MCN TV NEWS 3.0

ဒီရက်ပိုင်း Live တွေ မပြောဖြစ်တာရဲ့ အဓိက အကြောင်းအရင်းတွေက "သူများတွေလို.. ငါ့ စကား နွားရ.. လေဖမ်း ဝရမ်းစီးပြီး.. အီး ဓားနဲ့ ဝိုင်းခုတ်တာတွေကို ရွံလို့.. ကိုယ်ပါတဲ့ အီးကို.. ကွကိုပဲ ဓားနဲ့ ခုတ်ဖို့ လုပ်နေလို့...
--------
ဆိုချင်တာက...
--------
မေ.. ဆိုတဲ့ ကောင်မလေးရဲ့ ဟိုရက်ပိုင်းက အရမ်းပေါက်နေတဲ့.. ဆေးလိပ်နဲ့ မီးခြစ် သီချင်းထဲကလိုပဲ…

ငါ.. ခါး ကော့ ကော့ ပေးထား ပြီးတော့ကို.. ခံ မှာ.. (လား...)

“ငါမင်းအတွက်ပေါ့မွေးဖွားလာတာ.. နှလုံးသားကြီးပြီးဦးတှောက်ပါမလာ..
ငါချစ်တာတစ်ခုတည်ခေါင်းစဉ်တပ်ပြီး.. ဘဝဟာပိုစုတ်ပြတ်လာ..
ငါ.. ခါးကော့လို့.. ပေးထားမှာပါ.. နောက်ကျောက ဓါးတော့ မုန်းလို့ပါကွာ.."
--------
သီချင်းထဲက လိုတွေ မဖြစ်ဖို့.. ဖြစ်နေရင်လည်း ရပ်တန်းက ရပ်နိုင်ဖို့က..
--------
အိုက်ကိုး (Ice ၉) တို့ အမ် သရီး (M THREE) တို့ရဲ့ "ဗိုလ် ကျား.. သေနတ်" (Bo Kyar Tha Nat) သီချင်းထဲကလိုပဲ..

မင်းကြိုက်တာ.. မင်းလုပ်… တရားတဲ့ ဉာဏ်နဲ့.. လုပ်..
ငါတို့ က.. လက်တွေ့. အားနဲ့ မာန်နဲ့. ဖြုတ်တာ.. စကားနဲ့ အသံနဲ့ မဟုတ်…
ထက်ပြီး.. ကုလားနဲ့.. ဂျပန်နဲ့.. တရုတ်.. တွေခွဲ… ဓားနဲ့ လှံနဲ့.. ခုတ်…
လူတွေဟာ.. အလျားနဲ့ အနံနဲ့ … အသွားနဲ့. အပြန်နဲ့.... အမှားနဲ့.. အမှန်နဲ့.. ရှုပ်..
--------
ဆိုချင်တာ ပြန်ချုပ်ရရင် ....
--------
“တိုင်.. နိုင်ငံတစ်ခုရဲ့.. အနာဂတ်.. ကံကြမ္မာကို.. ပစ္စုပ္ပန်မှာ ရှိနေတဲ့ နိင်ငံသားတွေကသာ အဆုံးအဖြတ် ပေးကြတဲ့ သဘာဝရှိတဲ့.. လောကကြီးပါ။"

မွေးဖွား.. ရှင်သန်.. ရုန်းကန်… ရပ်တည်ရာ.. လောကငယ်.. တိုင်းနိုင်ငံတော်မှာ… လက်ရှိ ဖြစ်ပျက်နေတဲ့.. အလုံးစုံသော ပြဿနာတွေရဲ့.. အဖြေက..

