မြတ်စွာဘုရားရှင်၏ တရားတော်များပြန့်ပွါးစေရန် နှင့် တရားအသိများတိုးပွါးစေရန် ရည်ရွယ်၍ မြတ်ဗုဒ္ဓ၏ ပရိတ်ပဠာန်းဒေသနာတော်များနှင့် ဆရာတော်ကြီးများဟောကြားတော်မူသောတရားတော်များကို ဓမ္မဒါန ကုသိုလ်အနေဖြင့် အမြဲမပြတ် တင်ပေးသွားမှာဖြစ်သောကြောင့် Dhamma Rays(ဓမ္မရောင်ခြည်များ) YouTube Channel ကို Subscribe လုပ်ပီး ဘေးကခေါင်းလောင်းလေးကို 🔔 နှိပ်ထားပေးခြင်းဖြင့် ပရိတ်ပဠာန်းဒေသနာတော်များ၊ တရားတော်များ နှင့် ဗုဒ္ဓဘာသာဆိုင်ရာအမေးအဖြေများကို ရိုသေမြတ်နိုးစွာနာယူပြီး တရားထူးတရားမြတ်များ ရရှိနိုင်ကြပါစေ... 🙏🙏🙏
Dhamma Rays Channel ကို ရောက်လာကြကုန်သော ဓမ္မမိတ်ဆွေအပေါင်းသူတော်ကောင်းတို့လည်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပြီး သူတော်ကောင်းတရားများကို ပွါးများအားထုတ်နိုင်ကြပါစေ... 🙏🙏🙏
***ဓမ္မရောင်ခြည် စကြာဝဠာထိတိုင် ပျံ့လွင့်စေမည်***
*** ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု ***
@DhammaRays
Dhamma Rays
✨👁️ မျက်စိပါလို့
ရတနာတွေ့သော်လည်း
လက်မပါရင် ကောက်မရဘူး၊
🙏 သဒ္ဓါတရားမရှိရင်
ကုသိုလ်ကောင်းမှုကို ရယူနိုင်စွမ်းမရှိဘူး။
🕊️ သဒ္ဓါရှိတဲ့ပုဂ္ဂိုလ်ဟာ
ငါးပါးသီလတွေ စောင့်တယ်၊
🚫😄 မုသားဆို
ဟာသတောင် မပြောဘူး၊
🧘♂️ သမထ
ကမ္မဋ္ဌာန်းတွေလည်းပွားတယ်
ဝိပဿနာလည်း ပွားတယ်၊
🕯️ ဘာဝနာပွားများတယ်ဆိုတာ
ကိလေသာတွေကို
ဖယ်ထုတ်နေတာဖြစ်လို့
ဒါနလည်း မြောက်တယ်။
✨ သဒ္ဓါတရားရှိပြီဆိုရင်
ဒါန သီလ သမထ ဝိပဿနာတို့ရဲ့
အကျိုးကျေးဇူးကို ရရှိသွားတယ်တဲ့၊
🪷 ဒီ....သူတော်ကောင်း
အရည်အချင်းတွေကို ရရှိသွားတယ်။
❗ သဒ္ဓါတရား
မရှိတဲ့သူဟာ၊
ဒါနသီလ
သမထ ဝိပဿနာတို့ကို
အားထုတ်ရကောင်းမှန်း မသိကြဘူးတဲ့။
🙏 ကျေးဇူးတော်ရှင်
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
Crd
#သဒ္ဓါ #အကျိုးကျေးဇူး #ဒါနသီလ #သမထ #ဝိပဿနာ #ဘာဝနာ #တရားတော် #Dhamma #BuddhaDhamma #Buddhism #ဘုရားတော်တရား #ဓမ္မပွဲ
1 week ago | [YT] | 209
View 13 replies
