We have so much less time than we ever think, and yet we live this undying uncertainty that death will only come for us when we're 100 old and frail...


Nyunt Hsan

Listen to every morning!

1 month ago | [YT] | 0

Nyunt Hsan

🔰ဘုရားရှင်၏ လာဘ်ကို အနှောင့်အယှက်ပြုနိုင်သလော

“အရှင်နာဂသေနဘုရား၊ ဘုရားရှင်သည် ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး လေးပါးသော ပစ္စည်းတို့ကို ခံယူရရှိတော်မူ၏ ဟူ၍လည်း အရှင်ဘုရားတို့ မိန့်ဆိုတော်မူကြကုန်၏။ ထိုမှတစ်ဖန် ဘုရားရှင်သည် ပဉ္စသာလပုဏ္ဏားရွာသို့ ဆွမ်းခံဝင်တော်မူလတ်သော် တစ်စုံတစ်ရာမျှ မရရှိဘဲ ဆေးမြဲတိုင်းသော သပိတ်ဖြင့် ပြန်လည်ထွက်ခွါတော်မူလာရ၏ ဟူ၍လည်း အရှင်ဘုရားတို့ မိန့်ဆိုတော်မူကြကုန်၏။"

“အရှင်ဘုရား၊ အကယ်၍ ရှေ့စကားသည် မှန်ခဲ့ငြားအံ့။ နောက်စကားသည် မှားပေရာ၏။ အကယ်၍ နောက်စကားသည် မှန်ခဲ့ငြားအံ့ ရှေ့စကားသည် မှားပေရာ၏။ အစွန်းနှစ်ဖက်ထွက်၍နေသော ဤပြဿနာသည် အရှင်ဘုရားထံ ကပ်ရောက်လာ၏။ ဤပြဿနာကို ဖြေရှင်းတော်မူပါလော့”

"မင်းမြတ်၊ စကားနှစ်ရပ်လုံးပင် မှန်ကန်ပေ၏။ ဘုရားရှင်သည် ပဉ္စသာလ ပုဏ္ဏားရွာမှ ဆေးမြဲတိုင်းသော သပိတ်ဖြင့် ပြန်လည် ထွက်ခွါလာတော်မူရခြင်းမှာ ယုတ်မာသော မာရ်နတ်မင်းက #နှောက်ယှက်ထားသောကြောင့် ဖြစ်ပေ၏"

“အရှင်ဘုရား၊ ထိုသို့ဖြစ်လျှင် မရေမတွက်နိုင်သော ကမ္ဘာတို့ပတ်လုံး ဘုရားရှင်ဖြည့်ကျင့်တော်မူခဲ့သော ပါရမီကုသိုလ်တော်သည် ကုန်ခမ်းသွားပြီလော။ ယခုမှပေါ် ပေါက်လာသော မာရ်နတ်ယုတ်သည် ထိုပါရမီကုသိုလ်တော်၏ အရှိန်အဟုန်ကို မည်သို့ တားဆီးပိတ်ပင်နိုင်မည်နည်း။ အကယ်၍ ပိတ်ပင်နိုင်ခဲ့ပါသော် ကုသိုလ်တရားထက် အကုသိုလ်တရားက ပိုမို၍ အားကြီးနေပေ၏။ ဤသို့နှစ်ဌာနလုံး၌ စွပ်စွဲဖွယ် ဆိုက်ရောက်ပေ၏။ ထိုသို့သာဖြစ်ပါမူ သစ်ပင်ရင်းထက် သစ်ပင်ဖျားက ပိုမို၍ လေးနေပေရာ၏”

“မင်းမြတ်၊ ထိုမျှလောက်ဖြင့် အကုသိုလ်တရားက ကုသိုလ်တရားထက် ပိုမို၍ အားမကြီးနိုင်ပေ။ မာရ်နတ်မင်း၏အားက ဘုရားရှင်၏အားထက် ပိုမို၍ အားမကြီးနိုင်ပေ။"