"မသိခြင်း (အဝိဇ္ဇာ) ကြောင့်ပါ။ မသိမှုတွေကြောင့်... ဆိုတာကို သိမြင်ခြင်း (ဝိဇ္ဇာ) ဖြစ်ဖို့ သိပ်အရေးကြီးတယ်"

မသိခြင်း “အဝိဇ္ဇာ”ရဲ့ နှိုပ်ဆက်ကလူ.. အပြုအမူ ခံရမှုကြောင့် ဖြစ်ပေါ် တွေ့ကြုံ.. သေပွဲဝင်နေကြရတဲ့.. (လိပ်ပြာလုံဖို့.. ဒုက္ခ ကြုံနေကြရခြင်း) ဟာ.. ဆင်းရဲ.. လွန်းလှပါဒကား.. လိုဆိုပြီး.. သိခြင်း (ဝိဇ္ဇာ) ဖြစ်တော့မှ..

အဲ့ဒါကနေ.. လုံးဝ ကင်းစင် လွတ်မြောက်သွားလိုတဲ့.. "သံဝေဂ" ဆိုတဲ့.. စိတ်ကလေးကသာ...

ဒုက္ခအတည့်ပြီးနေတဲ့ ဆင်းရဲတွင်းကြီးထဲကနေ.. လုံးဝ ကင်းစင် လွတ်မြောက်ရာ "ဝိမုတ္တိ" ဆိုတဲ့ နေရာကို ရောက်ရှိသွားအောင် ပို့ဆောင် နိုင်မှာပါ..

လွတ်မြောက်ရာ "ဝိမုတ္တိ" ဆိုတဲ့ နေရာလေးကို ရောက်ချင်ကြရင်တော့ဖြင့်.. (အဝိဇ္ဇာ) ကို (ဝိဇ္ဇာ) နဲ့တိုက်ဖျက်.. "သံဝေဂ" ဆိုတဲ့ စိတ်ကလေးနဲ့မှ လွတ်မြောက်ရာ "ဝိမုတ္တိ" ကို ရောက်မှာပါ။
--------
ဖတ်ပါ.. မှတ်ပါ.. လေ့လာပါ... အချောင်နေ.. အချောင်စားစိတ် ကလေးကို လျှော့ကြပါ.. ကြားဖူးနားဝ လေးတွေ လောက်နဲ့ မတင်းတိမ်နေကြပါနဲ့လို့... သာ..
--------
ဒီရက်ပိုင်းတွေမှာ ပြုလုပ်ဖြစ်ခဲ့တဲ့.. သုတေသစာတမ်း (၃) စောင် ရှိတယ်.. လေ့လာဖြစ်ခဲ့ရင် Feedback လုပ်ပါလို့...
--------
၁၉၆၂ ခုနှစ်ကတည်းက သုတေသနနဲ့ အဆက်ပျက် ဝေးနေတဲ့ တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းက ဘာမှ ဆောင်ရေး မကြီးဘူးလို့ ထင်တဲ့ အရာ‌တွေလို့.. ထင်တဲ့ အရာတွေပါပေါ့...
--------
ပြန်လည်ထူထောင်ရေးနှင့် တော်လှန်ရေး- ဝေါဟာရ၊ အတွေးအခေါ်နှင့် သမိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာချက်
docs.google.com/document/d/e/2PACX-1vRUZwAwtk0tD_T…
-----
အရှေ့တိုင်းအတွေးအခေါ်များ၏ ပြန်လည်ထူထောင်ရေးနှင့် တော်လှန်ရေးအပေါ် အမြင်- ဒဿနနှင့် သမိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာချက်
docs.google.com/document/d/e/2PACX-1vQf0PelUDDC5MX…
-----
ပြန်လည်ထူထောင်ရေးနှင့် တော်လှန်ရေးအပေါ် အရှေ့နှင့်အနောက် လစ်ဘရယ်ဒဿနများအရ နှိုင်းယှဉ်သုံးသပ်ချက်
docs.google.com/document/d/e/2PACX-1vRVZ3vK9dyJO0k…
----

