New Rhema Worship



New Rhema Worship

💡HisWord 📜Bible Quiz (ဖြေကြည့်ပါ)
၃။ ဓမ္မသစ်ကျမ်းတွင် ကျမ်းစာစောင်ရေ စုစုပေါင်း မည်မျှပါဝင်သနည်း။

4 days ago | [YT] | 41

New Rhema Worship

💡HisWord 📜Bible Quiz (ဖြေကြည့်ပါ)
၂။ ယေရှုသည် မည်သည့်မြို့တွင် မွေးဖွားခဲ့သနည်း။

6 days ago | [YT] | 45

New Rhema Worship

📖 ဓမ္မသစ်ကျမ်း ဉာဏ်စမ်း (Bible Quiz)
၁။ ဓမ္မသစ်ကျမ်းတွင် ကျမ်းစာများကို အများဆုံးရေးသားခဲ့သူမှာ မည်သူနည်း။

1 week ago | [YT] | 76

New Rhema Worship

အသင်းတော်၊ အမှုတော်နှင့် မိသားစု၌ ဘုရားသခင် အုပ်စိုးပါလား?
=================
တစ်နှစ်တာကျမ်းစာဖတ်ခြင်း
📖 တရားသူကြီး ၈-၉
🗓️2026April02
=================

“ဂိဒေါင်က၊ ငါသည် သင်တို့ကို မအုပ်စိုးရ။ ငါ့သားလည်း မအုပ်စိုးရ။ ထာဝရဘုရားသည် သင်တို့ကို အုပ်စိုးတော်မူရ၏။”
(တရားသူကြီး ၈:၂၃)
=================

🔹ဂိဒေါင်ဟာ မိဒျန်လူတွေကို ဘုရားသခင်တန်းခိုးတော်အားဖြင့် အောင်နိုင်ပြီးနောက်မှာ ဣသရေလလူမျိုးတွေက သူ့ကို "ဘုရင်" အဖြစ် တင်မြှောက်ဖို့ ကြိုးစားခဲ့ကြပါတယ်။ "မင်းရော၊ မင်းရဲ့သားမြေးတွေပါ ငါတို့ကို အုပ်စိုးပေးပါ" လို့ သူတို့ တောင်းဆိုခဲ့ကြတယ်။ ဒါဟာ လူသားတစ်ယောက်အတွက်တော့ ဂုဏ်အရှိဆုံးနဲ့ အမက်မောစရာအကောင်းဆုံး အခွင့်အရေးပါပဲ။
🔸ဒါပေမဲ့ ဂိဒေါင်ရဲ့ အဖြေကတော့ ပြတ်သားလွန်းလှပါတယ်။
🔹"ငါမအုပ်စိုးဘူး၊ ဘုရားသခင်ပဲ အုပ်စိုးရမယ်" တဲ့။

🔹အောင်မြင်မှုတစ်ခု ရရှိပြီးချိန်တွင် လူသားတိုင်း ရင်ဆိုင်ရသည့် အကြီးမားဆုံး စမ်းသပ်ချက်မှာ "အာဏာ" ဖြစ်သည်။ လူတွေက သင့်ကို အားကိုးလာသည့်အခါ၊ သင့်စကားကို နားထောင်လာသည့်အခါ "ငါ အုပ်စိုးချင်သည့်စိတ်" သည် သိသိသာသာ သို့မဟုတ် မသိမသာ ဝင်လာတတ်ပါသည်။

🔹ဂိဒေါင်သည် ထိုစမ်းသပ်ချက်ကို ပညာရှိစွာ ကျော်လွှားခဲ့သည်။
ကျွန်ုပ်တို့၏ အသက်တာတွင်လည်း အောက်ပါနယ်ပယ် ၃ ခု၌ ဘုရားသခင်ကို အုပ်စိုးခွင့်ပေးရန် လိုအပ်ပါသည်။

