"မင်္ဂလာပါ"
စာပေချစ်သူများ အတွက် အောင်မြင်ကြီးပွားရေးစာပေများနှင့်သမိုင်းစာပေများကိုနေ့စဥ်ညနေ (၆)နာရီခွဲတိုင်းမှာတင်ဆက်ပေးနေပါတယ်ခင်ဗျာ။
စာပေချစ်သူတိုင်းစာပေနှင့်နီးစပ်စေရန် ရည်ရွယ်၍တင်ဆက်ပေးနေခြင်းဖြစ်သည်။ အမြင်အာရုံ အားနည်းသူများနှင့်နိုင်ငံရပ်ခြားမှစာပေဖတ်ရှု့ရန်အချိန်မပေးနိုင်သူများအတွက် အဓိကရည်ရွယ်ပါသည်။
နားထောင်ပြီးလို့ကြိုက်နှစ်သက်ပါက ကျွန်တော့်ရဲ့ channel လေးကို subscribe လေးလုပ်ပြီးကူညီပေးပါခင်ဗျာ။ မြန်မာပြည်ကမိတ်ဆွေများ ကျွန်တော့်ကို support လုပ်လို့ပါက (ဗီPအန်)ဖွင့်ပြီး နားဆင်ပေးပါခင်ဗျာ မဖြစ်မနေလုပ်ပေးဖို့တောင်းဆိုခြင်းမဟုတ်ပါ အဆင်ပြေမှပါ။
Welcome to Novel Reader-2, your go-to hub for powerful articles that fuel your ambition and drive. Join us for a daily dose of inspiration, practical tips, and empowering stories to help you reach your goals. Subscribe now and let's embark on this journey to greatness together!
Please Subscribe My Telegram Channel
t.me/NovelReader12
"သတိ"
အသံဖိုင်များကို ပြန်ဒေါင်းပြီး ပြန်လည်အသုံးပြုခြင်းလက်မခံပါ။
#NovelRader2
#audi
Novel Reader-2
ဘဝဆိုတာ နိမ့်တလှည့် မြင့်တလှည့်ပါ အမြဲတမ်းလည်း နိမ့်မနေသလို
အမြဲတမ်းလည်း မြင့်မနေပါဘူး။
တစ်ခုတော့ရှိတယ် မင်းဟာအမြဲတမ်းနိမ့်နေပြီဆိုရင်တော့ လဲကျတဲ့အချိန်မှာ မင်းပြန်ထဖို့မကြိုးစားလို့ပဲ။
အမြဲတမ်းမြင့်နေတယ်လို့ ထင်ရတဲ့သူတွေကျတော့လည်း လဲကျတာနဲ့ ချက်ချင်းပြန်ထခဲ့ကြလို့ပဲ။
စိတ်ဓာတ်မကျပါနဲ့ အဆင်မပြေမှုတွေက သင်တစ်ယောက်ထဲမှာရှိနေတာမဟုတ်ပါဘူး ။
လဲကျတိုင်းပြန်ထဖို့ မမေ့ပါနဲ့
2 months ago |[YT] | 274
View 8 replies
Novel Reader-2
စိတ်မကောင်းစရာကောင်းတာကတော့... သင့်အနေနဲ့ စိတ်ဓာတ်တွေ အပြင်းအထန် ကျနေတဲ့ အချိန်မျိုးမှာတော့ အထက်မှာ ဖော်ပြခဲ့တဲ့ အကျိုးရှိမယ့် အလုပ်တွေထဲက ဘာတစ်ခုကိုမှ ထပြီး မလုပ်ချင်မကိုင်ချင် ဖြစ်နေပါလိမ့်မယ်။ ဒါပေမဲ့လည်း... သင့်ဘက်က ခန္ဓာကိုယ်ကို စတင် လှုပ်ရှားလိုက်တာနဲ့၊ ကိုယ့်ကိုယ်ကိုယ် အလုပ်လေးတွေ စတင်ပြီး အနည်းနဲ့အများ ရှုပ်အောင် လုပ်ဆောင်လိုက်တာနဲ့အမျှ... သင့်ရဲ့ စိတ်အခြေအနေဟာ တဖြည်းဖြည်းချင်း အလိုလို