Dr. Ye
#အသက်ငယ်ငယ်နဲ့လည်းကင်ဆာဖြစ်နိုင်တယ်။ပြီးခဲ့တဲ့လက လူနာတစ်ယောက်ဆေးခန်းလာပြတယ်။ အသက် ၂၉ နှစ်၊ အမျိုးသမီးလူနာ။ ဝမ်းချုပ်၊ ဝမ်းသွားရခက်တာ (၁)လ ရှိနေပြီ။အိမ်မှာ ဝမ်းနှုတ်၊ ဝမ်းချူတယ်၊ အဆင်မပြေဘူး၊ အဲ့လိုနဲ့ ဆေးခန်းလာပြတယ်။ လူနာကို ရောဂါရာဇဝင်မေးမြန်း စမ်းသပ်ကြည့်တော့ ဗိုက်ထဲမှာလည်း အလုံးအကျိတ်မစမ်းမိဘူး။ ဒါပေမယ့် ဝမ်းသွားတဲ့လမ်းကြောင်းမှာ တစ်ခုခုရှိနေလို့ ဝမ်းချုပ်နေတာ ဖြစ်နိုင်တယ်၊ စအိုကိုစမ်းကြည့်ဖို့လိုတယ်ဆိုတော့ လူနာက လက်ခံတယ်။ Digital Rectal Exam (စအိုကိုစမ်းသပ်စစ်ဆေးခြင်း) လုပ်ကြည့်တဲ့အခါ စအိုထဲမှာ အလုံးအကျိတ်လိုမျိုးစမ်းမိတယ်။ စအိုထဲမှာ အလုံးအကျိတ်စမ်းမိတယ်၊ ကင်ဆာဖြစ်နိုင်တယ်၊ ဒါကြောင့်သင့်တော်တဲ့ ကုသမှုခံယူနိုင်ဖို့ ခွဲစိတ်ဆရာဝန်နဲ့ပြသဖို့လိုတယ်လို့ လူနာကိုရှင်းပြပြီး ခွဲစိတ်ဆရာဝန်ဆီ လွှဲပေးလိုက်တယ်။ခွဲစိတ်ဆရာဝန်က စမ်းသပ်ပြီးတော့ ultrasound ရိုက်ကြည့်တဲ့အခါ အစာဟောင်းအိမ်ကင်ဆာ ဖြစ်နိုင်တယ်ဆိုပြီး အဖြေထွက်လာတယ်။ ဒါကြောင့်ခွဲစိတ်ဆရာဝန်က လူနာကို ခွဲစိတ်ပြီး အသားစစစ်ဆေးအဖြေရှာ၊ ဆက်လက်ကုသဖို့တွေရှင်းပြပြီး ဆေးရုံတက်ခိုင်းလိုက်တယ်။ ဒါပေမယ့် လူနာက ဆေးရုံမတက်ဘဲ ဘိန်းတောနဲ့ပဲကုတော့မယ်ဆိုပြီး ရွာပြန်သွားတယ်လို့ ပြန်ကြားရတယ်။ အသက်ငယ်ငယ် ၂၉ နှစ်ပဲရှိသေးတယ်။ ဘဝမှာ ရှေ့ဆက်ဖို့တွေအများကြီးရှိသေးတယ်။ သေချာကုသမှုခံယူမယ်ဆိုရင် အသက်ရှည်ရှည်နေရဦးမယ့် အခြေအနေပါ။ ဒါပေမယ့် ရွာပြန်ပြီး ဘိန်းတောနဲ့ကုနေတော့ ဘာတွေဆက်ဖြစ်လာမလဲ မသိတော့ပါ။ လူကြုံရှိတိုင်းတော့ ဆေးခန်းပြန်လာဖို့ ခွဲစိတ်ဆရာဝန်နဲ့ပြန်ပြပြီး သေချာကုသမှုခံယူဖို့ သတင်းပါးနေဆဲပါပဲ။ အားလုံးပဲကျန်းမာကြပါစေ ဒေါက်တာရဲ။ အူမကြီးကင်ဆာ၊ အစာဟောင်းအိမ်ကင်ဆာရဲ့ ကြိုတင်လက္ခဏာတွေက ဘာတွေလဲဆိုတာ သိချင်ရင် ဒီ link ကိုနှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။ 👇👇https://youtu.be/MRuCqlN9qpw?si=LGPhR...ကျန်းမာရေး ဗဟုသုတများ တိုးပွါးလာစေဖို့ ကျနော့်ရဲ့ Dr. Ye YouTube Channel ကို Subscribe လုပ်ထားစေချင်ပါတယ်။
1 year ago (edited) | [YT] | 64
