HTP-Civil Engineering

ရေကြီးမယ်/မကြီးဘူး ကြိုစစ်ဆေးနည်း
.
မိုးလေဝသ သတင်းကို အခုခေတ်မှာက မြို့နယ် အဆင့်အထိ ဂြိုလ်တုကနေ အသေးစိတ် တွက် ထုတ်ပေးနေတာကို အသုံးချတတ်ဘို့ လိုပါတယ်။ ဆုတောင်းတာတွေ ဗေဒင်မေးတာတွေ လုပ်နေမယ့်အစား၊ practical ကျကျ လုပ်သင့်တာကို လုပ်ကြပါ။
.
Google Flood Hub ဆိုတဲ့ research project က မိမိမြို့က ရေကြီးမယ်/မကြီးဘူး၊ အဝေးက မြို့တစ်ခု အခု ရေကြီးနေသလား/မကြီးဘူးလား ဆိုတာကို LIVE update နဲ့ ၃ ရက်လောက် ကြိုသိနိုင်တဲ့ စနစ်အကြောင်းကို တင်ပြလိုက်ပါတယ်။ #zshtut
.
သတိ။
၁) ချွင်းချက်။ မြန်မာနိုင်ငံ အတွင်းမှာတော့ မြို့နယ်တိုင်းတော့ စစ်လို့ မရသေးပါဘူး။ စစ်ဆေး ကြည့်လို့ရတဲ့ နေရာတွေက ပုံထဲမှာ မြင်ရတဲ့ ဆဋ္ဌဂံဧရိယာတွေ အတွင်းမှာ ပါ/မပါတော့ သေခြာအောင် အရင် စစ်ဆေးပါ။
၂) ၃ ရက်လောက် အထိပဲ ကြိုမှန်းနိုင်တာ ဖြစ်တဲ့အတွက် သံသယ ရှိတဲ့ ဒေသတွေမှာ အနည်းဆုံး ၁၂ နာရီ တစ်ခါလောက်တော့ ထပ်စစ်ကြည့်သင့်ပါတယ်။
.
စစ်ဆေးနည်း
.
၁) အောက်က လင့်ကို နှိပ်ပါ
sites.research.google/floods/l/18.310320002788735/…

၂) မိမိ အခု ရောက်ရှိနေတဲ့ နေရာကို ရေကြီးနိုင်/မကြီးနိုင် စစ်ဆေးမယ် ဆိုရင် "အနီရောင် မျှား" ပြထားတဲ့ my location ခလုတ်ကို နှိပ်ကြည့်ပါ။

၃) အခြား မြို့တစ်မြို့ကို စစ်ဆေး ကြည့်ချင်တယ် ဆိုရင် "အပြာရောင် မျှား" ပြထားတဲ့ မှန်ဘီလူးကို နှိပ်ပြီး၊ သိလိုတဲ့ မြို့/ရွာ နာမည်ကို ရိုက်ထည့်ပြီး ရှာကြည့်လို့ ရပါတယ်။ (စစ်လို့ ရတဲ့ ဧရိယာတွေထဲပါမှသာ လာပြမှာ ဖြစ်ပါတယ်)
.
၄) မြေပုံကို တန်းပြီး အကြီးချဲ့ကြည့်လို့လည်း ရပါတယ်။ ရွှေ့ကြည့်လို့လည်း ရပါတယ်။ ပုံထဲက ညာဘက်ခြမ်းမှာ ပြထားသလို လွန်ခဲ့တဲ့ ၂ ရက်က အခြေအနေ၊ ယနေ့ အခြေအနေ၊ နောက်တစ်ရက် အခြေအနေ တို့ကို ပြသထားတာ တွေ့ရပါမယ်။
.
၅) အဓိပ္ပါယ် ပြန်နည်းက အနီရင့်ရောင်ဆို အန္တရာယ် အများဆုံးပါ၊ အဝါရောင် မျှားချွန်လေးဆိုရင် သတိထားကြဘို့ပါ။ အစိမ်းရောင် ဆိုရင်တော့ အန္တရာယ် မရှိပါလို့ Legend ထဲမှာ ရှင်းပြထားပါတယ်။
_______________________________
.
ကယ်ဆယ်ရေး/ကူညီရေး ပရဟိတ အဖွဲ့များအတွက်-
.
UNOSAT S-1 ဆိုတဲ့ ကမ္ဘာ့ ကုလသမဂ္ဂရဲ့ မိုးလေဝသ ဂြိုလ်တုကိုလည်း အားကိုးလို့ ရပါတယ်။ ဒါကတော့ ရေကြီးပြီးသွားမှ ဘယ်ဒေသတွေ ထိတယ် ဆိုတာ ကြည့်တာပါ။ ကယ်ဆယ်ရေး ပရဟိတ သမားတွေအတွက် ပိုအသုံးဝင်မယ် ထင်တယ် ခင်ဗျ။ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း ရေဘေး ထိတဲ့ ဒေသတွေကို ရက်အလိုက် ရွေးကြည့်လို့ ရပါတယ်။ မြေပုံရဲ့ အပေါ်ထိပ်ဆုံးမှာ ရက်စွဲကို ပြောင်း ပြီး စစ်ကြည့်ကြပါဗျာ။ unosat-rm.cern.ch/FloodAI/apps/MMR/

1 year ago | [YT] | 31