မင်းတိုပြောတော့နယ်မြေတွေအားလုံး ၉၀ % စိုးမိုးထားနိုင်ပီဆို စစ်ကြောင်းထိုးတော့လီးလို့ထွက်ပြေးနေလဲ အသေခံပြန်ချပါလားဟ
4 days ago | 8
စစ်ကြောင်းထိုးတာတော့ဟုပ်ပါလိပ်မယ် မီးရှိတာတော့ အကြမ်းဖက်တွေလုပ်နေကြ အလုပ်ပဲ
4 days ago | 9
ပဒတ်ရှိရင်စစ်ကြောင်းထိုးပါတယ်။ ပဒတ်မရှိတဲ့နေရာစစ်ကြောင်းထိုးဖို့နေနေသာ သေးတောင်လှည့်မပေါက်ပါဘူး။ စစ်ဘေးမရှောင်ချင်ရင် အနီးနားကပဒတ်ကိုရိုက်သတ်လိုက်ကြပါ။ ရွာလည်းမပျက်၊လေယာဉ်စာမမိတော့ဘူး။
3 days ago | 3
သူပုန်တွေကို လက်ခံထားသ၍ နှစ်ထပ်ကွမ်းမဟုတ်ဘူးး ဆယ်ထပ်ကွမ်းဒုက္ခရောက်နေမှာပဲ စောက်တောသားတွေ 😂😂
4 days ago | 3
လူကောင်းတွေပြေးစရာမလိုပါဘူး သူပုန်နဲ့သူပုန်မိသားစုတွေပဲပြေးကြတာ ခုမှလီးစကားတွေမပြောနဲ့ မင်းတို့ပဒက်တွေနိုင်နေပြီဆို မင်းတို့အကူညီလိုရင် အနူဂျီးအစိုးရဆီအကူညီတောင်းပေါ့😂
4 days ago | 2
စစ်ကြောင်းထိုးလို့ မပြေးရင် ဒလန်ဆိုပြီးအသတ်ခံရတဲ့ ရွာသားတွေမနည်းတော့ဘူး စစ်ကြောင်းထိုးလို့ကြောက်ပြီးပြေးတာမဟုတ်ဘူး စစ်ကြောင်းလာလို့ မပြေးရင်ဒလန်ဆိုပြီး အသတ်ခံရမှာကြောက်လို့ ပြေးရတာ... မြင်းခြံ ပခုက္ကူက ငါ့အမျိုးတွေသက်သေပဲ
4 days ago | 8
ကျောက်မဲမှာတော့စစ်အုပ်စုစစ်ကြင်းထိုးတာနိုင်လို့မြို့ပေါ်ကိူပြည်သူတေလာနေကြပြီး ဝမ်းသာလို့မျက်ရည်ကျနေရတယ်video တေကြည့်နော်သူပုန်တေ ကိုယ့်စောက်ဆင်နဲ့ကိုယ်တောထဲပဲနေကြမြို့တေကိုမဖျက်စီးကြနဲ့
3 days ago | 1
ထိုးသင့်တာကြာပြီ လက်နက်ကလေးကိုင်း ရလို့ ဖင်ယာ နေကြတာ ထီးလင်း မြို့ဆို pdf. Zဝိုင်းပိတ်စို့ထားလို့ မြို့အတွင်း ကလူတွေ အစားစာ ပြတ်လတ်နေတာကြာပြီ လေယာဥ်နဲ့လာချပေး မှ စားရတာ ကျန်တဲ့အချိန် ဆန်ပြုတ်သောက်နေ ကြ ရတာ မြို့ပြင် ကမိမိ့ပိုင်းတဲ့ ခြံ ထဲသွားပြီးအသီးအရွက်ခူး တဲ့သူ ကို ဖမ်းဆီး သတ်ဖြတ်ကြလို့ ဘယ်သူမှ မြို့ပြင်မထွက်ရဲဘူး ဒါက. အမှန်တရား တပ်က စစ်ကြောင်းမြနိမြန် ထိုးပြီးယခင်လို နေခြင် ကြတာ ထီးလင်းပြည်သူတွေရဲ့ဆန္ဒဘဲ
4 days ago | 16
