Team Liquid ID ဟာ Season 15 ကနေ Season 17 အထိ ONIC ID နဲ့ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ Head-to-Head ၆ ကြိမ်မှာ ၆ ကြိမ်စလုံး ရှုံးနိမ့်ထားခဲ့တာ ဖြစ်ပါတယ်။
ဒီကာလအတွင်း ONIC ID ဟာ Team Liquid ID အတွက် ကျော်ဖြတ်ဖို့ခက်ခဲတဲ့ ပြိုင်ဘက်တစ်သင်း ဖြစ်ခဲ့ပြီး တွေ့ဆုံမှုတိုင်းမှာ အသာစီးရယူထားနိုင်ခဲ့ပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့ စနေနေ့က ကစားခဲ့တဲ့ နောက်ဆုံးတွေ့ဆုံမှုမှာတော့ Team Liquid ID က ဒီအရှုံးမှတ်တမ်းကို နောက်ဆုံးမှာ အဆုံးသတ်နိုင်ခဲ့ပါတယ်။
ONIC ID ကို ပြန်လည်အနိုင်ယူပြီး Head-to-Head ၆ ပွဲဆက် ရှုံးနိမ့်ထားမှုကို ဖြတ်တောက်နိုင်ခဲ့တာ ဖြစ်သလို ဒီနိုင်ပွဲက ONIC ID ကိုလည်း ၃ ပွဲဆက် ရှုံးပွဲ ပိုင်ဆိုင်သွားစေခဲ့ပါတယ်။
ONIC ID ဟာ လက်ရှိ MPL ID Season 18 မှာ ၅ ပွဲကစားအပြီး ၃ ပွဲအထိ ရှုံးနိမ့်ထားပြီး ရာသီအစမှာတော့ သူတို့ဆီက မြင်တွေ့နေကျ Dominance ကို မပြသနိုင်သေးပါဘူး။
BTR၊ NAVI PH နဲ့ Team Liquid ID တို့ကို ဆက်တိုက်ရှုံးနိမ့်ထားတာကြောင့် အစောပိုင်းကာလသာ ဖြစ်သေးပေမယ့် ONIC ID ရဲ့ လက်ရှိ Form ကတော့ စောင့်ကြည့်ရမယ့်အခြေအနေတစ်ခု ဖြစ်လာပါတယ်။
တစ်ဖက်မှာတော့ Team Liquid ID အတွက် ဒီနိုင်ပွဲဟာ သာမန် Regular Season နိုင်ပွဲတစ်ပွဲထက် ပိုခဲ့ပါတယ်... Season သုံးခုတိုင်တိုင်၊ တွေ့ဆုံမှု ၆ ကြိမ်ဆက် မကျော်ဖြတ်နိုင်ခဲ့တဲ့ ပြိုင်ဘက်ကို နောက်ဆုံးမှာ ပြန်လည်အနိုင်ယူပြီး အရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့တာပါ။
၂ နှစ်ဆက်တိုက် ဆော်ဒီ Esports Org ဖြစ်တဲ့ Team Falcons ပဲ သိမ်းပိုက်ထားတဲ့ Esports World Cup ဆုဖလားကို ဒီနှစ်တော့ တရုတ် Esports Org ဖြစ်တဲ့ AG AL အသင်းက သိမ်းပိုက်သွားပါတယ်။
AG AL ရဲ့အရှည်ကတော့ … All Gamers Anyone’s Legend ပါ။ All Gamers Global လို့လည်း သိကြပါတယ်။
MSL ဆီ ပြန်လည် Comeback ပြုလုပ်လာတဲ့ Burmese Ghouls ဟာ ပထမဆုံး Season မှာတင် တရုတ်အခြေစိုက် Titan Esports Club (TEC) နဲ့ ပူးပေါင်းခဲ့ပြီး TEC × BG အဖြစ် Logo အသစ်နဲ့ Season 4 ကို ဝင်ရောက်ယှဉ်ပြိုင်လာခဲ့ပါတယ်။
တစ်ဘက်မှာလည်း EWC ကာလမတိုင်ခင် မြန်မာ MLBB Women အသင်း Terror Queens နဲ့ ပူးပေါင်းခဲ့ဖူးတဲ့ Team Secret ဟာ အခုအချိန်မှာတော့ MLBB Male ဘက်ကိုပါ ခြေချလာခဲ့ပါပြီ။
Team Secret ဟာ Blackthorn ရဲ့ MSL Slot ကို လွှဲပြောင်းရယူပြီး MSL Season 4 မှာ ဝင်ရောက်ယှဉ်ပြိုင်လာခဲ့တာ ဖြစ်ပါတယ်။
