တရားပေးလှူသောသူသည် နိဗ္ဗာန်ချမ်းသာကိုရနိုင်သောအကျိုးရသည်ဟု မှတ်သားဖူးပါသည်။ ခန္ဓာငါးပါး နှင့် ဖြစ်ခြင်း၊ ပျက်ခြင်းတို့ အစဥ်နှိပ်စက်လျက်ရှိသော ဘ၀သံသရာမှ အမြန်လွတ်မြောက်လိုပါသည်။ နိဗ္ဗာန်ချမ်းသာကို လျှင်မြန်စောစွာ ရလိုပါသည်။ ဤအကျိုးကိုမျှော်ကာ မြန်မာပြည်က ဆရာတော်ကြီးများဟောကြားထားသော မြတ်ဗုဒ္ဓ၏ တရားများကို ပုံမှန်တင်ပေးပါမည်။

(တရားနာရင်းဖြစ်တဲ့ ပညာရေးအလှူ)
eDhamma က အလှူမခံပါ။ ဘဏ်အကောင့်လဲမရှိပါ။ မိမိတို့ ၀င်ငွေအပို မလိုပါ။ ဒီ Channel က ရတဲ့ ၀င်ငွေအားလုံးကို အာရှမှာပညာသင်နေတဲ့ မြန်မာလူငယ်တွေကို scholarship ပေးနေတဲ့ မြန်မာဖောင်ဒေးရှင်းတခုထဲကို တိုက်ရိုက်လှူဒါန်းပေးထားပါတယ်။ တရားနာယူသူသည် တရားကုသိုလ်အပြင် ပညာဒါနပါ ဖြစ်နေတာပါ။ ၂၀၂၅ ၏ scholarship ဆု ၃၀ ($1200 စီ) တွင် eDhamma က သုံးဦး ($3600) ကိုလှူဒါန်းနိုင်ခဲ့ပါတယ်။ scholarship အကြောင်းသိလိုပါလျှင် suumyatthan.org

(Membership ဖြင့်လည်းလှူပါ)
ယနေ့လူငယ်များ၏ ပညာရေးခရီးသည် ကြမ်းတမ်းလှပါသည်။ Membership တွင်ပါ၀င်ခြင်းဖြင့် (အောက်တွင်လင့်ခ်) ပိုမိုလှူဒါန်းနိုင်ပါတယ်။ Join, Subscribe, like များ လုပ်ပေးကြပါ။ သဓုပါ။ ကျေးဇူးအထူးပါ။


eDhamma

ဘုရားရှင်က
ပိုင်ဆိုင်မှုကို တားမြစ်တာ
မဟုတ်ဘူး

အဲ့ဒီ ပိုင်ဆိုင်မှုအပေါ်မှာ
‘တွယ်တာတပ်မက်ခြင်း’ ကို တားမြစ်တာ။
ပိုင်ဆိုင်တာ မကောင်းဘူးလို့ မဟောဘူး။
တွယ်တာတာ မကောင်းဘူးလို့ ပြောတာ။

ဘာကြောင့်လဲ
တွယ်တာမှုဟာ
သောကကို ဖြစ်စေတတ်လို့။

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ ဟောကြားတော်မူသော တရားတော်များကို www.youtube.com/playlist?list... တွင် နာယူနိုင်ပါသည်။

* တရားနာရင်းဖြစ်တဲ့ ပညာရေးအလှူ *
ဤချာနယ်ကရသော ၀င်ငွေအားလုံးကို (အာရှနိုင်ငံများတွင်ပညာသင်ကြားနေ​သော) မြန်မာကျောင်းသားများအား (နှစ်စဥ် ဒေါ်လာ ၁၂၀၀) ပညာသင်ဆုများ ပေးနေသည့် စုမြတ်သန်းဖောင်ဒေးရှင်းအား တိုက်ရိုက်လှူဒါန်းထားပါသည်။ သိလိုပါလျှင်၊ လှူဒါန်းလိုပါလျှင် suumyatthan.org/ တွင်ကြည့်ပါ။

