို မြင့်တက်တိုးပွား စေပါတယ်။ Liquefied မဖြစ်သော မြေလွှာများက liquefied ဖြစ်သော မြေသားများကြောင့် ဖြစ်ပေါ်လာသည့် imposed load နှင့် lateral load ကို လျော့နည်းသွားအောင် ထိန်းချူပ် ပေးနိုင်ပါတယ်။ကျေးဇူးတင်ပါသည်။ ထန်ပီး(NYRDDC,MDY)I LOVE ZOGAMREFF; THE CONSTRUCTOR ORGANIZATION - PHOTO BY GOOGLE
3 years ago | [YT] | 12
HTP-Civil Engineering
Pile Foundation များ Soil Liquefaction ဖြစ်ခြင်း
==================================
ပိုင်ဖောင်ဒီရှင်းများလည်း soil liquefaction ဖြစ်နိုင်ပြီး ပုံစံအမျိုးမျိုး၊ နည်းလမ်း အမျိုးမျိုးဖြင့် ဖောင်ဒီရှင်းအပေါ် အကျိုးသက်ရောက်စေပါတယ်။ ပြန်ပြောရမယ်ဆိုရင် liquefaction ဖြစ်ခြင်းဟာ lose sandy soil များ ပြည့်၀တဲ့အခြေအနေ saturated ဖြစ်ပြီး ၄င့်တို့ရဲ့ ခံနိုင်ရည်အား လျော့နည်းသွားခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ အဲ့ဒီလို စမ်းသပ်မှုများ အတွေက် မြေသားနမူနာများရယူပြီး liquefaction ဖြစ်နိုင်ချေရှိ/မရှိကို standard penetration test, cone penetration test တို့နှင့် စမ်းသပ်သိရှိနိုင်ပါတယ်။
Pile foundation များ liquefaction ဖြစ်ခြင်းကြောင့် အောက်ပါတို့ကို အကျိုး သက်ရောက်စေပါတယ်။
• Buckling of Pile in Liquefaction soil
• Lateral Spreading of Sloping Ground
Buckling of Pile in Liquefaction Soil
ပိုင် ဆိုတာက ရှည်လျားတဲ့ element တွေ ဖြစ်ပြီး ၄င်းနဲ့အနီးအနားရှိ မြေသားများက supported ခုခံကာကွယ်ပြီး တောင့်တင်းအောင် ကူညီပေးတာဖြစ်ပါတယ်။ ဒါပေမယ့် တကယ်လို့ အဲ့ဒီမြေတွေဟာ မြေပျော့များဖြစ်ပြီး ကြီးမားတဲ့ ၀န်(အား) သက်ရောက်တဲ့ အခါမှာ အဲ့ဒီပိုင်ဟာ ရှည်လျားပြီး ဘေးနားရှိမြေသားများက မခုခံနိုင်တဲ့အတွေက် Buckling ဖြစ်သွားနိုင်ပါတယ်။ ၄င်းဖြစ်စဉ်ကို buckling of pile foundation လို့ ခေါ်ပြီး အဲ့လိုဖြစ်စဉ်ကတော့ အလွန်ဖြစ်ခဲပါတယ်။ ဒါပေမယ့် အထက်ကပြောသလို အခြေအနေဖြစ်လာရင်တော့ ပိုင်များဟာ buckling ကို ခံစားရနိုင်ပါတယ်။
Pile Foundation များ Soil Liquefaction ဖြစ်ခြင်းနှင့် ပြုပြင်ခြင်း
