☎ 09 450 67 67 37
ဘဝမမေ့နဲ့၊ ဘဝင်မမြင့်နဲ့၊
ဘာမှမမြဲဘူး...
အားပေးကြတဲ့ ချစ်စွာသော
ချစ်ပရိသတ်မိသားစုများ
အားလုံး ကြည်နူး ရွှင်လန်း
ချမ်းမြေ့ကြ၍ ဆန္ဒ နဲ့ ဘဝ
ထပ်တူပြည့်ဝပါစေကြောင်း
ဆုခြွေတောင်း... 🙏🏻🙏🏻🙏🏻
► Subscribe to Minn Thu Reain :youtube.com/@minnthureainofficial
► Like us on Facebook : www.facebook.com/profile.php?id=100012876198281&am…
#မင်းသူရိန်
#မင်းသူရိန်သီချင်းများ
#Minn_Thu_Reain
#Minn_Thu_Reain_Singer
#Minn_Thu_Reain_Vocalist
#Minn_Thu_Reain_Official
#မိုးသက်နိုင်
#မိုးသက်နိုင်သီချင်းများ
#Moe_Thet_Naing
Minn Thu Reain Official
ငွေရှာကောင်းတဲ့ ယောက်ျားကိုရွေးချယ်ရင်
သူအိမ်ကို ဂရုမစိုက်နိုင်တာကိုတော့
သည်းခံရမယ်။
အိမ်ကို ဂရုစိုက်တဲ့ယောက်ျားကို ရွေးချယ်ရင်
သူငွေမရှာတတ်တာကိုတော့ နားလည်းပေးရမယ်။
ပြောစကား နားထောင်တဲ့ ယောက်ျားကိုရွေးချယ်ရင်
သူရဲ့အားငယ်စိတ်ကို နားလည်းပေးရမယ်။
ရဲရင့်တဲ့ယောက်ျားကို ရွေးချယ်ရင်
သူရဲ့ ခေါင်းမာမှုကိုတော့ သည်းခံပေးရမယ်။
သိပ်လှတဲ့ ယောက်ျားကို ရွေးချယ်ရင်
သူရဲ့ သုံးဖြုန်းမှုကိုလည်း လက်ခံပေးရမယ်။
အရည်အချင်းရှိတဲ့ ယောက်ျားကိုရွေးချယ်ရင်
သူရဲ့လွမ်းမိုးမှုနဲ့ အနိုင်ယူတာကို
နားလည်းပေးရမယ်။
ဘက်စုံတော်တဲ့ ယောက်ျား ဆိုတာ
အိပ်မက်ထဲမှာပဲရှိတယ်... 👌😊😊😊👌
#Credit,
2 months ago | [YT] | 379
View 8 replies
Minn Thu Reain Official
၁၂နာရီ၅၂မိနစ်၊ 28-3-2025 Fri
ငလျင် အတော်လှုပ်ခတ်သွားတယ်။ စီးလာတဲ့
Expresscar ၁၄၁ မိုင် နားမှာ ထိုးရပ်လိုက်ရတယ်။
ကားကို ယိမ်းထိုး လှုပ်ခါသွားတယ်။
တော်သေးတယ် ကားဆရာ ရပ်တာမြန်လို့
ကံကောင်းတာ။ 🙏🙏🙏
၁၃၂ မိုင် ၁ ဖာလုံ အမြန်လမ်းမှာတော့ တံတားကျိုး
ကားလမ်းပျက်စီးသွားတယ်။
မြေလမ်းတွေပါ ကွဲအက်ကုန်တယ်။
ပျော်ဘွယ်မြို့ပေါ်မှာတော့ တိုက်တွေပြို၍ အသေအပျောက်များသည်ဟု မိတ်ဆွေများထံမှ
သိရှိရပါတယ်။ ကမ္ဘာသူ ကမ္ဘာသားများအားလုံး
ဘေးဘယာဝေးကွာပြီး ကပ်ကြီးသုံးပါး