ပြန်လည် ကောင်းမွန် တိုးတက်လာမှာ ဖြစ်ပြီး၊ ရှေ့ဆက်ရတာ တဖြည်းဖြည်းနဲ့ ပိုမို လွယ်ကူအဆင်ပြေလာပါလိမ့်မယ်။ ဒါကြောင့်မို့လို့ ဘဝမှာ အကြီးကြီးတွေ လျှောက်တွေးပြီး အားမငယ်ပါနဲ့ဦး၊ အခု လောလောဆယ် မိမိတတ်နိုင်တဲ့ "ခြေလှမ်းတစ်လှမ်းချင်းစီ" (One step at a time) ကိုသာ အေးအေးဆေးဆေး ဖြည်းဖြည်းချင်း ရှင်သန် လှမ်းလျှောက်သွားဖို့ သိပ်ကို အရေးကြီးလှပါတယ်။
"ဘဝမှာ အကြီးကြီးတွေ လျှောက်တွေးပြီး အားမငယ်ပါနဲ့ဦး၊ အခု လောလောဆယ် မိမိတတ်နိုင်တဲ့ "ခြေလှမ်းတစ်လှမ်းချင်းစီ" (One step at a time) ကိုသာ အေးအေးဆေးဆေး ဖြည်းဖြည်းချင်း ရှင်သန် လှမ်းလျှောက်သွားဖို့ သိပ်ကို အရေးကြီးလှပါတယ်။ "
(စိတ်ဖိစီးမှုတွေကြားမှာအေးချမ်းစွာနေထိုင်နည်း စာအုပ်မှ)
စာအုပ်ကနောက်ပိုင်းရောက်လာလေ ကောင်းလေပဲဗျာ ကျွန်တော်လည်း ဖတ်ပြပေးချင်နေပါပြီ သို့သော် ဒီရက်ပိုင်းကျန်းမာရေးသိပ်မကောင်းလို့ အပိုင်းသစ်တွေ အသံမသွင်းနိုင်ဖြစ်နေတာပါ။ အသံမသွင်းနိုင်တော့လည်း ဒီစာအုပ်ကို ဘာပြန်ဖို့ ၃၀%လောက်ကျန်ရှိနေတဲ့ အပိုင်းတွေကို ဆက်လက်ဘာသာပြန်နေပါတယ်။ လူကလည်းတော်တော်လေး သက်သာလာပါပြီ။ နောက်အပတ်ထဲမှာ အပိုင်းအသစ်တွေဆက်လက်တင်ပေးပါမယ်။ အများအတွက်အကျိုးရှိစေမယ့်စာအုပ်ကောင်းတွေကိုလည်း ဆက်လက်ပြီးရှာဖွေဘာသာပြန်ပေးပါအုံးမယ်။
အားလုံးပဲ ကိုယ်စိတ်မနှစ်ဖြာ ကျန်းမာ၊ချမ်းသာကြပါစေ/ပျော်ရွှင်သောဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ။
3 months ago |[YT] | 230
View 14 replies
Novel Reader-2
မနက်ဖြန် Sunday (28.6.2026) 9:00 AM အချိန် Live လွှင့်ပါမယ် အားလုံးနဲ့ဆုံချင်ပါတယ်။
3 months ago |[YT] | 214
View 4 replies
Novel Reader-2
ဘာသာပြန်နေရင်းနဲ့ ဒီစာအုပ်ကို တော်တော်ကိုကြိုက်နေတာ။ ဒီစာအုပ်ကို ကျွန်တော့်ရဲ့ ပရိတ်တွေလည်း ကြိုက်မှာသေချာပါတယ်။ တကယ်ကို တန်ဖိုးရှိတဲ့စာအုပ်ဖြစ်လို့ တကြိမ်ဖတ်ရုံနဲ့ မလုံလောက်ပါဘူး ခနခနပြန်ဖတ်ပြီ လက်တွေ့ကျင့်ကြံရမယ့် စာအုပ်ဖြစ်ပါတယ်။ ဖြစ်နိုင်ရင်ကိုယ်တိုင် စာအုပ်ကိုကိုင်ပြီး ဖတ်စေချင်ပါတယ်။ ကျွန်တော်ရဲ့ ပထမဦးဆုံး physicial bookအဖြစ် ဒီစာအုပ်ကို ထုတ်ဖို့စိတ်ကူးထားပါတယ်။ အခုတော့ ဘာသာပြန်ခြင်း အလုပ်က တဝက်တိတိပြီးပါပြီ မကြာခင်စတင်ဖတ်ပြပါမယ်။
