DEMON

🍀▪️ငါသေသွားလို့ရှိရင်...▪️🍀
ငါပိုင်တာဘာရှိလဲ?
ငါယူသွားလို့ရတာဘာရှိလဲ?
ငါ့နောက်ကပါလာမှာဘာရှိလဲ?
~~~~~~~~~~~~~~~~~

လက်ရှိဘဝမှာသတ္တဝါတစ်ဦး၊
လူသားတစ်ဦးဟာ
ကောင်းတာလုပ်တယ်၊
မကောင်းတာလုပ်တယ်၊
ကိုယ်လုပ်တဲ့လုပ်ရပ်တွေပဲ
ကိုယ်စဉ်းစားကြည့်...။

ကုသိုလ်လုပ်မယ် အကုသိုလ်လုပ်မယ်၊
ကိုယ့်ရင်ထဲမှာဖြစ်သွားပြီ၊
စိတ်ကောင်းနှလုံးကောင်းထားရင်
စိတ်ကောင်းနှလုံးကောင်းက
ကိုယ့်ရင်ထဲမှာဖြစ်တယ်၊
ညစ်ပတ်တဲ့စိတ်ဓာတ်မွေးရင်
ညစ်ပတ်တဲ့စိတ်ဓာတ်က
ကိုယ့်ရင်ထဲမှာရှိတယ်...။

ကိုယ့်ရင်ထဲမှာဖြစ်ခဲ့တဲ့အလုပ်တွေ
ဒီဘဝမှာလူတွေဟာမသေခင်
နေ့စဉ်နဲ့အမျှလုပ်တယ်၊
စိတ်နဲ့ကြံတွေးတယ်၊နှုတ်နဲ့ပြောဆိုတယ်၊
ကိုယ်ထိလက်ရောက်လုပ်တယ်၊
အဲဒီကိုယ့်ရဲ့လုပ်ရပ် ကံသည်သာလျှင် -
'တံ ဟိ တဿ သကံ ဟောတိ'
အဲဒါသူပိုင်တဲ့အရာ၊အဲဒါပဲရှိတယ်...။

ဒီနေရာမှာ သူ
အိမ်ပိုင်တယ်လို့လည်းမပြောဘူး၊
ကားပိုင်တယ်လို့လည်းမပြောဘူး၊
စိန်ရွှေငွေရတနာတွေ
သူပိုင်တယ်လို့လည်းမပြောဘူး...။

ပိုင်ဆိုင်မှုဆိုတာမျက်စိနှစ်လုံးမမှိတ်ခင်၊
မသေခင်လေးအတွင်းမှာသာ
ပိုင်ဆိုင်မှုတွေဆိုတာအကုန်ရှိတာ၊
သေလိုက်တာနဲ့တစ်ပြိုင်နက်
အကုန်လုံးဘာမှမပိုင်တော့ဘူး...။

အဲဒီအချိန်မှာ သူပိုင်တာ
သူလုပ်ခဲ့တဲ့လုပ်ရပ်ပဲ သူပိုင်တယ်၊
ကောင်းတာလုပ်ရင် ကောင်းတယ်၊
မကောင်းတာလုပ်ရင်မကောင်းဘူး၊
အကောင်းအဆိုးနှစ်မျိုးပဲပိုင်တယ်၊
အဲဒါပဲ ဟိုဘဝယူသွားလို့ရမယ်...။

နောက်ဆုံးမှာ အဝတ်ကောင်းရင်တောင်
ချွတ်ယူလိုက်သေးတယ်၊
လက်စွပ်ဆို ဘယ်သူမှဝတ်မပေးလိုက်ဘူး၊
ချွတ်လိုက်မှာသေချာတယ်၊
စိန်နားကပ်ကြီးကိုလည်း
ဖြုတ်လိုက်မှာပဲလေ၊
မသာနဲ့နားကပ်ကြီးနဲ့မကောင်းဘူး
ဆိုပြီး ဖြုတ်ယူလိုက်တယ်၊
အဲဒီတော့ သူပိုင်ဆိုင်မှုတွေ
အကုန်လုံး ယူလိုက်ကြတယ်...။

သူယူသွားလို့ရတာ ဘာရှိတုန်း၊
လူမြင်လို့ရတာ တစ်ခုမှကိုမရှိဘူး၊
ဘာရှိတုန်းလို့ ဆိုလို့ရှိရင်
"သူလုပ်ခဲ့တဲ့ ကုသိုလ်ကံ၊အကုသိုလ်ကံ။"

ဒါဖြင့် သူ့နောက်နောက်လိုက်သွားတာ
ချစ်လှပါတယ်ဆိုတဲ့ မိဘဆွေမျိုး
သားသမီးတွေဘယ်သူမှမလိုက်ဘူး၊
သုသာန်လောက်လိုက်ပို့ပြီး
ပြန်လှည့်လာမှာပဲ၊
လိုက်ပို့တာသာလုပ်မှာ၊လိုက်မှာမဟုတ်ဘူး၊
ခေါ်လို့ ဘယ်သူမှမလိုက်ဘူး...။

"သူနဲ့ကပ်ပြီးပါနေမှာကတော့
သူလုပ်ခဲ့တဲ့ကုသိုလ်ကံ၊အကုသိုလ်ကံပဲ"
ကုသိုလ်လုပ်ရင်အဲဒီကုသိုလ်တွေက
က်ိုယ်နဲ့ ပါသွားမှာပဲ၊
မကောင်းတဲ့အကုသိုလ်တွေလုပ်ရင်
မကောင်းတဲ့အကုသိုလ်တွေက
ကိုယ်နဲ့အတူပါလာမှာပဲ၊ဒီလိုဆိုလိုတယ်...။

ဆိုပါစို့၊ဒီဘဝမှာ မူးယစ်ဆေးဝါးတွေသုံးတယ်၊
အရက်သေစာကြိုက်တယ်၊
အဲဒီမကောင်းမှုအကုသိုလ်လုပ်ရပ်သည်
သေတဲ့အခါသူနဲ့အတူပါသွားတယ်၊
ဒါက်ိုသူယူသွားရတယ်၊ယူသွားပြီးတော့
အပါယ်ငရဲရောက်သွားတယ်...။

အပါယ်ငရဲကလွတ်ပြီး၊
လူ့ပြည်ရောက်လာတဲ့အခါ
သူဘာဖြစ်တုန်း၊အရူးအနှမ်းဖြစ်တယ်၊
သာမန်အကျိုးပေးနဲ့ပြောမယ်ဆိုရင်
အရူးအနှမ်း ကျပ်မပြည့်တဲ့လူ
လာဖြစ်တာ၊အဲဒါဟာ result ပဲ၊
ဆိုးတဲ့ result တွေကိုရရှိလာတယ်၊
ဒီလိုဆိုတယ်...။

ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

Credit-

2 weeks ago | [YT] | 917