ZAW HTIKE

ပညာသင်ကြားခြင်းကို ဝဋ်ဒုက္ခလို့ ခံယူတဲ့ သူ ဘယ်တော့မှ ပညာမတတ်ဘူး ။

ဆရာသမားက ငေါက်လို့ ရိုက်လို့ ဆိုပြီး
ပညာမသင်ချင်တော့ဘူး ဆိုတဲ့ တပည့်လည်း
ဘယ်တော့မှ ပညာမတတ်ဘူး ။

ကိုယ့်ကိုယ် ပညာသင်ကြားပေးနေတဲ့
ဆရာ့ကို ယုံကြည်ချက်မဲ့နေပြီး
ဒီလောက်ကတော့ ငါတောင် သင်တတ်သေးတယ်ဆိုတဲ့တပည့်လည်း ပညာမတတ်တဲ့အပြင်
ဘယ်တော့မှ မအောင်မြင်တတ်ဘူး ။

ပညာသင်ကြားချိန်မှာ ကြွားဝါတတ်တဲ့ တပည့်
မာန်မာန ထားတတ်တဲ့ တပည့်
သူသိ သူတတ် လုပ်တတ်တဲ့ တပည့်
ကိုယ်သင်နေတဲ့ ပညာရပ်ကို
တန်ဖိုးမထားတတ်တဲ့ တပည့်
ဆရာ့ အပေါ် အမြဲ ပြစ်မှားတဲ့ တပည့်
ဘယ်သောအခါမှ မအောင်မြင်ပါ ။

ယခု ဖြစ်နေတဲ့ အဖြစ်ပျက်ကတော့ တက္ကသိုလ်မှာ
တက္ကသိုလ် ကျောင်းသား၊ကျောင်းသူတွေ
အများဆုံး ကျင့်သုံးကြတဲ့ နည်းစနစ် တွေကို
အခု စနစ်သစ်ပညာရေးမှာ
G-10/G-11/ G-12 ကလေးတွေက
ကြိုတင်ကျင့်သုံးနေကြတယ် ။

အထူးသဖြင့် တက္ကသိုလ်ဝင်တန်း ဖြေဆိုကြမည့်
G-12 ကျောင်းသား၊ကျောင်းသူတွေက
ပိုပြီး ကျင့်သုံးလာတာတွေ့ရတယ် ။

သေချာပြီ အဲ့ကလေး လူငယ်ဖြစ်ပြီး
တက္ကသိုလ် တက်ခွင့်မရတော့ဘူး
ပျော်စရာတွေလည်းမတွေ့ တော့ဘူး
လူငယ်ရဲ့ လွတ်လပ်တဲ့အရသာ ခံစားရမှာ
မဟုတ်တော့ဘူး အမှန်ပဲ ။
လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ။
စိတ်ဓာတ်ပေါင်းစုံ ရုပ်ရည် ဥပဓိပေါင်းစုံ
လူမူဆက်ဆံရေး ပေါင်းစုံ ရှိတဲ့
တက္ကသိုလ် မြေမှာ ခြေချခွင့် မရခဲ့လျှင်
လူငယ်ဖြစ်ပြီး လူဖြစ်ရှုံးလိမ့်မယ် ။

ပညာသင်ခြင်းကို ဝဋ်ဆင်းရဲဒုက္ခ ခံနေရတာပဲလို့
ခံယူထားတဲ့ပုဂ္ဂိုလ် ဘယ်တော့မှ
ပညာတတ် ဖြစ်လာလိမ့်မည် မဟုတ်ချေ။

#ဦးခွန်းမိန်
#တော်ဝင်မြန်မာစာ

1 week ago | [YT] | 376



@nwenwe94

ကလေးရဲ့ရှေ့မှာမိဘကဆရာကိုမဝေဖန်ရဘူး မကောင်းတဲ့စကားမပြောရဘူး ဆရာကလည်းခွဲခြားဆက်ဆံမှူမရှိရဘူး