မြေအောက်လှိုင်ခေါင်းကြီး ကို အနူဂျီကချပြထားတာ ဆေးရုံပါပြီး အဲနေရာကို စစ်ရှောင်ကြပါ လို့ သာပြောရတာ ဘယ်နားမှန်းမသိ ဇဝေဇဝါ ပါဘဲ ပြည်သူတွေကို အရမ်းအားနာလှပါတယ် အနူဂျီတွေရဲ့လက်သုံးစကား သတ်ပါတီ ခေါ် ပြည်သူထဲကပြည်သူပါဘဲ ၅ နှစ်ကြီးများတောင် ပြည်သူတွေက တောင့်ခံလာကြရတာ လွှတ်တော်အမတ် တရားဝင် ဆိုပြီးလုပ်စား လာတာ ရပ်ဖို့တော့ကောင်းပြီ ပြည်သူတွေ သောက်လဲသေနေကြတာတောင် လက်သုံးချောင်းက ဖုံးဖန်သားပြင်ပေါ်မှာ ထောင်နေနိုင်ရဲတဲ့သတ္တိ နဲတာမှတ်လို့ အဲသတ္တိနဲ့သာ မြေပြင်ဆင်းတိုက်ပွဲဝင် အမတ်တွေလုပ်ခဲ့ရင်...ခုချိန်ဆို ပြည်သူချစ်တဲ့ ဝိုင်းစုခိုင်သိမ်း အဆင့်လောက်တော့ရကြမှာမလွဲပါဘူး
3 days ago | 0
ကို့ရဲ့ ရွာကို ပြန်ပြီးသစ္စာဖေါက်တဲ့ ရွာသူရွာသားတွေရေ ခံကြပေးဦးတော့ အော် ပြောတော့ ပြည်သူ ပြည်သူ လုပ်တော့ သစ္စာဖေါက်တွေ
3 days ago | 0
ရှောင်မှာပေါ့ pdfတို့ရှိတော့ စစ်ကြောင်းထိုး စစ်ပွဲဖြစ်မှာကြောက်တော့ ရွာထဲမနေရဲ ပြေးရတာပေါ့ လုပ်စားရတာမလွယ်လှရတဲ့အထဲ အခုလိုပြေးရတာကတစ်မျိုး အရင်လို အေးအေးချမ်းချမ်းငြိမ်ငြိမ်စိမ်စိမ်နေကြစမ်းပါ
4 days ago | 2
Mandalay Free Press - MFP
ပခုက္ကူမှာ စစ်အုပ်စု စစ်ကြောင်းထိုး၊ မီးရှို့လို့ ဒေသခံပြည်သူတွေ နှစ်ထပ်ကွမ်း စစ်ရှောင်နေရ၊
အီသာရမ်/MFP၊ အောက်တိုဘာ-၃
မကွေးတိုင်း ပခုက္ကူမြို့နယ်ထဲ စစ်အုပ်စုက အဖွဲ့တွေခွဲကာ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုး၊ မီးရှို့နေလို့ ဒေသခံ ပြည်သူ ၃၀၀၀ ကျော် စစ်ဘေးရှောင် ထွက်ပြေးနေရပြီး စစ်ရှောင်စခန်းပါ ထပ်မံ မီးရှို့ခံရကာ နှစ်ထပ်ကွမ်း စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကိုပြောပါတယ်။
စက်တင်ဘာ တတိယပတ်က စတင်ပြီး ပခုက္ကူမြို့ တပ်မ ၁၀၁ ခေါ် အမှတ် ၁၀၁ ခြေမြန်တပ်မ ဌာနချုပ်က ထွက်လာတဲ့ စစ်အုပ်စုဟာ ပခုက္ကူ- ရေစကြိုနယ်အစပ် ကျေးရွာတွေနဲ့ ပခုက္ကူ အနောက်ခြမ်း ကမ္မမြို့အနီးက ကျေးရွာတွေကို အဖွဲ့တွေ ခွဲကာ စစ်ကြောင်းထိုး မီးရှို့နေတာ ဖြစ်ပြီး စစ်ရှောင်စခန်းနဲ့ စစ်ရှောင်တဲတွေကိုပါ မီးရှို့ဖျက်ဆီးနေတာလို့ ဆိုပါတယ်။
“သူတို့ကတော့ အင်အားပေါတာရော၊ အတွေ့အကြုံလိုချင်တာရော၊ ပြီးတော့ သူတို့ပြန်ပေးလိုက်ရတဲ့ စိုးမိုး နယ်မြေတွေကို လမ်းပိုင်းတွေကို ပြန်လိုချင်တာရော၊ ၂၀၂၅ ကုန်လောက်ထိ ထိုးမယ် ခန့်မှန်းပါတယ်။ အခုလက်ရှိကတော့ ကမ္မမှာ တစ်ကြောင်းရှိမယ်၊ ရေစကြိုနဲ့ ပခုက္ကူ - မြိုင် အစပ် ကျောက်ဖူးရွာမှာ တစ်ကြောင်းရှိမယ်” လို့ ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ - ပအဖ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