Dhamma Rays
🙏 ပါမောက္ခချုပ်ဆရာတော်မှ "အိမ်မှာနေရင်း သောတပန်ဖြစ်နိုင်ဖို့ လိုအပ်သော အချက် (၆) ချက်" ကို ဟောကြားထားပါသည်။
ဤတရားတော်တွင် သောတပန်ဖြစ်ရန် လိုအပ်သော နည်းလမ်းများ၊ သာသနာတော်အတွက် သုံးနိုင်သော စိတ်ဓာတ်များကို ဖော်ပြထားပါသည်။
🪷 တရားနာကြားခြင်းဖြင့် –
-စိတ်ငြိမ်ချမ်းသာမှုရရှိပါစေ
-သောတပန်အဖြစ်သို့ ဦးတည်နိုင်ပါစေ
-သာသနာတော်တိုးပွားမှုအတွက် အကြောင်းရင်းဖြစ်ပါစေ 🙏
📌 Dhamma Rays Channel ကို Subscribe လုပ်ပြီး နေ့စဉ်တရားတော်များနားကြားနိုင်ရန် အချက်ပေးခေါင်းလောင်းကို နှိပ်ထားပါ။
တရားတော် အစအဆုံးနာယူရန်လင့်
https://youtu.be/5_9B2lcl-LU?si=pM49W...
3 weeks ago | [YT] | 41
View 6 replies
Dhamma Rays
🌕 တန်ဆောင်လပြည့်
📖 ဘဝသင်ခန်းစာ
——————————
(၁) 💭 ဗာလဆိုတာ — အသိမရှိသူ။
(၂) ⚡ ဗာလဆိုတာ — ကောင်းကျိုးကို ဖျက်ဆီးတတ်သူ။
(၃) 🔥 ဗာလဆိုတာ — ဆိုကျိုးကို ဖြစ်စေတတ်သူ။
(၄) ⚖️ ဗာလဆိုတာ — မကောင်းမှု၌ စေခိုင်းတတ်သူ။
👑 အဇာတသတ်မင်းသားသည်
ဗာလဖြစ်သည့် ရှင်ဒေဝဒတ်ကို အထင်ကြီးမိပြီး
သူခိုင်းသမျှ လုပ်မိလို့ အမှားကျူးလွန်ပြီး ဘဝပျက်ရသည်။
🪷 မြတ်ဗုဒ္ဓ၏ အဆုံးအမကြောင့်
လူကောင်း၊ သီလကောင်းဖြစ်လာခဲ့သည်။
🌕 တန်ဆောင်လပြည့်နေ့သည်
မိတ်ကောင်း၊ ဆွေကောင်း၊ ဆရာကောင်း
အရေးကြီးပုံကို အမှတ်ရစေသောနေ့ဖြစ်သည်။
🙏 ဗာလမှန်သမျှကို ရှောင်ကြပြီး
ပညာရှိသူတော်ကိုသာ ပေါင်းဆက်ကြရန်
ဘဝသင်ခန်းစာယူကြပါကုန်။
📿 ပါမောက္ခချုပ်ဆရာတော်
၁၃၈၇ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့
#တန်ဆောင်လပြည့် #ဘဝသင်ခန်းစာ #ပါမောက္ခချုပ်ဆရာတော် #ပါချုပ်ဆရာတော် #BuddhaDhamma #BeWithTheWise #တန်ဆောင်မုန်းလပြည့်နေ့
1 month ago | [YT] | 17
View 7 replies
Dhamma Rays
🙏 ပါမောက္ခချုပ်ဆရာတော်ဘုရား
နေပြည်တော်သို့ ခေတ္တရောက်ရှိသီတင်းသုံးနေစဉ်
ရေးသားချီးမြှင့်ပေးသည့် စိတ်စွမ်းအားကို မြှင့်တင်ပါ ဩဝါဒအဆုံးအမ
---
🌼 **စိတ်စွမ်းအားကို မြှင့်တင်ပါ** 🌼
