Yarzawin - Min Ye' Myanmar

သင့်ကိုယ်သင် သံစဉ်တွေအကုန်လုံးကို ကြားနိုင်တယ်ထင်ပါသလား?
တချို့က ချိုတာကြိုက်တယ်၊တချို့ကျတော့ ချဉ်ချဉ်စပ်စပ်လေး ကြိုက်ကြတယ်၊
ကျွန်တော်တို့ ကျတော့လည်း ဘယ်အရာမဆို လေးလေးပင်ပင်လေးရှိမှကြိုက်တတ်တဲ့သဘောရှိတယ်၊
အဲ့ဒီလိုပေါ့ဗျာ၊လူတွေဆိုတာက တစ်ယောက်နဲ့တစ်ယောက် အကြိုက်ခြင်းမတူနိုင်ကြဘူးလေ။

အကြိုက်ချင်းမတူတာကတော့ ပြဿနာမရှိသေးပါဘူး၊
ဒါပေမယ့် စပ်တဲ့အရာကို စပ်တာမှန်း၊ချိုတဲ့အရာကို ချိုတာမှန်း ၊ချဉ်တဲ့အရာကို ချဉ်တာမှန်း အမှန်အတိုင်း မဆုံးဖြတ်နိုင်‌‌သေးဘူးဆိုရင်တော့ နည်းနည်းပြဿနာရှိလာပါပြီ၊
ဂီတနဲ့ ပါတ်သက်ပြီး‌ပြောစရာရှိတာက‌တော့ တချို့သီချင်းတွေအရမ်းကောင်းတယ်၊နားလည်းစွဲတယ်
ဒါပေမယ့်မပေါက်ဘူး၊
တချို့သီချင်းတွေကျတော့ သာမာန်လောက်နဲ့ လူကြိုက်အရမ်းများလာပြီး ပေါက်လာတယ်။

ဒါဟာဘာကြောင့်လည်း?
ကျွန်တော်ရိုးရိုးလေး ရှင်းပြပါမယ်။
Listener level သုံးခု ရှိပါတယ်။

1)Basic listener ဆိုတာက အခြေခံအကျဆုံး ဒို,ရေ,မီ,ဖာ note 7 ခုကိုတောင် သူတို့နားတွေကအစုံမကြားရပါဘူး၊များသောအားဖြင့်က မီ,ဖာ ကို note မကွဲပဲ တစ်သံပဲကြားကြတာမျိုး၊တီ နဲ့ ဒို ကိုလည်း နားထဲမသဲကွဲကြတာမျိုးတွေပေါ့၊
လွယ်လွယ်ပြောရရင် ကပ်ရပ်ဖြစ်နေတဲ့ note နှစ်လုံးကို သူတို့ကိုဖွင့်ပြရင် အတူတူပဲလို့ ကြားနေရတဲ့ သူတွေပါ။
Major scale သံစဉ်ခုနစ်လုံးကိုကိုတီးပြရင် သူတို့ကြားကြတာ ဒီလိုပါ။
တီးပြတာက ဒို၊ရေ၊မီ၊ဖာ၊ဆို၊လာ၊တီ၊ဒို
ကြားကြတာက ဒို၊ရေ၊မီ၊မီ၊ဆို၊လာ၊ဒို၊ဒို ဆိုတာမျိုးပေါ့၊
မြန်မာပြည်မှာ အများဆုံးက အဲ့ဒီလိုမျိုးbasic listener တွေပါ။(သီချင်းဆိုခိုင်းရင် များသောအားဖြင့် key မဝင်ကြပါဘူး)

2)Normal listener တွေကျတော့ အခြေခံnote 7 လုံးလည်းသေချာကြားရတယ်၊တချို့ကြား#noteလေး‌တွေပါရင်လည်း တချက်တချက်ခံစားမိတယ်ဆိုတာမျိုးပါ။သူတို့တွေကျတော့ သီချင်းနားထောင်ရတဲ့အရသာကို basic listener တွေထက်ပိုသိပြီး ကြိုက်နှစ်သက်ကြတဲ့သီချင်းအမျိုးအစားလည်းပိုများပါတယ်။
သာမာန်သီချင်းတစ်ပုဒ်ကို key ဝင်အောင်‌တော့ ကောင်းကောင်း ဆိုနိုင်ကြပါတယ်၊
ကမ္ဘာပေါ်မှာအများဆုံးက normal listener တွေပါ။

