MSC 2026 Champions အသင်း Team Spirit ကတော့ သူတို့ရဲ့ Pro League MCC မှာ ပြိုင်ဘက်ကောင်းအသင်းတစ်သင်းနဲ့ ရင်ဆိုင်နေရပါပြီ။
အရင်က Varso Time နာမည်နဲ့ ကျွန်တော်တို့တွေ ခဏတာသတိထားမိလိုက်တဲ့အသင်းဟာ အခုတော့ Team Yandex နာမည်နဲ့ တော်တော်ကြမ်းနေပါတယ်။
Team Yandex ဆိုတာ Team Spirit Organization ရဲ့ပြိုင်ဘက် Organization ကြီးတစ်ခုဖြစ်ပါတယ်။ Team Yandex က MSC ကာလမှာပဲ Varso Time တစ်ဖွဲ့လုံးကိုခေါ်ယူလိုက်တာပါ။
Team Yandex က လက်ရှိကျင်းပနေတဲ့ MCC Season 8 မှာ ၉ ပွဲနိုင်၊ ရှုံးပွဲမရှိအနေအထားနဲ့ နံပါတ် ၁ နေရာမှာ ရပ်တည်နေပါတယ်။ Team Spirit ကိုလည်း 2-0 နဲ့အနိုင်ရထားတာပါ။
ဒီတိုင်းဆိုရင် Team Yandex ဟာ Team Spirit ကို ပိုမိုစိန်ခေါ်လာနိုင်မှာဖြစ်ပြီးတော့ M8 World Championship မှာလည်း ကျွန်တော်တို့တွေ Team Yandex ကို မြင်တွေ့ရနိုင်ပါတယ်။
လက်ရှိ MPL MY S18 မှာ တောက်ပနေတဲ့ BTR player ၂ ယောက်ရှိပါတယ်။ Team Rey အသင်းမှာ ကစားနေတဲ့ Dolynn (Jungler) နဲ့ Cliveee (Gold Laner) တို့ပါ။
သူတို့ ၂ ယောက်က MDL Indonesia မှာ BTR Academy အသင်းနဲ့အတူ Champion ဆုရယူထားသူတွေ ဖြစ်ပါတယ်။
MPL ID S17 ကာလမှာ Dolynn က DEWA United အသင်းရဲ့ Jungler အဖြစ် လက်စွမ်းတွေပြခဲ့သေးတယ်။ Cliveee ကတော့ BTR Main အသင်းမှာ အရံအဖြစ်ရှိနေခဲ့တယ်။ MPL ID Champion ဆုကို အရံအဖြစ်နဲ့ ရခဲ့တဲ့သူပေါ့။
အခုတော့ Dolynn ရော၊ Cliveee ရောဟာ MPL Malaysia အသင်း Team Rey မှာ ကစားနေကြတယ်။
သူတို့ ၂ ယောက်ပါဝင်အားဖြည့်ထားတဲ့ Team Rey ဟာ ၈ ပွဲနိုင်၊ ၃ ပွဲရှုံးရလဒ်နဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နေတယ်။ ပြီးတော့ Selangor Red Giants ကိုတောင် အနိုင်ရထားတယ်။
Team Liquid PH အနေနဲ့ အခုလိုအစောဆုံး Playoffs တက်တယ်ဆိုတာက Team Form ရော၊ Meta လိုက်နိုင်မှုရော၊ တစ်ယောက်ချင်းကစားပုံရော အားလုံးထက် ပိုမိုအရှိန်ကောင်းနေတယ်ဆိုတာကို ပြသနေတာ ဖြစ်ပါတယ်။
လက်ရှိ MPL ID S18 မှာ အဆင့် ၁ ဖြစ်နေတဲ့ Team Liquid ID ဟာ …. MPL ID S14 မှာ Champions ဆုရခဲ့စဉ်က ရရှိဖူးတဲ့ Regular Season ၉ ပွဲဆက် win streak ကို မီဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။
