Minn Thu Reain Official
" #အိုးဋီကာ "မိန်းမ ဆိုတဲ့အမျိုးကမြေအိုးလိုပဲ…ငါ့သားအဖေတို့လို"ရေ"…ဆိုတဲ့ ယောက်ျားသာ မရှိရင်မှောက်ထားရုံသက်သက်အိုးအပြင်နှုတ်ခမ်းမှာပိုးမျှင်တန်းပြီး ယှက်နေရုံပဲလေ ။သူတို့ကို လက်ထပ်ရတာကဆက်စပ်သမျှ အကြောင်းအကျိုးအကောင်းအဆိုး ဒွန်တွဲရိုးရိုးလေး တွေးမယ်ဆိုအိုးရွေးဝယ်ရသလိုပဲပေါ့ကွယ် ။အနယ်မနာ မီးမကျက်ကွဲအက်လွယ်တဲ့အမျိုးကိုစပ်စလူးအိုးလို့ ခေါ်သကွဲ့ဘယ်တော့မှ မဝယ်နဲ့နော် ။မီးပေးနာထားလို့ဧည့်သည်လာတိုင်း အရှက်ခွဲမျက်နှာမည်းတဲ့အိုးမျိုးလျှော့စျေးနဲ့ရောင်းတောင်မျက်စောင်းမထိုးမိစေနဲ့ကွဲ့ ။ရေဘယ်လောက် ဖျန်း ဖျန်းမကျေမချမ်းနဲ့အမြဲတမ်း ဆူဆူပူပူနှုတ်ခမ်းထူတဲ့အိုး များဘယ်သူက အလကားပေး ပေးယူဖို့မတွေးလေနဲ့…သားရေ ။အဖိုးနည်း ရင်အိုးကွဲပဲ ရမတဲ့အိုးရွေးမှန်မှလည်းအကျိုးပေးသန်မှာပဲ မဟုတ်လား ။အိုးကြီး အိုးသေးတစ်မျိုးပြီး တစ်မျိုးရွေးကြေးတိုးပေးဖို့အိုးစျေးတန်းကတော့သွေးတိုးစမ်းနေဦးမှာပဲ…သားရေ ။အက်ကြောင်းတလျှောက်မိတ်ကပ်နဲ့ဖျောက်ထားတဲ့ပေါက်ပြီးသား အိုးတွေ……။မလှိမ့်တစ်ပတ်နဲ့စိမ့်တတ်တဲ့ အိုးတွေ……။လည်သိမ် အောက်ကားဆောင့်ကြွားကြွား အိုးတွေ……။ကနုတ်များများရေးအရုပ်အသားပေး အိုးတွေ……။ကန့်သတ်ချက် မရှိဘူးနှံ့စပ်အောင် လျှောက်ကြည့်ပတ်ပတ်လည် မြှောက်ကြည့်လက်နဲ့ ခေါက်ကြည့်"ဒေါက်"…လို့ အသံထွက်ရင်ပေါက်ထွက်မယ့်အိုး လို့မှတ်"ဒပ်"…လို့ ထွက်တဲ့အသံလက်မခံပါလေနဲ့အက်သံပါနေသတဲ့ကွယ်နားထဲမှာ ကြည်လင်"ဒေါင်"…လို့ မြည်ရင်တော့ပီပြင်တဲ့အိုး ရပဟေ့အဖိုးအခ စျေးများလည်းအပြေးအလွှားဝယ်တလေးတစားသာ သယ်ခဲ့တော့အဲဒါ………တို့ဘိုးဘေးတွေ လက်ထက်ကတည်းကအိုးရွေးတဲ့အချက်ပဲ…ငါ့သား ။စျေးဝယ်ဆိုမှတော့စျေးလယ်ထိတော့ ရောက်အောင်သွားတန်းထားတဲ့အိုးတွေ ရှိတယ်လမ်းသလားတဲ့အိုးတွေ ရှိတယ်အနေသန့်တဲ့ အိုးအကောင်းတွေရှိတယ်မြေညံ့တဲ့ အိုးအဟောင်းတွေရှိတယ်အဖိုးသားနား အနည်းအများအမျိုးအစားလည်း ကွဲပြားတယ်အိုးမမှားဖို့……ကြိုးစားဖို့ကအမျိုးသားတိုင်း သဘောပေါက်ဟောတစ်ယောက်…ဟောတစ်ယောက်နဲ့အချိုးပြေ မပြေသိရအောင်အိုးတွေသာ လိုက်ခေါက်ကြည့်ပေတော့…သားရေ။ #Credit_မူရင်း
6 months ago | [YT] | 65
Minn Thu Reain Official
" #အိုးဋီကာ "
