Dhamma Lulin ဓမ္မလုလင်

“ ကိုယ်ပြုသည့်ကံ ပဲ့တင်သံ ပြန်လာစမြဲ …
ကိုယ်သာခံ ကိုယ်သာစံ သဘာဝနိယာမ “

အုတ်နံရံကို ခေါင်းနဲ့တိုက်ကြည့်ပါ နာတတ်တဲ့သဘာရှိပါတယ်
နာအောင် ဘယ်သူကလုပ်တာလဲ မတူညီတဲ့ သဘာ၀ ၂ ခုကြောင့်ဖြစ်တာ

မိုင်းဖုန်းဆရာတော်ကြီးလို သီလ သမာဓိ ရှိသူကို
စော်ကားပုတ်ခတ်နေတာလည်း
မိမိခေါင်းကို အုတ်နံရံနဲ့‌ပြေးဆောင့်နေသလိုပဲ။

ဘယ်သူကမှမလုပ်ဘူး ဘယ်သူမပြုမိမိမှုပါပဲ
ခင်ပွန်းကြီးဆယ်ပါးကို ဆဲဆိုပြစ်မှားရင် ဒဏ်ဆယ်ပါးဆိုတာ ပြန်လာတတ်စမြဲပါပဲ
ကံတရားက ဘယ်သူ့မှ မျက်နှာသာမလိုက်ဘူး သူတော်ကောင်းကိုပစ်မှားသူတိုင်း
သတိကြပ်ကြပ်ထားပါ သဘာ၀ဘေးဆိုး‌တွေဆိုတာ
အကြောင်းမဲ့သက်သက်ဖြစ်ပေါ်လာတာမဟုတ်ဘူး လူတွေရဲ့ ကိုယ့်ကျင့်သီလ
စိတ်ဓါတ်တွေနဲ့ အဓိကသက်ဆိုင်‌နေတယ်။

ဒါဘုရားဟော ... သိပ္ပံနည်းနဲ့ စမ်းသပ်ချင်ရင် ဘုရားဟာတဲ့အတိုင်း ၅ ပါးသီလကို လုံခြုံအောင်စောင့်ထိန်းလိုက်နာကြည့်ပါ။
စိတ်ကောင်းထားပါ မေတ္တာပွားပါ။ ဝိပဿနာတရားကို သေချာအားထုတ်ကြည့်ပါ။ ဗုဒ္ဓနည်းလာက် လက်တွေ့ဆန်တာ ဘယ်ဘာသာမှမရှိဘူး။ စိတ်ကူးသက်သက် မဟုတ်တဲ့ ဘာသာတရားဆိုတာ တဖြည်းဖြည်းနဲ့ လက်ခံနိုင်သွားလိမ့်မယ်။

ခုတော့ ဘုရားဟောတွေကိုပစ်ပယ် နေရာတကာ သိပ္ပံနည်းကျဆိုတဲ့စကားကို တွင်တွင်သုံး
ယောင်ဝါးဝါး‌အမည်ခံ ဗုဒ္ဓဘာသာတွများလာတဲ့အခါမှာ
မကောင်းမှုလုပ်ရမှာကို ရှက်ခြင်းကြောက်ခြင်းဆိုတဲ့ ဟီရိဩတ္တပ္ပတရား‌တွေကွယ်ပျောက်
အရာရာအဆဲလေးပါလိုက်ရမှယဉ်ကျေးမှုတစ်ခုလို မြင်လာတဲ့ခေတ်ကြီး

တစ်ဦးနဲ့တစ်ဦး ရိုင်းစိုင်းဆဲဆို ကြမ်းတမ်းလာရုံမျှမက
တစ်ဦးနဲ့တစ်ဦး အကြင်နာမေတ္တာတရားတွေခေါင်းပါးပြီးတော့
လုယက်သတ်ဖြတ်ရက်စက် ကြမ်းကြုတ်လာကြတဲ့ ခေတ်ဆိုးကြီးထဲကို
တဖြည်းဖြည်းရောက်မှန်းမသိ ရောက်လာကြပြီ။

ဒါကြောင့်လည်း ဗုဒ္ဓဘုရားရှင်က လူ့သက်တမ်းတွေတဖြည်းဖြည်းတိုလာပြီး ဆုတ်ကပ်ခေတ်လို့ မိန့်ခဲ့တာပဲ။

မမြင်ရတဲ့ လေထုကို အမှီပြုပြီး အသက်ရှူနေရသလို
အရာရာတိုင်းမှာ သိပ္ပံနည်းနဲ့တိုင်းထွာလို့မရတဲ့
သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ ဂုဏ်သတ္တိသဘောတွေရှိနေတယ်။

ဆရာ‌တော်ကြီးက လူများအသက်ကိုသတ်ဖို့ လူများဥစ္စာကိုခိုးဖို့
သူများသားမယားကို စော်ကားဖို့အကုသိုလ်တရား‌ဟောပြောနေတာမဟုတ်ပါဘူး။

