Thura🌹🌻

အပြုံးကမ္ဘာ☺️🤍

အပြုံးသာ မြင်ရရင်ကိုရဲ့ချစ်သူပြေးမြင်မိတာမျိူး☺️🫶


Thura🌹🌻

တကယ်ကတော့ မေတ္တာဆိုတာ ရွတ်နေရတဲ့ အရာမဟုတ်ဘူး။

စိတ်ဓာတ်ကို တည်ဆောက်ရမှာလို့ ဆိုလိုတယ်။

စိတ်ဓာတ်ရှိလာလို့ရှိရင် အပြောအဆို ကလည်း မေတ္တာ နဲ့ပက်သက်လာတယ်။

အလုပ်အကိုင်ဟာလည်း မေတ္တာနဲ့ ပက်သက်လာတယ်။

စိတ်ဓာတ်က မပါပဲနဲ့ အပြောသက်သက် ဆိုလို့ရှိရင် ဒီမေတ္တာဟာ အတုအယောင်ပဲ။ဖြစ်သွားမယ်။

တကယ်လက်တွေ့ကျတော့ ဆောင်ရွက်နိုင်စွမ်းမရှိတဲ့ အရာဖြစ်သွားမယ်နော်။

ဒါကြောင့်မို့ အဓိက အကျဆုံးဖြစ်တဲ့ ကိုယ့်ရဲ့စိတ်ဓာတ်ကို

ဒီအများအကျိုးကို လိုလားတဲ့ စိတ် ဓာတ်၊

ကိုယ့်ထက် နိမ့်ကျသွားလို့ရှိရင် အကြင်နာထားပြီး ဖေးကူပြီး ကိုယ့်အခြေအနေမျိုးရောက်အောင် ကူညီပေးနိုင်တဲ့ စိတ်ဓာတ်၊

ကိုယ့်ထက် သာသွားလို့ရှိရင် ဝမ်းသာနိုင်သွားတဲ့စိတ်ဓာတ်၊

အဲ့လို အခြေအနေကောင်းတွေရောက်သွားတဲ့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ဆီကနေ ကိုယ်က၊ပြန်လှန်လာတဲ့ အကျိုး၊တုံ့ပြန်လာမှုတွေကို မလိုလားတဲ့ စိတ်နဲ့ ၊မျှော်လင့်ချက်မထားတဲ့ စိတ်ဓာတ်၊

အဲ့ဒါကိုပဲ မေတ္တာ၊ကရုဏာ၊မုဒိတာ၊ဥပေက္ခာလို့ခေါ်တယ်။

ဒီစိတ်ဓာတ်ရှိတဲ့ ပုဂ္ဂိုလ်တိုင်းဟာ မွန်မြတ်တဲ့
ပုဂ္ဂိုလ် ဖြစ်တယ်ပေါ့။

မြင့်မြတ်တဲ့အလုပ်တွေကို လုပ်တော့မယ်ဆိုရင်တဲ့ ဒီစိတ်ဓာတ်တွေ မပါပဲ လုပ်လို့ရှိရင် မြင့်မြတ်တဲ့ အလုပ်ဆိုတာ မဖြစ်နိုင်ဘူး။

မြင့်မြတ်တဲ့ စိတ်ဓာတ်တွေကို ကိုယ့်သန္တာန်မှာ အခိုင်အမာတည်ဆောက်ပြီးတော့မှ လုပ်ရတယ်လို့ ဒီလိုဆိုလိုတာ။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ

သတိကောင်းအောင် ကျင့်ဆောင်ခြင်း တရားတော်မှထုတ်နုတ်တင်ပြ ပါသည်။

လေးစားရသောမူရင်ရသားသူခင်များ
ယခု page မှာ ထပ်မံရှယ်ခွင့်ပြုပါလို့
ခွင့်တောင်းပါရစေ🙏🙏🙏🙏🙏

#မူရင်းရေးသားပူဇော်သူအားဂါဝရပြုကူးယူမျှဝေပူဇော်ပါသည် #မူရင်းpostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည #မေတ္တာဖြင့်ပြန်လည်မျှဝေလိုက်ပါသည်