မိန်းမ ဆိုတဲ့အမျိုးက
မြေအိုးလိုပဲ…ငါ့သား
အဖေတို့လို
"ရေ"…ဆိုတဲ့ ယောက်ျားသာ မရှိရင်
မှောက်ထားရုံသက်သက်
အိုးအပြင်နှုတ်ခမ်းမှာ
ပိုးမျှင်တန်းပြီး ယှက်နေရုံပဲလေ ။
သူတို့ကို လက်ထပ်ရတာက
ဆက်စပ်သမျှ အကြောင်းအကျိုး
အကောင်းအဆိုး ဒွန်တွဲ
ရိုးရိုးလေး တွေးမယ်ဆို
အိုးရွေးဝယ်ရသလိုပဲပေါ့ကွယ် ။
အနယ်မနာ မီးမကျက်
ကွဲအက်လွယ်တဲ့အမျိုးကို
စပ်စလူးအိုးလို့ ခေါ်သကွဲ့
ဘယ်တော့မှ မဝယ်နဲ့နော် ။
မီးပေးနာထားလို့
ဧည့်သည်လာတိုင်း အရှက်ခွဲ
မျက်နှာမည်းတဲ့အိုးမျိုး
လျှော့စျေးနဲ့ရောင်းတောင်
မျက်စောင်းမထိုးမိစေနဲ့ကွဲ့ ။
ရေဘယ်လောက် ဖျန်း ဖျန်း
မကျေမချမ်းနဲ့
အမြဲတမ်း ဆူဆူပူပူ
နှုတ်ခမ်းထူတဲ့အိုး များ
ဘယ်သူက အလကားပေး ပေး
ယူဖို့မတွေးလေနဲ့…သားရေ ။
အဖိုးနည်း ရင်
အိုးကွဲပဲ ရမတဲ့
အိုးရွေးမှန်မှလည်း
အကျိုးပေးသန်မှာပဲ မဟုတ်လား ။
အိုးကြီး အိုးသေး
တစ်မျိုးပြီး တစ်မျိုးရွေး
ကြေးတိုးပေးဖို့
အိုးစျေးတန်းကတော့
သွေးတိုးစမ်းနေဦးမှာပဲ…သားရေ ။
အက်ကြောင်းတလျှောက်
မိတ်ကပ်နဲ့ဖျောက်ထားတဲ့
ပေါက်ပြီးသား အိုးတွေ……။
မလှိမ့်တစ်ပတ်နဲ့
စိမ့်တတ်တဲ့ အိုးတွေ……။
လည်သိမ် အောက်ကား
ဆောင့်ကြွားကြွား အိုးတွေ……။
ကနုတ်များများရေး
အရုပ်အသားပေး အိုးတွေ……။
ကန့်သတ်ချက် မရှိဘူး
နှံ့စပ်အောင် လျှောက်ကြည့်
ပတ်ပတ်လည် မြှောက်ကြည့်
လက်နဲ့ ခေါက်ကြည့်
"ဒေါက်"…လို့ အသံထွက်ရင်
ပေါက်ထွက်မယ့်အိုး လို့မှတ်
"ဒပ်"…လို့ ထွက်တဲ့အသံ
လက်မခံပါလေနဲ့
အက်သံပါနေသတဲ့ကွယ်
နားထဲမှာ ကြည်လင်
"ဒေါင်"…လို့ မြည်ရင်တော့
ပီပြင်တဲ့အိုး ရပဟေ့
အဖိုးအခ စျေးများလည်း
အပြေးအလွှားဝယ်
တလေးတစားသာ သယ်ခဲ့တော့
အဲဒါ………
တို့ဘိုးဘေးတွေ လက်ထက်ကတည်းက
အိုးရွေးတဲ့အချက်ပဲ…ငါ့သား ။
စျေးဝယ်ဆိုမှတော့
စျေးလယ်ထိတော့ ရောက်အောင်သွား
တန်းထားတဲ့အိုးတွေ ရှိတယ်
လမ်းသလားတဲ့အိုးတွေ ရှိတယ်
အနေသန့်တဲ့ အိုးအကောင်းတွေရှိတယ်
မြေညံ့တဲ့ အိုးအဟောင်းတွေရှိတယ်
အဖိုးသားနား အနည်းအများ
အမျိုးအစားလည်း ကွဲပြားတယ်
အိုးမမှားဖို့……ကြိုးစားဖို့က
အမျိုးသားတိုင်း သဘောပေါက်
ဟောတစ်ယောက်…ဟောတစ်ယောက်နဲ့
အချိုးပြေ မပြေသိရအောင်
အိုးတွေသာ လိုက်ခေါက်ကြည့်ပေတော့…သားရေ။
#Credit_မူရင်း
6 months ago | [YT] | 65