ကျော်လွှားနိုင်ကြပါစေ... 🙏🙏🙏
5 months ago (edited) | [YT] | 64
View 0 replies
Minn Thu Reain Official
၁၂နာရီ၅၂မိနစ်၊ 28-3-2025 Fri
ငလျင် အတော်လှုပ်ခတ်သွားတယ်။ စီးလာတဲ့
Expresscar ၁၄၁ မိုင် နားမှာ ထိုးရပ်လိုက်ရတယ်။
ကားကို ယိမ်းထိုး လှုပ်ခါသွားတယ်။
တော်သေးတယ် ကားဆရာ ရပ်တာမြန်လို့
ကံကောင်းတာ။ 🙏🙏🙏
5 months ago | [YT] | 37
View 2 replies
Minn Thu Reain Official
" #အိုးဋီကာ "
မိန်းမ ဆိုတဲ့အမျိုးက
မြေအိုးလိုပဲ…ငါ့သား
အဖေတို့လို
"ရေ"…ဆိုတဲ့ ယောက်ျားသာ မရှိရင်
မှောက်ထားရုံသက်သက်
အိုးအပြင်နှုတ်ခမ်းမှာ
ပိုးမျှင်တန်းပြီး ယှက်နေရုံပဲလေ ။
သူတို့ကို လက်ထပ်ရတာက
ဆက်စပ်သမျှ အကြောင်းအကျိုး
အကောင်းအဆိုး ဒွန်တွဲ
ရိုးရိုးလေး တွေးမယ်ဆို
အိုးရွေးဝယ်ရသလိုပဲပေါ့ကွယ် ။
အနယ်မနာ မီးမကျက်
ကွဲအက်လွယ်တဲ့အမျိုးကို
စပ်စလူးအိုးလို့ ခေါ်သကွဲ့
ဘယ်တော့မှ မဝယ်နဲ့နော် ။
မီးပေးနာထားလို့
ဧည့်သည်လာတိုင်း အရှက်ခွဲ
မျက်နှာမည်းတဲ့အိုးမျိုး
လျှော့စျေးနဲ့ရောင်းတောင်
မျက်စောင်းမထိုးမိစေနဲ့ကွဲ့ ။
ရေဘယ်လောက် ဖျန်း ဖျန်း
မကျေမချမ်းနဲ့
အမြဲတမ်း ဆူဆူပူပူ
နှုတ်ခမ်းထူတဲ့အိုး များ
ဘယ်သူက အလကားပေး ပေး
ယူဖို့မတွေးလေနဲ့…သားရေ ။
အဖိုးနည်း ရင်
အိုးကွဲပဲ ရမတဲ့
အိုးရွေးမှန်မှလည်း
အကျိုးပေးသန်မှာပဲ မဟုတ်လား ။
အိုးကြီး အိုးသေး
တစ်မျိုးပြီး တစ်မျိုးရွေး
ကြေးတိုးပေးဖို့
အိုးစျေးတန်းကတော့
သွေးတိုးစမ်းနေဦးမှာပဲ…သားရေ ။
အက်ကြောင်းတလျှောက်
မိတ်ကပ်နဲ့ဖျောက်ထားတဲ့
ပေါက်ပြီးသား အိုးတွေ……။
မလှိမ့်တစ်ပတ်နဲ့
စိမ့်တတ်တဲ့ အိုးတွေ……။
လည်သိမ် အောက်ကား
ဆောင့်ကြွားကြွား အိုးတွေ……။
ကနုတ်များများရေး
အရုပ်အသားပေး အိုးတွေ……။
ကန့်သတ်ချက် မရှိဘူး
နှံ့စပ်အောင် လျှောက်ကြည့်
ပတ်ပတ်လည် မြှောက်ကြည့်
လက်နဲ့ ခေါက်ကြည့်
"ဒေါက်"…လို့ အသံထွက်ရင်
ပေါက်ထွက်မယ့်အိုး လို့မှတ်
"ဒပ်"…လို့ ထွက်တဲ့အသံ
လက်မခံပါလေနဲ့
အက်သံပါနေသတဲ့ကွယ်
နားထဲမှာ ကြည်လင်
"ဒေါင်"…လို့ မြည်ရင်တော့
ပီပြင်တဲ့အိုး ရပဟေ့
အဖိုးအခ စျေးများလည်း