⛪ ၁။ အသင်းတော်နှင့် အမှုတော်မှာ အုပ်စိုးခြင်း
🔹အသင်းတော် သို့မဟုတ် အမှုတော်လုပ်ငန်းတစ်ခုတွင် ခေါင်းဆောင်မှုနေရာ ရလာသည့်အခါ "ငါ့အသင်းတော်" သို့မဟုတ် "ငါ့အဖွဲ့အစည်း" ဟူသော အတွေးသည် အန္တရာယ်ရှိသော အစပြုခြင်း ဖြစ်သည်။
▪️အသင်းတော်သည် ခရစ်တော်၏ ခန္ဓာကိုယ်ဖြစ်ပြီး ကိုယ်တော်သာလျှင် ဦးခေါင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် အုပ်စိုးသူ (Ruler) မဟုတ်ဘဲ စီမံခန့်ခွဲသူ (Steward) သာ ဖြစ်သည်။
▪️ ဆုံးဖြတ်ချက်များ ချမှတ်သည့်အခါ မိမိ၏ အာဏာကို ပြသရန်ထက် "ဘုရားသခင် ဘာအလိုရှိသလဲ" ဆိုသည့် မေးခွန်းကို ရှေ့တန်းတင်ပါ။ အမှုတော်ဆောင်တစ်ဦးအနေဖြင့် လူတွေက သင့်ကို ကိုးကွယ်လာအောင် မလုပ်ဘဲ သင့်နောက်ကွယ်က ဘုရားသခင်ကိုသာ မြင်အောင် လမ်းညွှန်ပေးပါ။
🏡 ၂။ မိသားစုမှာ အုပ်စိုးခြင်း
🔹မိသားစုတစ်ခု၏ အကြီးအကဲ သို့မဟုတ် အိမ်ထောင်ဦးစီးတစ်ယောက်အနေဖြင့် "ငါပြောတာ အမိန့်ပဲ" ဟု အုပ်စိုးခြင်းထက် ဘုရားသခင်ကို အိမ်ထောင်၏ အရှင်အဖြစ် နေရာပေးခြင်းက ပို၍ ကောင်းချီးရှိပါသည်။
▪️ မိသားစုထဲတွင် ဘုရားသခင်ကို အုပ်စိုးခွင့်ပေးခြင်းဆိုသည်မှာ မိသားစု၏ ပြဿနာတိုင်းကို နှုတ်ကပတ်တော်နှင့်အညီ ဖြေရှင်းခြင်း ဖြစ်သည်။
▪️ ဖခင် သို့မဟုတ် မိခင်ဖြစ်သူက ဘုရားသခင်၏ အုပ်စိုးမှုကို နာခံတတ်လျှင် သားသမီးများသည်လည်း မိဘကို ရိုသေတတ်သော ဝိညာဉ်ရေးရာ စည်းကမ်းကို အလိုအလျောက် တတ်မြောက်သွားပါလိမ့်မည်။
🛡️ ၃။ မိမိက အုပ်စိုးတာထက် ကိုယ်တော့်ကို အုပ်စိုးခွင့်ပေးပါ
🔹ကျွန်ုပ်တို့ ကိုယ်တိုင် အုပ်စိုးသည့်အခါ "တာဝန်" နှင့် "ဝန်ထုပ်ဝန်ပိုး" များကို ကိုယ်တိုင် ထမ်းပိုးရသဖြင့် ပင်ပန်းနွမ်းနယ်တတ်ပါသည်။
▪️ဘုရားသခင် အုပ်စိုးသည့်နေရာတိုင်းတွင် စစ်မှန်သော ငြိမ်သက်ခြင်း(Shalom )နှင့် စနစ်တကျရှိခြင်းတို့ စီးဆင်းလာမည်။
=================
#HisWord
#NRiC
#SamTB
#GodsSovereignty #KingdomLife
#FamilyBlessing #ChurchLeadership
>>>နှုတ်ကပတ်တော် ပျံ့နှံ့စေပါ။>>>‬‬

5 months ago | [YT] | 172

New Rhema Worship

🕊️ ယေဟောဝါရှာလုံ - Shalom
မုန်တိုင်းထဲက "ငြိမ်သက်ခြင်း" အစစ်အမှန်
=================
တစ်နှစ်တာကျမ်းစာဖတ်ခြင်း
📖 တရားသူကြီး ၆-၇
🗓️2026April01
=================

“ထာဝရဘုရားက၊ ချမ်းသာပါစေ။ မစိုးရိမ်နှင့်။ သင်သည် သေဘေးနှင့် လွတ်လျက်ရှိသည်ဟု မိန့်တော်မူ၏။ ထိုအရပ်၌ ဂိဒေါင်သည် ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်၍၊ ယေဟောဝါရှာလုံအမည်ဖြင့် မှည့်လေ၏။”
(တရားသူကြီး ၆:၂၃-၂၄)
=================

❗️ကျွန်တော်တို့ရဲ့ပြဿနာတွေ မပြီးသေးခင်မှာ "ငြိမ်သက်ခြင်း" ရနိုင်တယ်ဆိုတာ ယုံသလား?

🔹ဂိဒေါင်ဟာ မိဒျန်လူတွေကို ကြောက်လို့ စပျစ်သီးနယ်ရာကျင်းထဲမှာ ပုန်းပြီး ဂျုံနယ်နေရတဲ့သူပါ။ သူဟာ ကိုယ့်ကိုယ်ကိုယ် "အနိမ့်ကျဆုံးသူ" လို့ သတ်မှတ်ထားပြီး သေဘေးကို ကြောက်နေခဲ့တာ။ ဒါပေမဲ့ ဘုရားသခင်က သူ့ဆီကို ရောက်လာတဲ့အခါ ရန်သူတွေကို အရင်နှိမ်နင်းပေးလိုက်တာ မဟုတ်ပါဘူး။ သူ့ရဲ့ စိတ်နှလုံးထဲကို "ရှာလုံ" (Shalom)” အရင်ထည့်ပေးခဲ့တာပါ။

🔹ရန်သူတွေ ရှိနေတုန်းပဲ၊ အခက်အခဲတွေ ရှိနေတုန်းပဲ၊ ဒါပေမဲ့ ဂိဒေါင်ဟာ "ဘုရားသခင်သည် ငါ၏ ငြိမ်သက်ခြင်း" လို့ ကြေညာပြီး ယဇ်ပလ္လင် တည်နိုင်ခဲ့ပါတယ်။

1️⃣ရှာလုံ (Shalom) ဆိုတာ စစ်မရှိတာ/ရန်သူတွေ မရှိတော့ဘူးဆိုဒါထက် ပိုနက်နဲတယ်
ကျွန်တော်တို့က ပြဿနာတွေ ရှင်းသွားမှ ငြိမ်သက်မယ်လို့ ထင်တတ်ကြတယ်။
ဒါပေမဲ့ ဟေဗြဲစကားလုံး Shalom ဆိုတာ-
* ပြည့်စုံခြင်း (ဘာမှ လိုလေသေးမရှိခြင်း)။
* လုံခြုံခြင်းနှင့် စိတ်ချခြင်း။
* ပျက်စီးသွားတာတွေ ပြန်လည်ကောင်းမွန်လာခြင်း ဟု အနက်ဖွင့်ထားသည်။

