Mandalay Free Press - MFP
အာဏာသိမ်း စစ်အုပ်စုက လုပ်မယ့် အတုအယောင် ရွေးကောက်ပွဲ အယုံကြည်မရှိကြောင်း ဆားလင်းကြီးမှာ ဆိုင်ကယ်သပိတ်မှောက်၊ဘဦး/MFP၊ စက်တင်ဘာ - ၂၁အာဏာသိမ်း စစ်အုပ်စုက ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို အလိုမရှိကြောင်း စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်က သပိတ်အင်အားစုတွေ စုပေါင်းပြီး စက်တင်ဘာ ၂၁ရက် ဒီကနေ့မှာ ယင်းမာပင်နယ်ထဲ ဆိုင်ကယ်သပိတ်ပြုလုပ်ခဲ့ကြပါတယ်။မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုက ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ ပြည်သူတွေအတွက် ထွက်ပေါက်မဟုတ်ဘဲထောင်ချောက်သာ ဖြစ်တဲ့အတွက် မြို့နယ်တွင်းက ကျေးရွာတွေကို သတင်းစကားပါး အသိပေးဖို့ ဆိုင်ကယ်သပိတ် ပြုလုပ်ရတာလို့ သပိတ်မှာ ပါဝင်တဲ့ ယင်းမာပင်နယ် သပိတ်အင်အားစု အဖွဲ့ဝင်တွေက MFP ကို ပြောပါတယ်။"ကျနော်တို့ ပြောချင်တာကို ပြည်သူတွေ ကောာင်းကောင်းသိတယ်၊ စကစရဲ့ ရွေးကောက်ပွဲက မင်းအောင်လှိုင်နဲ့ လူတစုရဲ့ထွက်ပေါက်ဖြစ်နေတယ် ဆိုတာကိုလည်း ကျနော်တို့က သိစေချင်လို့ ခုလို ဆိုင်ကယ်သပိတ် ပြုလုပ်ခဲ့တာဖြစ်တယ်"လို့ ဆားလင်းကြီးမြို့နယ် သပိတ်အင်အားစုအဖွဲ့ဝင်တစ်ဦးက MFP ကို ပြောပါတယ်။ဆားလင်းကြီးမြို့နယ်ထဲ စစ်အုပ်စုက လုံခြုံရေးတင်းကျပ်တဲ့ကြားက ဆိုင်ကယ်သပိတ်ကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။စစ်အုပ်စုက လုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို အလိုမရှိကြောင်း ဆိုင်ကယ်စီးသပိတ်ကို စက်တင်ဘာ ၂၀ရက် ဒီကနေ့ မွန်းတည့် ၁၂ နားရီအချိန်မှာ စတင်ခဲ့ပြီး ယင်းမာပင် - ဆားလင်းကြီးရွာပေါင်းစုံသပိတ်၊ လက်ပံတောင်းတောင်ပင်မသပိတ်၊ လက်ပံတောင်းတောင်ဒေသ ဒေါင်းတို့အားမာန်သပိတ်အင်အားစု၊ ယင်းမာပင်မောက်ခြမ်း သပိတ်အင်အားစု၊ ၅/လက်ပံတောင်းသပိတ်အင်အားစု၊ ၅/ဆလက သပိတ်အင်အားစု၊ ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများသပိတ် အင်အားစု၊ အညာပစ်တိုင်းထောင်လေးများသပိတိအင်အားစု နှင့် ဒဂုံတကသများ သပိတ်အင်အားစုတို့ ပူးပေါင်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။Photo - ဆားလင်းကြီးမြို့နယ် သပိတ်အင်အားစုMFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။#Mandalay_Free_Press_MFP #MFP #စစ်ကိုင်း #ရွေးကောက်ပွဲသပိတ်
2 weeks ago | [YT] | 744
Mandalay Free Press - MFP
အာဏာသိမ်း စစ်အုပ်စုက လုပ်မယ့် အတုအယောင် ရွေးကောက်ပွဲ အယုံကြည်မရှိကြောင်း ဆားလင်းကြီးမှာ ဆိုင်ကယ်သပိတ်မှောက်၊
ဘဦး/MFP၊ စက်တင်ဘာ - ၂၁
အာဏာသိမ်း စစ်အုပ်စုက ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို အလိုမရှိကြောင်း စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်က သပိတ်အင်အားစုတွေ စုပေါင်းပြီး စက်တင်ဘာ ၂၁ရက် ဒီကနေ့မှာ ယင်းမာပင်နယ်ထဲ ဆိုင်ကယ်သပိတ်ပြုလုပ်ခဲ့ကြပါတယ်။
မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုက ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ ပြည်သူတွေအတွက် ထွက်ပေါက်မဟုတ်ဘဲထောင်ချောက်သာ ဖြစ်တဲ့အတွက် မြို့နယ်တွင်းက ကျေးရွာတွေကို သတင်းစကားပါး အသိပေးဖို့ ဆိုင်ကယ်သပိတ် ပြုလုပ်ရတာလို့ သပိတ်မှာ ပါဝင်တဲ့ ယင်းမာပင်နယ် သပိတ်အင်အားစု အဖွဲ့ဝင်တွေက MFP ကို ပြောပါတယ်။
"ကျနော်တို့ ပြောချင်တာကို ပြည်သူတွေ ကောာင်းကောင်းသိတယ်၊ စကစရဲ့ ရွေးကောက်ပွဲက မင်းအောင်လှိုင်နဲ့ လူတစုရဲ့ထွက်ပေါက်ဖြစ်နေတယ် ဆိုတာကိုလည်း ကျနော်တို့က သိစေချင်လို့ ခုလို ဆိုင်ကယ်သပိတ် ပြုလုပ်ခဲ့တာဖြစ်တယ်"လို့ ဆားလင်းကြီးမြို့နယ် သပိတ်အင်အားစုအဖွဲ့ဝင်တစ်ဦးက MFP ကို ပြောပါတယ်။
ဆားလင်းကြီးမြို့နယ်ထဲ စစ်အုပ်စုက လုံခြုံရေးတင်းကျပ်တဲ့ကြားက ဆိုင်ကယ်သပိတ်ကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်အုပ်စုက လုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို အလိုမရှိကြောင်း ဆိုင်ကယ်စီးသပိတ်ကို စက်တင်ဘာ ၂၀ရက် ဒီကနေ့ မွန်းတည့် ၁၂ နားရီအချိန်မှာ စတင်ခဲ့ပြီး ယင်းမာပင် - ဆားလင်းကြီးရွာပေါင်းစုံသပိတ်၊ လက်ပံတောင်းတောင်ပင်မသပိတ်၊ လက်ပံတောင်းတောင်ဒေသ ဒေါင်းတို့အားမာန်သပိတ်အင်အားစု၊ ယင်းမာပင်မောက်ခြမ်း သပိတ်အင်အားစု၊ ၅/လက်ပံတောင်းသပိတ်အင်အားစု၊ ၅/ဆလက သပိတ်အင်အားစု၊ ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများသပိတ် အင်အားစု၊ အညာပစ်တိုင်းထောင်လေးများသပိတိအင်အားစု နှင့် ဒဂုံတကသများ သပိတ်အင်အားစုတို့ ပူးပေါင်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
Photo - ဆားလင်းကြီးမြို့နယ် သပိတ်အင်အားစု
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#MFP #စစ်ကိုင်း #ရွေးကောက်ပွဲသပိတ်
2 weeks ago | [YT] | 744