Mandalay Free Press - MFP

အာဏာသိမ်း လေးနှစ်အတွင်း တန့်ဆည်နယ်က ကျေးရွာ ၁၀၀ ကျော်ကို စစ်အုပ်စု မီးရှို့ဖျက်ဆီး၊ အိမ်ခြေ ၅၀၀၀ ကျော် ပြာကျ၊


ထက်ဖြိုး/MFP ၊ အောက်တိုဘာ - ၂


အာဏာသိမ်းထားတဲ့ လေးနှစ်ကျော်အတွင်း စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် တစ်နယ်ထဲမှာကိုပဲ စစ်အုပ်စုက ကျေးရွာပေါင်း ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီးလို့ အိမ်ခြေ ၅၃၀၀ ကျော် ပြာကျပျက်စီးတယ်လို့ တန့်ဆည်နယ်ထဲ စစ်အုပ်စု ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို မှတ်တမ်းပြုစုထားတဲ့ ဒေသခံ တော်လှန်ရေး အင်အားစု Taze News အဖွဲ့က ထုတ်ပြန်ပါတယ်။


တန့်ဆည်မြို့နယ်ဟာ မြို့ပေါ် ရပ်ကွက် လေးရပ်ကွက်နဲ့ ကျေးရွာ ၂၇၁ ရွာရှိပြီး စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ကနေ ယခု ၂၀၂၅ အောက်တိုဘာ လဆန်းအထိ ကျေးရွာ ၁၀၁ ရွာ မီးရှို့ဖျက်ဆီးခံရကာ စုစုပေါင်း မီးရှို့ခံရတဲ့ အကြိမ်ရေ ၁၅၀ ကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။


ဆင်ငယ်ကျေးရွာဟာ ငါးကြိမ်အထိ စီးနင်းမီးရှို့ခံရပြီး ရွာရှည်(မြောက်)ရွာနဲ့ ထန်းပင်ဆိပ်ရွာက လေးကြိမ်စီ၊ တချို့ရွာတွေက သုံးကြိမ်၊ နှစ်ကြိမ်၊ တစ်ကြိမ် စသဖြင့် စစ်အုပ်စုရဲ့ စီးနင်းလုယက် မီးရှို့ဖျက်ဆီးတာကို ခံခဲ့ရပါတယ်။


စစ်အုပ်စုက မီးရှို့ဖျက်ဆီးလို့ အိုးအိမ်ပျက်စီးမှု အများဆုံး ကျေးရွာတွေဟာ ငတန်းရွာမှာ အိမ်ခြေ ၃၈၂ လုံး၊ ချောင်းရိုးရွာမှာ အိမ်ခြေ ၂၄၃ လုံးနဲ့ ရွှေလှံရွာမှာ နေအိမ် ၂၂၀ လုံး ဖြစ်တယ်လို့ Taze News ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


လက်ရှိမှာလည်း စစ်အုပ်စုက တန့်ဆည်နယ်ထဲ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ မီးရှို့နေပြီး တန်ပဆည်နယ်ထဲ ၁၀၁ ရွာမြောက် မီးရှို့မှုအဖြစ် အောက်တိုဘာ ၁ရက်က တနယ်ရွာကို စီးနင်းကာ နှစ်ရက်ဆက် မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံ တော်လှန်ရေး တော်လှန်ရေး ရဲဘော်တစ်ဦးက အောက်တိုဘာ ၂ ရက်မှာ ပြောပါတယ်။


“မနေ့က ညနေပိုင်းမှာ တိုက်ပွဲ ဖြစ်လိုက်သေးတယ်။ သူတို့ဘက်က ထိခိုက်မှုရှိတော့ လေယာဉ်နဲ့ပါ လာကြဲသေးတယ်။ ဒီနေ့လည်း တနယ်ရွာထဲမှာပဲ။ သူတို့ မထွက်နိုင်သေးဘူး။ မနေ့က တနယ်ရွာကိုမီးရှို့တယ်။ ဒီနေ့တော့ ငြိမ်နေကြတယ်။ မီးရှို့တာမတွေ့ရဘူး”


စစ်အုပ်စုဟာ တန့်ဆည်နယ်ထဲ စစ်ကြောင်းထိုပြီး လူသတ်၊ လုယက်၊ မီးရှို့တာတွေ မကြာခဏ ကျူးလွန်နေတယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၂၆ ရက်ကလည်း တန့်ဆည်မြို့နယ် ကံထူးမရွာကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲသတ်ဖြတ်ခဲ့ရာ ကိုယ်ဝန်ဆောင်မိခင်တွေ အပါအဝင် သေဆုံးသူ ၁၂ ဦးနဲ့ ဒဏ်ရာရသူ ၁၀ ဦးကျော် ရှိခဲ့ပါတယ်။