🔹ဘုရားသခင်က မင်းကို "ချမ်းသာပါစေ (Peace be unto thee)" လို့ ပြောတဲ့အခါ ကျွန်တော်တို့ရဲ့ အခြေအနေကို ကြည့်ပြီး ပြောတာမဟုတ်ဘဲ ကျွန်တော်တို့နဲ့အတူ ရှိနေတဲ့ “ဘုရားသခင်၏ တည်ရှိမှု" ကြောင့် ပြောတာ ဖြစ်ပါတယ်။

2️⃣ ကြောက်ရွံ့ခြင်းကို ဖယ်ရှားသော အသံ
🔹ဂိဒေါင်က "ငါသေတော့မယ်" လို့ ထင်ခဲ့တာ။ ဒါပေမဲ့ ဘုရားသခင်က "မစိုးရိမ်နဲ့၊ မင်းမသေဘူး" လို့ အာမခံချက် ပေးပါတယ်။
ဂိဒေါင်က သူ့ကိုယ်သူ "ပုန်းအောင်းနေသူ" လို့ မြင်ပေမယ့်၊ ဘုရားသခင်က သူ့ကို "ခွန်အားကြီးသော စစ်သူရဲ" လို့ မြင်တယ်။

🔹ကျွန်တော်တို့ရဲ့ လက်ရှိ အားနည်းချက်က ကျွန်တော်တို့ရဲ့ အနာဂတ်မဟုတ်ပါဘူး။ ဘုရားသခင်ရဲ့ "ရှာလုံ" ကျွန်ုပ်တို့ကို အသစ်တဖန် ပြုပြင်ပေးပါလိမ့်မယ်။

3️⃣"မုန်တိုင်းကို မကြည့်နဲ့၊ မုန်တိုင်းကို အမိန့်ပေးနိုင်တဲ့ အရှင်ကို ကြည့်ပါ" 🌊✋
🔹ကျွန်တော်တို့ရဲ့ မိသားစု၊ စီးပွားရေး၊ ကျန်းမာရေးမှာ အမှောင်ထုတွေ လွှမ်းနေတယ်လို့ ခံစားရနိုင်ပါတယ်။
🔹ဒါပေမဲ့ ဒီနေ့ ဘုရားသခင်က ကျွန်တော်တို့ကို ပြောနေတယ်... "(Shalom)" တဲ့။
ငြိမ်သက်ခြင်းဟာ အပြင်ပန်း အခြေအနေပေါ်မှာ မမူတည်ဘူး။

=================
#HisWord
#NRiC
#SamTB
#JehovahShalom #PeaceOfGod #Gideon
#FaithOverFear #MyanmarChristian
>>>နှုတ်ကပတ်တော် ပျံ့နှံ့စေပါ။>>>‬‬

5 months ago | [YT] | 144

New Rhema Worship

ခန္ဓာ၊ စိတ်၊ ဝိညာဉ် သန့်ရှင်းပါရစေ
=================
တစ်နှစ်တာကျမ်းစာဖတ်ခြင်း
📖 ဝတ်ပြုရာ ၁၄-၁၅
🗓️2026Feb17
=================

“ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင်​ဖြစ်​ခြင်း​ငှာ၊ သင်​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ ကယ်​နုတ်​သော ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ ငါ​သည်​သန့်​ရှင်း​သော​ကြောင့်၊ သင်​တို့​သည် သန့်​ရှင်း​ခြင်း​ရှိ​ရ​ကြ​မည်။”
‭‭ဝတ်ပြုရာ‬ ‭11‬:‭45‬ ‭JBMLE‬‬
=================

❗️"သန့်ရှင်းခြင်း" ဆိုတာ ဘာသာရေးဝတ်စုံ ဝတ်ထားတာမဟုတ်ဘဲ...
ကျွန်ုပ်တို့၏ အတွင်းစိတ်နဲ့ အပြင်ပန်း အသက်တာတစ်ခုလုံး "ဘုရားသခင်နဲ့ တူလာခြင်း" ဖြစ်ပါတယ်။

🔹ဣသရေလလူမျိုးတွေကို အဲဂုတ္တုကျွန်ဘဝကနေ ဘုရားသခင် ဘာကြောင့် ကယ်ထုတ်ခဲ့တာလဲ?
🔹လွတ်လပ်ခွင့်ပေးရုံတင် မဟုတ်ပါဘူး။ ကိုယ်တော်၏ သန့်ရှင်းသောလူမျိုးအဖြစ် သီးသန့်ခွဲခန့်ထားဖို့ ဖြစ်ပါတယ်။
🔹ဘုရားသခင်က သန့်ရှင်းသောအရှင်ဖြစ်တဲ့အတွက် ထိုဘုရားကို ကိုးကွယ်တဲ့သူတွေဟာလည်း သန့်ရှင်းခြင်းတရားနဲ့ မကင်းနိုင်ပါဘူး။