#eDhamma
#ပါချုပ်ဆရာတော်

5 days ago | [YT] | 908

eDhamma

လောကထဲရောက်လာရင်
လောကဓံနဲ့ ဖက်ပြီး ရန်မဖြစ်ရဘူး။
ရန်ဖြစ်နေရင်
ကိုယ်ပဲ အမြဲ ရှုံးတယ်။
လောကဓံဆိုတာ
ကိုယ်ဖြစ်ချင်သလို
ဖြစ်နေတာမဟုတ်ဘူး။
သူဖြစ်ချင်သလို ဖြစ်နေတာ။
အဲ့ဒါကို
အလိုက်သင့်နေတတ်အောင်
ကျင့်ရတယ်။

မင်းကွန်းဆရာတော်ဘုရားကြီး

မင်းကွန်းဆရာတော်ကြီး၏ တရားများကို www.youtube.com/playlist?list... တွင် နာယူနိုင်ပါသည်။

* တရားနာရင်းဖြစ်တဲ့ ပညာရေးအလှူ *
ဤချာနယ်ကရသော ၀င်ငွေအားလုံးကို (အာရှနိုင်ငံများတွင်ပညာသင်ကြားနေ​သော) မြန်မာကျောင်းသားများအား (နှစ်စဥ် ဒေါ်လာ ၁၂၀၀) ပညာသင်ဆုများ ပေးနေသည့် စုမြတ်သန်းဖောင်ဒေးရှင်းအား တိုက်ရိုက်လှူဒါန်းထားပါသည်။ သိလိုပါလျှင်၊ လှူဒါန်းလိုပါလျှင် suumyatthan.org/ တွင်ကြည့်ပါ။

#eDhamma
#MinKunSayadaw

1 week ago | [YT] | 1,093

eDhamma

ဘုရားကို အာရုံပြုပြီး
ကိုယ့်သန္တာန်မှာ ဖြစ်ပေါ်လာတဲ့
ကုသိုလ်တရားကမှ
တကယ် အစွမ်းတန်ခိုးထက်တာ။

မြတ်စွာဘုရားက
မ,တာ မဟုတ်ဘူး။
ကိုယ်လုပ်တဲ့
ကုသိုလ်က မ,တာ။

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ ဟောကြားတော်မူသော တရားတော်များကို www.youtube.com/playlist?list... တွင် နာယူနိုင်ပါသည်။

* တရားနာရင်းဖြစ်တဲ့ ပညာရေးအလှူ *
ဤချာနယ်ကရသော ၀င်ငွေအားလုံးကို (အာရှနိုင်ငံများတွင်ပညာသင်ကြားနေ​သော) မြန်မာကျောင်းသားများအား (နှစ်စဥ် ဒေါ်လာ ၁၂၀၀) ပညာသင်ဆုများ ပေးနေသည့် စုမြတ်သန်းဖောင်ဒေးရှင်းအား တိုက်ရိုက်လှူဒါန်းထားပါသည်။ သိလိုပါလျှင်၊ လှူဒါန်းလိုပါလျှင် suumyatthan.org/ တွင်ကြည့်ပါ။

#eDhamma
#ပါချုပ်ဆရာတော်

2 weeks ago (edited) | [YT] | 1,104

eDhamma

သင့်ကုသိုလ်ကံထက်
လုံခြုံစိတ်ချရသော မိတ်ဆွေမရှိသလို
သင့်အကုသိုလ်ကံထက်
ကြောက်စရာကောင်းသော
ရန်ဘက်လည်း မရှိပြီ

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး

မဟာဗောဓိမြိုင်ဆရာတော်၏ တရားများကို www.youtube.com/playlist?list... တွင် ဝင်ရောက်နာယူနိုင်ပါသည်။

#eDhamma
#မဟာဗောဓိမြိုင်ဆရာတော်

3 weeks ago | [YT] | 1,326

eDhamma

သူများအပြစ်ကို မပြောပါနဲ့
ကိုယ့်အပြစ်ကိုသာ ရှာပါ။

မင်းကွန်းဆရာတော်ဘုရားကြီး

#eDhamma
#MinKunSayadaw

မင်းကွန်းဆရာတော်ကြီး၏ တရားများကို www.youtube.com/playlist?list... တွင် နာယူနိုင်ပါသည်။

1 month ago | [YT] | 1,237

eDhamma

ယနေ့ကျရောက်သော တန်ဆောင်မုန်းလပြည့်နေ့တွင် ပြုလုပ်သော ကုသိုလ်ကောင်းမှုများ၏ အကျိုးကြောင့်...

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ဘေးရန်အပေါင်းမှ ကင်းဝေးကာ လိုအင်ဆန္ဒများ ပြည့်ဝကြပါစေ။

တရားဓမ္မ အသိဉာဏ်များ တိုးပွားလျက် မဂ်ဖိုလ် နိဗ္ဗာန်ကို ရလွယ်ရောက်လွယ်ပါစေကြောင်း eDhamma channel မှ မေတ္တာပို့သ ဆုတောင်းလိုက်ပါသည်။

အားလုံးသော ကုသိုလ်ရှင်များ ချမ်းမြေ့ပါစေ။

#တန်ဆောင်မုန်းလပြည့်
#မေတ္တာပို့
#ကုသိုလ်
#eDhamma

1 month ago | [YT] | 686

eDhamma

ကုသိုလ်တွေ လုပ်ရတာ
မပျင်းနဲ့
ကုသိုလ်ဆိုတာ
ပျင်းလည်းလုပ်
ပျော်လည်း လုပ်။
ကုသိုလ်ရဲ့ အရိပ်ဟာ
ဘယ်သွားသွား ပါတာပဲ။

ဝေဘူဆရာတော်ဘုရားကြီး

ဝေဘူဆရာတော်ဘုရားကြီး အရှင်ကုမာရ ဟောကြားတော်မူအပ်သော အလုပ်ပေးတရားတော် Playlist: www.youtube.com/playlist?list...

#eDhamma
#ဝေဘူဆရာတော်
#အရှင်ကုမာရ

1 month ago | [YT] | 1,047

eDhamma

"ကထိန်အကြောင်း သိကောင်းစရာ"

တစ်နှစ်မှာ တစ်လ တစ်လမှာ တစ်ကြိမ်
တစ်ကြိမ်မှာ တစ်ကျောင်းသာ လှူခွင့်ရှိတဲ့ ကထိန်အကြောင်းပါ။

၁။ ကထိန်စကားရဲ့ အဓိပ္ပာယ်
၂။ ကထိန်ခင်းခြင်း အဓိပ္ပာယ်
၃။ ကထိန်ခင်းရခြင်း အကြောင်း
၄။ ကထိန်ခင်းရခြင်း အကျိုး
၅။ ကထိန်အလှူ မွန်မြတ်ပုံ မဂ်လမ်းကိုရည်ရွယ်ပုံတို့ကို ရှင်းလင်းပြောပြချင်တာပါ။

၁။ ကထိန်ဆိုတာ
ကထိန - ဆိုတဲ့ ပါဠိစကားလုံးကနေ ဆင်းသက်လာပြီး
ထိုကထိန ဆိုတဲ့ ပါဠိကို ကထိန်ဟူ၍ မြန်မာမှုပြုထားခြင်းဖြစ်ပါတယ်။

ကထိနဆိုတဲ့ စကားလုံးက
မြဲမြံခြင်း ၊ ခိုင်ခံ့ခြင်း ၊ ခိုင်မြဲခြင်းဆိုတဲ့ အဓိပ္ပာယ်ရှိပါတယ်။

မြဲခြင်း အမျိုးမျိုးရှိကြပေမယ့်
ကထိန်နှင့်ပတ်သတ်လို့ မြဲခြင်းကတော့
- အချိန်ကာလအားဖြင့် မြဲခြင်း
- အကျိုးတရားအားဖြင့် မြဲခြင်းပင်

အချိန်ကာလအားဖြင့် မြဲခြင်းကား
သီတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့မှ
တန်ဆောင်မုန်း လပြည့်နေ့အထိ တစ်လအတွင်းမှာ
ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း၊
ကထိန်ခင်းခြင်းတို့ကို ပြုလုပ်ရမည်ဟု
မြတ်စွာဘုရား အမိန့်တော်ဖြင့်
ပိုင်းခြား သတ်မှတ်ပေးခဲ့တာပါ။

တစ်ခြားသော
နတ်တော်လ ၊ ပြာသိုလ ၊ တပို့တွဲလတို့ကို
ပြောင်းရွှေ့၍ ကထိန်ခင်း၍ မရပါဘူး။