အပြေးအလွှားဝယ်
တလေးတစားသာ သယ်ခဲ့တော့
အဲဒါ………
တို့ဘိုးဘေးတွေ လက်ထက်ကတည်းက
အိုးရွေးတဲ့အချက်ပဲ…ငါ့သား ။
စျေးဝယ်ဆိုမှတော့
စျေးလယ်ထိတော့ ရောက်အောင်သွား
တန်းထားတဲ့အိုးတွေ ရှိတယ်
လမ်းသလားတဲ့အိုးတွေ ရှိတယ်
အနေသန့်တဲ့ အိုးအကောင်းတွေရှိတယ်
မြေညံ့တဲ့ အိုးအဟောင်းတွေရှိတယ်
အဖိုးသားနား အနည်းအများ
အမျိုးအစားလည်း ကွဲပြားတယ်
အိုးမမှားဖို့……ကြိုးစားဖို့က
အမျိုးသားတိုင်း သဘောပေါက်
ဟောတစ်ယောက်…ဟောတစ်ယောက်နဲ့
အချိုးပြေ မပြေသိရအောင်
အိုးတွေသာ လိုက်ခေါက်ကြည့်ပေတော့…သားရေ။
#Credit_မူရင်း
5 months ago | [YT] | 65
View 0 replies
Minn Thu Reain Official
ဒေါက်တာ အရှင်ဝိစာရ အလှူအကြို အထူးဓမ္မသဘင် Live
7 months ago | [YT] | 10
View 1 reply
Minn Thu Reain Official
ယနေ့ည (3-2-2025) ၇နာရီတိတိတွင် ဓမ္မသဘင်တရားပွဲ တိုက်ရိုက် Live လွှင့်ပါမည်ခင်ဗျာ...
7 months ago | [YT] | 39
View 1 reply
Minn Thu Reain Official
ယနေ့ည (3-2-2025) ၇နာရီတိတိတွင် ဓမ္မသဘင်တရားပွဲ တိုက်ရိုက် Live လွှင့်ပါမည်ခင်ဗျာ...
7 months ago | [YT] | 23
View 2 replies
Minn Thu Reain Official
ငါးတစ်ကောင်ရဲ့ အရည်အချင်းကို
သစ်ပင်တက်ခိုင်းပြီး ဆုံးဖြတ်လို့မရသလို၊
မျောက်တစ်ကောင်ရဲ့ အရည်အချင်းကိုလည်း
ရေကူးခိုင်းပြီး ဆုံးဖြတ်လို့မရပါဘူး။
လူတိုင်းမှာ မတူကွဲပြားတဲ့ အရည်အချင်းကိုယ်စီ
ရှိနေတတ်ကြပါတယ်။
စာမေးပွဲရမှတ်တစ်ခုတည်းကိုကြည့်ပြီး
လူတစ်ယောက်ရဲ့ အရည်အချင်းကို
သတ်မှတ်လို့မရသလို၊ ပိုက်ဆံရှာနိုင်တာ
တစ်ခုတည်းကိုကြည့်ပြီး အရမ်းတော်ကြောင်း
သတ်မှတ်လို့မရပါဘူး။
လူ့ပတ်ဝန်းကျင်ကို သူက ဘယ်လောက်ထိ
အကျိုးပြုနေလဲဆိုတဲ့ ပေတံနဲ့ တိုင်းတာမယ်
ဆိုရင်တော့ ထူးချွန်ထက်မြတ်တဲ့သူတစ်ယောက်
ဟုတ်မဟုတ်ကို သိနိုင်ပါတယ်။
7 months ago | [YT] | 65
View 7 replies
Minn Thu Reain Official
" ဆရာကြီး ...သမီး သီတင်းကျွတ် လာကန်တော့တာပါရှင့်"
"ကျေးဇူးပါ..သာဓုပါကွယ်...အိမ်မှာ အဖေနဲ့အမေ ရှိသေးလား..