3) Advance listener တွေကျတော့ အခြေခံnote 7 ခုကို ကြားရတဲ့အပြင် ကြား note တွေကိုပါ သဲသဲကွဲကွဲကြားနေရတာမျိုးပါ၊သီချင်းထဲမှာ maj 7 min 7 လိုအသံမျိုးတွေပါရင်သဘောကျတယ်၊
Dominant 7 တွေ diminished တွေ sus 2,sus 4 လိုမျိုးအသံ‌တွေ သီချင်းထဲမှာ အချိုးကျကျပေါင်းစပ်ထားရင် မကြိုက်ပဲမနေနိုင်ကြတဲ့သူမျိုးတွေပါ။
Music range ကျယ်တဲ့သီချင်းတွေကြိုက်ကြတယ်၊
သံစဉ်ထဲမှာပဲဖြစ်ဖြစ်၊စာသားထဲမှာပဲဖြစ်ဖြစ် လေးလေးနက်နက်ခံစားလို့ရတာ တခုခုပါမလာရင် နားထောင်လို့ မရတော့တဲ့ သူမျိုးတွေပေါ့၊
Advance listener တွေကတော့ မြန်မာပြည်တင်မဟုတ်ပါဘူး တစ်မ္ဘာလုံးအတိုင်းအတာနဲ့ကိုအနည်းဆုံးပါပဲ။အကြားအာရုံဟာ qualified ဖြစ်ပြီး အသံတွဲစပ်ထားမှုတွေကို ပြည့်ပြည့်ဝဝ ခံစားနိုင်ကြပါတယ်။

ကျွန်တော်အကြံပေးချင်တာက basic listener တွေအနေနဲ့ သူတို့‌မွေးကတည်းက အခုအချိန်ထိ သူတို့နားတွေက sensitive မဖြစ်လို့မကြားရတဲ့သံစဥ်‌တွေကို ကြားလာရအောင် earing scale ကို လေ့ကျင့်ပေးသင့်ပါတယ်။
YouTube မှာ အလွယ်တကူလေ့ကျင့်လို့ရတဲ့ video တွေအများကြီးရှိပါတယ်။(earing scale training လို့ရိုက်ရှာရင် အများကြီးတွေ့ရပါလိမ့်မယ်)
နီးစပ်ရာသူတွေကလည်း ကြုံရင်ကြုံသလိုဝိုင်းဝန်းပြောပြပေးကြဖို့တိုက်တွန်းပါတယ်။
သူတို့ မကြားရလို့၊မသဲကွဲလို့ တခါမှ မခံစားမိဖူးသေးတဲ့ note တွေရှိတယ်ဆိုတဲ့အကြောင်း၊ဒါတွေကို ကြားလာရအောင် earing scale training တွေ အလွယ်တကူ လေ့ကျင့်လို့ရတယ်ဆိုတဲ့ကြောင်းတွေပါ။
ဘယ်သူမဆို ဂီတကိုကြိုက်ကြတယ်မဟုတ်လား၊ကိုယ့်ရဲ့နားက အဆင့်မြင့်တဲ့ ဂီတတွေကိုအချိန်မ‌ရွေးခံစားဖို့ အသင့်ဖြစ်နေတယ်ဆိုရင်
လောကကြီးရဲ့ ခံစားစရာစည်းစိမ်၊အာရုံငါးပါးထဲက သောတာရုံ ကရမယ့် စည်းစိမ်ချမ်းသာကို ဂီတမှတဆင့်ပြည့်ပြည့်ဝဝကြီးခံစားလို့ရမည်ဖြစ်ပါကြောင်း...

စေတနာဖြင့်

#YarZaWin #MinYeMyanmar #tutorial #knowledge #theory

Share လို့ရပါတယ်၊ပြန်ပြီး copy ကူးမတင်ကြဖို့ မေတ္တာရပ်ခံပါတယ်

1 year ago | [YT] | 36



@FfTt-n8j

အားပေးနေပတယ်ကိုရာဇဝင်

8 months ago | 0  

@yarzawin-

2023 ခုနှစ်က YarZaWin FB page မှာ ရေးသားခဲ့ပြီး‌သော အကြောင်းအရာဖြစ်ပါတယ်💙

1 year ago | 0

@kokolay6896

ကိုရာဇဝင်ကိုစသိတာက မေ့သီချင်းနဲ့ အရမ်းကြိုက်တယ် သီချင်းအားလုံးမလွတ်တမ်းအားပေးနေပါတယ် ကျနော်ရင်ဘတ်ထဲက Rapperဘုရင်ကြီးကတော့ ကိုဗျူဟာ brotherတို့ညီအကိုနှစ်ယောက်လုံးရဲ့သီချင်းအားလုံးကြိုက်တယ် နှားနဲ့နှားထောင်ပြီးနှလုံးသားနဲ့နားထောင်လို့လားမသိဘူး ကိုဗျူဟာ သီချင်းတေတားထောင်ပြီး ဘယ်Rapperသီချင်းတွေကိုမှခံစားလို့မရဘူး ဒုတိယရင်ဘတ်ထဲရောက်ရှိလာတဲ့လူကတော့ ကိုရာဇဝင်ပဲနေ့တိုင်းနားထောင်ဖြစ်တယ် ဘဝသီချင်းကိုအရမ်းကြိုက်တယ် အဲ့သီချင်းက အရှံးတွေနဒ့ရင်ဆိုင်ရတိုင်းကျနော်အတွက်ခွန်အားဖြစ်စေတယ်

1 year ago | 0