ဒါကြောင့်
ကထိန်ဆိုတာ
အချိန်ကာလအားဖြင့် မြဲခြင်းဖြစ်၏။

အကျိုးတရားအားဖြင့် မြဲပုံကား
ကထိန်ခင်းသည့် ကျောင်းတိုက်မှာ
သီတင်းသုံးတော်မူကြသည့် ပုရိမဝါမှ ထသော
{ဝါဆိုလပြည့်ကျော် ၁ ရက်နေ့မှ သီတင်းကျွတ်လပြည့်နေ့ထိ ဝါဆိုဝါကပ်ကြသော} ရဟန်းတော်များမှာ
သီတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့မှ
တပေါင်း လပြည့်နေ့တိုင်အောင်
ငါးလ တိတိ
ကထိန်အကျိုး ငါးမျိုးကို ခိုင်ခိုင်မြဲမြဲ
ရရှိစေပါတယ်။

တစ်ခြားလများသို့
ကထိန်အကျိုးတရားများ ပြောင်းလဲသွားခြင်းမရှိ၊
မည်သူက ဖျက်လို့မရအောင် မြဲမြံခိုင်မြဲခြင်း
ဖြစ်ပါတယ်။

၂။ ကထိန်ခင်းခြင်းအဓိပ္ပာယ်က -
ကထိန် အကျိုးတရားများကို
ကျယ်ပြန့်အောင် ပြုလုပ်တာဖြစ်ပါတယ်။

ဆိုလိုသည်မှာ
ကထိန်မခင်းသည့် ကျောင်းတိုက်က
ရဟန်းတော်များမှာ ကထိန် အကျိုးကို
သီတင်းကျွတ် လပြည့်ကျော် {၁} ရက်နေ့မှ
တန်ဆောင်မုန်း လပြည့်နေ့ အထိ {၁} လပဲ အကျိုးအာနိသင် မြဲပါတယ်။

ကထိန်ခင်းလိုက်တဲ့ ကျောင်းတိုက်ရှိ
ရဟန်းတော်များကတော့
သီတင်းကျွတ်လပြည့်ကျော် {၁} ရက်နေ့မှ
တပေါင်းလပြည့်နေ့အထိ {၅} လတိုင်အောင်
အကျိုးတရားများ ကျယ်ပြန့်သွားတယ်ဟု ဆိုလိုခြင်း ဖြစ်ပါတယ်။

ကထိန်ခင်းခြင်းကို
လူများက ခင်းရတာ မဟုတ်ဘဲ
ရဟန်းတော်များသာ ခင်းရတာပါ။

ရဟန်းတော်တောင်မှ
ပုရိမဝါ {ပထမဝါ} ဆိုတဲ့ ရဟန်းများသာ ခင်းလို့ရတာပါ။

{ပစ္ဆိမဝါ} လို့ခေါ်တဲ့
ဒုတိယဝါဆိုတော်မူတဲ့ ရဟန်းတော်များ
ခင်းလို့ မရပါဘူး။

လူများကတော့
သင်္ကန်းကို လှူဒါန်းပေးနိုင်တဲ့
ကထိန် သင်္ကန်းအလှူရှင်
ကထိန်ဒါယကာ ဒါယိကာမအဖြစ်သာ
ခံယူခွင့်ရတာပါ။

လူအများအနေနဲ့
သံဃဿ ဒေမ ဆိုပြီး လှူဒါန်းလိုက်တဲ့ သင်္ကန်းကို
သံဃာတော်များက ကထိန်ခင်းမယ့်
ရဟန်းကို ရွေးချယ်ပြီး သိမ်ထဲမှာ
ဥတ်ကမ္မဝါစာဖြင့် ပြုလုပ်ခြင်းကိုပဲ ကထိန်ခင်းသည်ဟု ဆိုခြင်းဖြစ်ပါတယ်။

ထို့ပြင်
ကထိန်သင်္ကန်းဟာ
ဒီနေ့အလှူခံပြီး ဒီနေ့ပြီးအောင် ကံဆောင်ပြီးတဲ့
သင်္ကန်းမှသာ ကထိန်ခင်းလို့ရတာပါ။

ညလွန်တဲ့ သင်္ကန်း မဖြစ်ရပါဘူး။

ဆိုလိုတာက
ဒီနေ့ရတဲ့ သင်္ကန်းကို
နောက်နေ့ကျမှခင်းမယ်ဆိုရင်
ကထိန်ခင်းရာ မရောက်ပါဘူး။