1️⃣ #ဘုရားသခင်သည် သန့်ရှင်းသောဘုရား
🔹ဘုရားသခင်၏ အဓိက ဂုဏ်တော်မှာ "သန့်ရှင်းခြင်း" ဖြစ်သည်။
🔹သန့်ရှင်းခြင်းဆိုသည်မှာ အပြစ်နှင့် လုံးဝကင်းစင်ပြီး အခြားသောအရာများထက် သီးသန့်မြင့်မြတ်ခြင်းကို ဆိုလိုသည်။
🔹ငါတို့ ကိုးကွယ်နေတဲ့ဘုရားဟာ အပြစ်ကို သည်းမခံတဲ့ဘုရား၊ လုံးဝဖြူစင်တဲ့ဘုရားဖြစ်ပါတယ်။ ထိုဘုရားနဲ့ မိတ်သဟာယဖွဲ့ဖို့ဆိုရင် ကျွန်ုပ်တို့ဘက်ကလည်း သန့်ရှင်းခြင်းကို အလေးထားရပါမယ်။

2️⃣ #ဘက်စုံသန့်ရှင်းခြင်း
🔹သန့်ရှင်းခြင်းဆိုတာ ဘုရားကျောင်းတက်တဲ့အချိန်လေးတင် မဟုတ်ပါဘူး။
🔹ကျွန်ုပ်တို့၏ ဘဝကဏ္ဍ (၃) ခုလုံးမှာ သန့်ရှင်းဖို့ လိုအပ်ပါတယ်။
🔶ဝိညာဉ်သန့်ရှင်းခြင်း
သခင်ယေရှုကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ ဝိညာဉ်သည် အပြစ်မှ ဆေးကြောခြင်းခံရပြီး ဘုရားသခင်နှင့် ပြန်လည်ဆက်သွယ်ခွင့် ရရှိသည်။
🔶စိတ်ဝိညာဉ်သန့်ရှင်းခြင်း
ကျွန်ုပ်တို့၏ အတွေးအခေါ်၊ စိတ်ကူးယဉ်မှုနှင့် စိတ်ခံစားချက်များ သန့်ရှင်းဖို့ လိုသည်။ မနာလိုခြင်း၊ မုန်းတီးခြင်းနှင့် ညစ်ညမ်းသော အတွေးများကို ဖယ်ရှားရမည်။
🔶ခန္ဓာကိုယ်သန့်ရှင်းခြင်း
ကျွန်ုပ်တို့၏ ခန္ဓာကိုယ်သည် သန့်ရှင်းသောဝိညာဉ်တော် ကျိမ်းဝတ်ရာ ဗိမာန်တော်ဖြစ်သည်။ ထို့ကြောင့် စွဲလမ်းစေတတ်သော အရာများ၊ ခန္ဓာကိုယ်ကို ညစ်ညမ်းစေသော အကျင့်များမှ ကင်းလွတ်ရမည်။
3️⃣ #ဝိညာဉ်တော်ဘုရား၏ မစကူညီမှု
🔹ကျွန်ုပ်တို့၏ ကိုယ်ပိုင်အားထုတ်မှု၊ ကိုယ်ပိုင်စည်းကမ်းတွေနဲ့ "သန့်ရှင်းခြင်း" ကို မရရှိနိုင်ပါဘူး။
💡သန့်ရှင်းသောဝိညာဉ်တော် (The Holy Spirit) သည် ကျွန်ုပ်တို့ကို သန့်ရှင်းလာစေရန် ပြုပြင်ပေးသောအရှင် ဖြစ်သည်။
💡ဒီနေ့... "ကိုယ်တော် သန့်ရှင်းသကဲ့သို့ ကျွန်ုပ်၏ ခန္ဓာ၊ စိတ်၊ ဝိညာဉ် သန့်ရှင်းပါရစေ" လို့ ဆုတောင်းလိုက်ပါ။
ဘုရားသခင် ရှေ့မှာ မွှေးကြိုင်တဲ့ သန့်ရှင်းခြင်းအသက်တာ ဖြစ်ပါစေ။

=================
#HisWord
#NRiC
#SamTB #Holiness #Consecration
>>>နှုတ်ကပတ်တော် ပျံ့နှံ့စေပါ။>>>‬‬

7 months ago | [YT] | 234

New Rhema Worship

ဘိသိက်ခံသော်လည်း လူဖြစ်သည်ကို မမေ့နဲ့
=================
တစ်နှစ်တာကျမ်းစာဖတ်ခြင်း
📖 ဝတ်ပြုရာ ၁-၄
🗓️2026Feb13
=================

“ဘိ​သိက်​ခံ​သော​ယဇ်​ပု​ရော​ဟိတ်​သည် လူ​များ​ကို အ​ပြစ်​ထဲ​သို့​သွေး​ဆောင်၍ ကိုယ်​တိုင်​ပြစ်​မှား​လျှင်၊ ထို​အ​ပြစ်​အ​တွက် အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့​အ​ပြစ်​မ​ပါ၊ အ​သက်​ပျို​သော နွား​ထီး​ကို၊”
‭‭ဝတ်ပြုရာ‬ ‭4‬:‭3‬ ‭JBMLE‬‬
=================
⚠️သင်ကိုးကွယ်နေတာက "စင်ပေါ်ကလူ" လား၊
ဒါမှမဟုတ် "စင်ပေါ်ကလူ ဟောပြောနေတဲ့ ဘုရားသခင်" လား?

