Dr. Ye
-ခွေးရူးပြန်ရောဂါ (Rabies)- မင်္ဂလာပါခင်ဗျာ။ ကျွန်တော် Dr. Ye ပါ။ ဒီနေ့တော့ လူ့အသက်ကို ရန်ရှာနိုင်တဲ့ "ခွေးရူးပြန်ရောဂါ" (Rabies) အကြောင်း ပြည့်ပြည့်စုံစုံ ပြောပြချင်ပါတယ်။ ဒီရောဂါဟာ ဖြစ်လာရင် သေဆုံးနှုန်း ၁၀၀% နီးပါးရှိလို့ အရမ်းကြောက်စရာကောင်းပေမယ့်၊ အကိုက်ခံရပြီးပြီးချင်း မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်ရင်တော့ ၁၀၀% ကာကွယ်နိုင်တဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ 👨⚕️- ခွေးရူးပြန်ရောဂါဆိုတာနဲ့ ခွေးကိုက်ခံရလို့ ရောဂါဖြစ်ရတယ်ဆိုတာ လူတိုင်းသိကြမှာပါ။ ဒါပေမယ့် တခြားတိရစ္ဆာန်တွေကလည်း ခွေးရူးပြန်ရောဂါပိုးကို ကူးစက်စေနိုင်ပါတယ်။ တောတွင်းမှာနေထိုင်တဲ့ မြေခွေး၊ရှဉ့်၊လင်းနို့ တို့လိုသတ္တဝါတွေအပြင် အိမ်မွေးတိရစ္ဆာန်တွေဖြစ်တဲ့ ခွေး၊ကြောင် တွေဟာဆိုရင် ခွေးရူးပြန်ရောဂါပိုးကို သယ်ဆောင်ထားနိုင်ကြပါတယ်။ဒီလိုတိရစ္ဆာန်တွေ ကုတ်ဖဲ့၊ကိုက်ခဲခြင်းခံလိုက်ရပြီဆိုရင်တော့ ခွေးရူးပြန်ရောဂါ ကူးစက်ခံရနိုင်ပါတယ်။ 👨⚕️-ရောဂါပိုး ကူးစက်ပုံ 👉ခွေးရူးပြန်ရောဂါပိုးသယ်ဆောင်ထားတဲ့ တိရစ္ဆာန် တစ်ကောင် ကောင်ရဲ့ ကိုက်ခဲ၊ ကုတ်ဖဲ့ခံရခြင်းကြောင့် ကူးစက်နိုင်ပါတယ်၊ 👉မိမိခန္ဓာကိုယ်ရဲ့အရေပြားပေါက်ပြဲ၊ပွန်းပဲ့နေသောနေရာများနှင့် မျက်လုံး၊နှာခေါင်း၊ပါးစပ်တို့ကို ရောဂါပိုးရှိနေသောတိရစ္ဆာန်ရဲ့ တံတွေးနဲ့ထိမိခြင်း(ဥပမာ-လျှာဖြင့်လျက်ခံရခြင်း) တို့မှလည်း ကူးစက်ခံရနိုင်ပါတယ်။🆘 ခွေးကိုက် (သို့) တိရစ္ဆာန်အကုတ်/အကိုက် ခံရရင် ချက်ချင်းလုပ်ရမယ့် အရေးကြီးဆုံး (၃) ဆင့် 🆘ဒီအဆင့်တွေကို လုံးဝ မမေ့ပါနဲ့။ အချိန်ဆွဲလေ အသက်အန္တရာယ် နီးလေပါပဲ။1️⃣ ဒဏ်ရာကို ချက်ချင်းဆေးကြောပါ (Wash 🧼)* ကိုက်ခံရတဲ့ ဒဏ်ရာကို ရေနဲ့ ဆပ်ပြာသုံးပြီး အနည်းဆုံး (၁၅) မိနစ်ကြာအောင် သေချာဆေးကြောပါ။* ဆေးကြောပြီးရင် အိုင်အိုဒင်းဆေးရည် (Betadine) ဒါမှမဟုတ် အရက်ပျံ လိမ်းပေးပါ။* ဒဏ်ရာကို လေလုံအောင် ပတ်တီးစည်းတာ၊ ချုပ်တာတွေ ဆရာဝန်မခိုင်းဘဲ ကိုယ့်သဘောနဲ့ကိုယ် လုံးဝမလုပ်ပါနဲ့။2️⃣ ဆေးရုံ/ဆေးခန်းကို ချက်ချင်းသွားပါ (Go to Hospital 🏥)* ဒဏ်ရာကို ဆေးပြီးတာနဲ့ တစ်မိနစ်မှ အချိန်မဆွဲဘဲ အနီးဆုံးမှာရှိတဲ့ ဆေးရုံ၊ ဆေးခန်းကို ချက်ချင်းသွားပါ။* "ခွေးကို ၁၀ ရက်စောင့်ကြည့်မယ်" ဆိုပြီး အချိန်မဖြုန်းပါနဲ့။ "ဆေးမြီးတိုတွေ၊ သဘာဝကုထုံးတွေ" ကို လုံးဝ အားမကိုးပါနဲ့။ အချိန်ဟာ အသက်ပါပဲ။3️⃣ ကာကွယ်ဆေး မပျက်မကွက်ထိုးပါ (Vaccinate 💉)* ဆရာဝန်က ဒဏ်ရာအခြေအနေကိုကြည့်ပြီး လိုအပ်တဲ့ ခွေးရူးပြန်ကာကွယ်ဆေး (Anti-Rabies Vaccine - ARV) ကို အကြိမ်ပြည့်ထိုးဖို့ ညွှန်ကြားပါလိမ့်မယ်။* ဒဏ်ရာပြင်းထန်ရင် ကာကွယ်ဆေးအပြင် (Rabies Immunoglobulin - RIG) ကိုပါ ထိုးဖို့ လိုအပ်နိုင်ပါတယ်။* ဆရာဝန်ညွှန်ကြားတဲ့ ကာကွယ်ဆေးအစီအစဉ်အတိုင်း ရက်မပျက်၊ အကြိမ်မလပ် ထိုးနှံဖို့ အလွန်အရေးကြီးပါတယ်။ 👉ခွေးရူးပြန်ရောဂါဟာဆိုရင် ဒီနေ့ကိုက်၊ ဒီနေ့ကူး၊ဒီနေ့ လက္ခဏာပြတာ မဟုတ်ပါဘူး။အကိုက်ခံရတဲ့နေရာ၊ ခွေးရူးရောဂါပိုးအမျိုးအစားနဲ့ မိမိရဲ့ကိုယ်ခံအားကောင်းမွန်မှုအပါ်မူတည်ပြီး ရောဂါပျိုးချိန် (incubation period)က ရက်သတ္တပါတ်ကနေ လပေါင်းများစွာကြာနိုင်ပါတယ်။ တချို့မှာဆိုရင် ခွေးကိုက်ခံရပြီး နှစ်ပေါင်းများစွာကြာမြင့်မှ ခွေးရူးပြန်ရောဂါ လက္ခဏာ ခံစားရတာမျိုးလည်း ရှိပါတယ်။‼️ သတိပြုဖွယ်ရာ - လူတွင်ဖြစ်သော ခွေးရူးပြန်ရောဂါ လက္ခဏာများ ‼️အရေးကြီးဆုံး သတိပေးချက် - အောက်မှာဖော်ပြထားတဲ့ ရောဂါလက္ခဏာတွေ လူတစ်ယောက်မှာ စတင်ပေါ်ပေါက်လာပြီဆိုရင် အသက်ကယ်ဖို့ ကုသနိုင်တဲ့နည်းလမ်း မရှိတော့ဘဲ အလွန်အမင်း နောက်ကျသွားပါပြီ။ ဒါကြောင့် ဒီလက္ခဏာတွေမပေါ်ခင် ကာကွယ်ဆေးထိုးခြင်းကသာ တစ်ခုတည်းသော အသက်ကယ်နည်းလမ်း ဖြစ်ပါတယ်။၁။ ကနဦး လက္ခဏာများ (ရောဂါစဝင်စ အချိန်)* ဖျားခြင်း၊ ခေါင်းကိုက်ခြင်း 🌡️* အားနည်းခြင်း၊ နုံးချိခြင်း၊ မအီမသာဖြစ်ခြင်း* အကိုက်ခံထားရသော ဒဏ်ရာနေရာတွင် ကျဉ်ခြင်း၊ ယားယံခြင်း၊ ထုံခြင်း၂။ ရောဂါရင့်လာသောအခါ ပြတတ်သော လက္ခဏာများ (ဦးနှောက်နှင့် အာရုံကြောများသို့ ပိုးရောက်ချိန်)* ရေကြောက်ခြင်း (Hydrophobia) 💧 - ရေကိုမြင်ရုံ၊ ရေသောက်ရန် ကြိုးစားရုံဖြင့် လည်ချောင်းနှင့် အသက်ရှူလမ်းကြောင်း ကြွက်သားများ အပြင်းအထန် နာကျင်စွာ ကြုံ့တက်ခြင်း။* လေကြောက်ခြင်း (Aerophobia) 💨 - လေတိုက်ခံရလျှင် သို့မဟုတ် လေပြေလေညှင်းကိုပင် ကြောက်လန့်တကြားဖြစ်ခြင်း။* အလွန်အမင်း ဂနာမငြိမ်ဖြစ်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ ရန်လိုခြင်း 🧠* ထင်ယောင်ထင်မှားများ မြင်ခြင်း၊ ကြားခြင်း* မျိုချရခက်ခဲပြီး တံတွေးများ အလွန်အကျွံ ထွက်ခြင်း* တက်ခြင်း* နောက်ဆုံးတွင် သွက်ချာပါဒဖြစ်ခြင်း၊ သတိလစ်မေ့မြောခြင်းနှင့် အသက်သေဆုံးခြင်းတို့ ဖြစ်ပွားပါတယ်။ 👨⚕️- ရောဂါကုသခြင်း 👉ခွေးရူးပြန်ရောဂါ ကူးစက်ခံရပြီဆိုရင်တော့ ကုသဖို့ရာ ဆေးမရှိသေးပါဘူး။ခံစားနေရတဲ့ရောဂါ လက္ခဏာတွေ သက်သာအောင် supportive care ပဲ လုပ်ပေးနိုင်မှာဖြစ်ပါတယ်။ဒါ့အပြင် ခွေးရူးပြန်ရောဂါကြောင့် သေဆုံးနှုန်းက ၁၀၀% နီးပါးဖြစ်ပါတယ်။ ဒါကြောင့် ကြိုတင်ကာကွယ်ခြင်းကပဲ အကောင်းဆုံးကုသခြင်းဖြစ်ပါတယ်။ 👨⚕️-ကြိုတင်ကာကွယ်ခြင်း 👉ခွေး၊ကြောင် အကိုက်ခံ၊အကုတ်ခံရသော ဒဏ်ရာကို ရေ၊ဆပ်ပြာဖြင့် သေချာဆေးပါ။ ပြီးလျှင် နီးစပ်ရာဆေးရုံ၊ဆေးခန်းသို့သွားရောက်ပြီး ကာကွယ်ဆေးထိုးနှံရမှာဖြစ်ပါတယ်။ကာကွယ်ဆေးကို ရက်ပြည့်အောင်သေချာထိုးဖို့ လိုအပ်ပါတယ်။ တချို့ ဒဏ်ရာ အကြီးအသေးပေါ်မူတည်ပြီးတော့ immunoglobulin လို့ခေါ်တဲ့ဆေးပါထိုးဖို့လိုအပ်နိုင်ပါသည်။ 👉မိမိရဲ့ အိမ်မွေးတိရစ္ဆာန်များကို ကာကွယ်ဆေး ထိုးပေးထားဖို့လိုပါတယ်။ 👉လမ်းဘေးတိရစ္ဆာန်များနှင့် ဝေးဝေးနေသင့်ပါတယ်။ ကာကွယ်ဆေးမထိုးထားသော တိရစ္ဆာန်များဖြစ်သည့်အတွက် အကိုက်ခံရလျှင် ရောဂါကူးစက်ခံရမည်ဖြစ်သည်။ 👉နီးစပ်ရာ ဆရာဝန်နှင့် တိုင်ပင်ပြီး ခွေးရူးပြန်ကာကွယ်ဆေးကို ကြိုတင်ထိုးနှံထားလို့လည်း ရပါတယ်။သို့သာ်လည်း ခွေးကိုက်ခံရလျှင်တော့ ကာကွယ်ဆေးကို ၂ ကြိမ် ထပ်မံထိုးနှံပေးရမှာဖြစ်ပါတယ်။ 👉ကာကွယ်ဆေးထိုးထားသော အိမ်မွေးတိရစ္ဆာန်များ ကိုက်ခံ၊ကုတ်ခံရလျှင်လည်း ပိုမိုစိတ်ချသေချာရအောင် ကာကွယ်ဆေးထပ်မံထိုးပေးဖို့ လိုအပ်ပါတယ်။ 👉ကာကွယ်ဆေးတွေက ဈေးအနည်းငယ်များတဲ့အတွက် ခွေးကိုက်၊ကြောင်ကိုက်ခံရတဲ့လူ တော်တော်များများက ကာကွယ်ဆေးထိုးဖို့ကို တွန့်ဆုတ်နေတတ်ကြပါတယ်။ဒါပေမယ့်လည်း ကုရာနတ္ထိဖြစ်နေဆဲ ရောဂါဖြစ်တာကြောင့် ကာကွယ်ဆေးထိုးမှသာ မိမိအသက်ကို ကြိုတင်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ခုလိုကျန်းမာရေး ဗဟုသုတတွေကို မျှဝေပေးနေတာဖြစ်တာကြောင့် ကျနော့်ရဲ့ Dr.Ye Page ကို like နဲ့ Follow လုပ်ထားပေးကြပါ။ အားလုံးကျန်းမာကြပါစေ ဒေါက်တာရဲ။#ခွေးရူးပြန်ရောဂါ #Rabies #Dr.Ye#DrYeHealthInfo #Rabies #ခွေးရူးပြန်ရောဂါ #ခွေးကိုက် #ကျန်းမာရေးဗဟုသုတ #ကာကွယ်ခြင်းသည်ကုသခြင်းထက်ထိရောက်သည် #RabiesSymptoms #RabiesPrevention #HealthTipsMyanmar
2 months ago | [YT] | 70
Dr. Ye
-ခွေးရူးပြန်ရောဂါ (Rabies)-
မင်္ဂလာပါခင်ဗျာ။ ကျွန်တော် Dr. Ye ပါ။ ဒီနေ့တော့ လူ့အသက်ကို ရန်ရှာနိုင်တဲ့ "ခွေးရူးပြန်ရောဂါ" (Rabies) အကြောင်း ပြည့်ပြည့်စုံစုံ ပြောပြချင်ပါတယ်။ ဒီရောဂါဟာ ဖြစ်လာရင် သေဆုံးနှုန်း ၁၀၀% နီးပါးရှိလို့ အရမ်းကြောက်စရာကောင်းပေမယ့်၊ အကိုက်ခံရပြီးပြီးချင်း မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်ရင်တော့ ၁၀၀% ကာကွယ်နိုင်တဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။
👨⚕️- ခွေးရူးပြန်ရောဂါဆိုတာနဲ့ ခွေးကိုက်ခံရလို့ ရောဂါဖြစ်ရတယ်ဆိုတာ လူတိုင်းသိကြမှာပါ။ ဒါပေမယ့် တခြားတိရစ္ဆာန်တွေကလည်း ခွေးရူးပြန်ရောဂါပိုးကို ကူးစက်စေနိုင်ပါတယ်။ တောတွင်းမှာနေထိုင်တဲ့ မြေခွေး၊ရှဉ့်၊လင်းနို့ တို့လိုသတ္တဝါတွေအပြင် အိမ်မွေးတိရစ္ဆာန်တွေဖြစ်တဲ့ ခွေး၊ကြောင် တွေဟာဆိုရင် ခွေးရူးပြန်ရောဂါပိုးကို သယ်ဆောင်ထားနိုင်ကြပါတယ်။ဒီလိုတိရစ္ဆာန်တွေ ကုတ်ဖဲ့၊ကိုက်ခဲခြင်းခံလိုက်ရပြီဆိုရင်တော့ ခွေးရူးပြန်ရောဂါ ကူးစက်ခံရနိုင်ပါတယ်။