မသိုးသင်္ကန်း ဆိုတာ
ရက်လွန်သွားတဲ့ သင်္ကန်းမဟုတ်ဘဲ
ဒီနေ့အလှူခံ ဒီနေ့အပြီးကံဆောင်ပြီး
ဒီနေ့ခင်းတဲ့သင်္ကန်းကိုပြောတာပါ။

ရက်လွန်သွားတဲ့သင်္ကန်း မဟုတ်မှသာ
ကထိန်ခင်းလို့ ရတာပါ။

ထို့ပြင်
ကထိန်သင်္ကန်း ဖြစ်ပေါ်လာအောင်
စည်းရုံးတာမျိုး ၊ အလှူခံတာမျိုးလည်း
မဖြစ်ရပါဘူး။

အောက်ထစ်ဆုံး
မိမိကိုမွေးပေးလိုက်တဲ့ မိခင်ကိုတောင်မှ
ကျုပ်ကျောင်းမှာ ကထိန်ခင်းပါဆိုပြီး
မပြောရပါဘူး။

အဲလိုပြောပြီး ရလာတဲ့ သင်္ကန်းကိုလည်း
ကထိန်ခင်းလို့ မရပါဘူး။

ကထိန်သင်္ကန်း အလှူရှင်က
မိမိအလိုလို နားလည် သဘောပေါက်ပြီး
သံဃဿ ဒေမ ဆိုပြီး သံဃာကို ရည်စူးပြီး
လှူဒါန်းတဲ့ သင်္ကန်းဖြင့်သာ ကထိန်ခင်းရတာ ဖြစ်ပါတယ်။

ဒီသင်္ကန်းက
ဘယ်ရဟန်းအတွက် စတဲ့ ပုဂ္ဂိုလ်ကိုစွဲပြီး
လှူဒါန်းတဲ့ သင်္ကန်းဆိုလည်း
ကထိန် ခင်းလို့မရပါဘူး။

သံဃာကိုလှူဒါန်းတဲ့
သင်္ကန်းပဲ ခင်းလို့ရတာပါ။

နောက်ပြီး
ကာလအပိုင်းအခြားအနေနဲ့
သီတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့မှ
တန်ဆောင်မုန်းလပြည့်နေ့ တစ်လ
တစ်လမှာလည်း ကျောင်းတစ်ကျောင်းမှာ
တစ်ကြိမ်သာခင်းခွင့်ရှိပါတယ်။

- အပေါ်ရုံ {ဧကသီ} သင်္ကန်း
- ခါးဝတ် {သင်းပိုင်}
- နှစ်ထပ်သင်္ကန်း {ဒုကုဋ်}
၎င်းသင်္ကန်း သုံးမျိုးတို့တွင် တစ်မျိုးမျိုးဖြင့် ကထိန်ခင်းနိုင်ပါတယ်။

ကျန်သော ပဒေသာပင်မှ ပစ္စည်းများနှင့်
အခြားသော လှူဖွယ် ပစ္စည်းများနှင့်လည်း
ကထိန်ခင်းလို့ မရနိုင်ပါ။

၃။ ကထိန်ခင်းရခြင်းအကြောင်းကား -
မြတ်စွာဘုရားရှင် ဇေတဝန်ကျောင်းတော်မှာ
သီတင်းသုံးတော်မူနေတဲ့ အချိန်
ဓုတင် ဆောင်တော်မူကြတဲ့
ပါဝေယျကတိုင်းသား ရဟန်းတော်
အပါးသုံးဆယ်များဟာ မြတ်စွာဘုရားရှင်အား
ဖူးမျှော်ဖို့အတွက် သာဝတ္ထိကိုလာရင်း လမ်းမှာ
သည်းထန်စွာ ရွာသွန်းတဲ့ မိုးကြောင့်
ရဟန်းတော်များ ဝတ်ဆင်ထားတဲ့ သင်္ကန်းတွေ
နှစ်ထပ် သင်္ကန်းတွေ အားလုံး
မိုးတွေ စိုရွှဲကုန်ပါတယ်။

မြတ်စွာဘုရားထံကို ရောက်လာတဲ့အခါ
မြတ်စွာဘုရားရှင်က ဝါတွင်းကာလမှာ
ချမ်းချမ်းသာသာ သီတင်းသုံးပြီး
တရားအားထုတ် ခွင့် ရ -မရ မေးတဲ့အခါ
ထိုရဟန်းတော် အပါးသုံးဆယ်က
မိမိတို့အဖြစ်ကို လျှောက်ထားကြပါတယ်။