🔹ဓမ္မဟောင်းခေတ်မှာ ဘုရားသခင်က ယဇ်ပုရောဟိတ်တွေအတွက် အပြစ်ဖြေရာယဇ်ကို သီးသန့်ပြဋ္ဌာန်းထားပါတယ်။ ဒါဟာ ဘာကိုဆိုလိုတာလဲဆိုတော့ "ဘိသိက်ခံထားတဲ့သူလည်း မှားတတ်တယ်" ဆိုတဲ့ အချက်ပါပဲ။
🔹ယနေ့ခေတ်မှာ ကျွန်ုပ်တို့ဟာ အမှုတော်ဆောင်တွေကို ရိုသေရမှာဖြစ်ပေမယ့်၊ သူတို့ကို ဘုရားသခင်လို ကိုးကွယ်ပြီး သူတို့ရဲ့ အမှားတွေကို ဖုံးကွယ်ပေးနေရင်တော့ အသင်းတော်ဟာ အန္တရာယ်ရှိလာပါပြီ။

1️⃣ဘိသိက်သည် လူသားဆန်မှုကို ဖယ်ရှားမပစ်ပါ
🔹"ဘိသိက်" (Anointing) ဆိုတာ ဘုရားသခင်ရဲ့ အမှုတော်အတွက် ခွဲခန့်တာဖြစ်ပြီး ထိုလူကို "မမှားနိုင်တဲ့ဆရာ" အဖြစ် ပြောင်းလဲလိုက်တာ မဟုတ်ပါဘူး။
🔺သတိပြုရန်
🔹သင်းအုပ်ဆရာ၊ ဆရာသမားတွေဟာလည်း ငါတို့လိုပဲ စုံစမ်းနှောင့်ယှက်ခြင်း ခံရတတ်တဲ့ သွေးသားနဲ့ တည်ဆောက်ထားတဲ့ "လူ" တွေပါပဲ။

❗️ဩစတြေးလျက နာမည်ကြီး Mega Church တစ်ခုမှာ သင်းအုပ်ဆရာရဲ့ အပြစ်ကို အသင်းတော်က ဖုံးကွယ်ဖို့ ကြိုးစားခဲ့ကြတယ်။ ဒါပေမဲ့ 2023မှာ အမှန်တရားဟာ နောက်ဆုံးမှာ အမြဲတမ်း အနိုင်ယူပါတယ်။ အပြစ်ကို ဖုံးကွယ်ခြင်းဟာ ကူညီခြင်းမဟုတ်ဘဲ ပျက်စီးခြင်းကို ပိုမြန်စေတာပါ။

2️⃣ ဆုတောင်းပေးပါ၊ သို့သော် မကာကွယ်ပါနဲ့
🔹အမှုတော်ဆောင်တစ်ဦး မှားယွင်းတဲ့အခါ ယုံကြည်သူတွေ လုပ်ဆောင်ရမယ့် လမ်းစဉ်က ရှင်းပါတယ်။
🔹သူနောင်တရဖို့၊ ပြန်လည် နိုးထလာဖို့ မေတ္တာနဲ့ ဆုတောင်းပေးပါ။ အပြစ်ကို ဖုံးကွယ်ပေးခြင်းဟာ သန့်ရှင်းသောဝိညာဉ်တော်ကို ဝမ်းနည်းစေပါတယ်။ အမှန်တရားအတိုင်း ရင်ဆိုင်ဖို့ ပံ့ပိုးပေးပါ

🔺အကယ်၍ အမှုတော်ဆောင်တစ်ဦးဟာ အမှားကို သိလျက်နဲ့ ဆက်တိုက် ကျူးလွန်နေရင်၊ သိုးခြံကို ဖျက်ဆီးမယ့်သူ ဖြစ်လာရင်တော့ ထိုသူ့နောက်ကို မလိုက်ဘဲ ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။

3️⃣ခရစ်တော်ကိုသာ ဗဟိုပြုပါ
🔹ယနေ့ခေတ် ယုံကြည်သူတွေရဲ့ စိုးရိမ်စရာ အချက်က ကျမ်းစာထက် ဆရာတွေကို ပိုပြီး ဖက်တွဲ နေကြတာပါ။ ဆရာဆိုတာ လမ်းညွှန်ပေးသူ သာ ဖြစ်ပါတယ်။ လမ်းညွှန်ဆိုင်းဘုတ်ကို ဖက်ထားလို့ မရပါဘူး၊ ဆိုင်းဘုတ်ညွှန်ပြတဲ့ "ခရစ်တော်" ဆီကိုပဲ သွားရမှာပါ။
🔺ဆရာက ဘယ်လောက်ပဲ ဘိသိက်ရှိရှိ၊ ကျမ်းစာနဲ့ ဆန့်ကျင်နေရင် ကျမ်းစာကိုပဲ ရွေးချယ်ရပါမယ်။

💡ဒီနေ့... သင့်ရဲ့ ဆရာသမားတွေအတွက် ဆုတောင်းပေးပါ။ သူတို့ စုံစမ်းခြင်းကနေ ကင်းလွတ်ဖို့နဲ့၊ ငါတို့အားလုံးရဲ့ အကြည့်တွေက ခရစ်တော်ဆီမှာပဲ အမြဲရှိနေဖို့ ဖြစ်ပါတယ်။

=================
#HisWord
#NRiC
#SamTB #ChristCentered
>>>နှုတ်ကပတ်တော် ပျံ့နှံ့စေပါ။>>>‬‬

