Listener's Heaven Audiobooks

🌹ဖြစ်လေရာဘဝတွင်🌹

လောကဓံလျှင်၊ ပြက်ရယ်ဆင်လျက်
အသွင်အသွေး၊ စွန်းညစ်ထေးအောင်
အရေးအကြောင်း၊ အသွင်ပြောင်းလည်း
ဦးခေါင်းမချ၊ ဇွဲမာနဖြင့်...။

မြို့ငယ်ရွာငယ်၊ ကျေးလက်နယ်သို့
နယ်ပြောင်းဒေသ၊ တာဝန်ကျ၍
ဘဝစွမ်းရည်၊ မှိန်အံ့သည်လည်း
ဦးလည်မသုံ၊ ဇွဲမာန်ဟုန်ဖြင့် ... ။

စံတင်နှိုင်းထား၊ စွမ်းပကားကို
ပတ္တမြားမှန်လျှင်၊ နွံတွင်နှစ်စေ
မညစ်နွမ်းဘဲ၊ ဆ, ထက်ကဲလျက်
လျှံရဲဆင်းရောင်၊ တိုး၍ပြောင်သို့ ...။

ဇွဲမာန်ဆောင်၍
စွမ်းဆောင်နေ့ည၊ ကြိုးစားပြသော်
ကျရာရာတွင်၊ ကျော်စောထင်သည်
စွမ်းအင်သတ္တိ ပြောင်ပြန်ပြီ။

ထီလာစစ်သူ
ရှုမဝမဂ္ဂဇင်း၊ ၁၉၆၆ စက်တင်ဘာလ
#lhaudiobooks
#ကဗျာ

2 days ago | [YT] | 43