လူတိုင်းတွင် စွမ်းအားနှစ်မျိုးရှိသည် —
ကာယစွမ်းအားနှင့် စိတ္တစွမ်းအား။
လူအများစုသည် ကာယစွမ်းအား၌သာ အလေးထားကြပြီး
စိတ္တစွမ်းအားကို မြှင့်တင်ရန် မေ့လျော့နေကြပါသည်။
အနည်းငယ်သော ပုဂ္ဂိုလ်အချို့သာ စိတ္တစွမ်းအား (Power of Mind) ကို အလေးထားကာ မြှင့်တင်ကြသည်။
ကာယစွမ်းအား (Power of Physical Body) သည် လက်ရှိဘဝအတွက်သာ အကျိုးရှိနိုင်သော်လည်း
စိတ္တစွမ်းအား (Power of Mind) သည် ဘဝပေါင်းများစွာအတွက် အကျိုးရှိရုံမက ထာဝရအငြိမ်းဓာတ်သို့ရောက်စေနိုင်ပါသည်။
ထို့ကြောင့် ဘဝရရှိထားသူတိုင်း
ကာယစွမ်းအားလိုအပ်သလို စိတ္တစွမ်းအားကိုလည်း မြှင့်တင်ရန် အရေးကြီးပါသည်။
---
🪷 **စိတ္တစွမ်းအား (၅) မျိုး** 🪷
(၁) ယုံကြည်မှု စွမ်းအား
(၂) ရဲရင့်မှု လုံ့လ စွမ်းအား
(၃) စိတ်စိုက်မှု စွမ်းအား
(၄) စိတ်တည်ငြိမ်မှု စွမ်းအား
(၅) ဆင်ခြင်သုံးသပ်မှု စွမ်းအား
ဤ စိတ္တစွမ်းအား (၅) မျိုးကို အသုံးပြုနိုင်သူသည်
ထာဝရအငြိမ်းဓာတ်သို့ ရောက်နိုင်ပါသည်။
---
✨ ကိုယ်ကျင့်သီလ ကောင်းမွန်ရေးအတွက် — ယုံကြည်မှု စွမ်းအား
✨ အဆိုးတရားကို ဖယ်၍ အကောင်းတရားကို ရယူရေးအတွက် — ရဲရင့်မှု လုံ့လ စွမ်းအား
✨ အသိပညာရရှိရေးအတွက် — စိတ်စိုက်မှု (သတိ) စွမ်းအား
✨ စိတ်တည်ငြိမ်ရေးအတွက် — စိတ်တည်ငြိမ်မှု စွမ်းအား
✨ သစ္စာတရား သိမြင်ရေးအတွက် — ဆင်ခြင်သုံးသပ်မှု (ပညာ) စွမ်းအား
---
ရရှိထားသော ဘဝ၌
အောင်မြင်မှုနှင့် ချမ်းသာတော်ကို လိုလားသူတိုင်း
စိတ်စွမ်းအားကို မြှင့်တင်နိုင်ဖို့ ကြိုးစားကြပါကုန်။
---
ပါမောက္ခချုပ်ဆရာတော်
နေပြည်တော် (ခေတ္တ)
---
#စိတ်စွမ်းအားမြှင့်တင်ပါ
#ပါမောက္ခချုပ်ဆရာတော်
#ဩဝါဒတော်
#စိတ္တစွမ်းအား
#PowerOfMind
#ဓမ္မသဘောတရား
#အေးချမ်းမြေ့မြတ်သောစိတ်
#ယုံကြည်မှုစွမ်းအား
#ရဲရင့်လုံ့လစွမ်းအား
#စိတ်တည်ငြိမ်မှု
#သတိနှင့်ပညာ
#နေပြည်တော်သီတင်းသုံး
#DhammaWisdom
#BuddhaDhamma
#အပြစ်မဲ့ဘဝအတွက်စိတ်အားပြင်းပါ
#Meditation
#Mindfulness
1 month ago | [YT] | 17
View 6 replies