ဒီလို နိုင်ငံခြား Organization တွေ မြန်မာ MLBB Scene ထဲကို ဆက်တိုက်ဝင်ရောက်လာခြင်းရဲ့ နောက်ကွယ်မှာတော့ EWC Club Championship လို Club-based International Competition တွေကလည်း အရေးပါတဲ့အကြောင်းရင်းတစ်ခု ဖြစ်နိုင်ပါတယ်။
အထူးသဖြင့် International Stage ဆီ တက်လှမ်းနိုင်မယ့်အသင်းတစ်သင်းနဲ့ ကြိုတင်ပူးပေါင်းထားနိုင်ခြင်းက Organization တွေအတွက် EWC Club Championship Points နဲ့ Global Exposure ရရှိနိုင်မယ့် အခွင့်အရေးတစ်ခု ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် Titan Esports Club နဲ့ Team Secret တို့ရဲ့ လှုပ်ရှားမှုတွေဟာ MSL Season 4 တစ်ရာသီတည်းအတွက်သာမဟုတ်ဘဲ လာမယ့် 2027 International Season ကို ကြိုတင်ပြင်ဆင်နေတဲ့ Long-term Move တစ်ခုလား ဆိုတာလည်း စိတ်ဝင်စားစရာဖြစ်လာပါတယ်။
အထူးသဖြင့် MSC 2027 မှာ မြန်မာနိုင်ငံအတွက် Main Stage Slot (1) နေရာနဲ့ Wildcard Slot (1) နေရာ ရရှိထားတယ်ဆိုရင် MSL ကနေ International Stage ဆီ ရောက်ရှိနိုင်မယ့် လမ်းကြောင်းဟာ ပိုမိုကျယ်ပြန့်လာမှာ ဖြစ်ပါတယ်။
Channel W
Team Liquid ID ဟာ Season 15 ကနေ Season 17 အထိ ONIC ID နဲ့ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ Head-to-Head ၆ ကြိမ်မှာ ၆ ကြိမ်စလုံး ရှုံးနိမ့်ထားခဲ့တာ ဖြစ်ပါတယ်။
ဒီကာလအတွင်း ONIC ID ဟာ Team Liquid ID အတွက် ကျော်ဖြတ်ဖို့ခက်ခဲတဲ့ ပြိုင်ဘက်တစ်သင်း ဖြစ်ခဲ့ပြီး တွေ့ဆုံမှုတိုင်းမှာ အသာစီးရယူထားနိုင်ခဲ့ပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့ စနေနေ့က ကစားခဲ့တဲ့ နောက်ဆုံးတွေ့ဆုံမှုမှာတော့ Team Liquid ID က ဒီအရှုံးမှတ်တမ်းကို နောက်ဆုံးမှာ အဆုံးသတ်နိုင်ခဲ့ပါတယ်။
ONIC ID ကို ပြန်လည်အနိုင်ယူပြီး Head-to-Head ၆ ပွဲဆက် ရှုံးနိမ့်ထားမှုကို ဖြတ်တောက်နိုင်ခဲ့တာ ဖြစ်သလို ဒီနိုင်ပွဲက ONIC ID ကိုလည်း ၃ ပွဲဆက် ရှုံးပွဲ ပိုင်ဆိုင်သွားစေခဲ့ပါတယ်။
ONIC ID ဟာ လက်ရှိ MPL ID Season 18 မှာ ၅ ပွဲကစားအပြီး ၃ ပွဲအထိ ရှုံးနိမ့်ထားပြီး ရာသီအစမှာတော့ သူတို့ဆီက မြင်တွေ့နေကျ Dominance ကို မပြသနိုင်သေးပါဘူး။
BTR၊ NAVI PH နဲ့ Team Liquid ID တို့ကို ဆက်တိုက်ရှုံးနိမ့်ထားတာကြောင့် အစောပိုင်းကာလသာ ဖြစ်သေးပေမယ့် ONIC ID ရဲ့ လက်ရှိ Form ကတော့ စောင့်ကြည့်ရမယ့်အခြေအနေတစ်ခု ဖြစ်လာပါတယ်။
တစ်ဖက်မှာတော့ Team Liquid ID အတွက် ဒီနိုင်ပွဲဟာ သာမန် Regular Season နိုင်ပွဲတစ်ပွဲထက် ပိုခဲ့ပါတယ်...