1 week ago | [YT] | 0

Thura🌹🌻

ဘ၀ဆိုတာရှင်သန်နေဖို့ပါပဲ🍀💛

နေ့တစ်နေ့ကို ဖြတ်သန်းပြီးတဲ့အခါ
စိတ်တိုင်းမကျတဲ့အဖြစ်တွေ ရှိရင်ရှိမယ်။

ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရ
ဖြစ်တာတွေ ကြုံရင်ကြုံမယ်။

စိတ်ပျက်လက်ပျက်နဲ့ ရှေ့မဆက်ချင်
တော့တဲ့အချိန်တွေ ရှိကောင်းရှိမယ်။

ကိုယ်မလုပ်နိုင်တော့ပါဘူး၊ မတတ်နိုင်
တော့ပါဘူးလို့ စိတ်ကျစိတ်အားငယ်
သွားတဲ့နေ့ရက်တွေ ရှိရင်ရှိမယ်။

ဒါပေမဲ့ ညတစ်ည အဆုံးသတ်သွားတဲ့
အခါ နောက်နေ့သစ်တစ်နေ့ကို Energy
အပြည့်နဲ့ဖြတ်သန်းသွားဖို့လိုပါတယ်။

ဘ၀မှာ လုပ်မှဖြစ်မယ့်အရာတွေအတွက်
ရှောင်ပုန်းနေလို့ မရပါဘူး။

တစ်ချိန်မလုပ်ရင် တစ်ချိန်မှာ စုလုပ်
ရပါလိမ့်မယ်။

အချိန်သင့်တုန်း အပင်ပန်းမခံချင်ရင်
အချိန်လင့်မှ ပင်ပန်းမဆုံး ဖြစ်ရပါလိမ့်မယ်။

အခက်အခဲကို ‌ပိုကျော်နိုင်တဲ့သူသာ
ပိုပျော်နိုင်တဲ့သူပါ။

ဘ၀ဆိုတာ ရှင်သန်‌နေဖို့ပါပဲ...။ ။

#crd_to_owner_with_respectcrd
#crd
#knowledge

#မူရင်းPostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည်

1 week ago | [YT] | 0

Thura🌹🌻

🌻လူ့ဘဝ အမှန်တရားများ🌻

🌻အသက် ၄၀ ….. ကျော်ရင်

ပညာ .. အရမ်းတတ်တာနဲ့

မတတ်တာ .. မကွာတော့ဘူး။

🌻(ပညာ သိပ် မတတ်တဲ့ သူကတောင်

ဝင် ငွေ ပိုကောင်းရင်ကောင်းနိုင်မှာ)

🌻အသက် ၅၀ ….. ကျော်ရင်

ရုပ်ရည် လှတာ .. မလှတာ

မထူးခြားတော့ဘူး။

🌻သင် ….. ဘယ်လောက်လှနေပါစေ ။

ဒီ … အရွယ်ရောက်ရင်

ပါးရေနားရေတွေ ….. တွန့်ပြီး

ဆံပင်ဖြူ .. လာတာ

ဖုံးဖိ .. လို့ ….. မနိုင်တော့ဘူး။ ❤️💕

🌻အသက် ၆၀ ….. ကျော်ရင်

ရာထူးကြီး .. တာနဲ့ … သေးတာ

မကွာတော့ဘူး။

🌻ပင်စင်ယူ .. သွားရင်

.. ခြံစောင့်တောင်

သူ့ .. အလုပ်ရှင် က်ို …..

အလေးမထားချင်် တော့ဘူး။ 😀😆

🌻အသက် ၇၀ ….. ကျော်ရင်

အိမ် .. အကြီးကြီး မှာ … နေတာနဲ့

အိမ် .. အသေး မှာ .. နေတာ

သိပ်မထူးခြား တော့ဘူး။

🌻အဆစ် အမြစ် .. တွေကြောင့်

ရွေ့ရ .. ပြုရတာ .. ခက်ပြီး

ရွေ့ရတဲ့နေရာ

သေးသေးပဲ …. လိုတာ။

🌻အသက် ၈၀ ….. ကျော်ရင်

အိပ််နေတာနဲ့ … ထနေတာ .. အတူတူပဲ။

🌻အိပ်ယာ .. ထရင်တောင်

ဘာလုပ်ရမှန်း .. သိမှာ .. မဟုတ်ဘူး။

🌻ဒါကြောင့်

ဘဝ ကို

ပျော်ပျော်ကြီး ….. ဖြတ်သန်းပါ။

🌻လူတိုင်း အပေါ်

စေ တ နာ ၊ မေ တ္တာ - ထားပါ။

🌻ဒေါသ မောဟ လောဘ

တွေ လျော့ပါ။

🌻အပြုံးနှင့် နေပါ။

🌻ကုသိုလ် ကောင်းမှု .. နေ့စဉ်ပြုပါ။

🌻ဘာဖြစ်လို့လည်း .. ဆိုတော့

ငါတို့ .. အားလုံးဟာ

တချိန်ချိန်မှာ

အတူတူ ဖြစ်သွားမယ့်သူတွေပဲ ……..

