ဒီသီချင်းကို DJ နဲ့တီးလို့ဆိုလို့ဗုဒ္ဓဘာသာကဘာမှဖြစ်မသွားပါဘူး၊ဒါပေမဲ့အခြေအနေ၊အချိန်အခါ၊နေရာ၊ဒေသကိုတော့ကြည့်ရမှာပေါ့ဗျာ...နဲသေးတယ်။
4 weeks ago | 2
အဲ့တော့ ဝင်းနိမ္မိတာရုံဆရာတော်ကိုသတ်တာအတွက်ကရော သီချင်းတစ်ပုဒ်လောက်စောက်ရေးမပါဘူးလား
4 weeks ago | 7
ကိုးကွယ်ရာဘာသာကိုစော်ကားတာလေ မင်းကရောမနာဘူးလား အားအားရှိစစ်တပ်စစ်လော်ဘီချည်းရေးနေတယ် မင်းအမေလဲမင်းပြန်မေးအုန်း
4 weeks ago | 3
နေရာနဲ့အချိန် လွဲပြီး ပါဝင်သရုပ်ဆောင်တွေ ကကို့ယို့ကားယားဆိုတော့ အဖမ်းခံရမှာပေါ့။
3 weeks ago | 1
ကျိမ်စာမတိုက်၊သည်းခံ ခွင့်လွှတ်တဲ့ဗုဒ္ဓဘာသာကိုတော့မိရိုးဖလာကရော အခြားဘာသာကိုးကွယ်သူတွေကပါစော်ကားဖိနှပ်ကြတာကို မနာတတ်ဘဲတာဝန်အရအလုပ်လုပ်တဲ့အဖွဲ့အစည်းကို အမနာပပြောတဲ့မျိုးမကောင်းအုပ်စု
4 weeks ago | 1
သတိထားကြပါ ယုံကြည်မှုကိုအကြောင်းပြပြီး တဦးနဲတဦးတဖွဲ့နဲ့တဖွဲ့မစော်ကားကြပါနဲ့ ကျူလွန်သူကိုသာဥပဒေနဲ့အညီအရေးယူပါ
4 weeks ago | 2
လုပ်ဇတ်လုပ်ဇတ် ဘာသာတရားကိုသူတို့ဘဲစောင့်ရှောက်နေနဲ့စောက်ချိုမျိုး မြန်မာပြည်သူတွေကိုဂျင်းလာမထည်နဲ့ လုပ်ဇတ်ကြိးကရိုးလွန်းတယ်
4 weeks ago | 5
ဆိုတဲ့သူအဓိက,ဒီသီချင်းကိုဆိုချင်လို့DJပွတ်လို့ရေအာင်ကြိုပြင်ဆင်ေလ့ကျင့်ပြီးမှဆိုလို့ရတာေလ,စင်ပေါ်အခုတက်အခုဆိုလို့မှမရတာ,သူမစဉ်းစားဘူးလားဒီလိုေတွလုပ်ရင်ဒီလိုတွေဖြစ်လာမယ်ဆိုတာ
4 weeks ago | 2
အကုန်ထောင်ချကွာငါတို့ဘယ်ဘာသာကိုမစော်ကားဘူးငါတို့ဘာူာစောက်ကားတာလက်မခံဘူးပျော့ညံ့ပျော့ညံ့လုပ်မနေနဲ့ထိရောက်စွာအရေးယူထောင်ချပါ
4 weeks ago | 0
( ပုဒ်မ၂၉၅ - က ) - လူတစ်စား ကိုးကွယ်သည့် ဘာသာ သာသနာကို ဖြစ်စေ ဘာသာရေး ယုံကြည်မှုကို ဖြစ်စေ စော်ကားခြင်းဖြင့် ထို လူတစ်စား၏ ကိုးကွယ်ရာ ဘာသာရေးစိတ်ဓါတ်ကို နာကျဉ်းစေရန် ကြံရွယ်၍ မသမာစိတ်ဖြင့် တမင်ကျူးလွန်သော ပြုလုပ်မှုများ ။ ကျင့်ထုံး -------- - ဝရမ်းမပါဘဲ ဖမ်းဆီးခွင့် မရှိ။ - အာမခံ မပေးနိုင်။ - ကျေအေးခွင့် မရှိ။ - ၂ နှစ်အထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ ငွေဒဏ် ဖြစ်စေ ဒဏ် ၂ ရပ်လုံးဖြစ်စေ ။
4 weeks ago | 0
သူတို့က နာမလည်ဘူးလားမသိဘူး အမျိုးဘာသာ သာသနာဆိုတာ သူတို့စော်ကားမော်ကားလုပ်ဖို့ သူများတွေ လုပ်မရဘူးဆိုတာ
4 weeks ago | 1
Mandalay Free Press - MFP
ဗုဒ္ဓံသရဏံဂစ္ဆာမိ သီချင်းကို DJ တီးတဲ့ကိစ္စ မန္တလေးက COVER ကလပ်ကို စစ်အုပ်စု စီးနင်းချိပ်ပိတ်၊