မြန်မာ့သမိုင်းနှင့် နိုင်ငံရေး- တော်လှန်ရေးနှင့် နောက်ဆက်တွဲ ပြဿနာများ
----
ဒီပြဿနာတွေရဲ့ အရင်းအမြစ်ကို ဆန်းစစ်ကြည့်လိုက်ရင် ကမ္ဘာ့အနောက်တိုင်း လစ်ဘရယ်ဝါဒရဲ့ တည်ထောင်သူတွေဖြစ်တဲ့ ဂျွန် လော့ခ် (John Locke) နဲ့ ရူဆိုး (Rousseau) တို့ခေတ်ကတည်းက စခဲ့တယ်လို့ ပြောနိုင်ပါတယ်။ သူတို့ဟာ သဘာဝအခွင့်အရေး နဲ့ တော်လှန်ရေးအခွင့်အရေး တွေကို ခိုင်ခိုင်မာမာ တော်လှန်ရေးကို တရားဝင်ကြောင်း ဆိုခဲ့ပေမဲ့၊ တော်လှန်ရေးတွေရဲ့ နောက်ဆက်တွဲဖြစ်ရပ်တွေ၊ ဖရိုဖရဲဖြစ်မှုတွေနဲ့ ဗရမ်းဗတာအခြေအနေတွေကိုတော့ သူတို့ကိုယ်တိုင် မမြင်ခဲ့၊ မတွေ့ခဲ့ဖူးပါဘူး။

ဒါ့အပြင် ကွန်မြူနစ်ဝါဒရဲ့ ဖခင်ကြီးတွေဖြစ်တဲ့ ကားလ် မက်စ် (Karl Marx) နဲ့ အိန်ဂျယ်စ် (Engels) တို့ဟာလည်း တော်လှန်ရေးရဲ့ စစ်ပွဲတွေရဲ့ အကျိုးဆက်အပေါ် အလေးထားဆန်းစစ်ထားခြင်း မရှိခဲ့ပါဘူး။ (အဲ့ဒါတွေကို အဟုတ် ထင်နေကြတုန်းလား..)

မြန်မာ့သမိုင်းမှ သင်ခန်းစာ

မြန်မာ့သမိုင်းတစ်လျှောက်မှာလည်း "မင်းသတ်ရင် မင်းဖြစ်" ဆိုတဲ့ အတွေးအခေါ်နဲ့ ဗိုလ်မင်းရောင်၊ ဆရာစံ တို့ကနေစပြီး အောင်ဆန်း၊ သန်းထွန်း၊ ဂိုရှယ်၊ ဗသိန်းတင်တို့ခေတ်၊ မိုးသီး၊ နိုင်အောင် တို့ကနေ ရည်မွန်၊ နဂါး၊ မောင်ဆောင်းခ တို့အထိ တော်လှန်ရေးပေါင်းများစွာ ပေါ်ပေါက်ခဲ့ကြပါတယ်။

ဒါပေမဲ့ တော်လှန်ရေးတွေရဲ့ နောက်ဆက်တွဲပြဿနာတွေဖြစ်တဲ့ နိုင်ငံတော်တည်ငြိမ်ရေး၊ ဥပဒေစိုးမိုးရေးကို ဘယ်လိုတည်ဆောက်မလဲဆိုတဲ့ကိစ္စတွေ၊ တော်လှန်ပိုင်ခွင့်ဟာ ဗရမ်းဗတာလုပ်ပိုင်ခွင့်မဟုတ်ဘူးဆိုတဲ့အချက်တွေကို အလေးထားစဉ်းစားထားကြမယ်လို့ မထင်ပါဘူး။ ဒီအခြေအနေတွေနဲ့ သမိုင်းလမ်းဆုံးခဲ့တာ ၅ နှစ်နီးပါး ရှိနေပါပြီ။ ဂျွန် လော့ခ် ပြောခဲ့တဲ့ တော်လှန်ပိုင်ခွင့် ဟာ တစ်သက်လုံးစာ ထာဝရအခွင့်အရေး မဟုတ်ပါဘူး။ အချိန်က လုံလောက်နေပြီလို့ ဆိုနိုင်ပါတယ်။