လူတွေရဲ့စိတ်နှလုံးသားအေချမ်းစေဖို့ တရားဟောပြောနေတာဖြစ်တယ်။
လောကမှာအတုမရှိတဲ့ မြတ်စွာဘုရားကလွဲလို့ အမှားကင်းသူမရှိပါ။
အဂ္ဂသာ၀ကတွေပင်လျှင်တရားပေးတာ မှားခဲ့ဖူးတဲ့ သာဓကတွေရှိပါတယ်။

ဆရာတာ်ကြီးက နဂါးကြီးကြောင့် ငလျင်လှုပ်ရတာပါ ဟောတဲ့အချက် တစ်ချက်တည်းကိုမကြည့်ဘဲ တရားအပြည့်အစုံမှာပါတဲ့

သီလတွေစောင့်ထိန်းဖို့ ဘုရားတရားတွေလုပ်ကြဖို့
လူတွေကို ကောင်းတဲ့အရာတွေလုပ်ဖို့ တိုက်တွန်းနှိုးဆော်အားပေးဟောပြောတာတွေကိုပါ ကြည့်ရမှာပါ။

ဆရာတော်ကြီးရဲ့ တရားအနှစ်ချုပ်ကရိုးရှင်းတယ်။

မကောင်းမြင်စိတ်နဲ့ကြည့်နေကြသူအတွက်တော့ မရိုးရှင်းဘူးပေါ့။

တကယ်အပြစ်ရှာချင်တဲ့သူတွေနဲ့တွေ့ရင် လောကမှာ အတုမရှိတဲ့ မြတ်စွာဘုရားတောင်မှ အပြစ်မလွတ်ပါဘူး။
အပြစ်ရှာအနာတွေ့သတဲ့။

မနာလိုသူတွေက ဒီအချက်ကို ခုတုံးလုပ်ပြီး ပွဲဆူအာင်လုပ်ချင်သူ ဘာ‌‌သာရေးအဆိပ်ခတ်လိုသူ နိုင်ငံရးနဲ့ရောထွေးကာ အခွင့်ကောင်းကိုစောင့်နေသူများကတော့ ဒီအချိန်က လူတွေကို အဆိပ်အတောက်ဖြစ်အာင် ဆိုရှယ်မီဒီယာပေါ်ကနေ မှိုင်းတိုက်ဖို့ရာ အခွင့်သာနေချိန် ဖြစ်ပါတယ်။

ဘုရားဟောကျမ်းလာ ကောသလမင်း အိမ်မက် ၁၆ ချက် မှာ ပညာရှိတို့စကား
တဖြည်းဖြည်း ဆိတ်သုန်းပြီးတော့ လူမိုက်တွေ လူယုတ်မာတွေ မသူတော်တွေဟာ ထင်ပေါ်လာတယ်။

ထိုသူတို့ အာဘောင်အာရင်းသန်သန်နဲ့ ပြောဆိုနေကြတာတွေကိုမှ
အထင်ကြီးတဲ့ အဟုတ်မှတ်ကာယုံစားတဲ့ခေတ် ပညာမဲ့လူယုတ်မာတွေ စင်ပေါ်မှာ ထင်ပေါ်လာကြတဲ့ခေတ်ကြီးလို့ ကြိုဟောထားခဲ့တယ်။

တကယ်တော့ မကောင်းတဲ့ဘက်ကို ဂုန်းတိုက်အားပေးနေတဲ့ ထိုသူတွေမှာလည်း မိသားစုတွကိုယ်စီရှိပါတယ်။
အသက်အိုးအိမ်စည်းစိမ်ဥစ္စာတွေ ကိုယ်စီရှိကြပါတယ်။

ဘုရား ရဟန္တာ အနာဂါမ်တို့မှလွဲလို့ သေရမှာကို
သူသူကိုယ်ကိုယ် အနည်းနဲ့အများ ကြောက်ကြပါတယ်။

မိမိထက်ပညာကြီးသူ အသက်ကြီးသူ ဂုဏ်ကြီးသူတို့ကို စော်ကားပုတ်ခတ်
ဂုန်းချောဂုန်းတိုက်လုပ်တာတွေဟာ ဒဏ်ဆယ်ပါးကို ဖိတ်ခေါ်နေတာနဲ့အတူတူပါပဲ။

နာဂစ်တုန်းကလည်း နာဂစ်မို့လို့။
ခုထက်ထိလည်း နေရာမျိုးစုံ လောင်မီးတွကျလိုက် ရေတွေကြီးလိုက်
ရောဂါမျိုးစုံကနှိပ်စက်လိုက်နဲ့ ငလျင်ကပ်ဘေးကြီးကပါ ဆိုက်လိုက်သေးတယ်။