၂၀၂၁ ကနေ ၂၀၂၄ နှစ်ကုန်ပိုင်းအထိ စစ်အာဏာသိမ်းကာလ သုံးနှစ်ကျော်အတွင်း စစ်အုပ်စုက နိုင်ငံတဝန်းရှိ အရပ်သားနေအိမ်ပေါင်း ၁၁၀,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး တန့်ဆည်နယ် အပါအဝင် စစ်ကိုင်းတိုင်းအတွင်း နေအိမ် ၇၀,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data For Myanmar က ထုတ်ပြန်ထားပါတယ်။


၁၀၂၇ စစ်ဆင်ရေးကြောင့် ၂၀၂၃ နစ်ကုန်ပိုင်းကနေ ၂၀၂၅ နှစ်ဆန်းအထိ အာဏာသိမ်း စစ်အုပ်စု အနေနဲ့ အညာမှာ စစ်ကြောင်းထိုးပြီး လူသတ်၊ လုယက်၊ မီးရှို့တာတွေ မလုပ်နိုင်ဘဲ ယာယီ ရပ်နားခဲ့ပေမယ့် ငလျင်ကြောင့် ၁၀၂၇ စစ်ဆင်ရေးတွေ ရပ်နားသွားချိန် ယခု နှစ်လယ်ပိုင်းကစလို့ စစ်အုပ်စုက အညာဒေသတွင်း တကျော့ပြန် စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပါတယ်။


စစ်ကိုင်းတိုင်း တန့်ဆည်နယ်ထဲက ကျေးရွာတွေကို စစ်အုပ်စုက စီးနင်းလုယက် မီးရှို့ဖျက်ဆီးစဉ်/Photo – CJ



#Mandalay_Free_Press_MFP
#အညာ #စစ်ကိုင်း #တန့်ဆည် #စစ်အုပ်စုကျူးလွန်တဲ့ရာဇဝတ်မှု

4 days ago | [YT] | 313



@DawNanChoCho-o2g

မီးရှို့တာမဟုတ်ပါဘူးဟ ရွာထဲက ပြည်သူ ပြည်သူလို့ အော်နေတဲ့ PDF. တွေကို ပြာချပေးတာပါ

2 days ago | 8

@MyaTunSein

ဆရာဝန်ကိုcdmမလုပ်ဆိုပြီး နှင်ထုတ်တဲ့ တန့်ဆည် တူ​သောအကျိုးပေးနေပြီ

3 days ago | 25

@AungKyawHtoo-m4w

တန့်ဆည်နယ်မှာလူမကျန်ရင်နေ မြေကျန်ရင်ရပြီ လိုအပ်ရင်အိမ်တွေလည်းဖျက်ဆီးနိုင်တယ် မီးလည်းရှို့သင့်ရင်ရှို့ပါ အဓိကကတော့သူပုန်ကင်းစင်သွားစေချင်တာဘဲ မြို့ရွာအေးချမ်းစေချင်တာဘဲ

3 days ago | 16

@ပညာရှိဘိုးဘိုး

စကစလုပ် မလုပ်တော့မသိဘူး တန့်ဆည်ကငါ့သူငယ်ချင်းရွာတော့ pdfတွေက တလတခါ ဆပ်ကြေးကောက်တယ် ရွာပြင်ထွက်ပြီးတော့လဲ လယ်ယာလုပ်စားခွင့်မပြုဘူးတဲ့ စစ်ကြောင်းလာရင်လဲ ဆိုင်ဆိုင် မဆိုင်ဆိုင်ပြေးတဲ့ မပြေးရင်ဒလန်ဆိုပြီး သတ်တယ်တဲ့.... ခြေတဖက်မသန်တဲ့ လျှပ်စစ်ဝန်ထမ်းကိုလဲ cdm မလုပ်လို့ခေါင်းဖြတ်သတ်တာတဲ့..... အဲ့ဒီဝန်ထမ်းက မိခင်အိုကြီးနဲ့မှသားအမိနှစ်ယောက်ပဲရှိတယ်တဲ့။ ပြည်ဖျက်ခွေးမသားpdfတွေအမြန်ဆုံးသေပါစေ