သူတို့ကိုရော ကန်တော့ပြီးပြီလား"
"ဟုတ်..ကန်တော့မှာပါ"
"သမီးလခ ဘယ်လောက်ရသလဲ"
"၃-၄ သိန်းရပါတယ်"
"မိဘ ကို တစ်လ ဘယ်လောက် ကန်တော့လဲ"
" လစဉ်တော့မကန်တော့ဖြစ်ဘူးဆရာ..အခုလို
သီတင်းကျွတ် ..
သင်္ကြန်ဆိုရင်တော့ ကန်တော့ဖြစ်ပါတယ်.."
" လျှာရှည်တယ် စပ်စုတယ်တော့ မထင်နဲ့..
တစ်ခါကန်တော့ရင် ဘယ်လောက်ကန်တော့လဲ"
" လေး-ငါး သောင်းလောက်တော့ ကန်တော့ဖြစ်ပါတယ်"
" တစ်နှစ်မှာ နှစ်ခါ သုံးခါ ထားပါတော့ တစ်နှစ်ကို
၁-၂ သိန်းပေါ့...
တစ်ရက်မှာ သမီး ၄- ၅၀၀ ကျပ်လောက် ကန်တော့တယ် ဆိုတဲ့ သဘောပေါ့။
အင်း ..လဘက်ရည်တစ်ခွက် ဘယ်လောက်လဲ"
" ၅၀၀ လောက်ဖြစ်နေပြီဆရာ"
"သမီး မိဘကို တစ်ရက်ကို လဘက်ရည်တစ်ခွက် ဘိုး
ကန်တော့သလိုဖြစ်နေတာပေါ့။
သမီးကို ဒီအရွယ်အထိ ထမင်းမကျွေးခဲ့တဲ့နေ့ရှိလား။
ကျောင်းလည်းထား..အဝတ်အစားလည်းဆင်.
.နေမကောင်းလဲဆေးကုပေး ..
ထမင်းလဲကျွေး မုန့်လဲကျွေး ဟုတ်တယ်နော် အနှစ်၂၀ ကျော်နေပြီ...
သမီး သူတို့ကို ဘယ်နှစ်နှစ်များ ပြန်လုပ်ကျွေး
ရသေးလို့လဲ...လဘက်ရည်တစ်ခွက်ဖိုးလောက်
ပြန်လုပ်ကျွေးရတာကို တော်တော် ပင်ပန်းနေပြီ
ဟုတ်လား...ခက်ခဲနေပြီ ဟုတ်လား"
" သမီးက ပေးတယ်..အမေတို့က မယူတာ..
မုန့်တွေစားချင်တာတွေတော့ ဝယ်ပေးပါသေးတယ်"
"စိတ်မဆိုးနဲ့နော်..သမီးမိဘက ဘောစိလား"
"မဟုတ်ပါဘူးဆရာရယ်..မရှိလို့ အခုလို တနယ်တကျေး
မိဝေးဖဝေး အလုပ်လုပ်နေရတာပေါ့..သမီးလဲ
တစ်လတစ်လ မလောက်ဘူး"
"တစ်လ ၃-၄ သိန်းဆိုတာ ဆရာတို့ အိမ်မက်တောင်
မ မက်ခဲ့ဘူးတဲ့လစာ။
ဒါကို မလောက်ရင် လောက်အောင် သုံးနိုင်အောင်
ကိုယ့်ကိုယ်ကို စီမံခန့်ခွဲ ရမယ်လေ..