7 months ago | [YT] | 124

New Rhema Worship

သင့်ရဲ့ မျိုးဆက်တွေအတွက် "ကောင်းချီးမျိုးစေ့"
=================
တစ်နှစ်တာကျမ်းစာဖတ်ခြင်း
📖 ထွက်မြောက်ရာ ၃၆-၃၈
🗓️2026Feb11
=================
“သန့်​ရှင်း​ရာ​ဌာ​န​တော်​ပြီး​အောင်​လှူ၍ လုပ်​သော​ရွှေ​ချိန်​ပေါင်း​ကား အ​ကျပ်​တော်​အ​တိုင်း အ​ခွက်​နှစ်​ရာ​ကိုး​ဆယ်​ခု​နစ်​ပိဿာ​သုံး​ဆယ် ဖြစ်​သ​တည်း။”
‭‭ထွက်မြောက်ရာ‬ ‭38‬:‭24‬ ‭JBMLE‬‬
=================
❓သင့်ရဲ့ လှူဒါန်းမှုဟာ ငွေကြေးပမာဏတစ်ခုပဲလား၊ ဒါမှမဟုတ် သင့်ရဲ့ မျိုးဆက်တွေအတွက် "ကောင်းချီးမျိုးစေ့" ဖြစ်တယ်ဆိုတာသိလား❓
🔹ထွက်မြောက်ရာကျမ်းမှာ ဣသရေလလူမျိုးတွေဟာ ဘုရားသခင် ကျိန်းဝပ်ရာ တဲတော်ကို တည်ဆောက်တဲ့အခါ သူတို့မှာရှိတဲ့ အဖိုးတန်ဆုံး ရွှေ၊ ငွေ၊ ပိတ်ချောတွေနဲ့ လုပ်အားတွေကို ရက်ရောစွာ လှူဒါန်းခဲ့ကြပါတယ်။
🔹ထိုလှူဒါန်းမှုတွေဟာ သမိုင်းဝင်ရွှေချိန်ပေါင်း များစွာရှိခဲ့သလို၊ ထိုစေတနာ(နှလုံးသား)တွေကပဲ သူတို့ကို ဘုရားသခင်ရဲ့ မျက်နှာသာရစေသည်ဟု ယုံကြည့်ရသည်။

1️⃣သင် ဘုရားအတွက် ဘာပေးလှူရက်တာလဲ
🔹ကျွန်တော့်အမှတ်ရစရာ တစ်ခုရှိပါတယ်။ တောင်ပေါ်မြို့လေး ဟားခါးမြို့မှာ အသင်းတော်တပါးဗိမာန်တော်တည်ဆောက်ဖို့ အလှူခံတဲ့အခါ အဖွားတစ်ယောက်က သူပိုင်ဆိုင်တဲ့ ရွှေဆွဲကြိုးကို (၁ကျပ်သာ/၂ကျပ်သာ)လောက် ဘာမျှော်လင့်ချက်မှမရှိဘဲ လှူခဲ့တယ်။ တချို့က လက်စွပ်တွေကို ချွတ်လှူကြတယ်။ ကြည့်ရတာ "နှမြောစရာ" လို့ ထင်ရပေမယ့် နှစ်ပေါင်းများစွာ ကြာတဲ့အခါမှာတော့-
🔹သက်သေ
* ထိုလှူဒါန်းခဲ့သူတွေရဲ့ သားသမီး မြေးမြစ်တွေဟာ ဒီနေ့မှာ ထူးခြားစွာ ကောင်းချီးခံစားနေရတာကို မြင်တွေ့ရပါတယ်။
🔹နိယာမ
* ဆာလံ ၉၂ မှာပါတဲ့အတိုင်း "ဗိမာန်တော်၌ စိုက်ပျိုးသောသူတို့သည် ငါတို့ဘုရားသခင်၏ တန်တိုင်းတော်ထဲမှာ ပွင့်လင်းကြလိမ့်မည်။" ဘုရားသခင်အတွက် ပေးလှူခြင်းဟာ အချည်းနှီးမဖြစ်ဘဲ ဆင်းရဲခြင်းနဲ့ ခက်ခဲခြင်းတွေကို ဖယ်ရှားပေးတဲ့ သော့ချက် ဖြစ်လာပါတယ်။
2️⃣ လှူဒါန်းခြင်း အနုပညာ
🔹ဘုရားသခင်က ကျွန်ုပ်တို့ဆီက ရွှေတွေကိုပဲ လိုချင်နေတာ မဟုတ်ပါဘူး။ ကိုယ်တော်က ကျွန်ုပ်တို့ရဲ့ "နှလုံးသား" ကို ကြည့်တာပါ။
🔹အလှူငွေထည့်တဲ့အခါ အသန့်ရှင်းဆုံး၊ အသစ်ဆုံးကို ၊ အဦးဆုံး၊ ဆယ်ဖို့တဖို့ ရွေးထည့်တဲ့ အကျင့်လေး လုပ်ကြည့်ပါ။ ဒါဟာ ငွေကြေးကို ကိုးကွယ်တာမဟုတ်ဘဲ ငွေကြေးကို ပေးသနားတဲ့ “ ဘုရားသခင်” ကို ရိုသေခြင်းဖြစ်ပါတယ်။