2 days ago | 1

@khaingzawtun.alsokmm

70% သိမ်းထာတယ်ဆို အကြမ်းဖက်က 😅😅😅😅😅😅😅😅😅အကြမ်းဖက်နှိမ်နင်းတာ နည်းတောင်နညိးနေသ

4 days ago | 19

@MaungSar-r9p

သူပုန်ရှိရင်တွယ်သာတွယ်ကွာ တနေ့အလုံး ၁၀၀လောက်ကြဲလိုက်စမ်းပါ

4 days ago | 17

@OoKyawMyint-o8f

သူပုန်ရှိတဲ့နေရာ ဆို ဗုံးကြဲမှာပေါ့

3 days ago | 8

@ITouc

သူပုန်အုစုပ် ပဒက်အုစုပ် အကြမ်းဖက် အုစုပ် မသနားဘူး

4 days ago | 17

@WinMyint-x3m

ကွန်းမန့်တွေဖတ်ကြည့်တော့လဲတမျိုးဘဲ

4 days ago | 5

@MaungmaungKyaw-h5i

မင်းတို့တရွာလုံးက Pdfသူပုန်တွေ ရွာလုံးကျွတ်ဗုံးကျဲတော့ဘာဖြစ်လဲ

2 days ago | 5

@UKhinMaungWai-y9l

နောက် 6လ ကျော်ရင် ငါတို့စစ်ကိုင်းတိုင်းအတွက် စိတ်မကောင်းစရာ သတင်းတွေ ပိုတွေ့လာရလိမ့်မယ် ဒီအချိန်မှာတော့ အကြောင်းအကျိုးကို သိမြင်သင့်ပါတယ် ခက်ပါတယ် ဘယ်သူမပြူ မိမိမှုပေါ့ အဓိကတရားခံက ကေအိုင်အေနဲ့ သူရဲ့အပေါင်းအပါ နိုင်ငံရေးသမားတွေပါဘဲ ပြည်သူဆိုတာ ကြိုးဆွဲရာကရတဲ့ နယ်ရုပ်တွေပါဘဲ ဓနငွေကြေးဆိုတာ ဘယ်အရာမှ မတည်မြဲပါ ကိုယ်ချင်းစာတရားက အဓိကပါ မြန်မာပြည်ကြီးအမြန်အေးချမ်းပါစေ

3 days ago | 7

@HiVivo-h3q

ဟုက်လား ပဒက်အပေါင်းပါရွာတွေ မှတ်ပလား စစ်တပ်အမြစ်ဖြတ်မယ်ဆို အခုတော့စစ်တပ်ကမီးရှို့ ပြာချသတဲ့လား 😂

1 day ago | 0

@UKyaw-j2v

တပ်မတော်ကလည်းpdfသတ်လို့သေသွားတဲ့စာရင်း၊မီးရှို့လိုပျကိသွားတဲ့ရွာစာရင်း၊ပျက်သွားတဲ့မြို့စာရင်းတွေ၊သေဆုံးသွားတဲ့pdfစာရင်းတွေကိုပြီးရင်စာအုပ်ထုတ်ပါလိမ့်မယ်

3 days ago | 5

@koko-w4w9e

❤❤❤

3 days ago | 1

@WinKying-me9bh

မင်းတို့သူပုန်ရှိတဲ့နေရာ မီးရှို့တယ်ဆိုတော့ဘာစစ်သားတွေရှို့တာလဲ

4 days ago | 6

@AungMinNaing-bk6bi

😂😂😂အဲ့တော့မင်းမေငါလ

3 days ago | 3

@jyui647

အဲ့ရွာတွေပေါ့ ပြည်ဖြကိတွေ ကြိုဆိုတယ် ဆိုတဲ့ အသုံးချခံ NUG.PDF အမာခံ ရွာတွေ ရွာတွေမှာ ပြည်ဖြက်တွေကို လက်ခံထားတာလည်း ထည့်ပြောလေ

2 days ago | 0

@ukyawwin8140

တဆယ်က စောက်ပိန်း ငတုံး ပြည်ဖျက်ပဒက်စောက်မျိုးတွေ သေတာဘာဆန်းလဲ

4 days ago | 5

@KyawZinWai-qk1pc

ခွေးပြော ခွေးယုံ

1 day ago | 0

@MoeMyintWaiYanKyalSin

အကြမ်းဖက်အား​ပေးရွာ​တွေ တရွာမှ မကျန်​လေ ​ကောင်း​လေ

4 days ago | 6