မဟုတ်လား။

Credit #

1 week ago | [YT] | 0

Thura🌹🌻

သူတစ်ပါးပေါ် ရိုးသားခဲ့သလို
ကိုယ့်အပေါ် ရိုးသားသူနဲ့သာ တွေ့ပါရစေ
သူတစ်ပါးပေါ် ယုံကြည်ခဲ့သလို
ကိုယ့်ပေါ် ယုံကြည်သူနှင့်သာတွေ့ပါရစေ ။

သူတစ်ပါးပေါ် မယုတ်မာခဲ့သလို
ကိုယ့်အပေါ် မယုတ်မာသူနဲ့ တွေ့ပါစေ
သူတစ်ပါးပေါ် ကတိတည်ခဲ့သလို
ကိုယ့်အပေါ် ကတိတည်သူနှင့် တွေ့ပါစေ ။

သူတစ်ပါးပေါ် စေတနာနှင့်ကူညီခဲ့သလို
ကိုယ့်အပေါ် စေတနာနဲ့ကူညီမယ့်သူတွေ့ပါစေ
ရှေ့လျှောက်ရမယ့် အနာဂတ်
ဘဝလမ်း သာယာဖြောင့်ဖြူးပါရစေ။🙏🏻☘️🤍

1 week ago | [YT] | 0

Thura🌹🌻

🌹🌹 အသိဉာဏ်ပညာမရှိရင် လူတွေရဲ့ ဝေဖန်မှုဒဏ်ကို မခံနိုင်ဘူး🌹🌹

လူ့ဘဝဆိုတာ အမြဲတမ်း ချီးကျူးခြင်းတွေနဲ့ ပြည့်နှက်နေတဲ့ လမ်းကြောင်းမဟုတ်ပါဘူး။ တစ်ခါတစ်ရံ ဝေဖန်မှုတွေ၊ ရှုတ်ချမှုတွေ၊ နှိမ့်ချမှုတွေက ကျွန်ုပ်တို့ကို လိုက်လံ စမ်းသပ်နေတတ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ အသိဉာဏ်ပညာ (Wisdom) ဆိုတဲ့ အရာက ကျွန်ုပ်တို့ရဲ့ အကာအကွယ်တစ်ခု ဖြစ်လာပါတယ်။ အသိဉာဏ်ပညာ မရှိရင် လူတွေရဲ့ ဝေဖန်မှုဒဏ်ကို မခံနိုင်ဘူး ဆိုတဲ့ အချက်ကို ဒီဆောင်းပါးမှာ ဆွေးနွေးသွားပါမယ်။
🌹ဝေဖန်မှုဆိုတာ ဘာလဲ။ ဘာကြောင့် ခံရတာလဲ။

ဝေဖန်မှု ဆိုတာ လူတစ်ယောက်ရဲ့ လုပ်ရပ်၊ အတွေး၊ သို့မဟုတ် ရလဒ်ကို အခြားသူတစ်ယောက်က အကဲဖြတ်ပြီး အမှားများကို ညွှန်ပြခြင်း ဖြစ်ပါတယ်။ ဒါဟာ ဆိုးရွားတဲ့ အရာမဟုတ်ပါဘူး။ ဝေဖန်မှုက ကျွန်ုပ်တို့ကို ပိုမိုကောင်းမွန်အောင် တွန်းအားပေးနိုင်ပါတယ်။ ဥပမာ၊ ဆရာတစ်ယောက်က ကျောင်းသားရဲ့ စာစီစာရေးကို ဝေဖန်ရင် အဲ့ဒီ ကျောင်းသားဟာ နောက်တစ်ခါ ပိုမိုကောင်းမွန်တဲ့ စာတစ်ပုဒ် ရေးနိုင်မှာပါ။