5 days ago | 2  

@ThawZinPhyo-u3p

သင်ကြားနေတဲ့ ပညာရေးစနစ် က ရော လူ့အဖွဲ့အစည်းအတွက် အမှန်တကယ် အသုံးတည့်တဲ့ ပညာရေးစနစ် ဖြစ်ရဲ့လား လူသားဆန်တဲ့ လူတွေ ဖြစ်လာစေဖို့အတွက် အမှန်တကယ် အထောက်အပံ့ဖြစ်စေမဲ့ အသိပညာတွေ ကို ဖြန့်ဝေတဲ့ နေရာတခု ဟုတ်ရဲ့လား လူကောင်း လူတော်တွေ ဖြစ်လာစေဖို့အတွက် အသိပညာ ညဏ်တွေကို မျှဝေ ပေးတဲ့ နေရာဌာနရောဟုတ်ရဲ့လား သင်ကြားပို့ချတဲ့ ဆရာ ဆရာမ ဆိုတာတွေကရော သိသင့် သိအပ်တဲ့ အသိတရားတွေ ကို မိမိကိုယ်တိုင် သိရှိ လိုက်နာမူ ရှိကြတဲ့ အနေအထားရော ရှိပါရဲ့လား ဒါတွေတွေကိုလည်း ထည့်သွင်းစဥ်းစားဖို့လိုပါလိမ့်မယ်

6 days ago | 4  

@KyiKyiThan-ro8yo

အမှန် တရား

5 days ago | 1  

@AungOo-j3i

တဖက်စွန်းရောက်တဲ့ အတွေး‌အခေါ်တွေကိုတင်ပြီး လူငယ်တွေကို ဂျောက်ထဲဆွဲမခေါ်ပါနဲ့။

6 days ago | 1  

@NiNiWin-v7w

မှန်သင့်သလောက်ပဲမှန်တယ်။ဝဋ်ဒုက္ခလို့ဘယ်ခလေးတွေကတွေတောလဲမသိဘူး။

1 week ago | 1  

@AyeAyeMon-o2l

Right

1 week ago | 2  

@aungmyint1320

❤❤❤❤❤❤❤❤❤❤

1 week ago | 1  

@ThawZinPhyo-u3p

ကျွန်တော်တို့တွေ အမှားနဲ့ အမှန် လုပ်သင့်တာနဲ့ မလုပ်သင့်တာတွေ ကို.ကွဲကွဲ ပြားပြား ခွဲခြားသိနိုင်တဲ့ ပညာညဏ်တွေရရှိစေဖို့ ပညာ ကို သင်ကြားဖို့ လိုအပ်ပါတယ် ပညာဆိုတဲ့နေရာမှာ ကျောင်းတွင်း ပညာရေးကိုသာ.ဆိုလိုခြင်းမဟုတ်ပါဘဲ ကျောင်းပြင်ပ မှာလည်း သိသင့်သိအပ် ရှိသင့်ရှိအပ်တဲ့ အသိပညာဗဟုသုတတွေ ပြည့်စုံနေမယ်ဆိုရင်လည်း လူ့အဖွဲ့အစည်း တနည်းအားဖြင့် မိမိအကျိုး မိသားစု အကျိုးကို တိုးတက်စေဖို့အတွက် မည်သူတယောက်ကိုမှ ထိခိုက်မူမရှိစေပဲ.လုပ်ဆောင်နိုင်မယ်ဆိုရင် အတန်းပညာမရှိသော်ငြား လူကောင်းလူမွန် လူတော်လူကောင်းလို့မည်ထိုက် ပါလိမ့်မယ် ပညာဆိုတဲ့နေရာမှာ အတန်းပညာ.အရေအတွက်ပေါ်မှာ အကဲဖြတ်တာမဟုတ်ပဲ တစုံတဦးရဲ့ စိတ်ဓာတ်နဲ့ လုပ်ဆောင်ချက် ပေါ်ကိုကြည့်ပြီး ဆုံးဖြတ်မှသာလျှင် လူကောင်းလူတော် ဟုတ်မဟုတ် ပညာတတ်တဲ့ လူ.ဟုတ်မဟုတ်ကို.အမှန်သိရှိခွင့်ရကြပါလိမ့်မယ်

6 days ago | 3  

@nilaraungnilaraung6001

မှန်လိုက်တာရှင်

1 week ago | 1