👨⚕️-ရောဂါပိုး ကူးစက်ပုံ
👉ခွေးရူးပြန်ရောဂါပိုးသယ်ဆောင်ထားတဲ့ တိရစ္ဆာန် တစ်ကောင် ကောင်ရဲ့ ကိုက်ခဲ၊ ကုတ်ဖဲ့ခံရခြင်းကြောင့် ကူးစက်နိုင်ပါတယ်၊
👉မိမိခန္ဓာကိုယ်ရဲ့အရေပြားပေါက်ပြဲ၊ပွန်းပဲ့နေသောနေရာများနှင့် မျက်လုံး၊နှာခေါင်း၊ပါးစပ်တို့ကို ရောဂါပိုးရှိနေသောတိရစ္ဆာန်ရဲ့ တံတွေးနဲ့ထိမိခြင်း(ဥပမာ-လျှာဖြင့်လျက်ခံရခြင်း) တို့မှလည်း ကူးစက်ခံရနိုင်ပါတယ်။
🆘 ခွေးကိုက် (သို့) တိရစ္ဆာန်အကုတ်/အကိုက် ခံရရင် ချက်ချင်းလုပ်ရမယ့် အရေးကြီးဆုံး (၃) ဆင့် 🆘
ဒီအဆင့်တွေကို လုံးဝ မမေ့ပါနဲ့။ အချိန်ဆွဲလေ အသက်အန္တရာယ် နီးလေပါပဲ။
1️⃣ ဒဏ်ရာကို ချက်ချင်းဆေးကြောပါ (Wash 🧼)
* ကိုက်ခံရတဲ့ ဒဏ်ရာကို ရေနဲ့ ဆပ်ပြာသုံးပြီး အနည်းဆုံး (၁၅) မိနစ်ကြာအောင် သေချာဆေးကြောပါ။
* ဆေးကြောပြီးရင် အိုင်အိုဒင်းဆေးရည် (Betadine) ဒါမှမဟုတ် အရက်ပျံ လိမ်းပေးပါ။
* ဒဏ်ရာကို လေလုံအောင် ပတ်တီးစည်းတာ၊ ချုပ်တာတွေ ဆရာဝန်မခိုင်းဘဲ ကိုယ့်သဘောနဲ့ကိုယ် လုံးဝမလုပ်ပါနဲ့။
2️⃣ ဆေးရုံ/ဆေးခန်းကို ချက်ချင်းသွားပါ (Go to Hospital 🏥)
* ဒဏ်ရာကို ဆေးပြီးတာနဲ့ တစ်မိနစ်မှ အချိန်မဆွဲဘဲ အနီးဆုံးမှာရှိတဲ့ ဆေးရုံ၊ ဆေးခန်းကို ချက်ချင်းသွားပါ။
* "ခွေးကို ၁၀ ရက်စောင့်ကြည့်မယ်" ဆိုပြီး အချိန်မဖြုန်းပါနဲ့။ "ဆေးမြီးတိုတွေ၊ သဘာဝကုထုံးတွေ" ကို လုံးဝ အားမကိုးပါနဲ့။ အချိန်ဟာ အသက်ပါပဲ။
3️⃣ ကာကွယ်ဆေး မပျက်မကွက်ထိုးပါ (Vaccinate 💉)
* ဆရာဝန်က ဒဏ်ရာအခြေအနေကိုကြည့်ပြီး လိုအပ်တဲ့ ခွေးရူးပြန်ကာကွယ်ဆေး (Anti-Rabies Vaccine - ARV) ကို အကြိမ်ပြည့်ထိုးဖို့ ညွှန်ကြားပါလိမ့်မယ်။
* ဒဏ်ရာပြင်းထန်ရင် ကာကွယ်ဆေးအပြင် (Rabies Immunoglobulin - RIG) ကိုပါ ထိုးဖို့ လိုအပ်နိုင်ပါတယ်။
* ဆရာဝန်ညွှန်ကြားတဲ့ ကာကွယ်ဆေးအစီအစဉ်အတိုင်း ရက်မပျက်၊ အကြိမ်မလပ် ထိုးနှံဖို့ အလွန်အရေးကြီးပါတယ်။
