Yarzawin - Min Ye' Myanmar

Chord Composition အကြောင်း

E ရယ် F ရယ်၊
B ရယ် C ရယ်ဟာ သီးသန့် အသေးစိတ်လေ့လာသင့်တဲ့ chord တွေပါ။
ဘာကြောင့်လဲ?
ကျွန်တော်တို့ အသံ 7 သံချရေးကြည့်ရအောင်။
C _ D _ EF _ G _ A _ BC
ဒို _ရေ _ မီဖာ_ဆို_လာ_ တီဒို
1 _ 2 _ 34 _ 5 _ 6 _ 71
ဒီအသံ တွေကို လူတွေဟာ သဘာဝတရားထဲကနေ ရှာတွေ့ခဲ့ကြတယ်။(ဖန်တီးခဲ့တာမဟုတ်ပါ)
ဒီလိုရှာ‌တွေ့တဲ့နေရာမှာ ဒို နဲ့ ရေ၊ရေ နဲ့ မီ၊ဖာ နဲ့ ဆို၊ဆို နဲ့ လာ၊လာ နဲ့ တီ၊ကြားမှာ ပြည့်ဝအသံ တစ်သံစီထပ်ရှိနေပြီး မီ နဲ့ ဖာ၊တီ နဲ့ ဒို ကြားမှာ တော့ အသံတစ်သံ ထပ်ရှိမနေတာကို သိရှိခဲ့ကြတယ်၊
(ကြည့်ရလွယ်အောင်( _ )တွေခံပေးထားပါတယ်)
Piano မှာကြည့်မယ်ဆို အမဲခလုတ်တွေဟာ အဲ့ဒီ ကြားသံတွေ ဖြစ်ပြီး အဖြူခလုတ် နှစ်ခု ကပ်လျက်ဖြစ်နေနဲ့ နှစ်နေရာဟာ E နဲ့ F ရယ်၊B နဲ့ C ရယ်ပါ။
ပုံ(1)မှာကြည့်ပါ။
များသောအားဖြင့် basic chord composition တွေကိုစတင်သင်ပြရင် ဒီလိုသင်ကြားကြပါတယ်။
Theory လေ့လာတဲ့သူ‌ေတွဆိုသိပြီးသား ဖြစ်မှာမို့ အကျယ်မရှင်းတော့ပါဘူး၊
ပုံ(2)မှာကြည့်ပါ၊
C key ထဲမှာတီးမယ်ဆိုရင် Chord တွေအနေနဲ့ ဒါတွေကိုတွဲစပ်အသုံးပြုမယ်ဆို သီအိုရီအရပြေပျစ်တယ်လို့ ဆိုပါတယ်။
Theory 1
( C D E F G A B)
Maj min min Maj Maj min dim
ကျွန်တော်အဓိကပြောချင်တာကတော့ ဒီမှာလာပါပြီ။
အဲ့ဒီလို တွဲစပ်တဲ့ အခါ E ၊F ရယ် B၊C ရယ်ကြားထဲမှာ အသံတစ်သံ ထပ်မရှိတော့တဲ့အတွက်
E နဲ့ F ဟာ C key ထဲမှာ major ရော minor ရော ပြေပြစ်‌ေနတယ် ဆိုတဲ့အကြောင်း
B နဲ့ C မှာ C ဟာလည်း C key ထဲမှာ Major ရော minor ရော ပြေပြစ်‌‌နေတယ်ဆိုတဲ့အကြောင်း တွေပါ။
(B dim အကြောင်းက diminished chord တွေအကြောင်း သီးသန့်ထပ်ရေး‌ပေးပါမယ်)
C key ထဲမှာ E major ရယ် F minor ရယ် သုံးထားတဲ့ သီချင်းတွေကို တွေ့ရလေ့ရှိပေမယ့်
C key ထဲမှာ B dim ရယ် C minor ရယ်ကို သုံးထားတဲ့သီချင်းတွေကတော့ တကမ္ဘာလုံး အတိုင်းအတာနဲ့ဆိုရင် အင်မတန်နည်းပါတယ်။
(ဒါက key modulation ကိုမဆိုလိုသေးပါဘူး)
နောက်တစ်ခု ထူးခြားတာက E၊F ရယ် B၊C ရယ် အဲ့ဒီလေးသံ ကို Third note နေရာမှာ ပါနေတဲ့ chord တွေဖြစ်တဲ့(ပုံ2)D ရယ် G ရယ်ကပါ major ရော minor ရော C key ထဲမှာ ပြေပြစ်နေတယ်ဆိုတာပါ။
Theory 2
အချုပ်ဆိုရရင် C key ထဲမှာ
C maj/min
D maj/min
E maj/min
F maj/min
G maj/min
A maj/min
B dim
စတဲ့ chord တွေအားလုံး တွဲစပ် အသုံးပြုလို့ ပြေပျစ်ပါကြောင်း...
နောက်တစ်ဆင့်အနေနဲ့ major နေရာမှာ major 7
minor နေရာမှာ minor 7 ဖြည့်စွက်အသုံးပြုခြင်းဖြင့် possiblity note တွေ ထပ်ထွက်လာပြီး တခြား key. အုပ်စုတွေထဲကို အထက်က theory 2 နှင့်တွဲစပ်ကာ အလွယ်တကူ modulate လုပ်နိုင်ခြင်းဖြင့် ကျယ်ပြန့်လှသော ဂီတသံစဥ်အသစ်အသစ်များအား ဖန်တီးနိုင်ကြပါ‌စေ၊
စေတနာဖြင့်...

Share လို့ရပါတယ်၊ပြန်ပြီးcopy ကူးမတင်ကြဖို့ မေတ္တာရပ်ခံပါတယ်။

#yarzawin #MinYeMyanmar #tutorial #chordProgression

7 months ago | [YT] | 22



@yarzawin-

2023 ခုနှစ်က FB page မှာ ရေးသားခဲ့ပြီးဖြစ်ပါသည်💙

7 months ago | 1