Dr. ဇော်ဂနီ Nyein Chan Ko Ko
အမှန်တော့ မွေးနေ့ဆိုတာ ပညတ်ပါ။တကယ်တမ်း ရုပ်အသစ်၊ နာမ်အသစ်တွေက စက္ကန့်နှင့်အမျှ မွေးဖွားနေတာ။စိတ်၊ စေတသိက်တွေကလည်း အချိန်နှင့်အမျှ အဟောင်း ပျောက်လိုက်၊ အသစ်ပေါ်လိုက်။ရုပ်ကတော့ ရက်ပိုင်းအတွင်းဆိုလျှင်တော့ အဟောင်းသေပြီး အသစ်မွေးတာက သိပ် မသိသာပါ။ကျွန်တော် မေးကြည့်ပါမည်။ လွန်ခဲ့သော ၃၈ နှစ်က အူဝဲ၊အူဝဲ အော်နေသော ကလေးလေး ဘယ်ရောက်သွားသနည်း။ထိုကလေးလေးသည်လည်း ငါ မဟုတ်။၃၈ နှစ်သား ငြိမ်းချမ်းကိုကိုသည်လည်း ငါ မဟုတ်။အသက်ရှူ မရပ်သေးပါက နောင်တစ်ချိန်တွင် ဖြစ်လာမည့် ပါးရေ၊ နားရေတွန့် အိုမင်းနေသည့် အဘိုးကြီး ငြိမ်းချမ်းကိုကိုသည်လည်း ငါမဟုတ်။သညာမှတ်ဉာဏ် တစ်ဆက်တည်းရှိသော ဘ၀တစ်ခုတည်းတွင်ပင် နောင်ဘ၀တွေ ဖြစ်ခြင်းမသိ၊ ဆက်တိုက် ဖြစ်နေသည်။ရုပ်အသစ်၊ နာမ်အသစ်တွေ ဆက်တိုက် ပေါ်နေသည်။မည်သည့်အရာမှ ငါ မဟုတ်။အကြောင်းကြောင့် အကျိုး ဖြစ်ခြင်းသာ ဖြစ်သည်။♥️♥️♥️♥️
4 days ago | [YT] | 1
Dr. ဇော်ဂနီ Nyein Chan Ko Ko
အမှန်တော့ မွေးနေ့ဆိုတာ ပညတ်ပါ။
တကယ်တမ်း ရုပ်အသစ်၊ နာမ်အသစ်တွေက စက္ကန့်နှင့်အမျှ
မွေးဖွားနေတာ။
စိတ်၊ စေတသိက်တွေကလည်း အချိန်နှင့်အမျှ အဟောင်း ပျောက်လိုက်၊ အသစ်ပေါ်လိုက်။
ရုပ်ကတော့ ရက်ပိုင်းအတွင်းဆိုလျှင်တော့ အဟောင်းသေပြီး
အသစ်မွေးတာက သိပ် မသိသာပါ။
ကျွန်တော် မေးကြည့်ပါမည်။ လွန်ခဲ့သော ၃၈ နှစ်က အူဝဲ၊အူဝဲ
အော်နေသော ကလေးလေး ဘယ်ရောက်သွားသနည်း။
ထိုကလေးလေးသည်လည်း ငါ မဟုတ်။
၃၈ နှစ်သား ငြိမ်းချမ်းကိုကိုသည်လည်း ငါ မဟုတ်။
အသက်ရှူ မရပ်သေးပါက နောင်တစ်ချိန်တွင် ဖြစ်လာမည့်
ပါးရေ၊ နားရေတွန့် အိုမင်းနေသည့် အဘိုးကြီး ငြိမ်းချမ်းကိုကိုသည်လည်း ငါမဟုတ်။
သညာမှတ်ဉာဏ် တစ်ဆက်တည်းရှိသော ဘ၀တစ်ခုတည်းတွင်ပင် နောင်ဘ၀တွေ ဖြစ်ခြင်းမသိ၊ ဆက်တိုက် ဖြစ်နေသည်။
ရုပ်အသစ်၊ နာမ်အသစ်တွေ ဆက်တိုက် ပေါ်နေသည်။
မည်သည့်အရာမှ ငါ မဟုတ်။
အကြောင်းကြောင့် အကျိုး ဖြစ်ခြင်းသာ ဖြစ်သည်။
♥️♥️♥️♥️
4 days ago | [YT] | 1