ထိုရဟန်းတော်များရဲ့ အခက်အခဲများကို
ရှေးရှုပြီး မြတ်စွာဘုရားရှင်က ရဟန်းတို့ -

ဝါကျွတ်ပြီးသော
ရဟန်းတော်တို့အား ကထိန်ခင်းခြင်းကို
ငါဘုရား ခွင့်ပြုတော်မူတယ်ဟူ၍
ပါဝယျကဘဒ္ဒဝဂ္ဂီ ရဟန်း သုံးဆယ်ကို
အကြောင်းပြုပြီး ကထိန်ခင်းရခြင်း
အကြောင်းတရား ဖြစ်ပေါ်ခဲ့တာပါ။

၄။ ကထိန်ခင်းခြင်းအကျိုးတရားကား -
{ကထိန်အာနိသင်} ရသော ရဟန်းတို့မှာ
- အိမ်တစ်အိမ်က ဆွမ်းစားပင့် ဖိတ်ထားတာ ရှိရင်
အဲဒီအိမ်မှာ ဆွမ်းမစားမီ ဖြစ်စေ၊ ဆွမ်းစားပြီး
ဖြစ်စေ၊ တခြားအိမ်သို့ သွားလိုပါက
ထင်ရှားရှိသော ရဟန်းအား မပန်ကြားဘဲ
သွားလာနိုင်ခြင်း။

- တိစီဝရိတ် အဓိဋ္ဌာန် တင်ထားသော သင်္ကန်းကို
မယူဘဲ သွားလာနိုင်ခြင်း။

- ဆွမ်းဘုဉ်းပေးကြွပါဟု မဖိတ်ဘဲ
ထမင်းစားလာပါ၊ မုန့်စားလာပါ စတဲ့
လူအသုံးအနှုန်းများဖြင့် ပင့်ဖိတ်တဲ့
ဂဏဘောဇဉ်ကို ဘုဉ်းပေးနိုင်ခြင်း။

- အလိုရှိတိုင်း
အဓိဋ္ဌာန်ဝိကပ္ပနာမပြုသော သင်္ကန်းကို
ဆောင်နိုင်ခြင်း။

- ထိုကထိန်ခင်းသော
ကျောင်းတိုက်၌ ဖြစ်ပေါ်သမျှသော
သင်္ကန်းများကို ကထိန်ခင်းသော
ရဟန်းတို့အား ဖြစ်ရခြင်း စတဲ့
အကျိုးအာနိသင် ငါးပါး {သိက္ခာပုဒ် ငါးပုဒ်}
ကင်းလွတ်ခွင့်ကို ရတော်မူပါတယ်။

ကထိန်သင်္ကန်း လှူဒါန်းတဲ့ ဒကာ ဒကာမများ အနေဖြင့်လည်း
- အရပ်လေးမျက်နှာအရပ်များသို့
အတားအဆီးမရှိ ၊ လွတ်လွတ်လပ်လပ်သွားနိုင်ခြင်း
- မည့်သည့်အရပ်ကိုမဆို
တာဝန်ကိစ္စမလေးဘဲ ပေါ့ပေါ့ပါးပါး သွားလာနိုင်ခြင်း
- အစားအသောက်နဲ့ ပတ်သက်လို့
အဆိပ်အတောက်စတဲ့ ဘေးဥပါဒ်အန္တရာယ်မဖြစ်ခြင်း
- မိမိတို့၏ ပစ္စည်းဥစ္စာများကို
ရန်သူမျိုးငါးပါး လာရောက်ဖျက်ဆီးခြင်း ဆိုတဲ့
ဘေးအပေါင်းမှ ကင်းဝေးခြင်း
- မိမိတို့၏ ပစ္စည်းဥစ္စာများကို သူတစ်ပါးတို့
လာရောက်အစိုးတရယူငင်ခြင်း ဆိုတဲ့
ဘေးအပေါင်းမှ ကင်းဝေးစေခြင်း ဆိုတဲ့
ရဟန်းတော်များ၏ ကထိန်အာနိသင်
ငါးပါးအတိုင်း ရရှိစေနိုင်တာဖြစ်ပါတယ်။