ဒါပေမဲ့ ဝေဖန်မှုတွေ ခံရတဲ့ အခါ လူအများစုဟာ စိတ်ဆင်းရဲရပါတယ်။ အဘယ်ကြောင့်နည်း။ ဘာကြောင့်ဆို ကျွန်ုပ်တို့ရဲ့ အတ္တဟာ ဒဏ်ရာရသလို ခံစားရလို့ပါ။ ဝေဖန်မှုကို ကိုယ့်ကိုယ်ကို တိုက်ခိုက်ခံရသလို မြင်တတ်ကြပါတယ်။ ဒီအခါ အသိဉာဏ်ပညာ မရှိရင် ဝေဖန်မှုဒဏ်ကို မခံနိုင်တော့ပါဘူး။ စိတ်ပျက်လာပြီး၊ ဒေါသထွက်လာပြီး၊ အဆုံးမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပျောက်ဆုံးသွားနိုင်ပါတယ်။🌹
🌹 အသိဉာဏ်ပညာ ဆိုတာ ဘာလဲ။ ဘယ်လို အလုပ်လုပ်သလဲ။

အသိဉာဏ်ပညာ ဆိုတာ ဗဟုသုတ မျှသာ မဟုတ်ပါဘူး။ ဗဟုသုတ ဆိုတာ အချက်အလက်တွေ သိရှိခြင်း ဖြစ်ပြီး၊ အသိဉာဏ်ပညာ ဆိုတာ အဲ့ဒီ အချက်အလက်တွေကို ဘဝမှာ မှန်ကန်စွာ အသုံးချနိုင်ခြင်း ဖြစ်ပါတယ်။ ဂရိ ဒဿနပညာရှင် ဆိုကရေးတီး (Socrates) က “အသိပညာ ဆိုတာ ပညာ ဖြစ်တယ်” လို့ ဆိုခဲ့ပါတယ်။ ဒါပေမဲ့ ပညာ ဆိုတာ ကိုယ်ပိုင် အမှားတွေကနေ သင်ခန်းစာ ယူနိုင်ခြင်း၊ အခြားသူတွေရဲ့ အမြင်ကို နားလည်နိုင်ခြင်း ဖြစ်ပါတယ်။

ဝေဖန်မှုနဲ့ ပတ်သက်ရင် အသိဉာဏ်ပညာ ရှိတဲ့ သူဟာ ဝေဖန်မှုကို ကိုယ်ပိုင် တိုက်ခိုက်မှု မဟုတ်ဘဲ တိုးတက်ရေး အခွင့်အရေး အဖြစ် မြင်ပါတယ်။ ဥပမာ၊ နာမည်ကြီး စီးပွားရေး ပညာရှင် ဝါရင် ဘတ်ဖက် (Warren Buffett) ဟာ သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှု ဆုံးဖြတ်ချက်တွေကို ဝေဖန်ခံရချိန်မှာ စိတ်အေးအေးထားပြီး အမှန်တရားကို ရှာဖွေပါတယ်။ သူက “ကျွန်တော် အမှားလုပ်ခဲ့ရင် အဲ့ဒါကို ဝန်ခံပြီး သင်ခန်းစာ ယူပါတယ်” လို့ ဆိုပါတယ်။ ဒါဟာ အသိဉာဏ်ပညာ ရဲ့ ဥပမာ ဖြစ်ပါတယ်။

အသိဉာဏ်ပညာ မရှိရင်တော့ ဝေဖန်မှုကို ရန်သူလို မြင်ပြီး ခုခံပါတယ်။ ဒါက ကိုယ့်ကိုယ်ကို ပိုမို ဆုံးရှုံးစေပါတယ်။ ဥပမာ၊ ဆိုရှယ်မီဒီယာ ခေတ်မှာ တစ်ယောက်ယောက်က ပို့စ်တစ်ခု တင်ရင် ဝေဖန်ချက်တွေ ရောက်လာပါတယ်။ အသိပညာ မရှိတဲ့ သူဟာ ဒေါသထွက်ပြီး ပြန်ရန်ဖြစ်တတ်ပါတယ်။ ရလဒ်ကတော့ စိတ်ဖိစီးမှု ပိုများလာပြီး ဘာမှ မတိုးတက်ပါဘူး။