“မင်းမြတ်၊ ဥပမာအားဖြင့် ယောက်ျားတစ်ယောက်သည် စကြဝတေးမင်းကို ဆက်သရန် ပျားရည်၊ မုန့်ဆုပ်နှင့် အခြား လက်ဆောင်များကို ယူဆောင်လာ၏။ ထိုယောက်ျားကို ပြည့်ရှင်မင်း၏ တံခါးစောင့်က ဆုတော်လာဘ်တော် မရရှိစေလိုသဖြင့် အချင်း၊ အချိန်ကား ပြည့်ရှင်မင်းအား ဖူးမြင်ရန် အချိန်မဟုတ်ချေ။ သင့်အား ပြည့်ရှင်မင်းက အပြစ်ဒဏ်မပေးသေးမီ အလွန်လျင်မြန်စွာ ပြန်သွားပေလော့ဟု ပြောဆိုရာ၏။ ထိုယောက်ျားသည် အပြစ်ဒဏ်ခံရမည်ကို ကြောက်လွန်းလှသဖြင့် ပါလာခဲ့သော လက်ဆောင်ပစ္စည်းများကို ယူဆောင်ကာ အဆောတလျင် ပြေးလာခဲ့ရာ၏။ ထိုမျှလောက်သော လက်ဆောင်ပစ္စည်းချို့တဲ့သွားကာမျှဖြင့် စကြဝတေးမင်းသည် တံခါးစောင့်အောက် တန်ခိုးအာနုဘော် ယုတ်လျော့သွားပါသလော။ စကြဝတေးမင်းသည် အခြားသောလက်ဆောင်ပဏ္ဏာကိုကော မရတော့ပြီလော”

“အရှင်ဘုရား၊ စကြဝတေးမင်းသည် တံခါးစောင့်အောက် တန်ခိုးအာနုဘော်ယုတ် လျော့မသွားပါ၊ အခြားသောတံခါးတို့ဖြင့် ထို ထက်အဆပေါင်းသိန်းသန်းမက များပြားလှသော လက်ဆောင်ပဏ္ဏာတို့ကို ရရှိပေ၏”

"မင်းမြတ်၊ ဤအတူသာပင် မာရ်နတ်မင်းသည် ဘုရားရှင်ကို မကြည်ညိုသဖြင့် ပဉ္စသာလအမျိုးသားတို့၌ ပူးဝင်ကာ ဆွမ်းတစ်စေ့မျှ မလောင်းရအောင်ပြုလုပ်ထား၏။ သို့ရာတွင် တစ်သိန်းမကသောနတ်တို့သည် နတ်သုဒ္ဓါတို့ကို ကိုင်ဆောင်ကာ ဘုရားရှင်၏ ကိုယ်တော်၌ မွေးညှင်းပေါက်မှ ထည့်သွင်းရန် ရှေးရှုကပ်ရောက်လာကြကုန်၏။ ဘုရားရှင်ကို ရှိခိုးလျက် ရပ်တည်လာကြကုန်၏။"

“အရှင်ဘုရား၊ မာရ်နတ်မင်းသည် ဘုရားရှင်ဘုဉ်းပေးတော်မူရမည့် ဆွမ်းဘောဇဉ်ကို ဧကန်အားဖြင့် တားမြစ်နိုင်ခဲ့ပြီ ဖြစ်ပေ၏။ ထိုမျှလောက်ဖြင့် မာရ်နတ်မင်း၏အလိုပြည့်ခဲ့ပြီ ဖြစ်ပေ၏။ အတုမရှိ မြင့်မြတ်တော်မူပေသော ဘုရားရှင်၏ လာဘ်လာဘကို မာနတ်မင်းက အန္တရာယ်ပြုနိုင်စွမ်းရှိနေလာက်ပြီဖြစ်၍ ထိုအရာဌာန၌ တပည့်တော်၏စိတ်မှာ ဆုံးဖြတ်နိုင်စွမ်းမရှိနိုင်ပါ။ ယုံမှားသံသယထဲသို့ ပြေးဝင်လျက်ရှိနေပါ