Channel W
ဒီနေ့ MPL PH ပွဲတွေရှိပါတယ်။ 20th Asian Games မှာယှဉ်ပြိုင်မယ့် Team Liquid PH ကတော့ ဒီအပတ်မကစားပါဘူး။
Team Falcons PH က ဒီအပတ် အဆင့် ၁ နေရာကိုတက်နိုင်ပါတယ်။ တားဆီးမယ့်အသင်းကတော့ ONIC PH ပါ။ ဒီနေ့ညနေ ၆ နာရီကြည့်ရပါမယ်။
AP BREN vs AURORA Gaming PH ပွဲလည်း ကြည့်ကောင်းမှာပါ။
#SoloBerry ✨✍🏻
#ChannelW
#MPLPHS18 #MLBBEsports
6 hours ago | [YT] | 93
View 0 replies
Channel W
MSC 2026 ကစတင်ခဲ့တဲ့ Meta အပြောင်းအလဲတွေနောက်ပိုင်း Paquito ကို Gold Lane, EXP Lane နဲ့ Jungle အထိ Flexible Pick အဖြစ် အသုံးပြုလာကြပြီး လက်ရှိ Competitive Meta မှာလည်း Pick Rate မြင့်မားနေဆဲ ဖြစ်ပါတယ်။
မကြာသေးမီက Mobile Legends Esports ထုတ်ပြန်ခဲ့တဲ့ Data မှာတော့ Falcon Esports Jungler Lucky ဟာ Paquito Leaderboard မှာ GOAT ကြီး KarlTzy နဲ့ ရင်ဘောင်တန်းနေတာ တွေ့ရပါတယ်။
Lucky က 7 Games – 100% Win Rate – 48 Kills ရရှိထားပြီး
KarlTzy ကလည်း 7 Games – 100% Win Rate – 34 Kills ရရှိထားပါတယ်။
ပွဲအရေအတွက်နဲ့ Win Rate တူညီနေချိန်မှာ ကွာခြားချက်က 14 Kills သာရှိပြီး Lucky က Kill အရေအတွက်မှာ အသာရထားတာပါ။
ယခုလို ကမ္ဘာ့အဆင့် Jungler တစ်ဦးနဲ့ Data တစ်ခုတည်းမှာ ရင်ဘောင်တန်းနိုင်ခဲ့တဲ့ Lucky ရဲ့ Paquito ကတော့ MSL Myanmar အတွက်သာမက သူ့ရဲ့ Career အတွက်လည်း မှတ်တမ်းတင်စရာ Performance တစ်ခု ဖြစ်လာခဲ့ပါတယ်....🇲🇲🔥
#Esilent
#ChannelW
#MSLMMS4 #FalconEsports
7 hours ago | [YT] | 347
View 25 replies
Channel W
တူရကီ MTC league မှာ AURORA Gaming ပဲအမြဲတမ်းဗိုလ်စွဲတယ်ဆိုတာ အားလုံးသိကြမှာပါ။
MTC Season 5, 6, 7 ၃ ကြိမ်ဆက် Champions ဆု ရရှိထားတဲ့ AURORA Gaming ကို ဒီရာသီမှာတော့ ခြိမ်းခြောက်စိန်ခေါ်မယ့်အသင်း ၁ သင်းရှိနေပါပြီ။ အဲ့ဒီအသင်းကတော့ Bushido Wildcats အသင်းပါ။
Bushido Wildcats အသင်းကတော့ ၅ ပွဲနိုင် ရှုံးပွဲမရှိရလဒ်နဲ့ AURORA Gaming ရဲ့ရမှတ်နဲ့ တစ်ထပ်တည်းဖြစ်နေပါတယ်။
ထူးခြားတာတစ်ခုက AURORA Gaming က player တွေဖြစ်တဲ့ Tienzy, Rosa, Lunar နဲ့ APEX47 တို့ရဲ့ အသင်းဖော်ဟောင်း Sunshine က Bushido Wildcats ရဲ့ Gold Laner အဖြစ်ပါဝင်နေခြင်းပါ။
