Dhamma Garden( K⁷ )
ဓမ္မအမေးအဖြေများ အပိုင်း(၂)၂။ မေးမြန်းသူ- မောင်ဟန်စစ် (ဒသမတန်း)မေးခွန်း - ဆရာတွေကို ပြစ်မှားမိလို့ စာမေးပွဲခန်းမှာ စာမေ့တတ်တာ ဟုတ်ပါသလားဘုရား။အဖြေ - ပြစ်မှားလို့ စာမေ့တယ်ဆိုတာ ဒါဟာ တိုက်ရိုက် သက်ဆိုင်မှုတော့ မရှိဘူး။ ပြစ်မှားတာတော့ မကောင်းဘူး။ ပြစ်မှားခြင်းကြောင့် စာမေ့တယ်လို့ တိုက်ရိုက်သက်ဆိုင်မှု မဖြစ်နိုင်ဘူး။ ကံကြီး ထိုက်တယ်ဆိုတာ ရှိပါသလားဆိုတော့ ကံကြီးလို့ ပြောတာကတော့ - အနန္တရိယကံ (၅)မျိုး။ (၁) အမေသတ်တယ်၊ (၂) အဖေသတ်တယ်၊ (၃) ရဟန္တာကိုသတ်တယ်၊ (၄) မြတ်စွာဘုရားကို သွေးစိမ်းတည်အောင် လုပ်တယ်၊ (၅) သံဃာသင်းကွဲအောင် လုပ်တယ်-ဆိုတာ အဲ့ဒီငါးမျိုး ကိုတော့ ကံကြီးထိုက်တယ်လို့ ခေါ်တယ်။သို့သော် ကံကြီးထိုက်တဲ့နီးနီး အပြစ်ကြီးတာမျိုးတွေလည်း ဖြစ်တတ်တယ်။ ပြစ်မှားတယ်ဆိုတာ မကောင်းတဲ့အလုပ် ဖြစ်သည့်အတွက်ကြောင့် ပြစ်မှားမိရင် ဆရာတွေကို ပြန်လည်ကန်တော့ပြီး တောင်းပန်ရမှာ ဖြစ်တယ်။ ပြစ်မှားမိလို့ စာမေ့တယ်ဆိုတာတော့ မဟုတ်ဘူး။#ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ
1 month ago | [YT] | 15
Dhamma Garden( K⁷ )
ဓမ္မအမေးအဖြေများ အပိုင်း(၂)
၂။ မေးမြန်းသူ- မောင်ဟန်စစ် (ဒသမတန်း)
မေးခွန်း - ဆရာတွေကို ပြစ်မှားမိလို့ စာမေးပွဲခန်းမှာ စာမေ့တတ်တာ ဟုတ်ပါသလားဘုရား။
အဖြေ - ပြစ်မှားလို့ စာမေ့တယ်ဆိုတာ ဒါဟာ တိုက်ရိုက် သက်ဆိုင်မှုတော့ မရှိဘူး။ ပြစ်မှားတာတော့ မကောင်းဘူး။ ပြစ်မှားခြင်းကြောင့် စာမေ့တယ်လို့ တိုက်ရိုက်သက်ဆိုင်မှု မဖြစ်နိုင်ဘူး။ ကံကြီး ထိုက်တယ်ဆိုတာ ရှိပါသလားဆိုတော့ ကံကြီးလို့ ပြောတာကတော့ -
အနန္တရိယကံ (၅)မျိုး။
(၁) အမေသတ်တယ်၊
(၂) အဖေသတ်တယ်၊
(၃) ရဟန္တာကိုသတ်တယ်၊
(၄) မြတ်စွာဘုရားကို သွေးစိမ်းတည်အောင် လုပ်တယ်၊ (၅) သံဃာသင်းကွဲအောင် လုပ်တယ်-ဆိုတာ အဲ့ဒီငါးမျိုး ကိုတော့ ကံကြီးထိုက်တယ်လို့ ခေါ်တယ်။
သို့သော် ကံကြီးထိုက်တဲ့နီးနီး အပြစ်ကြီးတာမျိုးတွေလည်း ဖြစ်တတ်တယ်။ ပြစ်မှားတယ်ဆိုတာ မကောင်းတဲ့အလုပ် ဖြစ်သည့်အတွက်ကြောင့် ပြစ်မှားမိရင် ဆရာတွေကို ပြန်လည်ကန်တော့ပြီး တောင်းပန်ရမှာ ဖြစ်တယ်။ ပြစ်မှားမိလို့ စာမေ့တယ်ဆိုတာတော့ မဟုတ်ဘူး။
#ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ
1 month ago | [YT] | 15