"မင်းမြတ်၊ လာဘ်လာဘကို တားမြစ်ခြင်းတို့ကား မည်သူ့ကို လှူမည်ဟု မရည်ရွယ်ရသေးဘဲ မျက်ကွယ်မှာရှိနေသော လာဘ်လာဘကို တားမြစ်ခြင်း၊ မည်သူ့ကို လှူမည်ဟု ရည်ရွယ်ပြီးလျှင် မျက်ကွယ်မှာရှိနေသော လာဘ်လာဘကို တားမြစ်ခြင်း၊ အလှူခံပုဂ္ဂိုလ်၏ အနီးသို့ ယူဆောင်လာခဲ့ပြီးသော လာဘ်လာဘကို တားမြစ်ခြင်း၊ အလှူခံပုဂ္ဂိုလ်ဘုဉ်းပေးသုံးဆောင်နေဆဲ လာဘ်လာဘကို တားမြစ်ခြင်းဟူ၍ #လေးမျိုးရှိကုန်၏။

“မင်းမြတ်၊ မာရ်နတ်မင်းသည် ဘုရားရှင်နှင့် သံဃာတော်များ ဆွမ်းခံ၍မရရှိစေရန် ပဉ္စသာလပုဏ္ဏားတို့ထံ ပူးဝင်နှောင့်ယှတ်နေ၏။ ထို့ကြောင့် ဘုရားရှင်နှင့် သံဃာတော်များသည် ဆေးမြဲတိုင်းသော သပိတ်ဖြင့် ပြန်ကြွတော်မူလာကြရ၏။ ပဉ္စသာလပုဏ္ဏားတို့ မလောင်းလိုက်ရသော ထိုဆွမ်းဘောဇဉ်သည် ဘုရားရှင်ဘုဉ်းပေးနေဆဲ လာဘ်လာဘ လည်းမဟုတ်ချေ၊ ဘုရားရှင်အနီးသို့ ယူဆောင်လာခဲ့ပြီးသော လာဘ်လာဘလည်း မဟုတ်ချေ၊ ဘုရားရှင်အား ရည်ရွယ်ထားပြီးသော လာဘ်လာဘလည်းမဟုတ်ချေ၊ ဘုရားရှင် ရှေ့တော်မှောက်သို့ မရောက်လာသေးသော လာဘ်လာဘကို မျက်ကွယ်မှနေ၍ တားဆီးခြင်းသာဖြစ်၏။ #အမှန်အားဖြင့် ထိုနေရာက ဘုရားရှင်တစ်ပါးတည်းအတွက်သာ တားဆီးခြင်းမဟုတ်ပေ။ ထိုနေ့က ပဉ္စသာလရွာသို့ ဆွမ်းခံဝင်လေသမျှ အရှင်အားလုံးလည်း ဆွမ်းမရကြသည်သာ ဖြစ်ကုန်၏။"

“မင်းမြတ်၊ မည်သူတစ်စုံတစ်ယောက်မျှ #တားဆီးပိတ်ပင်၍ မရနိုင်သော ဘုရားရှင်၏ #ဂုဏ်တော်လေးပါးတို့ကား ဘုရားရှင်အား ရည်စူးကာ ဘုရားရှင် ရှေ့တော်မှောက်သို့ ရောက်ရှိလာပြီးသော လာဘ်လာဘကို မည်သူ တစ်စုံတစ်ယောက်ကမျှ မတားဆီး မပိတ်ပင်နိုင်ခြင်း၊ ဘုရားရှင်ကြွတော်မူလေရာသို့ အစဉ်လိုက်ပါလျက်ရှိသော တစ်လံမျှလောက်သော ရောင်ခြည်တော်ကို မည်သူ တစ်စုံတစ်ယောက်ကမျှ မတားဆီး မပိတ်ပင်နိုင်ခြင်း၊ ဘုရားရှင်၏ သဗ္ဗညုတဉာဏ်တော်ကို မည်သူတစ်စုံတစ်ယောက်ကမျှ မတားဆီး မပိတ်ပင်နိုင်ခြင်း၊ ဘုရားရှင်၏အသက်ကို မည်သူတစ်စုံတစ်ယောက်ကမျှ မသတ်ဖြတ်နိုင်ခြင်းတို့ဖြစ်ကြကုန်၏”

