Ko ShwePhyuAung

ပြည်သူ့တော်လှန်ရေးဖြစ်သည့်အတွက်အခြေခံပြည်သူအယုတ်အလတ်အမြတ်လူတန်းစားပေါင်းစုံညီညွတ်မှုရှိမှအောင်မြင်မယ်။မညီညွတ်ရင်ရပြီးသားအောင်ပွဲတွေရှုံးပြီးတော်လှန်ရေးရေစုန်မျောလိမ့်မယ်။ဒီပွဲဟာအာဏာရှင်နဲ့ပြည်သူတို့ရဲ့တိုက်ပွဲ။ကြား(ခြား)လူမရှိပါဘူး။နိုင်မလားရှုံးမလားပြည်သူပြည်သားမှန်ရင်မိမိကိုယ်မိမိပြန်မေးကြပါ။အနီတွေ အစိမ်းတွေ စစ်သားတွေရဲတွေဘာမှမထူးပါဘူး။အားလုံးဟာနိုင်ငံသားပြည်သူနဲ့ပြည်သူ့ဝန်ထမ်း။မညီညွတ်ရင်ပြည်သူရောပြည်သူ့ဝန်ထမ်းတွေပါ အကုန်အာဏာရှင်အောက်ပြားပြားဝပ်ခစားရမှာပဲဖြစ်တယ်။တော်လှန်ရေးလုပ်တယ်ဆိုလျှင်တဦးတယောက်တဖွဲ့စည်းတည်းလုပ်မရပါဘူး။One for all All for one!ပါ။မညီညွတ်ရင်သေခြာပေါက်ရှုံးကိုရှုံးမယ်။
#ShwePhyuAung.

2 months ago | [YT] | 0