ပိုင်များဟာ ၄င်းတို့ရဲ့ skin friction နှင့် base capacity တလျှောက်အားဖြင့် ၀န်အားများကို ထမ်းထားရတာဖြစ်ပြီး ရှေ့က ဖြစ်စဉ်တွေဟာ ပိုင်ရဲ့ surface area များရှိ horizontal stresses များကြောင့် ဖြစ်ခြင်းဖြစ်ပါတယ်။ အဲ့ဒီ horizontal stresses များ နေရာစိပ်ပြီး သက်ရောက်တဲ့အခါ ပိုင်ကို ဘေးတိုက်ထောက်မဲ့ lateral supported လိုအပ်လာ စေတာပဲဖြစ်ပါတယ်။ မြေငလျင်အား သက်ရောက်မှုကြောင့် liquefaction ဖြစ်သည့်အခါ ပိုင်ကို ဘေးတိုက်ထောက်သည့် မြေသားများပြိုကွဲအရည်ပျော်သွားခြင်းကြောင့် ပိုင်၏ lateral support လုံး၀ဆုံးရှုံးသွားကာ ၀န်အားထမ်းနိုင်မှု skin friction လည်း မရှိတော့ပေ။
တကယ်လို့ ပိုင်ရဲ့ toe ကို bedrock မှာ အဆုံးသတ်စေပြီး ပိုင်ရဲ့ axial load ခုခံနိုင်မှု(အား)ဟာ equavalent column တစ်ခုရဲ့ Euler buckling load ထက် အလွန်များပါက အဲ့ဒီပိုင်ဟာ buckling ဖြစ်နိုင်ချေရှိသည်ဟု ယူဆပြီး ကြိုတင်တွက်ချက်မှုများ ပြုလုပ်ရပါ တယ်။
Euler buckling load ကို အောက်ပါ ပုံသေနည်းမှ တွက်ချက်နိုင်ပါတယ်။
PE = Π2EI/LE2 Equation ----(1)
EI = Pile Flexual Rigidity
Le = Pile Equavalent Length based on pile end conditions
တွက်ချက်ထားတဲ့ design load ကို factor တန်ဖိုး ၅ နှင့် မြှောက်ပြီး ရလာတဲ့ တန်ဖိုးပမာဏဟာ Euler Buckling load ထက်နည်းမှသာ buckling ခံစားနိုင်မှု နည်းသည်ဟု ယူဆရပါတယ်။ သက်ရောက်သည့် ၀န်(အား)များသည် ပိုင်၏ အလယ်ဗဟိုတွင် သက်ရောက်နိုင်ချေ နည်းတဲ့အခါ(သို့မဟုတ်) လုံး၀သက်ရောက်ခြင်းမရှိတဲ့ အခြေအနေမှာ အပေါ်က ပုံသေနည်းကို အသုံးပြုရပါတယ်။ တကယ်လို့ အဲ့လိုအခြေအနေမဟုတ်ဘူးဆိုရင်တော့ တွက်ချက်ထားတဲ့ buckling load က လျော့နည်းသွားပါလိမ့်မယ်။ အဲ့လိုနည်းသွားတာ ပိုင်ရဲ့ design load နှင့် Euler buckling load ကြား factor တန်ဖိုး ကြီး(များ)သောကြောင့် ဖြစ်ပါတယ်။
Pile Foundation များ Soil Liquefaction ဖြစ်ခြင်းနှင့် ပြုပြင်ခြင်း
Equivalent length ကို radius of gyration ဖြင့် divided (စား)ထားသော slenderness ratio ကလည်း ပိုင်၏ buckling ဖြစ်နိုင်ချေ potential ကို ညွှန်ပြသောကြောင့် ၄င်းကို တွက်ခြင်းအားဖြင့်လည်း သိရှိနိုင်ပါတယ်။ တကယ်လို့ ပိုင်၏ ပတ်၀န်းကျင်ရှိ မြေသားများသည် liquefy ဖြစ်ပါက ဖြစ်နိုင်ချေရှိသော buckling ကို slenderness ratio ဖြင့် စစ်ဆေး checking လုပ်ရပါတယ်။ တကယ်လို့ slenderness ratio ဟာ ၅၀ ထက်များမယ်ဆိုပါက buckling ဖြစ်နိုင်ချေမြင့်များသောကြောင့် ပိုင်များ လုံခြုံစိတ်ချရမှု safe ဖြစ်ရန်အတွက် slenderness ratio တန်ဖိုးဟာ ၅၀ ထက်နည်းရမှာဖြစ်ပါတယ်။