AURORA Gaming နဲ့ Bushido Wildcats တို့ ၂ သင်းဟာ ၅ ပွဲနိုင်ရလဒ်ချင်းတူညီရုံတင်မကဘူး၊ Game အနိုင်အရှုံးရောပါတူညီနေကြပါတယ်။
လာမယ့်စနေနေ့ စက်တင်ဘာ ၂၆ ရက် မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲမှာ AURORA Gaming နဲ့ Bushido Wildcats တို့ ၂ သင်း ဆုံတွေ့ကြမှာ ဖြစ်ပါတယ်။
အဲ့ဒီပွဲစဉ်မှာ ဘယ်အသင်းက ပိုကောင်းသလဲ၊ ဘယ်အသင်းကနံပါတ် ၁ နဲ့ထိုက်တန်သလဲဆိုတာ မြင်ရပါမယ်။
#SoloBerry ✨✍🏻
#ChannelW
#MTCS8 #MLBBEsports
1 day ago | [YT] | 287
View 2 replies
Channel W
MSC 2026 Champions အသင်း Team Spirit ကတော့ သူတို့ရဲ့ Pro League MCC မှာ ပြိုင်ဘက်ကောင်းအသင်းတစ်သင်းနဲ့ ရင်ဆိုင်နေရပါပြီ။
အရင်က Varso Time နာမည်နဲ့ ကျွန်တော်တို့တွေ ခဏတာသတိထားမိလိုက်တဲ့အသင်းဟာ အခုတော့ Team Yandex နာမည်နဲ့ တော်တော်ကြမ်းနေပါတယ်။
Team Yandex ဆိုတာ Team Spirit Organization ရဲ့ပြိုင်ဘက် Organization ကြီးတစ်ခုဖြစ်ပါတယ်။ Team Yandex က MSC ကာလမှာပဲ Varso Time တစ်ဖွဲ့လုံးကိုခေါ်ယူလိုက်တာပါ။
Team Yandex က လက်ရှိကျင်းပနေတဲ့ MCC Season 8 မှာ ၉ ပွဲနိုင်၊ ရှုံးပွဲမရှိအနေအထားနဲ့ နံပါတ် ၁ နေရာမှာ ရပ်တည်နေပါတယ်။ Team Spirit ကိုလည်း 2-0 နဲ့အနိုင်ရထားတာပါ။
ဒီတိုင်းဆိုရင် Team Yandex ဟာ Team Spirit ကို ပိုမိုစိန်ခေါ်လာနိုင်မှာဖြစ်ပြီးတော့ M8 World Championship မှာလည်း ကျွန်တော်တို့တွေ Team Yandex ကို မြင်တွေ့ရနိုင်ပါတယ်။
#SoloBerry ✨✍🏻
#ChannelW
#MCCS8 #MLBBEsports
2 days ago | [YT] | 328
View 19 replies
Channel W
ဂျပန်နိုင်ငံ အီချီ-နာဂိုရာမြို့မှာကျင်းပသွားမယ့် အကြိမ် ၂၀ မြောက် အာရှအားကစားပွဲတော်ဟာ MLBB ကိုလက်ခံကျင်းပတဲ့ ပထမဆုံး Asian Games ဖြစ်ပါတယ်။
20th Asian Games 2026 MLBB ပွဲတွေကို စက်တင်ဘာ ၂၉ ကနေ အောက်တိုဘာ ၁ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်လို့ အာရှတခွင်က MLBB League တွေအတော်များများကို တစ်ပတ်ရပ်နားထားပါတယ်။
20th Asian Games MLBB မှာ မြန်မာ့လက်ရွေးစင်အသင်းအဖြစ် Yangon Galacticos ကယှဉ်ပြိုင်သွားမှာဖြစ်ပြီးတော့ ….