💐 အသိဉာဏ်ပညာ ဘယ်လို ရရှိမလဲ။

အသိဉာဏ်ပညာ ဟာ တစ်ညတည်း မရရှိနိုင်ပါဘူး။ ဒါဟာ ဘဝ အတွေ့အကြုံတွေ၊ စာအုပ်တွေ ဖတ်ရှုခြင်း၊ အခြားသူတွေရဲ့ အမြင်ကို နားထောင်ခြင်း နဲ့ ကိုယ်ပိုင် တွေးခေါ်မှု တို့ကနေ တဖန်တဖန် တည်ဆောက်ရပါတယ်။

၁. **အမှားတွေကနေ သင်ယူပါ**။ ဝေဖန်ခံရချိန်မှာ အမှားရှိမရှိ စစ်ဆေးပါ။ ရှိရင် ပြုပြင်ပါ။
၂. **စိတ်ခံစားမှု ထိန်းချုပ်ပါ**။ ဝေဖန်မှုကို ချက်ချင်း မတုံ့ပြန်ပါနဲ့။ စိတ်အေးအေးထားပြီး ခွဲခြမ်းစိတ်ဖြာပါ။
၃. **အခြားသူတွေရဲ့ ရှုထောင့် နားလည်ပါ**။ ဝေဖန်သူ ဘာကြောင့် ဝေဖန်ရသလဲ ဆိုတာ တွေးပါ။ သူတို့မှာ မှန်ကန်တဲ့ အချက် ရှိနိုင်ပါတယ်။
၄. **စာအုပ်တွေ ဖတ်ပါ**။ “How to Win Friends and Influence People” လို စာအုပ်တွေက ဝေဖန်မှုကို ကိုင်တွယ်နည်း သင်ပေးပါတယ်။

ဒီလို လေ့ကျင့်မှုတွေနဲ့ အသိဉာဏ်ပညာ ရှိလာရင် ဝေဖန်မှုဟာ အဆိပ်မဟုတ်တော့ပါဘူး။ အဆိပ်ဖြေ ဆေး ဖြစ်လာပါတယ်။🪷

လူ့ဘဝမှာ ဝေဖန်မှု ကင်းလို့ မရပါဘူး။ ဒါပေမဲ့ အသိဉာဏ်ပညာ ရှိရင် ဝေဖန်မှုဒဏ်ကို ခံနိုင်ရုံမက အဲ့ဒီ ဝေဖန်မှုကနေ အကျိုးရှိအောင် ပြောင်းလဲနိုင်ပါတယ်။ အသိဉာဏ်ပညာ မရှိရင်တော့ ဝေဖန်မှုဟာ ကျွန်ုပ်တို့ကို ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် ဘဝတစ်လျှောက် အသိဉာဏ်ပညာ ရှာဖွေပါ။ ဝေဖန်မှုတွေကို ရင်ဆိုင်ရင်း ပိုမိုသန်မာ လာပါ။ အသိဉာဏ်ပညာ ရှိတဲ့ သူဟာ ဘယ်တော့မှ ဝေဖန်မှုဒဏ်ကို မကြောက်ပါဘူး။ အဲ့ဒါကို လက်ခံပြီး ရှေ့ဆက်ပါတယ်။🌹🌻🌹

1 week ago | [YT] | 0

Thura🌹🌻

🌻"မင်္ဂလာရှိ လှပါသော"🌻တနင်္လာနေ့ မနက်ခင်းလေးကိုအစပြု၍၊၊🙏🙏

တနင်္လာ ဂြိုလ်မင်းကြီးနှင့်တကွ
အားလုံးကုန်သော၊၊

တနင်္လာ သားသမီးအပေါင်း
သူတော် ကောင်းတို့
ဘေးရန်ခပ်သိမ်းငြိမ်းကြပါစေ
ဒေါသခပ်သိမ်းငြိမ်းကြပါစေ
ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ
နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ၊၊

တနင်္လာ ဂြိုလ်မင်းကြီးနှငိ့တကွ အားလုံးကုန်သော တနင်္လာ သားသမီးအပေါင်း သူတော်ကောင်းတို့သည်၊၊

ကမ္ဘာသူ ကမ္ဘာသားတို့၏
ကောင်းကျိုးချမ်းသာခြင်းကိုသာအစဉ်
လိုလားကြသည်ဖြစ်၍၊၊

ကမ္ဘာသူကမ္ဘာသား အားလုံးတို့၏
အစဉ်ထာဝရချစ်ခင်ခြင်း
ကြင်နာခြင်း ရရှိကြပါစေကုန်သတည်း။