Dr. Ye
#အသက်ငယ်ငယ်နဲ့လည်းကင်ဆာဖြစ်နိုင်တယ်။
ပြီးခဲ့တဲ့လက လူနာတစ်ယောက်ဆေးခန်းလာပြတယ်။
အသက် ၂၉ နှစ်၊ အမျိုးသမီးလူနာ။
ဝမ်းချုပ်၊ ဝမ်းသွားရခက်တာ (၁)လ ရှိနေပြီ။
အိမ်မှာ ဝမ်းနှုတ်၊ ဝမ်းချူတယ်၊ အဆင်မပြေဘူး၊ အဲ့လိုနဲ့ ဆေးခန်းလာပြတယ်။
လူနာကို ရောဂါရာဇဝင်မေးမြန်း စမ်းသပ်ကြည့်တော့ ဗိုက်ထဲမှာလည်း အလုံးအကျိတ်မစမ်းမိဘူး။ ဒါပေမယ့် ဝမ်းသွားတဲ့လမ်းကြောင်းမှာ တစ်ခုခုရှိနေလို့ ဝမ်းချုပ်နေတာ ဖြစ်နိုင်တယ်၊ စအိုကိုစမ်းကြည့်ဖို့လိုတယ်ဆိုတော့ လူနာက လက်ခံတယ်။
Digital Rectal Exam (စအိုကိုစမ်းသပ်စစ်ဆေးခြင်း) လုပ်ကြည့်တဲ့အခါ စအိုထဲမှာ အလုံးအကျိတ်လိုမျိုးစမ်းမိတယ်။
စအိုထဲမှာ အလုံးအကျိတ်စမ်းမိတယ်၊ ကင်ဆာဖြစ်နိုင်တယ်၊ ဒါကြောင့်သင့်တော်တဲ့ ကုသမှုခံယူနိုင်ဖို့ ခွဲစိတ်ဆရာဝန်နဲ့ပြသဖို့လိုတယ်လို့ လူနာကိုရှင်းပြပြီး ခွဲစိတ်ဆရာဝန်ဆီ လွှဲပေးလိုက်တယ်။
ခွဲစိတ်ဆရာဝန်က စမ်းသပ်ပြီးတော့ ultrasound ရိုက်ကြည့်တဲ့အခါ အစာဟောင်းအိမ်ကင်ဆာ ဖြစ်နိုင်တယ်ဆိုပြီး အဖြေထွက်လာတယ်။
ဒါကြောင့်ခွဲစိတ်ဆရာဝန်က လူနာကို ခွဲစိတ်ပြီး အသားစစစ်ဆေးအဖြေရှာ၊ ဆက်လက်ကုသဖို့တွေရှင်းပြပြီး ဆေးရုံတက်ခိုင်းလိုက်တယ်။
ဒါပေမယ့် လူနာက ဆေးရုံမတက်ဘဲ ဘိန်းတောနဲ့ပဲကုတော့မယ်ဆိုပြီး ရွာပြန်သွားတယ်လို့ ပြန်ကြားရတယ်။
အသက်ငယ်ငယ် ၂၉ နှစ်ပဲရှိသေးတယ်။ ဘဝမှာ ရှေ့ဆက်ဖို့တွေအများကြီးရှိသေးတယ်။ သေချာကုသမှုခံယူမယ်ဆိုရင် အသက်ရှည်ရှည်နေရဦးမယ့် အခြေအနေပါ။ ဒါပေမယ့် ရွာပြန်ပြီး ဘိန်းတောနဲ့ကုနေတော့ ဘာတွေဆက်ဖြစ်လာမလဲ မသိတော့ပါ။ လူကြုံရှိတိုင်းတော့ ဆေးခန်းပြန်လာဖို့ ခွဲစိတ်ဆရာဝန်နဲ့ပြန်ပြပြီး သေချာကုသမှုခံယူဖို့ သတင်းပါးနေဆဲပါပဲ။
အားလုံးပဲကျန်းမာကြပါစေ
ဒေါက်တာရဲ။
အူမကြီးကင်ဆာ၊ အစာဟောင်းအိမ်ကင်ဆာရဲ့ ကြိုတင်လက္ခဏာတွေက ဘာတွေလဲဆိုတာ သိချင်ရင် ဒီ link ကိုနှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။ 👇👇
https://youtu.be/MRuCqlN9qpw?si=LGPhR...
ကျန်းမာရေး ဗဟုသုတများ တိုးပွါးလာစေဖို့ ကျနော့်ရဲ့ Dr. Ye YouTube Channel ကို Subscribe လုပ်ထားစေချင်ပါတယ်။
1 year ago (edited) | [YT] | 64