Season သုံးခုတိုင်တိုင်၊ တွေ့ဆုံမှု ၆ ကြိမ်ဆက် မကျော်ဖြတ်နိုင်ခဲ့တဲ့ ပြိုင်ဘက်ကို နောက်ဆုံးမှာ ပြန်လည်အနိုင်ယူပြီး အရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့တာပါ။
#Esilent
#ChannelW
#MPLIDS18
57 minutes ago | [YT] | 49
View 0 replies
Channel W
အင်ဒိုနီးရှား MLBB Scene မှာ Talent ကောင်းတဲ့ Jungler တစ်ယောက်အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ Nnael ဟာ လက်ရှိအချိန်အထိ သူ့ရဲ့အလားအလာတွေကို Performance ကောင်းတွေနဲ့ ဆက်လက်ပြသနေဆဲ ဖြစ်ပါတယ်။
အသက်ငယ်ငယ်နဲ့ Professional Scene မှာ နေရာတစ်ခုရရှိလာခဲ့တဲ့ Nnael ဟာ Mechanic ပိုင်း၊ Farming Efficiency နဲ့ Aggressive Playstyle တွေကြောင့် အစောပိုင်းကတည်းက စောင့်ကြည့်ရမယ့် Jungler တစ်ယောက် ဖြစ်ခဲ့ပါတယ်။
ONIC မှာတော့ Kairi ရှိနေခြင်းကြောင့် ပုံမှန်နေရာရရှိဖို့ ခက်ခဲခဲ့ပေမယ့် သူ့ဆီမှာရှိနေတဲ့ အလားအလာတွေကို လက်ရှိ BTR မှာ ကစားနေချိန်အထိ ဆက်လက်မြင်တွေ့နေရပါတယ်။
ဒါအတွက် မကြာသေးခင်က RRQ Hoshi နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ Game 1 ကတော့ အကောင်းဆုံးဥပမာတစ်ခု ဖြစ်ခဲ့ပါတယ်။
ဒီပွဲမှာ Nolan ကို အသုံးပြုခဲ့တဲ့ Nnael ဟာ ပွဲချိန် 8 မိနစ် 10 စက္ကန့်မှာတင် Level 15 ရောက်ရှိအောင် Farm ပြသွားခဲ့ပြီး သူ့ရဲ့ Farming Efficiency ကို ထပ်မံပြသနိုင်ခဲ့ပါတယ်။
ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာက ဒီ Performance ကို သာမန် Jungler တစ်ယောက်နဲ့ ယှဉ်ပြိုင်ရင်း လုပ်ပြခဲ့တာမဟုတ်ဘဲ တစ်ဖက်မှာ M7 Champion Jungler Demonkite ရှိနေချိန်မှာ လုပ်ပြခဲ့တာပါ။
ပွဲတစ်ပွဲတည်းက ကစားသမားတစ်ယောက်ရဲ့ အနာဂတ်ကို ဆုံးဖြတ်ပေးနိုင်မှာ မဟုတ်ပေမယ့် ဒီလို Performance တွေကတော့ Nnael ဆီမှာ ထိပ်တန်း Jungler တစ်ယောက်ဖြစ်လာနိုင်မယ့် အရည်အသွေးတွေ ရှိနေကြောင်းကို ပြသနေပါတယ်။
#Esilent
#ChannelW
#MPLIDS18 #BTR
1 day ago | [YT] | 463
View 5 replies
Channel W
Match of The Week လို့ဆိုရမယ့် YG vs FCON ပွဲစဉ်မှာတော့ YG ကပဲ Clean Sweep အနိုင်ယူသွားပါတယ်။
#ChannelW
#MSLMMS4
1 day ago | [YT] | 521
View 14 replies
Channel W
MSL MM S4 ပထမပတ်ရဲ့ အကောင်ဆုံးပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ TEC BG နဲ့ Team Secret တို့အပြင်းအထန်အားပြိုင်ခဲ့ကြပြီးနောက်မှာ TEC BG ကပဲအနိုင်ရသွားပါတယ်။
TEC BG (2 Win - 0 Loss)
Team Secret (0 Win - 2 Loss)