၅။ကထိန်သင်္ကန်းလှူဒါန်းရတာ မွန်မြတ်ပုံ၊ မဂ်လမ်းကိုရည်ရွယ်ပုံ -
ကထိန်သင်္ကန်း လှူဒါန်းရတာ
အကျိုးအလွန် ကြီးမြတ်တယ်။

ဘာကြောင့်
အကျိုးကြီးမြတ်ရသလဲ ဆိုတော့
မြတ်စွာဘုရားရှင်က
အခြားပစ္စည်းလေးပါးနောက်ကို လိုက်ပြီး
အလှူခံကြရင် ကဲ့ရဲ့တော်မူတယ်။

ပစ္စည်းလေးပါး တစ်ခုခု ရရေး
အားထုတ်နေရင် ကဲ့ရဲ့တော်မူတယ်။

သို့သော်
ကထိန်အကျိုးအာနိသင်များကိုတော့
အလှူခံဖို့ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်
ချီးမွမ်းတော်မူပါတယ်။

ဒါကြောင့်
အလွန်မွန်မြတ်သန့်စင်လှပါတယ်။

အလှူရှင်များအနေဖြင့်
မဂ်ဖိုလ်နိဗ္ဗာန်ကို ရည်မှန်း၍ လှူဒါန်းကြသလို
ရဟန်းတော်များဘက်ကလည်း
ဒီသင်္ကန်းကို ဝတ်ရုံလို့ မဂ်ဖိုလ်နိဗ္ဗာန်ရသည်အထိ
ကြိုးစား ပွားများ အားထုတ်နေကြတဲ့အတွက်
အလွန်ပင် မွန်မြတ်လှပါတယ်။

အရှင်တိက္ခ၀ံသာလင်္ကာရ ဟောကြားတော်မူသော ကထိန်ရဲ့ အနှစ်သာရသည် လူမှုရေးနှင့် မုဒိတာ တရားတော်: https://youtu.be/9yIzvmkefRk

#credit
#eDhamma
#ကထိန်

1 month ago (edited) | [YT] | 330

eDhamma

“ကိုယ့်စိတ်ကို ကိုယ်နိုင်ရင် ...”

အခုလောကဓံတရားနဲ့
ဘတပြန်၊ ကျားတပြန်ဖြစ်နေတာ
ကိုယ့်စိတ်ကို မနိုင်သေးလို့၊ နိုင်ချင်လို့
ဒေါသစိတ်နဲ့ တိုက်ရင် ဒီဘဝတော့
နိုင်ချင်နိုင်မှာပါလေ။

နောက်ဘဝတွေကတော့
ဒီဒေါသကြွေးကို အရှုံးနဲ့ ဆပ်ကြရလိမ့်မယ်။
မုန်းငြိုး ပြစ်မှားစိတ်တွေ အားကြီးသလောက်
ကြွေးဆပ်ရတာ ခါးသီးတယ်။
ပြင်းထန်တယ်၊ ကြာမြင့်တယ်။
သံသရာကို မကြောက်သရွေ့ မကျွတ်မလွတ်နိုင်ဘူး။

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး

မဟာဗောဓိမြိုင်ဆရာတော်၏ တရားများကို www.youtube.com/playlist?list... တွင် ဝင်ရောက်နာယူနိုင်ပါသည်။

#eDhamma
#မဟာဗောဓိမြိုင်ဆရာတော်

1 month ago | [YT] | 957

eDhamma

သီတင်းကျွတ်ပြီဆိုတော့ ခင်ဗျားတို့က
ဆရာသမား ကန်တော့ရလို့
မီးတွေထွန်းလို့ ဝမ်းသာကြတယ်
တကယ်တော့ ဒါ သေခါနီးသွားတာပဲ
ခန္ဓာကတော့ ဝါဆိုလကထက်
အခု သီတင်းကျွတ်လက
သေဖို့ ပိုနီးသွားတာပဲ
ဒီတော့ မသေရာ ရှာဖို့ရာအလုပ်
ခရီးရောက်ထားဖို့ အရေးကြီးတယ်။

မိုးကုတ်ဆရာတော်ဘုရားကြီး

မိုးကုတ်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော တရားတော်များကို www.youtube.com/playlist?list... တွင် နာယူနိုင်ပါသည်။

#eDhamma
#MogokSayadaw
#UWiMaLa
#မိုးကုတ်ဆရာတော်
#ဦးဝိမလ

2 months ago | [YT] | 1,040