ဆိုင်ဝန်ထမ်း ရှစ်ဦးကိုလည်း ဖမ်းဆီးထား၊
တေဇ/MFP၊ စက်တင်ဘာ - ၁၂
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်ရှိ COVER ကလပ်မှာ DJ Violet ဆိုသူ အမျိုးသမီးတစ်ဦးက ဗုဒ္ဓံသရဏံဂစ္ဆာမိသီချင်းကို DJ တီးခတ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး အာဏာသိမ်း စစ်အုပ်စု လက်နက်ကိုင်တွေက ကလပ်ကို စီးနင်းကာ ဝန်ထမ်း ရှစ်ဦးကို ဖမ်းဆီးပြီး ဆိုင်ကို ချိပ်ပိတ်လိုက်တယ်လို့ သတင်းရရှိပါတယ်။
မန္တလေးမြို့၊ ၅၃လမ်းနဲ့ ၃၆လမ်းထောင့်ရှိ COVER ကလပ်မှာ ပြီးခဲ့တဲ့ ဇူလိုင် ၃၁ရက် ညပိုင်းက ဗုဒ္ဓံသရဏံဂစ္ဆာမိသီချင်းကို DJ Violet က DJ နဲ့ Remix ပြုလုပ်တီးခတ်ခဲ့မှုနဲ့ ပတ်သက်ပြီး စစ်လော်ဘီတွေက အကြီးအကျယ် ဝေဖန်ခဲ့ပြီးနောက် ယမန်နေ့ စက်တင်ဘာ ၁၁ရက် ညပိုင်းမှာ စစ်အုပ်စု လက်နက်ကိုင်တွေက ကလပ်ကို စီးနင်းချိတ်ပိတ်လိုက်တာလို့ မန္တလေးမြို့ခံ စစ်အုပ်စုနဲ့ ဆက်နွှယ်သူတွေက ဆိုပါတယ်။
“မဟာအောင်မြေမြို့နယ် ရဲမွန်တောင်ရပ်ကွက်၊ ၅၃လမ်းနဲ့ ၃၆လမ်းထောင့်ရှိ COVER ကလပ် ဆိုင်အား ဇူလိုင် ၃၁ရက် (ညပိုင်း) ၀၁:၀၀ မှ ၀၂:၀၀ အချိန်ထိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ဘုရားစာအား DJ တီးခတ်သဖြင့် (စက်တင်ဘာ ၁၁ရက် ည၁၁နာရီခွဲအချိန်) ဝင်ရောက်စစ်ဆေးရာ ဝန်ထမ်း ရှစ်ဦး တွေ့ရှိပြီး စစ်ဆေးရန် ထိမ်းသိမ်းကာ COVER ကလပ် ဆိုင်အား ချိပ်ပိတ်ထားရှိပါကြောင်း” လို့ စစ်လော်ဘီတွေက သတင်းဖြန့်ပါတယ်။
စတူဒီယိုခေတ်ဦး အဆိုတော် မဂျစ်က သီဆိုထားပြီး အဆိုတော် စိုးပိုင်နဲ့ ပိုးအိစံတို့ ပြန်လည်သီဆိုထားတဲ့ ဗုဒ္ဓံသရဏံဂစ္ဆာမိ သီချင်းကို DJ Violet က DJ နဲ့ Remix ပြုလုပ်တီးခတ်ခဲ့တဲ့ ရုပ်သံဖိုင်တွေ လူမူကွန်ယက်မှု ပြန့်လာပြီးနောက် သာသနာညှိုးနွမ်းမှုနဲ့ အရေးယူပေးဖို့ စစ်လော်ဘီတွေက တောင်းဆိုခဲ့ပြီးနေက် စစ်အုပ်စုက အခုလို ကလပ်ကို စီးနင်းချိတ်ပိတ်တာ ဖြစ်ပါတယ်။
အဲ့ဒီ COVER ဟာ ဝင်ကြေးနဲ့ စာပွဲဝိုင်း တစ်ဝိုင်းစာအတွက် ကျပ်သိန်း ဆယ်ချီ စျေးပေါက်ပြီး သာမန်ပြည်သူတွေ မသွားနိုင်ဘဲ ပျူစောထီးတွေနဲ့ စစ်အုပ်စုနဲ့ ဆက်နွှယ်ဆက်စပ်ကာ ဝင်ငွေဖြောင့်နေသူတွေ အဓိက သွားရောက် ပျော်ပါးတဲ့ ကလပ်ဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။
စစ်အုပ်စုက စီးနင်းချိပ်ပိတ်လိုက်တဲ့ COVER ကလပ်/Photo - COVER ကလပ်
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#စစ်ကိုင်း #မန္တလေး #မကွေး #အညာမြေသတင်း
4 weeks ago | [YT] | 162