အနာဂတ်အတွက် စဉ်းစားတွေးခေါ်မှု

ဒါကြောင့် ကျွန်တော်တို့ ပြန်လည်ထူထောင်ရေး ပဲဖြစ်ဖြစ်၊ တော်လှန်ရေး ပဲဖြစ်ဖြစ်၊ ဘယ်လိုအမည်နဲ့ပဲ ဖြစ်စေကာမူ၊ ဒီပြဿနာကြီးရဲ့ နောက်ပိုင်းကာလတွေကို စနစ်တကျ ကြိုတင်တွေးခေါ်ပြင်ဆင်ထားဖို့ အရေးကြီးဆုံးအချိန်ကို ရောက်ရှိလာပါပြီ။ အနာဂတ်ပြည်ထောင်စုအတွက် ရဲရဲတွေး၊ ရဲရဲပြော၊ ရဲရဲတိုက်ဖို့ လိုအပ်နေပါပြီ။

တော်လှန်ရေး ဖြစ်စေ၊ ပြန်လည်ထူထောင်ရေး ဖြစ်စေ ဘယ်လိုလှုပ်ရှားမှုမျိုးမဆို အမည်နာမကိုပဲ ကြည့်ပြီး ဆုံးဖြတ်တာထက်၊ ၎င်းရဲ့ အနှစ်သာရ နဲ့ ရည်ရွယ်ချက်အစစ်အမှန် ကို ဆန်းစစ်ဖို့ဟာ အခုလိုအချိန်မျိုးမှာ အလွန်အရေးကြီးပါတယ်လို့ သဘောပေါက်ဖို့ လိုအပ်ပါတယ်။

3 weeks ago (edited) | [YT] | 86



@kriswu1969

ထမိန်ခြုံတွေကို မီးယပ်ချမ်းထအောင် ပြောတဲ့ ဘဲရီး😬

3 weeks ago | 1

@UTun-r6s

လေးစားပါတယ်ဗျာ

2 weeks ago | 0

@AungAung-oh3pg

ပြည်😮တွင်းကနေ၊😢ပေါနေတာလား၊😅Bkk ကနေ၊🙃ဆေးကြောင်ပြီး၊😁ဖေါ😆နေတာလား။❤Ball-Ma😛Skirt-Ma😝တွေ၊🤓ချည