မိဘက မလိုလို့မယူတာမဟုတ်ဘူး..မယူရက်လို့ မယူတာ..
လိုချင်တာ ဝယ်ပေးတာထက် သမီး ပေးတဲ့ ပိုက်ဆံလေး
ကိုင်ချင်တာပေါ့။
ပြောမထွက်ရက်လို့သာ။ သူလိုချင်တာ သူစားချင်တာ
သူသောက်ချင်တဲ့ဆေး သူ့ပိုက်ဆံနဲ့သူဝယ်ချင်တာ...
အိမ်ကိုကြွတဲ့ ဆွမ်းခံကိုယ်တော်ကို သူ့ကိုယ်ပိုင်ငွေနဲ့
ဝတ္ထု ကပ်
လှုချင်တာ..ဘုရားကိုသူ့ငွေနဲ့သူ လှုချင်တာ။
သူ့မြေးတွေကို သူကိုယ်ပိုင်ပိုက်ဆံနဲ့ မုန့်ဖိုးပေးချင်တာ။
အဲဒါကြောင့် သူ့လက်ထဲကို ငွေ ထည့်ပေးထားပါ။
သမီး ဘာတွေဖြည့်ဆည်းပေးပေး
ငွေလဲ ကန်တော့ပါ။ သမီး တစ်လ ဖုန်းဘီလ်
ဘယ်လောက်ကုန်လဲ"
"၃-၄ သောင်း။ တခါတလေ လဲ ငါးသောင်းကျော်တယ်"
" အဲဒီငွေထဲက တစ်လ ၁၀၀၀၀ လောက်
ပိုအောင်စုကြည့်ပါ။
မိဘကို လစဉ်ပုံမှန်ကန်တော့ကြည့်ပါ။ တခါတည်း
တစ်သိန်းကန်တော့တာထက်
တစ်လတစ်ခါ ၁၀၀၀၀-၂၀၀၀၀ ကန်တော့ရတာ ကန်တော့ရတဲ့ သမီးလဲ ပေါ့ပါးတယ်။ ဝန်ထုပ်ဝန်ပိုးမဖြစ်ဖူးပေါ့။ လစဉ်မှန်မှန် ကန်တော့တဲ့အတွက် မိဘလဲ သမီးကန်တော့မဲ့ငွေ
၆လ တစ်နှစ် စောင့်စရာ မလိုပဲ အဆင်ပြေပြေရတယ်။
သုံးချင်တာလေးတွေလဲ သုံးချင်တဲ့အချိန် သုံးရတော့
ကျေနပ်တာပေါ့"
"ဆရာ ရှင်းပြတော့မှ အမေတို့ကို သနားလိုက်တာ။ဟုတ်တယ်နော်။
သမီးကန်တော့တာ လဘက်ရည်တစ်ခွက်ဖိုးလောက်ပဲ
ရှိတာပါလား"
ကလေးမလေး မျက်ရည်တွေ ဝိုင်းလာသည်။
" သမီး နေ့တိုင်း အပြင်မှာ ထမင်းစားရတယ်ဟုတ်လား။
အနည်းဆုံးတစ်နပ် ကို တစ်ထောင် ထားပါ။ တစ်နေ့ ၂-၃၀၀၀ ပဲ ။
သမီးမှာ ချစ်သူရှိရင် ဆိုင်ကောင်းကောင်းစားရတာနဲ့
လည်ပတ်ရတာနဲ့
သူ့မွေးနေ့ကိုယ့်မွေးနေ့ လက်ဆောင်တွေပေးရတာနဲ့
valentine day ဆိုရင် လက်ဆောင်ပေးရတာနဲ့
နေ့တိုင်းညတိုင်း ဖုန်းတွေပြောရတာနဲ့ ...