သဘာ၀တရားကြီးက ဒီလောက်ထိ တရားပြနေတာကိုတောင်မှ
ပိုးဖလံဆိုတဲ့အမျိုး မီးကိုပဲတိုးနေသလို
အသိတရားမ၀င် သတိတရားမရှိ သံဝေဂမယူနိုင်ကြသေးဘဲ
ခင်ပွန်းကြီးဆယ်ပါးအပေါ်မှာ
ဒီလိုသာ ဆက်၍ပစ်မှားနေကြဦးမယ်ဆိုရင် ကိုယ်ဖြစ်ကိုယ်ခံရုံသာ‌ပေါ့။

မထင်မှတ်ထားတဲ့ ဘေးတွေကြုံလာကြမှ မျက်ရည်နဲ့မျက်ခွက်
ကယ်ပါယူပါတဆာဆာနဲ့ တကြော်ကြော်အော်ဟစ်နေကြရမယ့်အဖြစ်မျိုး
နောင်တတွေ တပွေ့တပိုက်ကြီးရနေရမယ့် အခြေအနေဆိုးမျိုးတွေနဲ့ကြုံလာကြမှာကို
ထိုသူတွေအတွက် သနားဂရုဏာသက်စွာ မြင်ယောင်နေမိပါသေးတယ်။

အဲဒီအခါကျရင် ပြုပြီးတဲ့အကုသိုလ်ဆိုတာ recovery ပြန်လုပ်လို့ရတဲ့ အရာမျိုးမဟုတ်တဲ့အတွက်ကြောင့်
သိကြားမင်းတောင်မှ ဆင်းမကယ်နိုင်တော့ပါဘူး။

မျောပေဦးတော့ လူမိုက်တို့သွားရာ အပါယ်သံသရာတစ်ခွင် …။

ကိုယ်ပြုသည့်ကံ ပဲ့တင်သံ ပြန်လာစမြဲ …။

6 months ago (edited) | [YT] | 195



@myatmyatoo4680

Sayadawgyi is very famous, extraordinary monk with brilliant dhamma strength and very outstanding intuition power. Myanmar people always worship Sayadawgyi with deep belief, great respect and great gratitude. Myanmar people always pray for good health and longevity of Sayadawgyi. Dhamma lectures of Sayadawgyi are very precious , very important teachings and very good advice for everyone .

6 months ago | 0  

@nyinyi-p3c

နဂါးနှင့်ပတ်သင့်လိုအထူးမပြောလို မိုင်းဖုန်းဆရာတော်ကိုတော့ မစော်ကားရဲဗျာ

6 months ago | 0  

@kokochotun6617

မှန်ပါတယ် ကိုယ်စိုက်တဲ့အပင်ရဲ့အသီးကို.ကိုယ်ပြန်စားရတာတရားမျှတပါတယ်. တရားဆိုတဲ့အတိုင်းတရားပါပေတယ် မျက်နှာကြီးငယ်လိုက်ပြီး ခွင့်လွှတ်တယ်ဆိုတာမရှိပါဘူး.. လူတိုင်းကိုယ့်ကံကို ကိုယ်ပြုနေကြတာပါ...

6 months ago | 0  

@AyeAyeMoe-o5u

ဆရာတော်ကိုဒီလိုပုတ်ခတ်တာစိတ်မကောင်းဖြစ်မိတယ်အပြင်မှာဖူးတွေ့ခွင့်ရချင်ပါတယ်

6 months ago | 0  

@soegyi4355

မှန်ပါတယ် တစ်ဦးနဲ့တစ်ဦး အကောင်းမြင်တဲ့စိတ် မေတ္တာစိတ် နည်းပါးနေကြပြီ

6 months ago | 0  

@thuyakyaw7000

စော်ကားပျက်ရယ်ပြုတာ မဟုတ်တာ။ ဒီဩဝါဒ က ရိုးရိုးလေးပါ။ လူတိုင်းသိကြပါတယ်။ ဒီထက် နှစ်နဲတဲ့ အရာတေ ဟောပြောသင့်တယ်။

6 months ago | 0

@ကသူရ-pt1if

ဆုတ်ကပ်ကာလလူ့သက်တမ်းအနှစ် ၅၀၀ အောက်မှာ ဝိသမလောဘ အဓမ္မရာဂ မိစ္တာဓမ္မ စတာ‌တွေထွန်းကားလာတဲ့အခါ နတ်တွေဟာလူတွေကိုရွံရှာလာကြပြီးသိပ်မစောင့်ရှောက်ကြတော့ဘူးလို့မှတ်သားရဖူးပါတယ် ၊ ယနေ့ခေတ်မှာလိင်တူယူတဲ့ "မိစ္တာဓမ္မ" တွေလည်းတရားဝင်ဖြစ်လာပါပြီ အနောက်ဘက်ကလာတဲ့ပေါက်ကရဓလေ့တွေကိုလူအများကအထင်ကြီးပြီးလက်ခံနေကြတာပေါ့ဗျာ

6 months ago | 0