အဲ့ဒီ စစ်အုပ်စုဟာ စက်တင်ဘာ ၂၂ ရက်က ပခုက္ကူနဲ့ ရေစကြိုနယ်အစပ်ရှိ ဘုန်းကံကျေးရွာနဲ့ ကွမ်းသီးကန်ကျေးရွာက စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်တဲ့ တဲအိမ် ၇၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
စစ်အုပ်စု မီးရှို့ဖျက်ဆီးတဲ့ တဲတွေမှာ နေထိုင်ကြတဲ့ စစ်ရှောင်တွေဟာ အနီးအနား ကျေးရွာတွေဆီ ထွက်ပြေးခိုလှုံခဲ့ရပြီး အောက်တိုဘာ ၁ ရက် ညပိုင်းမှာ စစ်အုပ်စု စစ်ကြောင်းတွေ ထပ်ရောက်လာလို့ စစ်ရှောင်တွေရော ဒေသခံပြည်သူတွေပါ ညသန်းခေါင်အချိန် မိုးထဲရေထဲ ထပ်မံ ထွက်ပြေးရတယ်လို့ ဆိုပါတယ်။
ပခုက္ကူနယ် ကမ္မမြို့ အနီးမှာလည်း စစ်အုပ်စု စစ်ကြောင်းထိုးနေလို့ ဒေသခံပြည်သူ ၃၀၀၀ ခန့် ထွက်ပြေး နေရပြီး အကူအညီ လိုအပ်နေတယ်လို့ ပခုက္ကူမြို့နယ် ပအဖ တာဝန်ရှိသူက ပြောပါတယ်။
“အခုလောလောဆယ် စစ်ကြောင်းတွေအရ (စစ်ဘေးရှောင်ပြည်သူ) သုံးထောင်ကျော်လို့ ခန့်မှန်းထားတယ်ပေါ့နော်၊ ပြီးတော့ ဒါတွေကိုလည်း ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အနေနဲ့ တတ်နိုင်သလောက် ကူညီပေးနေတာ ရှိပါတယ်၊ ဒါပေမယ့် လိုအပ်ချက်တွေတော့ ရှိနေဆဲပဲ”
ပခုက္ကူမြို့နယ်က စစ်ဘေးရှောင် ပြည်သူတွေဟာ နီးစပ်ရာ တောတိုက်တွေမှာ ဖြစ်သလို နေထိုင်နေကြရပြီး မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် အမိုးအကာ၊ နေရာထိုင်ခင်းတွေ အရေးပေါ် လိုအပ်နေသလို စားနပ်ရိက္ခာလည်း မလုံလောက်ဘဲ အကူအညီ လိုအပ်နေတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုက နိုင်ငံတဝန်း ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းကာ သင်တန်းပေးထားတဲ့ စစ်မှုထမ်း အပတ်စဉ် ၁၁၊ ၁၂နဲ့၁၃ က ထောင်ချီတဲ့ စစ်သားသစ်တွေကို ပခုက္ကူတပ်မ ၁၀၁ ထဲ လူသုထားပြီး နယ်ခံပျူစောထီးတွေနဲ့ ပေါင်းကာ အခုလို ပခုက္ကူနယ်ထဲ စစ်ကြောင်းထိုး မီးရှို့နေလို့ ဒေသခံတွေက ပြောပါတယ်။
ပခုက္ကူနယ် စစ်ရှောင်တဲတွေကို စစ်အုပ်စုက မီးရှို့ဖျက်ဆီးလို့ နှစ်ထပ်ကွမ်း စစ်ရှောင်နေရတဲ့ ပြည်သူတွေ/Photo – CJ
#Mandalay_Free_Press_MFP
#အညာ #မကွေး #ပခုက္ကူ #စစ်ရှောင်စခန်းနှစ်ထပ်ကွမ်းစစ်ရှောင်
5 days ago | [YT] | 321