3️⃣ရွှေမရှိလျှင် လုပ်အားဖြင့်
🔹တဲတော်တည်ဆောက်စဉ်က လူတိုင်း ရွှေမလှူနိုင်ကြပါဘူး။ ဒါပေမဲ့ တချို့က ပိတ်ချောယက်တယ်၊ တချို့က တီထွင်ဖန်တီးပေးတယ်၊ တချို့က လုပ်အားပေးကြတယ်။
💡မိတ်ဆွေ... သင့်မှာ ရွှေမရှိရင်တောင် သင့်မှာရှိတဲ့ "ခွန်အား" နဲ့ "လုပ်အား" ကို ဘုရားအတွက်၊ အမှုတော်မြတ်အတွက် ပေးဆပ်ပါ။ ထိုလုပ်အားဟာ ဘုရားသခင်ရှေ့မှာ အဖိုးတန်တဲ့ ရွှေချိန်ပေါင်းများစွာနဲ့ ထပ်တူပါပဲ။

=================
#HisWord
#NRiC
#SamTB #GenerousGiving #BlessingGeneration
>>>နှုတ်ကပတ်တော် ပျံ့နှံ့စေပါ။>>>‬‬

7 months ago | [YT] | 99

New Rhema Worship

မြေကြီးသားနှင့်ခြားနားဖို့လိုအပ်သည်
=================
တစ်နှစ်တာကျမ်းစာဖတ်ခြင်း
📖 ထွက်မြောက်ရာ ၃၃-၃၅
🗓️2026Feb10
=================
“အ​ကျွန်ုပ်​နှင့် ကိုယ်​တော်၏​လူ​တို့​သည် ရှေ့​တော်၌​မျက်​နှာ​ရ​သော​အ​ကြောင်း​သည် အ​ဘယ်​သို့​ထင်​ရှား​ပါ​မည်​နည်း။ အ​ကျွန်ုပ်​တို့​နှင့် ကြွ​သွား​တော်​မူ​သော​အား​ဖြင့်​သာ ထင်​ရှား​ပါ​မည်​မ​ဟုတ်​လော။ ထို​သို့ အ​ကျွန်ုပ်​နှင့် ကိုယ်​တော်၏​လူ​တို့​သည် မြေ​ကြီး​ပေါ်​မှာ​ရှိ​သ​မျှ​သော​လူ​တို့​နှင့် ခြား​နား​ရ​ပါ​မည်​ဟု လျှောက်​ဆို​လျှင်၊”
‭‭ထွက်မြောက်ရာ‬ ‭33‬:‭16‬ ‭JBMLE‬‬
=================

❓မင်းကို လောကကြီးနဲ့ "ခြားနား" စေတာက မင်းရဲ့ ဝတ်စားဆင်ယင်မှုလား၊ မင်းရဲ့ အဆင့်အတန်းလား...
ဒါမှမဟုတ် မင်းနဲ့အတူရှိနေတဲ့ "ဘုရားသခင်" လား?
🔹မောရှေသည် ဣသရေလလူမျိုးများကို ဦးဆောင်ရာတွင် ဘုရားသခင်ထံမှ အလွန်အရေးကြီးသော တောင်းဆိုချက်တစ်ခုကို ပြုခဲ့သည်။
🔹ဘုရားသခင်ကိုယ်တိုင် သူတို့နှင့်အတူ မကြွလာလျှင် ရှေ့ဆက်မသွားလိုကြောင်း သူပြောခဲ့သည်။
🔹အဘယ်ကြောင့်ဆိုသော် ဘုရားသခင်နှင့်အတူရှိခြင်း သည်သာလျှင် သူတို့ကို အခြားသော မြေကြီးသားများနှင့် ခြားနားစေသည့် တစ်ခုတည်းသော အမှတ်အသားဖြစ်သောကြောင့် ဖြစ်သည်။
1️⃣ ဘုရားသခင်နှင့်အတူ ရှိခြင်းက သင့်ကိုခြားနားစေမည်။
🔹ခရစ်ယာန်တစ်ယောက်သည် လောကသားများနှင့် ခြားနားရမည်ဟု ဆိုရာတွင် လူ့စည်းကမ်းများဖြင့် ခြားနားခြင်းကို မဆိုလိုပါ။
💡ဘုရားသခင်၏ မျက်မှောက်တော်သည် ကျွန်ုပ်တို့နှင့်အတူရှိသောအခါ ကျွန်ုပ်တို့ လုပ်ဆောင်သမျှတွင် အခြားသူများ မရနိုင်သော "မျက်နှာသာတော်" ကို ရရှိစေသည်။
2️⃣သန့်ရှင်းသောဝိညာဉ်တော်က သင့်ကို ခြားနားစေမည်။
🔹သန့်ရှင်းသောဝိညာဉ်တော်၏ အတူရှိခြင်းသည် ကျွန်ုပ်တို့၏ စရိုက်၊ စကားပြောပုံနှင့် ဆုံးဖြတ်ချက်များကို လောကသားများနှင့် ခြားနားစေပါသည်။
3️⃣မျက်မှောက်တော်ကို တန်ဖိုးထားခြင်း က သင့်ကို ခြားနားစေမည်။
🔹မောရှေအတွက် ကတိတော်ပြည် (နို့နှင့်ပျားရည်) ထက် ဘုရားသခင်နှင့်အတူရှိခြင်းက ပို၍ အရေးကြီးခဲ့သည်။
🤼သင်သည် ကောင်းချီးမင်္ဂလာများကိုပဲ လိုက်ရှာနေသလား? သို့မဟုတ် ကောင်းချီးပေးသောအရှင်၏ "မျက်မှောက်တော်" ကို ရှာနေသလား?
🔶မျက်မှောက်တော်ရှိလျှင် ခြားနားခြင်းနှင့် ကောင်းချီးသည် အလိုအလျောက် လိုက်လာပါလိမ့်မည်။
💡 သင့်ရဲ့အသက်တာဟာ ဘုရားသခင်ရဲ့ မျက်မှောက်တော်ကြောင့် အထူးခြားဆုံး လင်းလက်သောနေ့ရက်များဖြတ်သန်းရပါစေ။ 🔥
=================
#HisWord
#NRiC
#SamTB #GodsPresence #Separated
>>>နှုတ်ကပတ်တော် ပျံ့နှံ့စေပါ။>>>‬‬