TEC BG ကတော့ ကစားခဲ့တဲ့ ၂ ပွဲမှာ Game အရေအတွက် ၄ ပွဲနိုင်၊ ၁ ပွဲရှုံးရလဒ်ရထားတာကြောင့် Week 1 အပြီးအမှတ်ပေးဇယားရဲ့ အဆင့် ၁ နေရာမှာ ရှိနေပါတယ်။
#ChannelW
#MSLMMS4
1 day ago | [YT] | 361
View 5 replies
Channel W
ဒီနေ့ MPL ID မှာ အမှတ်သိပ်မကွာတဲ့အသင်းတွေ တွေ့ကြမယ့်ပွဲစဉ်တွေက စိတ်ဝင်စားစရာကောင်းပါတယ်။
TLID 4-1, AE 3-1
NAVI 3-2, ONIC 2-2
MPL PH မှာတော့ မနေ့တုန်းက Team Falcons PH ကိုအနိုင်ယူသွားတဲ့ Omega က ONIC PH ကိုရော အနိုင်ယူနိုင်မလား ကြည့်ရပါမယ်။
#SoloBerry ✨✍️
#ChannelW
#MPLIDS18 #MPLPHS18
1 day ago | [YT] | 206
View 5 replies
Channel W
Team Secret အတွက် နောက်ထပ်စမ်းသပ်မှုတစ်ခု ထပ်လာပါပြီ။ TEC BG ကိုရော Team Secret ဘယ်လိုရင်ဆိုင်မှာလဲ ….
Yangon Galacticos နဲ့ Falcon Esports တွေ့ကြမယ့်ပွဲစဉ်ကတော့ ဒီအပတ်အတွက် Match of The Week ပါပဲ။
#SoloBerry ✨✍️
#ChannelW
#MSLMMS4
1 day ago | [YT] | 297
View 3 replies
Channel W
၂ နှစ်ဆက်တိုက် ဆော်ဒီ Esports Org ဖြစ်တဲ့ Team Falcons ပဲ သိမ်းပိုက်ထားတဲ့ Esports World Cup ဆုဖလားကို ဒီနှစ်တော့ တရုတ် Esports Org ဖြစ်တဲ့ AG AL အသင်းက သိမ်းပိုက်သွားပါတယ်။
AG AL ရဲ့အရှည်ကတော့ … All Gamers Anyone’s Legend ပါ။ All Gamers Global လို့လည်း သိကြပါတယ်။
ဒီနှစ် EWC 2026 မှာ ဂိမ်းပြိုင်ပွဲပေါင်း ၂၄ မျိုးပါဝင်ပါတယ်။ AG AL ရဲ့ အသင်းခွဲ ၁၈ သင်းက ပြိုင်ပွဲ ၁၈ မျိုးမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။ MLBB တော့မပါခဲ့ပါဘူး။ တစ်ချိန်ချိန်မှာတော့ ပါလာနိုင်ပါတယ်။
အသင်း ၁၈ သင်းထဲကမှ AG AL ရဲ့ အသင်းခွဲ ၂ သင်းက Champions ဆု (1,000 Points) ရခဲ့ပါတယ်။ အသင်းခွဲ ၃ သင်းကတော့ 1st Runner Up (750 Points) ရခဲ့ပါတယ်။ ကျန်အသင်းတွေလည်း Point တချို့ ရယူပေးခဲ့ကြပါတယ်။
AG AL ဟာ EWC 2026 ရဲ့နောက်ဆုံးအပတ်မှာသာ Team Falcons ရဲ့ရမှတ်ကိုကျော်လွန်ပြီး EWC ဖလားကို လုယူနိုင်ခဲ့တာပါ။
AG AL ဟာ EWC 2026 ဆုဖလားကြီးနဲ့အတူ ဆုကြေးစုစုပေါင်း USD $7,000,000 ကိုလည်း ပိုင်ဆိုင်ခဲ့ပါတယ်။
#SoloBerry ✨✍️
#ChannelW
#EWC2026
2 days ago | [YT] | 355
View 4 replies
Channel W
ဒီနေ့ MPL PH မှာ TLPH vs RORA က ပွဲကောင်းတစ်ပွဲဖြစ်နိုင်ပါတယ်။ ဒါပေမယ့် TLPH ကပဲ အသာစီးအနေအထားမှာရှိပါတယ်။
MPL ID မှာတော့ TLID နဲ့ ONIC တွေ့တဲ့ပွဲစဉ်က အကြည့်သင့်ဆုံးဖြစ်ပါမယ်။
#SoloBerry ✨✍️
#ChannelW
#MPLIDS18 #MPLPHS18
2 days ago | [YT] | 205