အားပါးပါး ကုန်လိုက်တဲ့ပိုက်ဆံတွေ...အဲဒီအချိန်မှာ သမီး မိဘက
သမီးပေးတဲ့ လဘက်ရည်တစ်ခွက်ကို
နှစ်ယောက်ဆို တစ်ယောက်တစ်ဝက် သောက်နေရတာနော်..
.မုန့်မပါဘူး။
ထမင်း ဟင်းမပါသေးဘူး ..ဆိုတာလေး မျက်စိထဲ
မြင်ယောင်ကြည့်လိုက်ပါ။
သမီး တစ်လ ၃-၄ သိန်း ကုန်တယ်ဆို တစ်ရက် တစ်သောင်း နှုန်းလောက် သုံးနေတဲ့အထဲမှာ မိဘအတွက် ၄-၅၀၀ ပဲ ပါနေသေးတယ် လဘက်ရည်တစ်ခွက်ဖိုးပဲ ရှိသေးတယ်ဆိုတာ မြင်တွေးကြည့်လိုက်ပါ"
ကလေးမလေး မျက်ရည်တွေ ကျလာသည်။
" သမီးမိဘက အဆင်မပြေလို့ဆိုပြီး သမီးကို
တစ်ရက်ကလေး အငတ်ထားခဲ့ဘူးသလား"
ကလေးမလေး အသံမထွက်တော့။ခေါင်းခါပြသည်။
" သမီး ..အခု မိဘကို အငတ်ထားသလို ဖြစ်နေပြီနော်။
မိဘ ဆိုတာ မသေခင်လုပ်ကျွေးရတာ။ သေပြီးမှတော့
ငိုပြမနေတော့နဲ့။
ဖေ့ဘွတ်မှာ “ I love my mom “ “ I love my Dad “
လောက်ကို
ကျေးဇူးဆပ်တယ်ထင်မနေနဲ့။ သူတို့မစားနိုင်
အိပ်ယာပေါ်က မထနိုင်တော့တဲ့
အချိန်မှလည်း ကျွေးမနေတော့နဲ့။ဆရာ့ရဲ့ သီတင်းကျွတ်
လက်ဆောင်ကတော့
" မိဘကို အမြန်ဆုံး လုပ်ကျွေးပါ" လို့ပဲ ပြောချင်ပါတယ်
သမီးရေ"
ကလေးမလေး ငိုချတော့သည်။
" ကဲ...အခုလို ဆရာ့ကို ကန်တော့ရသော
အကျိုးအားကြောင့် ..
မိဘကို အလုပ်အကျွေးပြုနိုင်သော သမီးကောင်းရတနာ
တစ်ဦး ဖြစ်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်"
** မိဘက လိုအပ်သည်ဖြစ်စေ မလိုအပ်သည်ဖြစ်စေ
လုပ်ကျွေးဖြစ်အောင် လုပ်ကျွေးကြပါ။
** အမြန်ဆုံးလုပ်ကျွေးပါ။
တတ်နိုင်သမျှ များများ လုပ်ကျွေးပေးကြပါ။
** မလုပ်ကျွေးရသေးတဲ့လူတွေလဲ မြန်မြန် လုပ်ကျွေးကြပါ။
** လုပ်ကျွေးနေတဲ့ လူတွေလည်း ယခုထက်ပိုပြီး
များများ ပြုစုယုယ လုပ်ကျွေးကြပါ။
"ကျွန်တော် / ကျွန်မ တို့ အများကြီး ကြိုးစားရပါဦးမည်"
#Credit
(သက်ရှိ ဘုရားများကို ပြုစုလုပ်ကျွေးနိုင်ကြပါစေ )
🙏🙏🙏
9 months ago | [YT] | 176
View 9 replies
Minn Thu Reain Official
အသစ်စက်စက် သီချင်းလေး 1.12.2024 ညနေ ၆နာရီ
တင်ပေးမယ်ဗျို့...
9 months ago | [YT] | 31
View 2 replies
Load more