Pa-O Channel

(၇၆)ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့(ဗဟို)အဆင့် အခမ်းအနားကို ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်ရေး(ဒဲဥ်သီႏဗွေ)ကွင်းတွင် ပြုလုပ်ကျင်းပ
=========================
မတ်လ ၁၃ ရက်၊ ၂၀၂၅ ၊ အထူးဒေသ၆

ဒီကနေ့ တပေါင်းလပြည့်၊ ကြာသာပတေးနေ့၊ ၂၀၂၅ခုနှစ်၊ မတ်လ ၁၃ ရက်နေ့တွင် ကျရောက်သော (၇၆)ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို ပအိုဝ်းစာပေနှင့်ယဥ်ကျေးမှုအဖွဲ့(ဗဟို)မှ ဦးစီး၍ တောင်ကြီးမြို့၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်ရေး(ဒဲဥ်သီႏဗွေ)ကွင်းတွင် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

ဒီကနေ့ ကျင်းပပြုလုပ်သော (၇၆) ကြိမ်မြောက်ပအိုဝ်းအမျိုးသားနေ့အခမ်းအနားတွင် နာယက ဖြားပီတာထွန်းနိုင်မှ အမှာစကားပြောကြပြီးကာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဗိုလ်ချုပ်ဇော်မင်းလတ်တို့က တက်ရောက် ဂုဏ်ပြုစကား ပြောကြားပေးခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပအိုဝ်းအမျိုးသားခေါင်းဆောင်အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ၊ ဝဏ္ဏကျော်ထင် ဖြားတန်စင်ဖါအောင်ခမ်းထီမှ ပေးပို့သော သဝဏ်လွှာကို ပအိုဝ်းစာပေနှင့်ယဥ်ကျေးမှုအဖွဲ့(ဗဟိို)၊ ဒု-ဥက္ကဌ ဖြားခွန်မင်းကျော်က ဖတ်ကြားခြင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ ပေးပို့လာသည့် သဝဏ်လွှာကို ဖြားခွန်တင်ထွဋ်က ဖတ်ကြားခြင်း
၊ပအိုဝ်းအမျိုးသားနေ့ ကျင်းပရေးကော်မတီဥက္ကဌ ဖြားခွန်ဝင်းကိုက ကျေးဇူးတင်အမှာစကား ပြောကြားခဲ့ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယခုနှစ် ပြုကျင်းပသော (၇၆)ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့အခမ်းအနားတွင် ဘောလုံးအားကစားပြိုင်ပွဲ၊ ဂေါက်သီးရိုက်ပြိုင်ပွဲ၊ ရိုးယာအကပြိုင်ပွဲနှင့် သာသနာ့ထူးချွန်ဘွဲ့၊ လူမှုထူးချွန်ဘွဲ့များအား ချီးမြင့်ခြင်း၊ ပဒေသာပင်အလှူလှည့်လည်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

#မောင်းမွူးခံꩻ #MMKNews
#ပအိုဝ်းအမျိုးသားနေ့၇၆ #မွူးနီꩻခွိုꩻပအိုဝ်ႏ
#အထူးဒေသ၆ #သဝဏ်လွှာ #တောင်ကြီး
#၇၆နေင်ႏခွပ် #ပအိုဝ်းစာ/ယဥ်

7 months ago | [YT] | 672



@zayyarzayyar2859

နိုင်ငံတော်တည်ဆောက်ရေးမှာ ပါဝင်သည့် မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမဆို လေးစားပါတယ် မြန်မာ့တပ်မတော်နှင့်အတူ တိုင်းပြည်အေးအေးချမ်းရေးအတွက် စွမ်းဆောင်နေတဲ့ ပအိုဝ့်ပြည်သူ့စစ်အဖွဲ့အစည်းနှင့်အတူ ပအိုဝ်အမျိုးသားနေ့ကိုညလေးစားဂုဏ်ပြုလိုက်ပါတယ်ခင်မျာ

7 months ago | 8

@KawThanla68

နိုင်ငံချစ်စိတ်၊မှန်ကန်သောချစ်တတ်မှုနဲ့ပြည့်စုံတဲ့ပအို့တိုင်းရင်းသားများကျန်းမာပျော်ရွှင်ကြပါစေကြောင်း။ဆန္ဒများစွာဖြင့်။

7 months ago | 6

@heinwinhtut1479

နိုင်ငံတော်အပေါ်အမှန်တကယ် သစ္စာရှိပါစေ တစ်ချိန်ချိန်တော့ ပအိုဝ့်တွေ နေရာတစ်ခုရလာမှာပါ

7 months ago | 3

@NuNU-zm5ei

ရဲရဲတောက်သွေးချင်းတို့ရဲ့ ပအို့ဝ်မြေ ထာဝရ​ြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်ပါစေရ😍😍

7 months ago | 2

@UMOEMOE-ld9lr

ပအိုဝ်းတိုင်းရင်းသား ညီနောင်များ တိုးတက်အောင်မြင်ပါစေ💪💪

7 months ago | 1

@UHtinAungwinWin

ပအို့အမျိုးသားများအမျိုးသမီးများအန္တရာယ် ကင်းကိုယ်ကျန်းမာ၍စိတ်ချမ်းသာကြပါစေ

7 months ago | 0

@anngsoe3425

လေးစားပါတယ်

7 months ago | 0

@ထွန်းထွန်းပအိုဝ်း

နားခမ်းထူးဒျားဩ

7 months ago | 0

@ZawZawAung-h3j

ချစ်တယ်ဗျာ

7 months ago | 1

@win-e7z

မင်္ဂလာပါ​ရှိေသာေန့မှာ​ဘဝကို​သာသာယာယာ​ဖြတ်သန်း​နိုင်ပါစေ​

7 months ago | 0

@KoKo-y9p3e

မင်ဂလာပါအမျိုးတို့

7 months ago | 0

@tunwin-w3m

ရိုးသားတဲ့လူတွေရဲ့ဘဝမှာ သံသရာအထိသန့်ရှင်းနေတဲ့စိတ်နေစိတ်ထားကြောင့်အေးချမ်းသာယာနေကြတာနားလည်သဘောက်နိုင်ကြပါစေ ပအို့တိုင်းရင်းသားအားလုံးအေးချမ်းသာယာရှိကြပါစေ။

7 months ago | 0

@Naywon-c4v

တိုင်းရင်းသားအပေါင်းစည်းလုံးညီညွတ်ချိန်တန်ပြီ

7 months ago | 2

@ooayemin4583

ဗုဒ္ဓဘာသာဝင်တွေ စည်းရုံးပေါင်းစည်းကြရမည် အန်ယူဂျီမှာက ခရစ်တွေ အစ်တွေ ခေါင်းဆောင်ပြီး အနောက်အားနဲ့ ဗုဒ္ဓဘာသာကို တိုက်ဖျက်ဖို့လုပ်နေတာလရှီလက ကချင် ခွဲထွက်ရေး တာဝန်ခံပဲ

7 months ago | 0

@nwaynway-o9q

PNO/ PNA အဓွန်ရှည်တည်မြဲ၍ပအို့ဝ်အမျိုးသားများ၏အကျိုးသယ်ပိုးနိုင်ပါစေ

7 months ago | 2

@UZin-f9g

👍👍👍👍👍👍👍👍👍👍👍👍👍👍

7 months ago | 0

@zawlinhtay-kk2qp

ပအို့ဝ်အမျိုးသားနေ့ကိုဂုဏ်ပြုပါတယ်

7 months ago | 4