ကပ်ဘေးမှလည်း အမြန်ဆုံးကင်းဝေးကြပါစေ၊၊

🙏ဘေးအန္တရာယ် အပေါင်းမှလည်းထာဝရကင်းဝေးကြပါစေရှင်၊၊😊🥰

#photooftheday #photography

#crd_to_owner_with_respectcrd
#credit #fbreelsfypシ゚viralfbreelsfypシ゚viral #followersreelsfypシ゚viralシfypシ゚viralシalシ #foryoupageシforyou #followersreels
#crd_to_owner_with_respect
#hilightseveryonefollowers2025

1 week ago | [YT] | 0

Thura🌹🌻

ကိုကာကိုလာဗူးလေးမြင်ရင်သတိရတယ်
ကိုချစ်သူလေးကို

ခုံပေါ်အအေးဗူးလေးတင်ပြီ

ထိုင်နေတဲ့ သူ့ပုံရိပ်လေး❣️❣️❣️

2 weeks ago | [YT] | 0

Thura🌹🌻

❤️ အားအကောင်းဆုံးသူတွေက နူးညံ့သိမ်မွေ့ကြတယ်။

တကယ့်ခွန်အားဆိုတာ သက်သေပြစရာမလိုဘူး။ သင်ဘယ်လောက်ကျယ်လောင်စွာ အော်နိုင်လဲ၊ ဘယ်လောက်ပြင်းထန်စွာ ရိုက်နိုင်လဲ ဆိုတာ အရေးမကြီးပါဘူး။ အရေးကြီးတာက ပရမ်းပတာဖြစ်နေတဲ့အချိန် တည်ငြိမ်နေတတ်ခြင်း၊ လူတွေအေးစက်လာတဲ့အချိန် ကြင်နာတတ်ခြင်း၊ မာန်တက်ချင်လာတဲ့အချိန် ငြိမ်းချမ်းမှုကို ရွေးချယ်တတ်ခြင်းပါ။
စစ်မှန်တဲ့ခွန်အားဆိုတာ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်ခြင်းပါ။ ဖိအားကြီးတဲ့အချိန်မှာတောင် မျက်နှာမပျက် ဆက်လုပ်နိုင်ခြင်းပါ။ ပင်ပန်းနေတဲ့အချိန်မှာတောင် တခြားသူတွေကို မြှင့်တင်ပေးနိုင်ခြင်းပါ။

❤️အသိဉာဏ်အရှိဆုံးသူတွေက တိတ်ဆိတ်ကြတယ်။

သူတို့က အနိုင်ရဖို့ မငြင်းခုံဘူး။ နားလည်ဖို့သာ စောင့်ကြည့်တယ်။ သူတို့တိတ်ဆိတ်နေတာက ဗလာမဟုတ်ပါဘူး... အဲဒါက အလုပ်လုပ်နေတဲ့ပညာပါ။
ဆူညံတဲ့စိတ်တွေက အသေးစိတ်အချက်တွေကို လွတ်သွားတတ်တယ်။ နားလည်မှုက တိတ်ဆိတ်မှုထဲမှာ ပေါက်ဖွားလာတယ်။ အသိဉာဏ်အရှိဆုံးသူတွေက သူတို့မှန်ကြောင်း အသည်းအသန် မလုပ်ပြဘူး။ သူတို့မှာ ဆက်လေ့လာချင်တဲ့ စူးစမ်းလိုစိတ်ကြီးမားတယ်။

❤️အချမ်းသာဆုံးသူတွေက ရိုးရှင်းကြတယ်။

တကယ့်ချမ်းသာမှုဆိုတာ ပိုင်ဆိုင်တဲ့အရာတွေမှာ မရှိဘူးဆိုတာ သူတို့သိပြီးသားပါ။ မရှိဘဲ နေနိုင်တဲ့အရာတွေမှာသာ ရှိပါတယ်။ ငြိမ်းချမ်းမှု၊ အချိန်၊ လွတ်လပ်မှု၊ ကျန်းမာရေး... ဒါတွေကသာ အရေးအကြီးဆုံး တန်ဖိုးရှိတဲ့အရာတွေပါ။
အချမ်းသာဆုံးသူတွေက နည်းနည်းနဲ့ ကျေနပ်တတ်ပြီး ရတာတိုင်းကို ကျေးဇူးတင်တတ်ကြတယ်။