3 months ago |[YT] | 487
View 14 replies
Novel Reader-2
အခုလောလောဆယ်မှာတော့ "Master Yor Emotion" စာအုပ်ကိုဘာသာပြန်နေပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အခုနောက်ပိုင်းမှာ အလုပ်တွေဘယ်လောက်ပဲများများ ဘုရားရှိခို၊ပုတီးစိပ်ပြီးရင် တရားထိုင်ဖို့အချိန်ကိုရအောင်ယူပြီး တရက်ကို မိနစ်၃၀ ထိုင်ဖြစ်တယ်။ အလုပ်နားတဲ့ညတွေဆိုရင် တစ်နာရီ ထိုင်ဖြစ်တယ်။ ပြောချင်တာက အခုဘာသာပြန်နေတဲ့"Master Yor Emotion"စာအုပ်က ကွက်တိလာကျနေတယ်။ စာဖတ်သူ နားဆင်သူများအနေနဲ့ ဒီစာအုပ်ထဲက အကြောင်းအရာတွေက ကျွန်ကိုယ်တိုင်ရင်ထဲကပြောပြချင်တဲ့အကြောင်းအရာတွေ လုံးဝကိုတူညီနေပါတယ်။ အခုထိတော့ စာမျက်နှာ ၂၀ လောက်ပြီးပါပြီ။ အသံစသွင်းမယ်ဆိုရင် တစ်နာရီစာလောက်တော့ ရပါပြီ။ ဒီစာအုပ်ဟာ ကျွန်တော့်ကိုယ်တိုင် တော်တော်ကိုကြိုက်နှစ်သက်တဲ့စာအုပ်ဖြစ်လို့ စာအုပ်ဖြစ်ထုတ်ဝေမယ့်စားရင်းထဲမှာ ထည့်ထားပါတယ်။
3 months ago |[YT] | 254
View 15 replies
Novel Reader-2
ပရိတ်သတ်တစ်ယောက်တောင်းဆိုထားတဲ့ စာအုပ်ကလေးကို ရှာဖွေပြီးဘာသာပြန်တင်ဆက်ပေးလိုက်ပါပြီ။ ဒီညမှာအပိုင်း(၁)စတင်ပေးပါမယ်။ တောင်ဆိုထားတဲ့ပရိတ်သတ်အနေနဲ့ ကော်ဖီလာတိုက်လို့ရပါပြီ😂။
4 months ago |[YT] | 251
View 5 replies
Novel Reader-2
"အထီးကျန်ခြင်းကိုခွန်အားအဖြစ်ပြောင်းလဲခြင်း" စာအုပ်ကလေးကတော့ ဒီနေ့နောက်ဆုံးအပိုင်းကိုတင်ပေးထားပါတယ်။ နှစ်ရက်လောက်ဒီ Channel မှာနားပါအုံးမယ်။ နောက်ထပ်ဘယ်လိုစာအုပ်ကောင်းတွေလာမလဲဆိုတာကို ရင်ခုန်စွာနဲ့စောင့်မျှော်နားဆင်ပေးပါအုံး။
4 months ago |[YT] | 251
View 3 replies
Novel Reader-2
"အဓိပ္ပါယ်ရှိသောဘဝကိုရှာဖွေခြင်း" စာအုပ်ကတော့ ပြီးဆုံးသွားပါပြီ။
နောက်ထပ်ဖတ်ပြမယ်စာအုပ်ကတော့ "အထီးကျန်ခြင်းကို ခွန်အားအဖြစ်ပြောင်းလဲခြင်း" စာအုပ်ကိုဆက်လက်ဖတ်ပြပေးပါမယ်။
4 months ago |[YT] | 357
View 10 replies
Novel Reader-2
ဖြေပေးခဲ့ပါအုံး
4 months ago |[YT] | 345
View 28 replies
Novel Reader-2
ကျွန်တော်ကိုယ်တိုင်ဘာသာပြန်ထားတဲ့ "သင်တွေးတဲ့အတိုင်း သင်ဖြစ်လာတယ်" ဆိုတဲ့စာအုပ်ကို Spotify မှာလည်းနားဆင်နိုင်ပါပြီ။
spotifycreators-web.app.link/e/49qlSAik82b
5 months ago |[YT] | 953
View 13 replies
Load more