FFG(Forever Force Give)

ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရဲ့ ပိတောက်ပွင့်ဆဲ လသာဆဲဝယ် ဝတ္ထုရှည် ဇာတ်သိမ်းခဲ့ပါပြီ။

အစောပိုင်းမှာ မမဝေ အိမ်ထောင်ကျသွားပြီဆိုကတည်းက မြန်မာဇာတ်လမ်းတို့ရဲ့ထုံးစံ ရှိပြီးသားအိမ်ထောင်ကို စွန့်ပစ်ပြီး အရင်လူနဲ့ပြန်ပေါင်းမှာမဟုတ်တာကိုတော့ ခံစားသိရှိ လက်ခံပြီးသားပါ။
(မြန်မာဇာတ်လမ်းလို့ဆိုရာမှာ မြန်မာတို့ရဲ့ လက်ခံတဲ့ ထုံးစံနဲ့ စံနှုန်းတွေလို့ပဲဆိုရမလားနော်၊ အဲ့တော့လက်တွေ့ဘဝမှာလဲ ဒီလိုပဲရှိမယ်လို့ထင်ပါတယ်။)
ကြိုတင်မျှော်လင့်ထားသော်လည်း ဇာတ်သိမ်းဖတ်ပြီး ရင်နာရ၊ ဆွေးရသေး။

ထိခိုက်ခံစားကြရတဲ့ မောင်လေးလှိုင် ၊ မမဝေ ၊ ကိုသန်းဟန် တို့မှာ အကုန်လုံးက သူ့အတိုင်းအတာနဲ့သူ ထိခိုက်နာကျင်ရပြီး ၊ သူတို့ဘက်ကကြည့်ရင် မမှားတဲ့သူတွေချည်းပဲ။

ကိုသန်းဟန်ဆိုရင်လဲ သူ,အဖြစ်မှန်ကို မသိခဲ့ဘူး ၊ အခုအခြေအနေမှာကျ သူဘယ်လိုဆက်လုပ်မလဲ၊ အခုလို လုပ်ယုံအပြင်မရှိဘူးပဲ ၊ ကိုယ်တိုင်ကလဲ စကတည်းက တစ်ဖတ်သက်ချစ်ခဲ့ရသလို ၊ မမဝေ ဝေဒနာသည်ဘဝမှာ တူနှစ်ကိုယ်လဲ ချစ်ခဲ့ကြတယ်၊ (၄, ၅) နှစ်တောင် အတူဖြတ်သန်းပြီးတော့ သူပြောသလိုပဲ မိသားစု၊ စီးပွားရေး၊ လူမှုရေးတွေက ရောယှက်နေခဲ့ပြီ။ မမဝေက သူ့ကို စိတ်နာမှာပဲ၊ အခုအချိန်မှာ သူက အရှုံးနဲ့လူဖြစ်ရပြန်တယ်။ ချစ်ရသူရဲ့ နာကျည်းမှု နဲ့ အမုန်းကို လက်ခံပြီး တစ်ဘဝလုံးနေရပြန်ဦးမယ်။



မောင်လေးလှိုင်ကလဲ ဒဏ်ရာတွေနဲ့ပဲ။ မမျှော်လင့်ပဲ ဘဝရဲ့ ငွေလမင်းကိုပိုင်ခဲ့တယ်။ ချစ်မြတ်နိုးတာ တစ်ခုတည်းမဟုတ်ပဲ ၊ ဘဝကို လမ်းပြခဲ့သူအဖြစ် မမဝေကိုချစ်ခဲ့တယ်။
မမဝေ-ဝေဒနာကြောင့် မမဝေအကျိုးကို ရှေးရှူ့ပြီး စွန့်လွတ်ခဲ့တယ်။
သတိပြန်မရခင်မှာ ပြန်ဆုံရတော့ ခံစားရတယ်။ ကိုယ်ချစ်သူက ကိုယ်တို့ချစ်ခဲ့တဲ့အကြောင်းကို မမှတ်မိဘူး၊ သူစိမ်းတစ်ယောက်အဖြစ်ပြန်ဆုံရတာ ဘယ်လောက်ရင်နာရမလဲ။
ဟော မမဝေသတိအမှတ်ပြန်ရလာတော့ မျှော်လင့်မိပြန်တယ်၊(မမဝေကလဲ သူ့ဘက်မှာရှိတာကိုး)။
ဘယ်ဘဝရောက်ရောက် ပိတောက်ပန်းဟာပွင့်ဆဲပါလို့ ဆိုပေမယ့် မမဝေနဲ့တူတဲ့ သမီးလေးကိုမြင်ရတာ့ နောက်ဆုတ်ယုံအပြင်မရှိပါလား။
မောင်လေးလှိုင်ဘဝကလဲ အသဲ(၂)ခါကွဲပြီး နာကျင်စရာဘဝပေမယ့် အစကတည်းက တရားအလုပ်လုပ်ခဲ့သူမို့ စိတ်ကိုထိန်းချုပ်နိုင်သလို၊ အတိုင်းအတာတခုအထိ အပူကိုထိန်းနိုင်ပါလိမ့်မယ်။ သူတစ်ယောက်မှာသာ ဖြေသာစရာလမ်းစရှိတယ်လို့ထင်တယ်။



အသနားဆုံးကတော့ မမဝေကိုပါ။
ရွှေပေါ်မြတင် သူဌေးသမီးဘဝကနေ မောင်လေးလှိုင်ကိုအချစ်ကြီးချစ်ခဲ့ ၊ ပါရမီကူဖြည့်ခဲ့တဲ့မမဝေ။ အားလုံးပြန်သတိရချိန်မှာ ဘယ်လောက်ခံစားရမလဲ၊ ဝေဒနာသည် သူမကို လူကြီးတွေက ချော်လဲရောထိုင်လုပ်ပြီး ပုံစံခွက်ထဲချခဲ့တာ။ အသည်းနင့်အောင်ချစ်ရသူကို ပြန်သတိရ၊ သူကလဲ ပြန်လက်ကမ်းပေမယ့် သားသမီးဆိုတဲ့ကြိုးက တင်းလှတယ်။ ကိုသန်းဟန်ကို နားကျည်းရင်း၊ မောင်လေးလှိုင်ကိုသနားရင်း ၊ လွမ်းရင်း ၊ ချစ်ရင်း ၊ ဘဝကြီးကနာလိုက်တာ။
ကိုယ်က မိန်းကလေးမို့လားတော့မသိဘူး မမဝေက ဘဝအနာဆုံးပဲလို့ထင်တယ်။



တရားသဘောနဲ့ စာရေးခြင်းသဘောတွေကိုလဲ ဆရာကြီးက ဒီဝတ္ထုထဲမှာ ထဲထဲဝင်ဝင်ရေးပြထားသေးတယ်။ ဒီဘက်ခေတ်မှာ ပြန်ဖတ်သော်လည်း ခံစားလို့ရနေဆဲ၊ စ-လယ်-ဆုံး ချစ်ရ ၊ လွမ်းရ၊ ပျော်ရ ၊ ရင်နာရနဲ့ လှပတဲ့ ဝတ္ထုရှည်တစ်ပုဒ်မို့ နားမထောင်ရသေးရင် နားထောင်ကြည့်ပါလို့

5 months ago (edited) | [YT] | 63