❤️အပျော်ဆုံးသူတွေက သိုသိုသိပ်သိပ်နေတတ်ကြတယ်။

သူတို့ရဲ့ပျော်ရွှင်မှုကို သက်သေပြဖို့ ကြေညာစရာမလိုဘူး။ သူတို့နေရာ၊ သူတို့စွမ်းအင်၊ သူတို့ငြိမ်းချမ်းမှုကို ကာကွယ်တတ်ကြတယ်။
အရာအားလုံးကို လူသိအောင်လုပ်ဖို့ မလိုဘူးဆိုတာ သူတို့သိပြီးသားဖြစ်တယ်။ တချို့အရာတွေက နက်နဲစွာ၊ တိတ်ဆိတ်စွာ၊ ပြည့်ဝစွာ ခံစားဖို့အတွက်သာ ရှိတာပါ။

❤️တကယ့်စွမ်းအားဆိုတာ သက်သေပြစရာမလိုဘူး။

အော်ဟစ်စရာမလိုဘူး။ ဝါကြွားစရာမလိုဘူး။ အတည်ပြုချက်ရှာစရာလည်း မလိုဘူး။
တကယ့်စွမ်းအားဆိုတာ ဘယ်သူမှမကြည့်နေတဲ့အချိန် သင်ဘယ်လို ပြုမူသလဲဆိုတာမှာ ရှိတယ်။ သင်ဘယ်သူဖြစ်တယ်ဆိုတာ သိပြီး ဘယ်သူ့ခွင့်ပြုချက်မှ မလိုဘဲ သင့်ဘာသာသင် ဖြစ်နိုင်တဲ့ တိတ်ဆိတ်တဲ့ယုံကြည်မှုမှာ ရှိတာပါ။

🌿 The strongest are gentle.
Because real strength has nothing to prove. It’s not about how loud you can shout or how hard you can hit, it’s about staying calm when chaos rises, staying kind when others turn cold, and choosing peace when pride wants to fight. True strength is restraint. It’s grace under pressure. It’s the ability to lift others up even when you’re tired yourself.

🧠 The smartest are quiet.
They don’t argue to win; they observe to understand. Their silence is not emptiness, it’s wisdom at work. They know that loud minds often miss the details, and that understanding grows in moments of stillness. The smartest people are never desperate to be right; they’re curious enough to keep learning.

💰 The wealthiest are simple.
They’ve discovered that real wealth isn’t in what you own, but in what you can live without. Peace, time, freedom, and health, those are the currencies that matter most. The wealthiest souls are content with little and grateful for much.

😊 The happiest are private.
They don’t need to broadcast their joy to prove it’s real. They protect their space, their energy, and their peace. They’ve learned that not everything needs to be shared, some things are meant to be felt deeply, quietly, and fully.

✨ Real power doesn’t need to prove itself.
It doesn’t shout, it doesn’t boast, and it doesn’t seek validation. It’s in how you carry yourself when no one’s watching. It’s in the quiet confidence that comes from knowing who you are and not needing anyone’s permission to be it.

English text - Positivity
#မေတ္တာဖြင့်
#ဒေါက်တာစိုးသန်း

2 weeks ago | [YT] | 0

Thura🌹🌻

ပါမောက္ခချုပ်ဆရာတော် ချီးမြှင့်ပေးသည့် “ စွမ်းအားကိုအသုံးပြုပါ” ဩဝါဒ

#စွမ်းအားကိုအသုံးပြုပါ

(၁) ကိုယ်ကျင့်သီလမြဲအောင်
သဒ္ဓါစွမ်းအားကို အသုံးပြုပါ။
(၂) စိတ်ဖြူစင်အောင် ဝီရိယ
စွမ်းအားကို အသုံးပြုပါ။
(၃) အဖြစ်မှန်ကို သိအောင်
သတိစွမ်းအားကို အသုံးပြုပါ။
(၄) စိတ်တည်ငြိမ်အောင် သမာဓိ
စွမ်းအားကို အသုံးပြုပါ။
(၅) သစ္စာတရားကို သိအောင်
ပညာစွမ်းအားကို အသုံးပြုပါ။

ပါမောက္ခချုပ်ဆရာတော်
🙏🙏🙏

2 weeks ago | [YT] | 0

Thura🌹🌻

Good morning 🏹🌹
ကောင်းသောနေ့လေးဖစ်ပါစေ
စိတ်ချမ်းသာကိုယ်ကျန်းမာကျပါစေ🍀

2 weeks ago | [YT] | 0