7 months ago | [YT] | 147

New Rhema Worship

ဗေဇလေလ ကဲ့သို့ ဝိညာဉ်တော်က နေရာယူပါစေ
=================
တစ်နှစ်တာကျမ်းစာဖတ်ခြင်း
📖 ထွက်မြောက်ရာ ၃၀-၃၂
🗓️2026Feb09
=================

“သူ့​ကို ဘုရားသခင်​၏​ဝိညာဉ်​တော်​အားဖြင့် ဉာဏ်ပညာ​နှင့်​ပြည့်ဝ​စေ​၍ တီထွင်နိုင်စွမ်း​၊ သိမြင်နိုင်စွမ်း​ရှိ​စေ​၏​။ လက်မှုအတတ်ပညာ​အမျိုးမျိုး​တို့​ကို တတ်မြောက်​စေ​၏​။”
‭‭ထွက်မြောက်ရာကျမ်း‬ ‭31‬:‭3‬ ‭MSBU‬‬
=================

💡ယနေ့တွင် ထိုဝိညာဉ်တော်ဆီသည် ကျွန်ုပ်တို့၏ အသက်တာထဲတွင် နေရာရလာသောအခါ ဝိညာဉ်ရေးရာသာမက ကျွန်ုပ်တို့၏ "အလုပ်အကိုင်နှင့် အရည်အချင်း" များအပေါ် မည်သို့သက်ရောက်မှုရှိကြောင်း ဆက်လက်ကြည့်ရှုကြပါစို့။

1️⃣ဝိညာဉ်တော်သည် ကျွမ်းကျင်မှု၏ အရင်းအမြစ်ဖြစ်သည်
🔹ဗေဇလေလ (Bezalel) ကို ဘုရားသခင်က ဗိမာန်တော်တည်ဆောက်ရန် ရွေးချယ်သောအခါ သူ့ကို ပထမဦးဆုံး ပေးသနားသည့်အရာမှာ "ဘုရားသခင်၏ ဝိညာဉ်တော်" ဖြစ်သည်။
💡သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့ကို အခြားသောဘာသာစစကား(ဝညာဉ်ဆုကျေးဇူး)ပြောတတ်ရန်သာ လမ်းပြသည်မဟုတ်ပါ။ ကျွန်ုပ်တို့၏ "လက်မှုအတတ်"၊ "စီးပွားရေးအတွေးအခေါ်" နှင့် "ပြဿနာဖြေရှင်းနိုင်စွမ်း" များပါ ထူးချွန်သော ဉာဏ်ပညာကို ပေးတတ်သောအရှင် ဖြစ်သည်။

2️⃣သင့်ဘဝတွင် ဝိညာဉ်တော်ကို နေရာပေးပါ
🔹ဝိညာဉ်တော်သည် ဧည့်သည်မဟုတ်ဘဲ သင့်ဘဝ၏ "အရှင်" ဖြစ်သင့်သည်။ သင့်အလုပ်ခွင်ထဲသို့ ဝိညာဉ်တော်ကို ဖိတ်ခေါ်ပါ။
🔹သင် ဘာဆက်လုပ်ရမလဲ မသိတော့သည့်အခါ၊ အကြံအစည်များ ပိတ်ဆို့နေသည့်အခါ သန့်ရှင်းသောဝိညာဉ်တော်ကို အားကိုးပါ။ ကိုယ်တော်သည် သင့်ကို "သိမြင်နိုင်စွမ်း" ပေးပါလိမ့်မည်။
🔹ဝိညာဉ်တော်၏ ဆီသန့်သည် သင့်အသက်တာ၌ လောင်စာဖြစ်ရုံတင်မကဘဲ သင့်ကို "အထူးကျွမ်းကျင်သူ" ဖြစ်လာစေမည့် လျှို့ဝှက်ချက်လည်း ဖြစ်ပါသည်။
💡ဒီနေ့... သင့်ရဲ့ လုပ်ငန်းဆောင်တာတိုင်းမှာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လမ်းပြမှုကို တောင်းခံပါ။
❤️ဝိညာဉ်တော်သည် သင့်ကို ဗေဇလေလ ကဲ့သို့ လောကပညာထက် သာလွန်တဲ့ ဉာဏ်ပညာနဲ့ ပြည့်ဝစေမည်။✨
=================
#HisWord
#NRiC
#SamTB #HolySpirit #Wisdom
>>>နှုတ်ကပတ်တော် ပျံ့နှံ့စေပါ။>>>‬‬

7 months ago | [YT] | 161