👉ခွေးရူးပြန်ရောဂါဟာဆိုရင် ဒီနေ့ကိုက်၊ ဒီနေ့ကူး၊ဒီနေ့ လက္ခဏာပြတာ မဟုတ်ပါဘူး။အကိုက်ခံရတဲ့နေရာ၊ ခွေးရူးရောဂါပိုးအမျိုးအစားနဲ့ မိမိရဲ့ကိုယ်ခံအားကောင်းမွန်မှုအပါ်မူတည်ပြီး ရောဂါပျိုးချိန် (incubation period)က ရက်သတ္တပါတ်ကနေ လပေါင်းများစွာကြာနိုင်ပါတယ်။ တချို့မှာဆိုရင် ခွေးကိုက်ခံရပြီး နှစ်ပေါင်းများစွာကြာမြင့်မှ ခွေးရူးပြန်ရောဂါ လက္ခဏာ ခံစားရတာမျိုးလည်း ရှိပါတယ်။
‼️ သတိပြုဖွယ်ရာ - လူတွင်ဖြစ်သော ခွေးရူးပြန်ရောဂါ လက္ခဏာများ ‼️
အရေးကြီးဆုံး သတိပေးချက် - အောက်မှာဖော်ပြထားတဲ့ ရောဂါလက္ခဏာတွေ လူတစ်ယောက်မှာ စတင်ပေါ်ပေါက်လာပြီဆိုရင် အသက်ကယ်ဖို့ ကုသနိုင်တဲ့နည်းလမ်း မရှိတော့ဘဲ အလွန်အမင်း နောက်ကျသွားပါပြီ။ ဒါကြောင့် ဒီလက္ခဏာတွေမပေါ်ခင် ကာကွယ်ဆေးထိုးခြင်းကသာ တစ်ခုတည်းသော အသက်ကယ်နည်းလမ်း ဖြစ်ပါတယ်။
၁။ ကနဦး လက္ခဏာများ (ရောဂါစဝင်စ အချိန်)
* ဖျားခြင်း၊ ခေါင်းကိုက်ခြင်း 🌡️
* အားနည်းခြင်း၊ နုံးချိခြင်း၊ မအီမသာဖြစ်ခြင်း
* အကိုက်ခံထားရသော ဒဏ်ရာနေရာတွင် ကျဉ်ခြင်း၊ ယားယံခြင်း၊ ထုံခြင်း
၂။ ရောဂါရင့်လာသောအခါ ပြတတ်သော လက္ခဏာများ (ဦးနှောက်နှင့် အာရုံကြောများသို့ ပိုးရောက်ချိန်)
* ရေကြောက်ခြင်း (Hydrophobia) 💧 - ရေကိုမြင်ရုံ၊ ရေသောက်ရန် ကြိုးစားရုံဖြင့် လည်ချောင်းနှင့် အသက်ရှူလမ်းကြောင်း ကြွက်သားများ အပြင်းအထန် နာကျင်စွာ ကြုံ့တက်ခြင်း။
* လေကြောက်ခြင်း (Aerophobia) 💨 - လေတိုက်ခံရလျှင် သို့မဟုတ် လေပြေလေညှင်းကိုပင် ကြောက်လန့်တကြားဖြစ်ခြင်း။
* အလွန်အမင်း ဂနာမငြိမ်ဖြစ်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ ရန်လိုခြင်း 🧠
* ထင်ယောင်ထင်မှားများ မြင်ခြင်း၊ ကြားခြင်း
* မျိုချရခက်ခဲပြီး တံတွေးများ အလွန်အကျွံ ထွက်ခြင်း
* တက်ခြင်း
* နောက်ဆုံးတွင် သွက်ချာပါဒဖြစ်ခြင်း၊ သတိလစ်မေ့မြောခြင်းနှင့် အသက်သေဆုံးခြင်းတို့ ဖြစ်ပွားပါတယ်။
👨⚕️- ရောဂါကုသခြင်း
👉ခွေးရူးပြန်ရောဂါ ကူးစက်ခံရပြီဆိုရင်တော့ ကုသဖို့ရာ ဆေးမရှိသေးပါဘူး။ခံစားနေရတဲ့ရောဂါ လက္ခဏာတွေ သက်သာအောင် supportive care ပဲ လုပ်ပေးနိုင်မှာဖြစ်ပါတယ်။ဒါ့အပြင် ခွေးရူးပြန်ရောဂါကြောင့် သေဆုံးနှုန်းက ၁၀၀% နီးပါးဖြစ်ပါတယ်။ ဒါကြောင့် ကြိုတင်ကာကွယ်ခြင်းကပဲ အကောင်းဆုံးကုသခြင်းဖြစ်ပါတယ်။
