Wai Phyo Aung

သီချင်းဆိုခြင်း တူရိယာတီးခတ်ခြင်းဆိုတာ ကျွန်တော့်အတွက် စိတ်ကူးယဉ်ခဲ့ဖူးတဲ့အခြေနေမှာတောငိမရှိခဲ့ပါဘူး။

ငယ်စဉ်ကတည်းက စာကျက်ရမယ့်အလုပ်တခုပဲ ကမ္ဘာကြီးမှာရှိနေသလို စာအုပ်နဲ့မျက်နှာမခွါခဲ့ရပဲ အပျော်အပါးမရှိ စိတ်နှလုံးညွတ်နူး စေခဲ့ခြင်းမရှိ ရေချိုးရင်းတောင် သီချင်းအော်ဆိုခဲ့တာ မှတ်မိသလောက် မရှိခဲ့ပါဘူး။

အဲ့သလိုနဲ့ ဆရာဝန်ဖြစ်လာခဲ့တဲ့နောက်ပိုင်း နေ့တဓူဝ လူနာကြည့် ခွဲစိတ် ဒါပဲ တနေထွက် တနေဝင် အချိန်တွေကုန်မှန်းမသိ။

သိပ်မြတ်နိုးတဲ့ ဆရာဝန်ဘဝကို အကြောင်းအမျိုးမျိုးနဲ့လွှတ်ချခဲ့ရတဲ့နောက်ပိုင်း မှာ စိတ်လေလွင့်နေခဲ့တဲ့ ကျနော် ဂစ်တာတီးသင်ဖြစ်ခဲ့တယ် နောက်ပိုင်း စောင်းတီးသင်ခဲ့တယ်။ ဂီတက ကျနော့်အသက်က်ု တကယ်ကယ်တင်ခဲ့တာပါ။ ( သတ်သေဖို့ကျနော်ကြိူးစားခဲ့တယ််လေ)

တီချယ် ‪@ayesukyaw-harpist1437‬ ရဲ့ကျေးဇူးတွေနဲ့ တီချယ်ခေါ်တင်ခဲ့တဲ့ စင်ပေါ်ကို ရောက်မှန်းမသိရောက်ခဲ့တယ်။ ကျနော့်ထက် အသက်ငယ်ပေမယ့် ဒီနေရာကနေ ကန်တော့ပါတယ် တီချယ်။

တကယ့် basic အခြေနေမို့ ကျနော် သီဆိုတီးခတ်ရာမှာ အမှားတွေလိုအပ်ချက်တွေအများကြီးရှိနေတာ အသေချာပါပဲ။

ချစ်သောစိတ် အားပေးသောစိတ်လေးနဲ့ အပစ်မမြင်ရင်ပဲ ကျေးဇူးတွေတင်ရပါတယ်။ မြန်မာသံဟာ အင်အတန်ခက်တာ နဖူးတွေ့ဒူးတွေ့မှ တုန်နေအောင်သိခဲ့ရပါတယ်။
စင်ပေါ်မှာမပြုံးမရယ်တာကလည်း စာသားတွေမေ့လို့ပါ 😂. ဒီဆရာဝန်က ဦးနှောက်လည်းချောင်နေခဲ့ပြီမို့

1 month ago | [YT] | 1