3 weeks ago | 0

@MyanPro-u8m

ကိုယ်မသိတာတွေ လျှောက်‌ပြောနေပြန်ပီ။ မင်းပြောတဲ့ စကား မင်းရေးတဲ့စာတွေမှာတောင် အဝိဇ္ဇာနဲ့ ကင်းလို့လား။ ပြောနေတာက တရားစကား လုပ်တဲ့ အပြုအမူ အပြောအဆိုတွေက ကိုးယို့ကားယား။ လုပ်ချင်တာက Political Defiance ပြောနေ လုပ်နေတာတွေက မိုက်မိုက်ရိုင်းရိုင်း ကြမ်းကြမ်းတမ်းတမ်း။ ဗိုလ်ချုပ်အောင်ဆန်းကို စော်ကားလိုစော်ကား။ ဟိုလူ့စော်ကား ဒီလူ့စော်ကား။ မင်းစော်ကားတဲ့ ဗိုလ်ချုပ် တို့ သားအဖလောက်တောင် မင်းမှာ သီလ သမာဓိ ပညာ အားရှိလို့လား။ လက်နက်ကိုင်တော်လှန်တာ အပစ်မဟုတ်ဖူး။ လက်နက်ကိုင်ပီး အာဏာရှင်ပြန်ဖြစ်မှသာ အပစ်။ အောင်ဆန်းက လက်နက်ကိုင်ပေမယ့် နောက်ဆုံး အရပ်ဝတ်လဲပြီး political dialogue ဖက်သွားခဲ့တာပဲမလား။ ဖက်ဒရယ်လမ်းစဉ်တွေချမှတ်ခဲ့တာပဲမလား။ အသက် 32 နှစ်နဲ့ သူလုပ်သင့်လုပ်ထိုက်တာတွေလုပ်ခဲ့ပြီးပြီ။ ဘယ်သူတွေက ကတိမတည်ခဲ့တာလဲ။ လက်နက်မကိုင်တဲ့ ဘုရားဒကာကြီး ဦးနုနဲ့ မရိုးသားတဲ့ ဗမာနိုင်ငံရေးသမားတွေ တိုင်းပြည်ဖျက်ခဲ့တာ မဟုတ်ဖူးလား။ ဒီ ပြဿနာအကြောင်းရင်းကို သေချာသိဖို့လိုတယ်။ သူများကို ကိုယ့်အယူမှားတွေနဲ့ ဂျင်းကျွေးမနေနဲ့။ မင်းလေးစားတဲ့ မိုးပြာရှင်ဉာဏတောင် ဒေါ်စုကို လေးစားချီးကျူးထားတာ မင်းသိလား။ ဆိုတော့ မင်းလည်းတကယ်မသိတဲ့ ဘာသာရေးတွေနဲ့ နိုင်ငံရေးကို မရောယှက်ပါနဲ့ကွာ။ နိုင်ငံရေးအမြင်က ဘာသာရေးနဲ့မဆိုင်ပဲ တဦးနဲ့တဦးကွဲပြားမှာပဲ။ ယနေ့ခေတ်တိုးတက်နေတဲ့ နိုင်ငံတွေတောင် အဝိဇ္ဇာတွေ တဏှာတွေ ဝိမုတ္တိတွေ သိမထင်ပေါင်ကွာ။ မင်းအဖြေရှာရမှာက ယနေ့ခေတ် popular နိုင်ငံရေးကို သဘောမကျရင် မင်းရဲ့အလွန်မှန်ကန်လှပါတယ်ဆိုတဲ့ နိုင်ငံရေးဒဿနကို popular ဖြစ်လာအောင် လူအများလက်ခံနိုင်လောက်တဲ့နည်း လူအများလက်ခံချင်လောက်တဲ့နည်း လူအများနားဝင်လွယ်တဲ့နည်းနဲ့ ဘယ်လို လုပ်ရမလဲဆိုတာပဲ။ ဂန္ဒီတို့ သစ်နက်ဟန်တို့ ကင်းတို့ နည်းလမ်းတွေပြောပြီး သူတို့လို မနုညံ့ မယဉ်ကျေးပဲ မင်းအခုလို ပစ်ပစ်နစ်နစ်တွေပြောဆို ပြုမူနေတာတွေဟာ လွဲနေတယ်ကွ။ နောက်ဆုံးပြောချင်တာက မင်းက အဝိဇ္ဇာလို့ပြောလို့ မင်းသောက်နေတဲ့ ဆေးလိပ်ပဲ အရင်ပြတ်အောင်ဖြတ်ကြည့်ပါလို့။ ကိုယ်တကယ်လက်တွေ့မကျင့်နိုင်ပဲ မသိတာတွေ လျှောက်လျှောက်မပြောပါနဲ့လို့ ဒီလိုပဲပြောရမှာပေါ့ဗျာ။ (ရှင်ဉာဏလေသံဖြင့်) 😊

3 weeks ago (edited) | 1

@AungAung-oh3pg

ပြည်😮တွင်းကနေ၊😢ပေါနေတာလား၊😅Bkk ကနေ၊🙃ဆေးကြောင်ပြီး၊😁ဖေါ😆နေတာလား။❤Ball-Ma😛Skirt-Ma😝တွေ၊🤓ချည

3 weeks ago | 0

@AungAung-oh3pg

ပြည်😮တွင်းကနေ၊😢ပေါနေတာလား၊😅Bkk ကနေ၊🙃ဆေးကြောင်ပြီး၊😁ဖေါ😆နေတာလား။❤Ball-Ma😛Skirt-Ma😝တွေ၊🤓ချည

3 weeks ago | 0