Team Indonesia 🇮🇩
(ALTER EGO + EVOS Alberttt)
Team Philippines 🇵🇭
(Team Liquid PH)
Team Malaysia 🇲🇾
(SRG + BTR CikuGais + VMS Sizkaa)
Team Cambodia 🇰🇭
(Vigor Apex)
တို့ကလည်း စောင့်ကြည့်သွားရမယ့် နိုင်ငံ့လက်ရွေးစင်အသင်းတွေ ဖြစ်ပါတယ်။
#SoloBerry ✨✍🏻
#ChannelW
#20thAsianGames2026
3 days ago | [YT] | 537
View 20 replies
Channel W
လက်ရှိ MPL MY S18 မှာ တောက်ပနေတဲ့ BTR player ၂ ယောက်ရှိပါတယ်။ Team Rey အသင်းမှာ ကစားနေတဲ့ Dolynn (Jungler) နဲ့ Cliveee (Gold Laner) တို့ပါ။
သူတို့ ၂ ယောက်က MDL Indonesia မှာ BTR Academy အသင်းနဲ့အတူ Champion ဆုရယူထားသူတွေ ဖြစ်ပါတယ်။
MPL ID S17 ကာလမှာ Dolynn က DEWA United အသင်းရဲ့ Jungler အဖြစ် လက်စွမ်းတွေပြခဲ့သေးတယ်။ Cliveee ကတော့ BTR Main အသင်းမှာ အရံအဖြစ်ရှိနေခဲ့တယ်။ MPL ID Champion ဆုကို အရံအဖြစ်နဲ့ ရခဲ့တဲ့သူပေါ့။
အခုတော့ Dolynn ရော၊ Cliveee ရောဟာ MPL Malaysia အသင်း Team Rey မှာ ကစားနေကြတယ်။
သူတို့ ၂ ယောက်ပါဝင်အားဖြည့်ထားတဲ့ Team Rey ဟာ ၈ ပွဲနိုင်၊ ၃ ပွဲရှုံးရလဒ်နဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နေတယ်။ ပြီးတော့ Selangor Red Giants ကိုတောင် အနိုင်ရထားတယ်။
MPL Malaysia ဆိုတာကတော့ သိကြတဲ့အတိုင်း …. အဆင့် ၂ ရရင် အဆင့် ၁ နဲ့တူတယ် (SRG ကြောင့်)။ ပြီးတော့ SRG ကိုနိုင်တဲ့အသင်းဟာ အထင်ကြီးစရာပဲ။
ဒီတော့ BTR ရဲ့ လက်သစ်ကစားသမား ၂ ယောက်ဟာ Team Rey နဲ့အတူ MPL Malaysia မှာ အောင်မြင်မှုရနေတယ်လို့ ကျွန်တော်မြင်ပါတယ်။
#SoloBerry ✨✍🏻
#ChannelW
#MPLMYS18 #BTRi
4 days ago | [YT] | 272
View 1 reply
Channel W
ပထမဆုံးသော ၃ ကြိမ်ဆက် MPL PH Champions အသင်း Team Liquid PH ကတော့ ဒီရာသီလည်း အားလုံးထက်အရှေ့မှာရောက်နေပါပြီ။
ဆိုလိုချင်တာက ကျန်တဲ့ပြိုင်ဘက်အသင်းတွေထက်စောပြီး Playoffs တက်ရောက်ခွင့်ရသွားတာကို ပြောချင်တာပါ။
Team Liquid PH အနေနဲ့ ဒီရာသီ ပွဲဦးထွက်ပွဲစဉ်ကို ရှုံးနိမ့်ခဲ့ပေမယ့် ၇ ပွဲဆက်တိုက် အနိုင်ရလဒ်ရယူပြီး အဆင့် ၁ နေရာမှာ ရပ်တည်နေပါတယ်။
လက်ရှိမှာ Team Falcons PH နဲ့ ONIC PH တို့လည်း Playoffs တက်ရောက်ခွင့်ရဖို့ နီးစပ်နေပါပြီ။