View 5 replies
Channel W
ဒီနေ့ MSL Myanmar S4 မှာ Yangon Galacticos, D Family, Wyverns Esports နဲ့ TEC BG တို့ရဲ့ ပွဲဦးထွက်အခြေအနေကို စောင့်ကြည့်ရပါမယ်။
#SoloBerry ✨✍️
#ChannelW
#MSLMMS4
2 days ago | [YT] | 276
View 5 replies
Channel W
🌍 နိုင်ငံခြား Esports Organizations တွေရဲ့ မျက်စိကျမှုကို စတင်ရရှိလာတဲ့ MSL Myanmar
စတင်ကျင်းပနေပြီဖြစ်တဲ့ MSL Myanmar Season 4 မှာတော့ ပြိုင်ပွဲရလဒ်တွေအပြင် စိတ်ဝင်စားစရာကောင်းတဲ့ အပြောင်းအလဲတစ်ခုကိုပါ မြင်တွေ့လာရပါတယ်။
ဒါကတော့ မြန်မာ MLBB အသင်းတွေဆီ နိုင်ငံခြား Esports Organizations တွေ စတင်ဝင်ရောက်လာခြင်းပါ။
MSL ဆီ ပြန်လည် Comeback ပြုလုပ်လာတဲ့ Burmese Ghouls ဟာ ပထမဆုံး Season မှာတင် တရုတ်အခြေစိုက် Titan Esports Club (TEC) နဲ့ ပူးပေါင်းခဲ့ပြီး TEC × BG အဖြစ် Logo အသစ်နဲ့ Season 4 ကို ဝင်ရောက်ယှဉ်ပြိုင်လာခဲ့ပါတယ်။
တစ်ဘက်မှာလည်း EWC ကာလမတိုင်ခင် မြန်မာ MLBB Women အသင်း Terror Queens နဲ့ ပူးပေါင်းခဲ့ဖူးတဲ့ Team Secret ဟာ အခုအချိန်မှာတော့ MLBB Male ဘက်ကိုပါ ခြေချလာခဲ့ပါပြီ။
Team Secret ဟာ Blackthorn ရဲ့ MSL Slot ကို လွှဲပြောင်းရယူပြီး MSL Season 4 မှာ ဝင်ရောက်ယှဉ်ပြိုင်လာခဲ့တာ ဖြစ်ပါတယ်။
ဒီလို နိုင်ငံခြား Organization တွေ မြန်မာ MLBB Scene ထဲကို ဆက်တိုက်ဝင်ရောက်လာခြင်းရဲ့ နောက်ကွယ်မှာတော့ EWC Club Championship လို Club-based International Competition တွေကလည်း အရေးပါတဲ့အကြောင်းရင်းတစ်ခု ဖြစ်နိုင်ပါတယ်။
အထူးသဖြင့် International Stage ဆီ တက်လှမ်းနိုင်မယ့်အသင်းတစ်သင်းနဲ့ ကြိုတင်ပူးပေါင်းထားနိုင်ခြင်းက Organization တွေအတွက် EWC Club Championship Points နဲ့ Global Exposure ရရှိနိုင်မယ့် အခွင့်အရေးတစ်ခု ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် Titan Esports Club နဲ့ Team Secret တို့ရဲ့ လှုပ်ရှားမှုတွေဟာ MSL Season 4 တစ်ရာသီတည်းအတွက်သာမဟုတ်ဘဲ လာမယ့် 2027 International Season ကို ကြိုတင်ပြင်ဆင်နေတဲ့ Long-term Move တစ်ခုလား ဆိုတာလည်း စိတ်ဝင်စားစရာဖြစ်လာပါတယ်။
အထူးသဖြင့် MSC 2027 မှာ မြန်မာနိုင်ငံအတွက် Main Stage Slot (1) နေရာနဲ့ Wildcard Slot (1) နေရာ ရရှိထားတယ်ဆိုရင် MSL ကနေ International Stage ဆီ ရောက်ရှိနိုင်မယ့် လမ်းကြောင်းဟာ ပိုမိုကျယ်ပြန့်လာမှာ ဖြစ်ပါတယ်။
#Esilent
#ChannelW
#MSLMMS4 #EWC2027
3 days ago | [YT] | 686
View 17 replies
Load more