Lateral Spreading of Sloping Ground
မြေငလျင်လှုပ်ခတ်မှုကြောင့် မြေသားများ liquefied ဖြစ်ပြီး ယင်းမြေသားများ အောက် ဘက်သို့ဉီးတည်(downward direction) ပြီး ရွေလျားသွားခြင်းကို lateral spreading of sloping ground ဟုခေါ် ပါတယ်။ အဲ့လို ဘေးတိုက် ဖြန့်ကျက်ရွေ့လျားမှုကြောင့် slope ၏ အပေါ်ပိုင်းဘေး(upper side)ရှိ သပ်မြေ(soil wedge)တွေကြောင့် passive pressure ဖြစ်ပေါ်စေသောကြောင့် lateral pressure ကို ခံစားစေရပါတယ်။ ပိုင်များကို မြေသားတမံများ ၏ downstream နှင့် upstream တို့တွင် တည်ငြိမ်မှုရှိစေရန်အတွက် အသုံးပြုရခြင်းကြောင့် တမံ၏ အတွင်းပိုင်းလျောစောင်း(entire slope)များဟာ lateral spreading ကိုခံစားရမှ ဖြစ်ပေါ်လာသော passive pressure ကြောင့်ဖြစ်သော lateral pressure ကို ခုခံနိုင်ရန် အလွန်အရေးကြီးပါတယ်။ အစီရင်ခံစာများအရ လျောစောင်း (slope) အနည်းဆုံး ၃ဒီဂရီ ရှိပါက soil liquefaction ဒဏ်ခံရတဲ့အခါ lateral spreading ဖြစ်နိုင်ချေ အမြင့်ဆုံးဖြစ်သည်။ ဘာကြောင့်လဲဆိုတော့ liquefied ဖြစ်ပြီးသော မြေသားများဟာ လုံလောက်သော shear resistance မရှိတော့သောကြောင့် ဖြစ်ပါတယ်။
တစ်ခုထားမှာက lateral spreading ဖြစ်တဲ့ မြေသားများဟာ ဖြစ်ပေါ်လာတဲ့ passive earth pressure ပြင်းအားအပေါ်မူတည်ပြီး အကျယ်ပေ(ဘေးတိုက်ရွေ့လျားဖြန့်ကျက်သော မြေကြီး အကျယ်) အမျိုးမျိုးရှိနိုင်ပါတယ်။ တကယ်လို့ lateral spreading ဖြစ်တဲ့နေရာမှာ liquefaction မဖြစ်တဲ့မြေသားများကို အပေါ်ယံလွှာမှာ တွေ့ရှိရပြီး မြေသားအတွင်းပိုင်းမှာသာ liquefaction ဖြစ်ခြင်းကြောင့် ယင်းမြေသားများအတွက် pore water pressure ကို ကာလကြာသည်အထိ ထိမ်းထားနိုင်သောကြောင့် ပိုပြီးစိုးရိမ်စရာများ ဖြစ်လာနိုင်ပါတယ်။
Liquefied ဖြစ်သော အလွှာ၏ အပေါ်ပိုင်းရှိ non-liquefied soil layer များ ဘေးတိုက်ဖြန့်ကျက်ရွေ့လျားသည့်အခါ ပိုင်မှ ခံစားရသော lateral load ကို မြင့်တက်တိုးပွား စေပါတယ်။ Liquefied မဖြစ်သော မြေလွှာများက liquefied ဖြစ်သော မြေသားများကြောင့် ဖြစ်ပေါ်လာသည့် imposed load နှင့် lateral load ကို လျော့နည်းသွားအောင် ထိန်းချူပ် ပေးနိုင်ပါတယ်။
ကျေးဇူးတင်ပါသည်။
ထန်ပီး(NYRDDC,MDY)
I LOVE ZOGAM
REFF;
THE CONSTRUCTOR ORGANIZATION - PHOTO BY GOOGLE
3 years ago | [YT] | 12