👨⚕️-ကြိုတင်ကာကွယ်ခြင်း
👉ခွေး၊ကြောင် အကိုက်ခံ၊အကုတ်ခံရသော ဒဏ်ရာကို ရေ၊ဆပ်ပြာဖြင့် သေချာဆေးပါ။ ပြီးလျှင် နီးစပ်ရာဆေးရုံ၊ဆေးခန်းသို့သွားရောက်ပြီး ကာကွယ်ဆေးထိုးနှံရမှာဖြစ်ပါတယ်။ကာကွယ်ဆေးကို ရက်ပြည့်အောင်သေချာထိုးဖို့ လိုအပ်ပါတယ်။ တချို့ ဒဏ်ရာ အကြီးအသေးပေါ်မူတည်ပြီးတော့ immunoglobulin လို့ခေါ်တဲ့ဆေးပါထိုးဖို့လိုအပ်နိုင်ပါသည်။
👉မိမိရဲ့ အိမ်မွေးတိရစ္ဆာန်များကို ကာကွယ်ဆေး ထိုးပေးထားဖို့လိုပါတယ်။
👉လမ်းဘေးတိရစ္ဆာန်များနှင့် ဝေးဝေးနေသင့်ပါတယ်။ ကာကွယ်ဆေးမထိုးထားသော တိရစ္ဆာန်များဖြစ်သည့်အတွက် အကိုက်ခံရလျှင် ရောဂါကူးစက်ခံရမည်ဖြစ်သည်။
👉နီးစပ်ရာ ဆရာဝန်နှင့် တိုင်ပင်ပြီး ခွေးရူးပြန်ကာကွယ်ဆေးကို ကြိုတင်ထိုးနှံထားလို့လည်း ရပါတယ်။သို့သာ်လည်း ခွေးကိုက်ခံရလျှင်တော့ ကာကွယ်ဆေးကို ၂ ကြိမ် ထပ်မံထိုးနှံပေးရမှာဖြစ်ပါတယ်။
👉ကာကွယ်ဆေးထိုးထားသော အိမ်မွေးတိရစ္ဆာန်များ ကိုက်ခံ၊ကုတ်ခံရလျှင်လည်း ပိုမိုစိတ်ချသေချာရအောင် ကာကွယ်ဆေးထပ်မံထိုးပေးဖို့ လိုအပ်ပါတယ်။
👉ကာကွယ်ဆေးတွေက ဈေးအနည်းငယ်များတဲ့အတွက် ခွေးကိုက်၊ကြောင်ကိုက်ခံရတဲ့လူ တော်တော်များများက ကာကွယ်ဆေးထိုးဖို့ကို တွန့်ဆုတ်နေတတ်ကြပါတယ်။ဒါပေမယ့်လည်း ကုရာနတ္ထိဖြစ်နေဆဲ ရောဂါဖြစ်တာကြောင့် ကာကွယ်ဆေးထိုးမှသာ မိမိအသက်ကို ကြိုတင်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
ခုလိုကျန်းမာရေး ဗဟုသုတတွေကို မျှဝေပေးနေတာဖြစ်တာကြောင့် ကျနော့်ရဲ့ Dr.Ye Page ကို like နဲ့ Follow လုပ်ထားပေးကြပါ။
အားလုံးကျန်းမာကြပါစေ
ဒေါက်တာရဲ။
#ခွေးရူးပြန်ရောဂါ
#Rabies
#Dr.Ye
#DrYeHealthInfo #Rabies #ခွေးရူးပြန်ရောဂါ #ခွေးကိုက် #ကျန်းမာရေးဗဟုသုတ #ကာကွယ်ခြင်းသည်ကုသခြင်းထက်ထိရောက်သည် #RabiesSymptoms #RabiesPrevention #HealthTipsMyanmar
2 months ago | [YT] | 70