Shwe Myanmar Entertainment

မန္တလေးတွင် မိုးများ၍ မကြုံစဖူး ရေကြီးရေလျှံနေ


မန္တလေးမြို့တွင် စက်တင်ဘာ ၁၃ ရက် ညပိုင်းမှစတင်ပြီး ၁၄ ရက် နေ့လယ်ပိုင်းအထိ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ကာ လမ်းမကြီးများ ရေနစ်မြုပ်နေကြောင်း မြို့ခံများ ပြောပြချက်အရ သိရသည်။

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ၆၂ လမ်း၊ ၆၅လမ်း၊ ၈၄ လမ်း၊ ၈၅ လမ်း၊ ၃၅ လမ်း၊ လမ်း ၆၀၊ လမ်း ၃၀၊ ၇၄ လမ်း၊ ၁၉ လမ်း ညောင်ပင်စျေး စသည့် မန္တလေးမြို့၏ အဓိကလမ်းမကြီးများပေါ်တွင် ရေနစ်မြုပ်လျက်ရှိသလို ရွှေတချောင်း၊ ရေနီမြောင်း၊ သဂ်ဇာချောင်းများလည်း ရေလျှံနေကြောင်း သိရသည်။

3 months ago | [YT] | 12