“မင်းမြတ်၊ ဥပမာအားဖြင့် တိုင်းစွန် နယ်ဖျားအရပ်တို့၌ ခိုးသားတို့သည် လမ်းခရီး၌ ပုန်းလျှိုးခိုအောင်း၍ ခရီးသွားများကို လုယက်တိုက်ခိုက်ကြကုန်ရာ၏။ ထိုခိုးသားတို့ကို ပြည့်ရှင်မင်းက အကယ်၍ ဖမ်းမိငြားအံ့။ ထိုခိုးသားတို့သည် အသက်ချမ်းသာရာ ရကြပါမည်လော”

“အရှင်ဘုရား၊ မရနိုင်ပါ၊ ထိုခိုးသားတို့ကို ပုဆိန်ဖြင့် အစိတ်ရာထောင်ခုတ်ထစ်ရန် အမိန့်ချမည်သာ ဖြစ်ပေ၏"

"မင်းမြတ်၊ ဤအတူသာပင် ယုတ်မာလှသော မာရ်နတ်မင်းသည် မမြင်နိုင်အောင် ပုန်းကွယ်၍ ပဉ္စသာလပုဏ္ဏားတို့ထံ ပူးဝင်၍ အတားအဆီးပြု၏။ ယုတ်မာသော မာရ်နတ်မင်းသည် ဘုရားရှင်အား ရည်မှန်းထားပြီးသော လာဘ်လာဘကိုလည်းကောင်း၊ ဘုရားရှင်အားရည်မှန်းထားပြီးလျှင် ဘုရားရှင်ရှေ့ တော်မှောက်သို့ အရောက်ပို့ဆောင်ထားပြီးသော လာဘ်လာဘကိုလည်းကောင်း၊ ဘုရားရှင်ဘုဉ်းပေးသုံးဆောင်တော်မူလျက်ရှိသော လာဘ်လာဘကိုလည်းကောင်း အကယ်၍ တားဆီးပိတ်ပင်ငြားအံ့။ မာရ်နတ်၏ဦးခေါင်းသည် အစိတ်ရာထောင်ကွဲလေရာ၏။“

“အရှင်ဘုရား၊ ကောင်းလှပါပေ၏။ အရှင်ဘုရားဖြေကြားတော်မူသည့်အတိုင်း တပည့်တော်ဝန်ခံပါ၏။"

🔰 မိလိနဒပဉှာ🙏🙏🙏 Credit 🙏🙏🙏
🔰 Pali Bhikkhu Vry

2 months ago | [YT] | 0

Nyunt Hsan

သေရင်မအေးဘူး

သေသွားရင် အေးတာပဲ...
ဘယ်အေးမှာလဲ သေတဲ့နောက်
ပိုဆိုးအုံးမယ်။ လက်ရှိဘဝလေးမှ
ဘုရားမှန်း တရားမှန်း သံဃာမှန်း သိသေးတယ်
တရားအားထုတ်လို့ရတယ်။ သေပြီးတဲ့နောက်
ဘယ်ရောက်မှန်းလည်း မသိပဲနဲ့
ဘယ်လိုလုပ် အေးမလဲ၊မအေးနိုင်ဘူး။
နောက်ဘဝက ပိုပြီးတော့ စိတ်မအေးရသေးတယ်။

ပါမောက်က္ခချုပ်ဆရာတော်
ဘဒ္ဒန္တဒေါက်တာနန္ဒမာလာဘိဝံသ

1 year ago | [YT] | 1

Nyunt Hsan

🙏🙏🙏

1 year ago | [YT] | 1