Pa-O Channel

(၇၆)ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့(ဗဟို)အဆင့် အခမ်းအနားကို ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်ရေး(ဒဲဥ်သီႏဗွေ)ကွင်းတွင် ပြုလုပ်ကျင်းပ
=========================
မတ်လ ၁၃ ရက်၊ ၂၀၂၅ ၊ အထူးဒေသ၆

ဒီကနေ့ တပေါင်းလပြည့်၊ ကြာသာပတေးနေ့၊ ၂၀၂၅ခုနှစ်၊ မတ်လ ၁၃ ရက်နေ့တွင် ကျရောက်သော (၇၆)ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို ပအိုဝ်းစာပေနှင့်ယဥ်ကျေးမှုအဖွဲ့(ဗဟို)မှ ဦးစီး၍ တောင်ကြီးမြို့၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်ရေး(ဒဲဥ်သီႏဗွေ)ကွင်းတွင် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

ဒီကနေ့ ကျင်းပပြုလုပ်သော (၇၆) ကြိမ်မြောက်ပအိုဝ်းအမျိုးသားနေ့အခမ်းအနားတွင် နာယက ဖြားပီတာထွန်းနိုင်မှ အမှာစကားပြောကြပြီးကာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဗိုလ်ချုပ်ဇော်မင်းလတ်တို့က တက်ရောက် ဂုဏ်ပြုစကား ပြောကြားပေးခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပအိုဝ်းအမျိုးသားခေါင်းဆောင်အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ၊ ဝဏ္ဏကျော်ထင် ဖြားတန်စင်ဖါအောင်ခမ်းထီမှ ပေးပို့သော သဝဏ်လွှာကို ပအိုဝ်းစာပေနှင့်ယဥ်ကျေးမှုအဖွဲ့(ဗဟိို)၊ ဒု-ဥက္ကဌ ဖြားခွန်မင်းကျော်က ဖတ်ကြားခြင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ ပေးပို့လာသည့် သဝဏ်လွှာကို ဖြားခွန်တင်ထွဋ်က ဖတ်ကြားခြင်း
၊ပအိုဝ်းအမျိုးသားနေ့ ကျင်းပရေးကော်မတီဥက္ကဌ ဖြားခွန်ဝင်းကိုက ကျေးဇူးတင်အမှာစကား ပြောကြားခဲ့ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယခုနှစ် ပြုကျင်းပသော (၇၆)ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့အခမ်းအနားတွင် ဘောလုံးအားကစားပြိုင်ပွဲ၊ ဂေါက်သီးရိုက်ပြိုင်ပွဲ၊ ရိုးယာအကပြိုင်ပွဲနှင့် သာသနာ့ထူးချွန်ဘွဲ့၊ လူမှုထူးချွန်ဘွဲ့များအား ချီးမြင့်ခြင်း၊ ပဒေသာပင်အလှူလှည့်လည်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

#မောင်းမွူးခံꩻ #MMKNews
#ပအိုဝ်းအမျိုးသားနေ့၇၆ #မွူးနီꩻခွိုꩻပအိုဝ်ႏ
#အထူးဒေသ၆ #သဝဏ်လွှာ #တောင်ကြီး
#၇၆နေင်ႏခွပ် #ပအိုဝ်းစာ/ယဥ်

7 months ago | [YT] | 672