Team Liquid PH အနေနဲ့ အခုလိုအစောဆုံး Playoffs တက်တယ်ဆိုတာက Team Form ရော၊ Meta လိုက်နိုင်မှုရော၊ တစ်ယောက်ချင်းကစားပုံရော အားလုံးထက် ပိုမိုအရှိန်ကောင်းနေတယ်ဆိုတာကို ပြသနေတာ ဖြစ်ပါတယ်။
ဒါကြောင့် အားလုံးထက်ပိုခရီးရောက်နေတယ်လို့ သတ်မှတ်ရပါမယ်။
#SoloBerry ✨✍🏻
#ChannelW
#MPLPHS18 #TeamLiquidPH
5 days ago | [YT] | 471
View 14 replies
Channel W
ဒီနေ့ MPL ID မှာ ရှုံးပွဲတွေဆက်နေတဲ့ Champions ၂ သင်း (BTR vs ONIC) ဆုံတွေ့ကြပါမယ်။ DEWA နဲ့ EVOS တို့ကတော့ AE နဲ့ TLID တို့ရဲ့ win streak ကို ရပ်တန့်ဖို့ ခက်ပါမယ်။
MPL PH မှာတော့ AP BREN vs ONIC PH ပွဲစဉ်က စိတ်ဝင်စားစရာကောင်းပါတယ်။
#SoloBerry ✨✍🏻
#ChannelW
#MPLIDS18 #MPLPHS18
6 days ago | [YT] | 180
View 3 replies
Channel W
ဒီနေ့ MSL MM မှာ …
မနေ့တုန်းက အနိုင်ရလဒ်မရခဲ့တဲ့ MythicSEAL အနေနဲ့ ဒီနေ့ Paladins ကိုအနိုင်ရဖို့ ပိုမိုလိုအပ်နေပါတယ်။ Paladins အသင်းက အခုထိနိုင်ပွဲမရရှိသေးတဲ့အသင်းပါ။
Team Secret ကတော့ J’DAI အတွက် ဖိအားပါပဲ။
TEC BG vs Falcon Esports ပွဲစဉ်ကတော့ မဖြစ်မနေစောင့်ကြည့်ရမယ့် Match of The Week ပဲ ဖြစ်ပါတယ်။ ကစားသမားတွေ ၁၀ ယောက်လုံးရော၊ နည်းပြတွေရော အားလုံးက Teammate ဟောင်းတွေချင်း ဆုံတွေ့ကြမှာပါ။
#SoloBerry ✨✍🏻
#ChannelW
#MSLMMS4
6 days ago | [YT] | 259
View 2 replies
Channel W
လက်ရှိ MPL ID S18 မှာ အဆင့် ၁ ဖြစ်နေတဲ့ Team Liquid ID ဟာ …. MPL ID S14 မှာ Champions ဆုရခဲ့စဉ်က ရရှိဖူးတဲ့ Regular Season ၉ ပွဲဆက် win streak ကို မီဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။
MPL ID S14 တုန်းက TLID ဟာ Week 4 ကစတင်ပြီး Week 8 အထိ ၉ ပွဲဆက်တိုက်အနိုင်ရခဲ့ဖူးပါတယ်။
အခု MPL ID S18 မှာ TLID အနေနဲ့ Week 2 ကစတင်ပြီး Week 6 အထိ ၇ ပွဲဆက်တိုက်အနိုင်ရထားပါတယ်။
ဒါကြောင့် လက်ရှိ New Generation TLID ဟာ အရင်တုန်းက Win Streak ကို အမီလိုက်နိုင်ဖို့ နိုင်ပွဲ ၂ ပွဲသာလိုပါတော့တယ်။
TLID အနေနဲ့ ဒီနေ့မှာ EVOS နဲ့ကစားဖို့ရှိပါတယ်။ နောက်အပတ်မှာ DEWA, AE တို့နဲ့တွေ့ပါမယ်။ AE က TLID အတွက် အကြီးဆုံးပြိုင်ဘက်ဖြစ်ပါလိမ့်မယ်။
#SoloBerry ✨✍🏻
#ChannelW
#MPLIDS18 #TeamLiquidID
6 days ago | [YT] | 269
View 2 replies
Load more